← Chapters

အပြစ်အတွက်သိုင်းဆယ်ကွက်

Vol. 2 Ch. 140

အပြစ်အတွက်သိုင်းဆယ်ကွက်

Vol. 2 Ch. 140

ယခု အော်ဟစ်လိုက်သည့်လူ၏အတွင်းအားမှ သူ့အောက်မကျဘဲ သူ၏အတွင်းအားထက်ပင်သာလွန်နိုင်သည် ။

ခန်းမဆောင်ထဲမှထွက်လာသည့်လူများမှာ ငါးယောက်ဖြစ်ကာ သက်လက်ပိုင်းအရွယ်လူကြီးသုံးယောက်နှင့်တပည့်နှစ်ယောက်ဖြစ်သည်။

အလယ်မှလူကြီးသုံးယောက်မှာ ဝူတန်းဂိုဏ်း၏အဖြူရောင်ဝတ်စုံကိုပင်ဝတ်ဆင်ထားကြသော်လည်း သူတို့၏ဝတ်စုံများမှာ တပည့်များ၏ဝတ်စုံနှင့်အနည်းငယ်ကွဲပြားသည် ။

“ အကြီးအကဲတွေရောက်လာပြီ “

“ ဒီတစ်ခါ ဒေါသကြီးတဲ့ဂိုဏ်းတူဦးလေးချန်းရှောက်ပါရောက်လာတာပဲ ဟိုလူငယ်တော့မလွယ်ဘူး “

ဝူတန်းဂိုဏ်းသားများမှာ ထိုလူကြီးသုံးယောက်အားကြည့်ကာ တီးတိုးပြောဆိုလိုက်ကြသည်။ ထင်းရှီသည်လည်းသူတို့၏စကားများကို အတိုင်းသားကြားနေရသည် ။

‌အစောပိုင်းကအော်ဟစ်လိုက်သူမှာ လက်ဝဲဘက်မှအကြီးအကဲဖြစ်နိုင်ကာဒေါသကြီးသည့်ဂိုဏ်းတူဦးလေးချန်းရှောက်ဆိုသူဖြစ်နိုင်သည်။

“ မင်းက ဝူတန်းဂိုဏ်းကိုကျူးကျော်လာတဲ့လူလား “

အလယ်မှ အသက်ပိုကြီးသည့်အကြီးအကဲမှမေးလိုက်သည် ။

ထင်းရှီအမှန်တကယ်ဂရုစိုက်သည်မှာလည်း ထိုအကြီးအကဲပင်ဖြစ်သည်။ အကြီးအကဲချန်းရှောက်မှာ သူ့ထက်အတွင်းအားကောင်းနိုင်သော်လည်း သူ၏ဓားဆန္ဒဖြင့်ဆိုလျှင် သူအနိုင်ရမည်ဟုယုံကြည်မှုရှိသည် ။

ညာဘက်မှအကြီးအကဲကိုလည်း ထို့အတူပင်ဖြစ်သည် ။ သူအနည်းငယ်သတိထားရသည်က အလယ်မှ အနည်းငယ်ပိန်လှီသည့်အကြီးအကဲဖြစ်သည်။

အလယ်မှအကြီးအကဲထံမှ သူဓားအငွေ့အသက်များရရှိနေသည်။ ထိုအကြီးအကဲသည်လည်း အနိမ့်ဆုံးအနေဖြင့် ဓားဆန္ဒတစ်ခုခုကိုနားလည်သဘောပေါက်ထားသည့်ဓားသမားတစ်ဦးဖြစ်နိုင်သည် ။

ထို့ကြောင့်ပင် ထင်းရှီမှာ ထိုအကြီးအကဲအား သတိထားနေခြင်းဖြစ်သည်။

ထင်းရှီလည်း ကျောက်ရုပ်ပေါ်မှခုန်ဆင်းလိုက်သည်။ သူ၏ခန္တာကိုယ်မှာ လေထဲတွင်ပေါ့ပါးစွာဖြင့်ဝဲလိုက်ကာ ကျောက်ဖြူရင်ပြင်ပေါ်သို့ရောက်လာသည်။

ထင်းရှီခြေချရာဘေးနားတစ်ဝိုက်မှဝူတန်းဂိုဏ်းသားများမှာ ဘေးသို့အနည်းငယ်ဆုတ်ခွာပေးလိုက်ကြသည်။

အကြီးအကဲသုံးယောက်မှာမူ ထင်းရှီ၏ကိုယ်ဖော့ပညာအားကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။

ထိုလှုပ်ရှားမှုတစ်ခုထဲကပင် ထင်းရှီ၏ကိုယ်ဖော့ပညာအလွန်အဆင့်မြင့်ကြောင်းကိုသူတို့သိလိုက်သဖော့ပညာအလွန်အဆင့်မြင့်ကြောင်းကိုသူတို့သိလိုက်သည်။

သို့သော် သူတို့၏ဝူတန်းဂိုဏ်းကို ထိုအဆင့်ဖြင့်လွယ်လွယ်ကူကူရန်စ၍မရနိုင်ပေ။ ဝူတန်းဂိုဏ်းနှင့်အတိုက်အခံဖြစ်ရန် သိုင်းဝိဇ္ဇာအဆင့်များပင်နှစ်ခါပြန်စဉ်းစားရမည်ဖြစ်သည်။

သိုင်းလောကတစ်ခုလုံးတွင်ပင်သိုင်းဝိဇ္ဇာအဆင့်အနည်းငယ်သာရှိသည်။ ထို့‌အပြင် လက်ရှိရောက်လာသူမှာ လူလက်ပိုင်းသာရှိပေဦးမည်။

“ ကျုပ်ကဝူတန်းဂိုဏ်းရဲ့ဓားပညာကိုစမ်းသပ်ချင်လို့ရောက်ရှိလာတာပါ ။ ကျုပ်ရိုင်းပြသွားလိုဖြစ်ရင်တောင်းပန်ပါတယ် “

ထင်းရှီမှလက်သီးနှစ်ဖက်အားဆုပ်ကာ ငါရဝပြုရင်းဖြင့်ပြောလိုက်သည်။

သူ၏နှိမ့်ချသည့်စကားကြောင့် ‌ဒေါသထွက်နေသည့်အကြီးအကဲပင်အနည်းငယ်ကျေနပ်သွားသည်။

“ ဒါပေမယ့် မင်းကဝူတန်းဂိုဏ်းကိုဒီလိုမျိုးအလွယ်တကူကျူးကျော်လာလို့မရဘူး ။။မင်းရဲ့လုပ်ရပ်က ငါတို့ဂိုဏ်းကိုစော်ကားသလိုဖြစ်နေတယ် “

လက်ဝဲဘက်မှအကြီးအကဲမှပြောလိုက်သည်။ ထိုအကြီးအကဲ၏စကားကြောင့်ထင်းရှီမှ သိမ်မွေ့စွာပြုံးလိုက်သည်။

“ မရည်ရွယ်ပါဘူးအကြီးအကဲ ။ကျုပ်ကဝူတန်းဂိုဏ်းကိုလက်ရည်စမ်းရအောင်ပဲရောက်လာခဲ့တာပါ ။

အစောပိုင်းက ဓားချကျောက်ဆောင်မှာ ကျုပ်ရဲ့လက်နက်ကိုချန်ထားခိုင်းလို့ကျုပ်ဂိုဏ်းထဲအထိအလျှင်အမြန်လာခဲ့တာပါ ။

ဓားသမားတစ်ယောက်က ဓားမရှိရင်လက်မောင်းတစ်ဖက်ပြုတ်သလိုပါပဲ ။။ ကျုပ်မရည်ရွယ်ပါဘူး ။ စော်ကားသလိုဖြစ်သွားခဲ့တာရှိရင် ခွင့်လွှတ်ပါ “

ထင်းရှီမှ တောင်းပန်သည့်ဟန်ဖြင့်ပြောလိုက်သည်။သို့သော် အသေအချာစဉ်းစားကြည့်ပါက သူ၏အမှားမဟုတ်ဟုပြောနေသည်ကိုတွေ့ရပေမည်။

ဝူတန်းဂိုဏ်းသားများမှာ သူတို့၏အကြီးအကဲများနှင့်တည်ငြိမ်စွာပြောဆိုနေသည့်လူအားအံ့အားသင့်စွာကြည့်လိုက်သည် ။

တစ်ခုသိထားရမည်မှာ ထိုအကြီးအကဲသုံးယောက်မှာ ယခင်မျိုးဆက်မှ ထိပ်သီးသိုင်းသမားများဖြစ်ကာ သူတို့၏သိုင်းပညာမှာ အဆင့်မြင့်လှသည်။

ထို့ကြောင့်ပင် ယခုအချိန်၌ ထိုအကြီးအကဲများသိုင်းလောကထဲသို့ဆင်းပါက မည်သည့်နေရာတွင်ပင်ဖြစ်စေလေးလေးစားစားဆက်ဆံခံရမည်ဖြစ်သည် ။

သူတို့၏ရှေ့မှဝတ်စုံဖြူမှာမူ အနည်းငယ်နှိမ့်ချဟန်ရသော်လည်း ထိုအကြီးအကဲများကို တစ်စက်ကလေးမှကြောက်ရွံ့မှုမရှိသည်ကိုသူတို့ခံစားမိသည်။

ဤသည်မှာ ထိုလူမှမိမိကိုယ်ကိုယ်အထင်ကြီးလွန်းနေ‌သည်လော သို့မဟုတ် အမှန်တကယ်ပင်အစွမ်းအစရှိ၍လောမသဲကွဲပေ။

ဘယ်ဘက်မှဒေါသကြီးပုံရသည့်အကြီးအကဲမှာ တစ်စုံတစ်ခုပြောမည်ပြုသော်လည်း အလယ်မှအကြီးအကဲမှဟန့်တားလိုက်သည်။

ထို့နောက်အလယ်မှအကြီးအကဲမှ ထင်းရှီအားစူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှာ စူးရှတောက်ပနေကာ ထိုမျက်လုံးများမှာ မည်သည့်လျှို့ဝှက်ချက်ကိုမဆိုတွေ့မြင်နိုင်မည်ဟုထင်ရသော်လည်းထင်းရှီမှာတည်ငြိမ်နေသည်။

သာမန်လူတစ်ယောက်ဆိုလျှင် စိတ်လှုပ်ရှားမိမည်ဖြစ်သော်လည်း ထင်းရှီ၏စိတ်ထဲတွင်တော့ ရယ်မောနေမိသည်။ သူထိုအကြီးအကဲထက်များစွာသာလွန်သည့်လးများကိုပင် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ထိုအကြီးအကဲ၏ဖိအားမှာ သူ့အတွက်အသာအယာဖြစ်နေသည်။

“ ကောင်းတယ် ထူးချွန်တဲ့လူပဲ မင်းကချန်းရှောက်ရဲ့သိုင်းဆယ်ကွက်ကိုခုခံနိုင်ရင် ငါတို့ဂိုဏ်းကိုမျက်နှာပျက်စေတဲ့ကိစ္စကို ကျေအေးပေးလိုက်မယ် “

အလယ်မှအကြီးအကဲမှ သဘောကျသည့်ဟန်ဖြင့်ခေါင်းညိမ့်ကာပြောလိုက်သည်။ ထိုအကြီးအကဲ၏စကားကြောင့်ဝူတန်းဂိုဏ်းသားများမှာ အံ့အားသင့်သွားကြသည် ။

သူတို့သာမဟုတ်ပေ အကြီးအကဲနှစ်ယောက်သည်လည်းထို့အတူပင်ဖြစ်သည်။

ချန်းရှောင်ဆိုသူမှာ စိတ်တိုသည့်အကြီးအကဲဖြစ်ကာ သိုင်းဝိဇ္ဇာအဆင့်တစ်ဝက်တစ်ယောက်လည်းဖြစ်သည်။

ထို့အပြင် အကြီးအကဲချန်းရှောက်မှာ သိုင်းထိပ်သီးဆယ်ယောက်ဇယား၏နံပါတ်နှစ်နေရာတွင်ရှိနေသည် ။

ဤသည်မှာ သာမန်သိုင်းဝိဇ္ဇာအဆင့်များကိုပင်တိုက်ခိုက်နိုင်သည့်အဓိပ္ပာယ်ဖြစ်သည်။

ခမောက်နှင့်ဝတ်စုံဖြူ၏မျက်နှာကိုမမြင်ရသော်လည်း ထိုလူ၏အသံနှင့်ခန္တာကိုယ်အရ လူရွယ်တစ်ယောက်သာဖြစ်ရမည် ။

ထိုကဲ့သို့လူတစ်‌ယောက်အားအကြီးအကဲချန်းရှောက်နှင့်တိုက်ခိုက်ခိုင်းခြင်းမှာ အနည်းငယ်မမျှတသလိုဖြစ်နေသည်။

သို့သော် ထိုအကြီးအကဲမှာ အကြောင်းရင်းတစ်ခုခုရှိမည်ဖြစ်၍ သူတို့ကျယ်ကျယ်လောင်လောင်ဝေဖန်ရဲခြင်းမရှိပေ ။

ထိုအကြီးအကဲမှာ ဝူတန်းဂိုဏ်း၏ပထမအကြီးအကဲဖြစ်၍ ဂိုဏ်းချုပ်၏ဆရာတူညီအစ်ကိုဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ပြီးပါက ဂိုဏ်းထဲတွင်ဆုံးဖြတ်ချက်ချရသူမှာ ပထမအကြီးအကဲဖြစ်သည် ။

ထင်းရှီလည်း အကြီးအကဲ၏စကားကြောင့်တသ်ချက်ပြုံး၍ အကြီးအကဲချန်းရှောင်အားကြည့်လိုက်သည် ။

အကြီးအကဲချန်းရှောင်မှာ အင်အားကောင်းလှသည်မှန်သော်လည်း ဓားဆန္ဒကိုနားလည်နားခြင်းမရှိငေးဟု သူခန့်မှန်းမိသည် ။

ထို့ကြောင့်ပင် သူလည်းဓားဆန္ဒအားထုတ်ဖော်တိုက်ခိုက်ခြင်းမပြုဘဲ ဒီအတိုင်းရင်ဆိုင်ရန်သာဆုံးဖြတ်လိုက်သည် ။

အကြီးအကဲချန်းရှောင်မှာ ပထမအကြီးအကဲ၏ဆုံးဖြတ်ချက်အားစောဒကမတတ်ပေ ။

ထို့အပြင် သူ၏ရှေ့တွင်ရပ်နေသည့်ဝတ်စုံဖြူမှာ အနည်းငယ်ဆန်းကြယ်ကာ သူထွင်းဖောက်မမြင်နိုင်သလိုခံစားလိုက်ရသည် ။

သူ၏မသိစိတ်ထဲတွင် ထိုလူမှာ အစွမ်းထပ်လှသည့်သိုင်းသမားတစ်ယောက်ဖြစ်ကြောင်းကိုလည်း သူသိလိုက်သည်။ ထို့ကြောင့်ပင် သူထိုလူနှင့်တိုက်ကွက်အနည်းငယ်ဖလှယ်ရန် သဘောတူဖြစ်သည်။

အကြီးအကဲချန်းရှောင်မှာ ရှေ့‌သို့လျှောက်လာလိုက်သည် ။သူ၏လမ်းမှဝူတန်းဂိုဏ်းသားများမှာ ဘေးသို့ရှဲပေးလိုက်ကြကာ သူတို့နှစ်‌ယောက်တိုက်ခိုက်နိုင်ရန် နောက်အတော်လှမ်းလှမ်းသို့ ဆုတ်ခွာပေးလိုက်ကြသည်။

ပထမအကြီးအကဲနှင့်ကျန်အကြီးအကဲတစ်ယောက်သည်လည်း ခန်းမအဝင်ဝမှကြည့်ရှုနေသည်။

ထို့ကြောင့် ကျောက်ဖြူရင်ပြင်တွင်ထင်းရှီနှင့် အကြီးအကဲချန်းရှောက်တို့သာကျန်တော့သလိုဖြစ်သွားသည်။

“ မိတ်ဆွေ ခင်ဗျား သတိထားပါ “

အကြီးအကဲချန်းရှောက်မှ သူ၏နောက်ကျောမှဓားအားဆွဲထုတ်ကာ သတိပေးစကားပြောလိုက်သည်။

ထင်းရှီလည်း သူ၏ဓားအားဆွဲထုတ်ကာ အကြီးအကဲချန်းရှောင်အား ကြည့်လိုက်သည်။

အကြီးအကဲချန်းရှောင်၏ဓားမှာတောက်ပနေကာ သံမဏိဓားကောင်းတစ်လက်ဖြစ်ကောင်းသိသာလှသည်။

သူနှင့်ဆန့်ကျင်ဘက်ထင်းရှီ၏ဓားမှာမူ မူလကဓားကောင်းတစ်လက်ဖြစ်သော်လည်း မြစ်ဝါနဂါးဂိုဏ်းမှတိုက်ပွဲအပြီးတွင် အသွားအချို့ပဲ့နေကာ အနည်းငယ်ကြည့်ရဆိုးနေသည် ။

ထင်းရှီ၏တိုက်ခိုက်ပုံမှာ သေရေးရှင်ရေးတိုက်ပွဲမဟုတ်လျှင် သူ့ဘက်မှစ၍တိုက်ခိုက်ခြင်းမရှိပေ ။

သူ၏အထီးကျန်ဓားသိုင်းသည်လည်း ပြိုင်ဘက်၏ဓားသိုင်းထဲမှဟာကွက်များအားရှာကာ တန်ပြန်တိုက်ခိုက်ရသည့်ဓားသိုင်းဖြစ်သည် ။

ထို့ကြောင့် ထင်းရှီမှာ လက်ရည်စမ်းတိုက်ပွဲများတွင် မည်သည့်အချိန်မှစတင်တိုက်ခိုက်လေ့မရှိပေ။

“ အကြီးအကဲ စပါ “

ထင်းရှီမှ အကြီးအကဲချန်းရှောင်အားပြောလိုက်သည်။ အကြီးအကဲချန်းရှောက်သည်လည်း မျက်နှာတည်ကြည်နေကာ ထင်းရှီအား အလေးအနက်ထားနေပုံရသည် ။

ထင်းရှီ၏ဓားကိုင်ပုံကိုတစ်ချက်ကြည့်လိုက်ပြီးသည်နှင့် ထက်မြက်သည့်ဓားသမားတစ်ယောက်ဖြစ်ကြောင်းသိလေသည်။

ထို့အပြင် ထင်းရှီမှာ ဝူတန်းဂိုဏ်းအား တစ်ဦးတည်းစိန်ခေါ်လာ၍ သူတို့မြင်ရသလောက်ရိုးရှင်းပုံမရပေ။ ထို့ကြောင့် အကြီးအကဲချန်းရှောက်မှာ မပေါ့ဆရဲခြင်းဖြစ်သည်။

“ မီးဓာတ်တိုက်ခိုက်မှု လောင်ကျွမ်းနေသည့်မီးတောက်ဓား “

အကြီးအကဲချန်းရှောက်မှာ အော်ဟစ်မာန်သွင်း၍ထင်းရှီထံသို့ပြေးဝင်လာသည် ။

All Chapters