ဝင်္ကပါအားဖောက်ထွက်ခြင်း
Vol. 2 Ch. 143
သူ့ဆရာလိုလူမျိူးမှ အလွန်အကျူးချီးကျူးနေသည်မှာ ဝတ်စုံဖြူမှအတော်လေးထူးချွန်၍ဖြစ်နိုင်သည် ။
ထို့အပြင် သူကိုယ်တိုင်လည်း ဝတ်စုံဖြူ၏ခန္တာကိုယ်မှ အားကောင်းသည့်ဓားဆန္ဒတစ်ခုကိုခံစားမိလေသည် ။
ခုနစ်စင်ကြယ်ဝင်္ကပါကိုတိုက်ခိုက်နေသည့်ဝတ်စုံဖြူမှာ ယခုအချိန်အထိ ထိုဓားဆန္ဒကိုမသုံးသေးသည်ကို သူသတိထားမိသည် ။
ထို့နောက် သူတစ်စုံတစ်ခုမေးမည်ပြုသော်လည်း အဖိုးအိုမှ ခန္တာကိုယ်တစ်ချက်လှုပ်လိုက်သည်နှင့် အဝေးသို့ရောက်သွားသည်။
“ ခုနစ်စင်ကြယ်ဝင်္ကပါကိုသူထိုးဖောက်နိုင်ရင် သူ့ကိုငါ့ဆီခေါ်လာခဲ့ “
အဖိုးအို၏စကားသံမှာ အနီးတွင်ကျန်နေခဲ့သည်။
ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူကြီးမှာ ပြူးကျယ်နေသောမျက်လုံးများဖြင့်ကျန်ရစ်ခဲ့သည်
ထင်းရှီလည်းယခုအချိန်ထိပင် အောက်စည်းသို့ရောက်နေသေးသည်။ သူကိုယ်တိုင်တိုက်ခိုက်သည့်အခါမှဝင်္ကပါတစ်ခု၏စွမ်းအားကိုကောင်းစွာသိလိုက်ခြင်းဖြစ်သည်။
ထင်းရှီလည်း မြေပြင်အားခြေတစ်ချက်ဆောင့်၍ လေပေါ်သို့ခုန်တက်လိုက်သည် ။သူမြေပြင်မှထိုးဖောက်မရလျှင် ဝင်္ကပါအား အပေါ်မှဖောက်ထွက်ရပေမည် ။
သို့သော် သူ၏ဦးခေါင်းထက်သို့ ဝင်းလက်သည့်ဓားအရိပ်များကျရောက်လာပြီး ထင်းရှီမှာ ရှေ့ဆကိမတိုးနိုင်တော့ပေ။
ခုနစ်စင်ကြယ်ဓားဝင်္ကပါမှာ ထင်းရှီ၏အကြံဖြစ်သည့် အပေါ်မှဖောက်ထွက်ခြင်းကိုလည်းကာကွယ်နိုင်သည် ။
ထင်းရှီလေပေါ်သို့ခုန်တက်လိုက်သည်နှင့် ခုနစ်ယောက်တစ်စုစက်ဝိုင်းတစ်ခုမှလည်းလေပေါ်သို့ခုန်တတ်ကာ ထင်းရှီ၏လမ်းကြောင်းကိုပိတ်ဆို့လိုက်ခြင်းဖြစ်သည်။
ထင်းရှီလည်း ရှေ့ဆက်တိုး၍မရသည်နှင့် အပေါ်တွင်စကြာသဏ္ဍာန်ဖြစ်နေသည့်ဓားရိပ်များအားခြေဖြင့်ကန်ကာ အောက်သို့ပြန်ဆင်းလိုက်ရသည်။
သို့သော်အောက်တွင်သူ့အားပိတ်ဆို့ထားသည့်ဓားခုနစ်လက်ရှိနေပြန်သည်။
“ ဓားတစ်ရာသိုင်း အကြပ်အကျဉ်းမှဖောက်ထွက်ခြင်း “
ထင်းရှီ၏ဓားမှာ အရောင်အနည်းငယ်လက်သွားကာ ရှုပ်ထွေးသည့်ဓားကွက်များထွက်ပေါ်လယသည် ။
သူ၏ဓားကွက်များကြောင့် အောက်တွင်ပိတ်ဆို့ထားသည့်ဓားစကြာမှာပျောက်ကွယ်သွားကာာဝူတန်းဂိုဏ်းသားများသည်လည်းနောက်ဘက်သို့ရောက်သွားသည်။
ထင်းရှီလည်း သူ၏အရှိန်အားပြန်ထိန်းကာ မြေပြင်ပေါ်သို့ကျလိုက်သည်။ သို့သော် မြေပြင်ပေါ်သို့ခြေချသည်နှင့် တိုက်ခိုက်မှုများကနောက်ထပ်တစ်ကြိမ်ရောက်လာပြန်သည်။
ဝင်္ကပါမှာ လူအများအပြားဖြင့်ဖွဲ့စည်းထား၍ ထိုလူများမှာ အလှည့်ကျတိုက်ခိုက်၍ခွန်အားခြွေတာနိုင်သည်။
ထို့အတူဝင်္ကပါထဲတွင်ပိတ်မိနေသူများမှာ ခွန်အားပြည့်မသုံးနိုင်ဘဲ တိုက်ခိုက်မှုတစ်ခုအားအာရုံစိုက်လျှင်ကျန်လူများ၏တိုက်ခိုက်မှုများမှာ သူ၏ခန္တာကိုယ်ပေါ်သို့ကျရောက်လာမည်ဖြစ်သည်။
သို့သော် သူ့အတွက် တစ်ခုကောင်းသည်မှာ ယခုတစ်ကြိမ်အစွမ်းထက်သည့်ဝင်္ကပါတစ်ခုနှင့်ရက်ဆိုင်ဖူးခြင်းဖြစ်သဖြင်ပ သူအတွေ့အကြုံများစွာရသည် ။
ထို့အပြင် သူ၏ရည်ရွယ်ချက်သည်လည်း ဝင်္ကပါအားဖျက်ဆီးရန်မဟုတ်ဘဲ ဝင်္ကပါထဲမှဖောက်ထွက်ရန်ဖြစ်သည်။
သို့သော် သူ၏လက်ရှိအဆင့်ဖြင့်ဝင်္ကပါထဲမှဖောက်ထွက်ရန်မဖြစ်နိုင်သေးသည်ကိုသူသိသည် ။
ထိုဝင်္ကပါမှာ သိုင်းဝိဇ္ဇာအဆင့်များကိုပင်ပိတ် းလှောင်နိုင်စွမ်းရှိသည်။ ဝင်္ကပါကိုဖျက်ဆီးရန်မူကား သူသိုင်းဝိဇ္ဇာအဆင့်သို့တတ်ရောက်ပြီး၍ ဓားဆန္ဒကိုပါအသုံးပြုဘျှင်ကားဖြစ်နိုင်ချေရှိသည်။
ယခုအချိန်တွင်မူ သူ၏ဓားဆန္ဒကိုမသုံးလျှင် ထိုခုနစ်စင်ကြယ်ဓားဝင်္ကပါထဲမှမလွတ်မြောက်တော့သည်ကို သူသိလိုက်သည် ။
“ အထီးကျန်ဓားသိုင်း တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်း “
ထင်းရှီ၏ခန္တာကိုယ်မှ အားကောင်းသည့်အရှိန်အဝါတစ်ခုထွက်ပေါ်လာကာ သူ၏အနီးမှဝူတန်းဂိုဏ်းသားများကို ပြင်းထန်စွာဖိနှိပ်နေသည်။
ထင်းရှီနှင့်အနီးဆုံးတွင်ရှိနေသည့်လူများမှာ ချွန်ထက်သည့်ဓားငယ်လေးမြောက်များစွာဖြင့်ဝန်းရံခံထားရသလိုခံစားမိလိုက်ကြသည်။
တိုက်ပွဲအားကြည့်နေကြသည့်ဂိုဏ်းသားများမှာ အံ့အားသင့်သွားကြသလို အကြီးအကဲသုံးယောက်သည်လည်း မျက်နှာကွက်ခနဲပျက်သွားကြသည်။
“ ဓားဆန္ဒလား မဖြစ်နိုင်တာ ဒီလူကဓားဆန္ဒတစ်ခုကိုနားလည်ထားပြီပဲ “
ပထမအကြီးအကဲမှအနည်းငယ်တုန်လှုပ်နေသည့်လေသံဖြင့်ရေရွတ်လိုက်သည်။ သူ၏တည်ငြိမ်သောအမူအယာသည်ပင်အနည်းငယ်လှုပ်ခတ်နေသည်။
သူ၏ဘေးမှအကြီးအကဲနှစ်ယောက်မှာမူ မျက်လုံးပြူးသွားကြသည်။
“ ဓားဆန္ဒလား မဖြစ်နိုင်တာ သူကဘယ်အရွယ်ပြရှိသေးလို့လဲ “
ရှောက်မှမယုံကြည်နိုင်သည့်လေသံဖြင့်ရေရွတ်လိုက်သည်။ သူနှင့်ကျန်အကြီးအကဲတစ်ယောက်ကိုယ်တိုင်ပင်ဓားဆန္ဒကိုနားမလည်နိုင်သေးပေ ။
ထင်းရှီမှာ သူ၏မျက်နှာကိုဖုံးကွယ်ထားသော်လည်း ထင်းရှီ၏အသက်အရွယ်ကိုသူတို့ခန့်မှန်းမိကြသည်။
ပထမအကြီးအကဲမှာ ထိုနှစ်ယောက်၏စကားကိုပြန်မဖြေပေ ။ခုနစ်စင်ကြယ်ဓားဝင်္ကပါထဲမှတပည့်များအားကြည့်ကာအော်ဟစ်လိုက်သည်။
“ အမွှာကြယ်စင်စုနှစ်ခုထိုးစစ်ပြောင်း “
သူ၏အသံကြောင့် ဝူတန်းဂိုဏ်းသားများမှာ ခုနစ်စုခွဲထားရာမှ လျှင်မြန်စွာရွေ့ပြောင်းလိုက်ကြသည်။
ထင်းရှီအားဝန်းရံထားသည့်စက်ဝိုင်းခုနစ်ခုအား အလျှင်အမြန်ဖြန့်လိုက်ကြကာ တစ်ယောက်၏ပခုံးကိုကျန်တစ်ယောင်မှကိုင်ကာ ဆက်လိုက်ကြသည် ။
ထိပ်ဆုံးတွင်ရှိသည့်လူနှစ်ယောက်မှာ နဂါးဦးခေါင်းနှင့်တူကာ ကျန်လူများမှာမူ ထင်းရှီအားဝန်းရံထားကြသည်။
ရှေ့ဆုံးတွင်ရှိသည့်လူနှစ်ယောက်မှာာထင်းရှီနှင့်အဓိကရင်ဆိုင်ရမည့်လူများဖြစ်ကာ ထိုလူများမှာ အတွင်းအားလှိုင်းများအရှိန်ရှိန်ထိုးတတ်နေသည်။
အကယ်၍ထင်းရှီသာ သာမန်အချိန်များတွင် ထိုလူများနှင့်ထိတ်တိုက်ရင်ဆိုင်ပါက တစ်ကွက်တည်းဖြင့်ရှူံးနိမ့်သွားပေမည်။
“ ဝုန်းး.. “
ကျယ်လောင်လှသည့်အသံကြီးထွက်ပေါ်လာကာ ကျောက်ဖြူရင်ပြင်တစ်ခုလုံးတုန်ဟည်းသွားသည်ဟုထင်လိုက်ရသည်။
ထင်းရှီ၏ဓားကို သူ၏ရှေ့မှလူမှာ ကာကွယ်နိုင်လိုက်သော်လည်းနောက်ဘက်သို့လွင့်သွားသည်။ ထို့အတူ သူနှင့်ထိစပ်ထားသည့်ဂိုဏ်းသားများမှာလည်း နောက်သို့လွင့်စင်သွားကြသည်။
သို့သော်ထိုဂိုဏ်းသားများမှာ ဒဏ်ရာတစ်စုံတစ်ရာမရဘဲ အရှိန်ထိမ်းလိုက်နိုင်ကြသည်။ အချို့ဂိုဏိးသားများသာဘဲကျသွားခြင်းဖြစ်သည်။
အမွှာကြယ်စင်စုနှစ်ခုထိုးစစ်ပုံစံတွင် ထိပ်ဆုံးမှလူနှစ်ယောက်မှ ရန်သူအားအဓိကတိုက်ခိုက်၍ ကျန်လူများမှာ အထောက်အကူပေးရခြင်းဖြစ်သည်။
ထင်းရှီ၏ဓားဆန္ဒကိုအသုံးပြုထားသည့်တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်းဓားကွက်မှာ သာမန်သိုင်းဝိဇ္ဇာအဆင့်များပင်ရင်ဆိုင်နိုင်ရန်မလွယ်ကူသော်လည်း ထိုဂိုဏ်းသားမှာ ဒဏ်ဂာတစ်စုံတစ်ရာမရဘဲရင်ဆိုင်နိုင်လိုက်ကြသည်။
ဤသည်မှာ ဝင်္ကပါပုံစံဖော်၍ သူတို့၏အတွင်းအားများစုပေါင်းထားသောကြောင့် ထင်းရှီ၏တိုက်ခိုက်မှုမှာ သူတို့ထဲမှတစ်ဝက်အားတိုက်ခိုက်ရသလိုဖြစ်ကာ အားအင်ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ထင်းရှီသာထိုတိုက်ခိုက်မှုတွင်ဓားဆန္ဒကိုထည့်သွားခြင်းမရှိပါက တိုက်ခိုက်ရာမှ တန်ပြန်မှုသည်သူ့ကိုပင်အတွင်းဒဏ်ရာပြန်ရနိုင်သည်။
သို့သော် ယခုသူ၏ဓားဆန္ဒကြောင့်ထိုလူများမှာ ဖွဲ့စည်းပုံပျက်၍နောက်သို့ဆုတ်ပေးလိုက်ရခြင်းဖြစိသည်။
ထင်းရှီမှာ ထိုလူများ၏အမွှာကြယ်စင်စုထိုးစစ်ကိုအံ့အားသင့်သွားသော်လည်း ရပ်တန့်မနေပေ။ အင်အားစုတစ်ခု ဖရိုဖရဲဖြစ်နေစဉ် ကျန်တစ်ခုကိုပါတိုက်ခိုက်ရမည်ဖြစ်သည်။
သူ၏နောက်တွင်အလားတူအင်အားစုတစ်ခုကျန်သေးသည် ။ထင်းရှီလည်းလေပေါ်သို့ခုန်တတ်၍ နောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်သည်။
“ ဓားတစ်ထောင်သိုင်းကွက် ဓားပေါင်းတစ်ထောင်ပေါင်းစည်းခြင်း “
ထင်းရှီ၏လက်ထဲမှဓားမှာ ဓားရိပ်များစွာခွဲဖြာပြီးနောက် ပြန်၍ပေါင်းစည်းသွားကြသည်။ ထို့နောက်ကြီးမားသည့်ဓားပုံရိပ်ကြီးဖြင့် သူ၏နောက်မှလူအားခုတ်ချလိုက်သည်။
“ ဓားတစ်ထောင်သိုင်း သူကဓားတစ်ထောင်အိမ်တော်ကလား “
ပထမအကြီးအကဲနှင့်ကျန်နှစ်ယောက်မှာ အံ့အားသင့်စွာဖြင့်ရေရွတ်လိုက်ကြမိသည်။ ထိုစဉ်
“ ဝုန်းး... “
ကမ္ဘာတုန်မတတ်ကျယ်လောင်သည့်အသံကြီးမှာ နောက်ထပ်တစ်ကြိမ်ထွက်ပေါ်လာပြန်သည်။
ထင်းရှိ၏နောက်မှ အမွှာကြယ်စင်စု၏အင်အားစုတစ်ခုသည်လည်းနောက်သို့လွင့်စင်သွားပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင်ထင်းရှီမှာ တိုက်ခိုက်ရာတွင်အားသာသည့်ဓားတစ်ထောင်သိုင်းကိုအသုံးပြုလိုက်သောကြောင့် ထိုလူများမှာ ရင်ဘက်များအောင့်တတ်ကုန်ကြသည်။
ထင်းရှီ၏တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်းဓားကွက်ကြောင့်နောက်ဆုတ်သွားရသည့်လူများမှာ ပြန်ရောက်လာကာ ထင်းရှီအားထပ်၍ပိတ်ဆို့လိုက်ကြပြန်သည် ။
ထင်းရှီမှာ ထိုလူများ၏လျှင်မြန်သည့်ဖွဲ့စည်းမှုကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။
သူသာ နောက်ထပ်အင်အားစုတစ်ခုကိုတိုက်ပြီးသည်နှင့်အနည်းငယ်ရပ်တန့်လိုက်မိပါက သူဝင်္ကပါထဲတွင်နောက်ထပ်တစ်ကြိမ်ပြန်၍ပိတ်မိသွားပေမည်။
သို့သော် ထင်းရှီမှ သူ၏ရှေ့မှနောက်ထပ်အင်အားတစ်ခုကိုတိုက်ပြီးသည်နှင့် လျှင်မြန်စွာလှုပ်ရှားလိုက်သောကြောင့် သူ၏ခန္တာကိုယ်မှာ အရိပ်များဖြစ်လာကာ အဝေးသို့ရောက်သွားသည်။
ခုနစ်စင်ကြယ်ဓားဝင်္ကပါမှာ ပြန်လည်ဖွဲ့စည်းပြီးဖြစ်သော်လည်းထင်းရှီမှာမူ အပြင်သို့ရောက်ရှိနေပြီဖြစ်သည်။
“ ရပ်လိုက် “
ထင်းရှီအားတြိက်ခိုက်မည်ပြုနေကြသည့်လူများမှာ ပတမအကြီးအကဲ၏စကားသံကြောင့်ရပ်တန့်သွားသည် ။
သူတို့၏မျက်လုံးများကမယုံကြည်နိုင်သည့်ပုံပေါ်နေသည်။ သာမန်သိုင်းဝိဇ္ဇာအဆင့်များကိုပင်လှောင်ပိတ်ထားနိုင်သည်သူတို့၏ဝင်္ကပါမှာ ထိုဝတ်စုံဖြူအား ပိတ်လှောင်မထားနိုင်သည်လော။