← Chapters

ထူးဆန်းသည့်ဝူတန်းဂိုဏ်းသား

Vol. 2 Ch. 144

ထူးဆန်းသည့်ဝူတန်းဂိုဏ်းသား

Vol. 2 Ch. 144

“ အကြီးအကဲ ကျုပ်တို့ရဲ့လက်ရည်စမ်းပွဲကို ဒီနေရာမှာပဲရပ်ကြတာပေါ့ “

ထင်းရှီမှတည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

ဝင်္ကပါထဲမှဂိုဏ်းသားများမှာ ဝင်္ကပါအားဖျက်ပြီးဖြစ်၍ အခြားဂိုဏ်းသားများနှင့်ရောနှောသွားသည်။

ထိုဂိုဏ်းသားများမှာ ထင်းရှီအားမယုံကြည်နိုင်သည့်မျက်နှာဖြင့်ကြည့်နေကြသည် ။ သာမန်သိုင်းဝိဇ္ဇာများကိုပင် ပိတ်လှောင်ထားနိုင်သည့်ထိုဝင်္ကပါမှာ သူတို့ရှေ့မှဝတ်စုံဖြူအား ထိမ်းချုပ်နိုင်ပုံမရပေ။

အကြီးအကဲသုံးယောက်သည်လည်းရှုပ်ထွေးနေသည့်မျက်နှာများဖြင့်ရှိနေကြသည် ။

“ မင်းကဓားတစ်ထာင်အိမ်တော်နဲ့ဘယ်လိုပတ်သတ်နေတာလဲ “

အကြီးအကဲချန်းရှောက်မှထင်းရှီအားကြည့်ကာ မျက်မှောင်ကြုတ်၍မေးလိုက်သည် ။သူ၏လေသံမှာ ထိုကိစ္စကို လွန်စွာသိလိုသည့်ပုံရသည် ။

ထင်းရှီလည်း အကြီးအကဲချန်းရှောက်၏မေးခွန်းကြောင့်စိတ်ရှုပ်ထွေးသွားသော်လည်း ခေါင်းယမ်းလိုက်သည် ။

“ အကြီးအကဲက ဘာဖြစ်လို့မေးလဲဆိုတာမသိပေမယ့် ကျုပ်နဲ့ဓားတစ်ထောင်အိမ်တော်နဲ့ပတ်သတ်မှုမရှိပါဘူး “

ထင်းရှီမှ ငြင်းဆိုလိုက်သည်။ သူ၏စကားမှာအမှန်ပင်ဖြစ်သည် ။

ဓားတစ်ထောင်အိမ်တော်၏အကြောင်းကို ရှောင်ရှောင်နှင့်အတူရှိစဉ်က သူသိခဲ့ရသည် ။ဓားတစ်ထောင်အိမ်တော်မှာ သိုင်းလောကရှိထိပ်တန်းအဆင့်အင်အားစုတစ်ခုဖြစ်သည်။

ဓားတစ်ထောင်အိမ်တော်၏ ဓားပညာမှာသိုင်းလောကထဲတွင်နာမည်ကျော်သော်လည်း သူတို့မှာ သိုင်းလောကအတွင်းလှုပ်ရှားမှုနည်းပါးသည်။

သူ့အထင်မမှားလျှင် သိုင်းထိပ်သီးဆယ်ယောက်ဇယားမှနံပါတ်နှစ်မှာ ဓားတစ်ထောင်အိမ်တော်မှဖြစ်သည် ။

ထင်းရှီလည်း ယခုအခါမှ ဓားတစ်ထောင်အိမ်တော်အကြောင်းကို ပြန်စဉ်းစားလိုက်မိသည်။ အကြီးအကဲချန်းရှောက်မှ အကြောင်းမရှိဘဲ သူ့အားမေးမည့်မထင်ပေ။

“ ထူးဆန်းတယ် ငါနဲ့ ဝမ်းပုချီတိုက်ခိုက်တုန်းက မင်းသုံးခဲ့တဲ့ဓားကွက်ကိုသုံးသွားတာ “

အကြီးအကဲချန်းရှောက်မှရေရွတ်လိုက်သည် ။သိုင်းထိပ်သီးဆယ်ယောက်ဇယားတွင်ရှိသူများမှာ အချင်းချင်းတိုက်ခိုက်ကြဖူးသည် ။

ထိုစဉ်က ဓားတစ်ထောင်အိမ်တော်မှ ဝမ်းပုချီနှင့် ဝူတန်းမှ အကြီးအကဲချန်းရှောက်တို့မှာ နံပါတ်နှစ်နှင့်သုံးဖြစ်သော်လည်း လက်ရည်တူသာဖြစ်ခဲ့သည်။

ထင်းရှီလည်း ထိုအကြောင်းကိုများစွာတွေးတောမနေတော့ပေ။ ပထမအကြီးအကဲကို ဂါရဝပြု၍ပြောလိုက်သည်။

“ အကြီးအကဲ ဒီနေ့ ကျုပ်ထိုက်ကျိဓားစန်းဟုန်းလျန်နဲ့မတိုက်ရလို့ နည်းနည်းစိတ်မကောင်းဖြစ်မိပေမယ့် ဝူတန်းရဲ့ပညာရပ်တွေကိုလေးစားမိပါတယ် ။ ကျုပ်ကိုခွင့်ပြုပါဦး “

ထင်းရှီမှ တည်ငြိမ်စွာပြောလိုက်သည် ။ယနေ့လက်ရည်စမ်းမှုတွင် သူအနည်းငယ်အသာရသော်လည်း ဝူတန်းဂိုဏ်းလိုမျိုး သိုင်းလောကထိပ်သီးဂိုဏ်းကြီးနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိလို၍ နှိမ့်ချပြောဆိုလိုက်ခြင်းဖြစ်သည် ။

ပထမအကြီးအကဲမှလည်း ထင်းရှီ၏အပြုအမူကိုကျေနပ်သွားကာ ခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည်။

ထင်းရှီမှာ ဓားပညာလွန်စွာထူးချွန်၍ ကြောက်မက်ဖွယ်ကောင်းသည့်ဓားသမားတစ်ယောက်ဖြစ်သော်လည့် နှိမ့်ချလိုသည့်စိတ်ရှိကာ သူတို့ကိုကျေနပ်စေသည် ။

“ ကောင်းပါပြီ မိတ်ဆွေလေး မင်းကို ကျုပ်တို့ဝူတန်းကတံခါးဖွင့်ထားပါတယ် “

ပထမအကြီးအကဲမှ ရင်းနှီးစွာပြောလိုက်သည် ။

“ ညီနောင်တို့ ကျုပ်ကိုခွင့်ပြုပါဦး “

ထင်းရှီမှ သူနှင့်တိုက်ခိုက်ခဲ့သည့်ဂိုဏ်းသားများအားဂါရဝပြုလိုက်သည် ။ထို့နောက် သူ၏ခန္တာကိုယ်အားလှုပ်ရှားလိုက်ရာ ထိုနေရာမှပျောက်ကွယ်သွားသည်။

“ ကောင်းလိုက်တဲ့ကိုယ်ဖော့ပညာ “

အကြီးအကဲသုံး‌ယောက်နှင့်ဝူတန်းဂိုဏ်းသားများမှာ ဝူတန်းဂိုဏ်းအားလာရောက်စိန်ခေါ်ကာ ခုနစ်စင်ကြယ်ဓားဝင်္ကပါကို တစ်ဦးတည်းဖောက်ထွက်သွားသည့် ပဟေဠိဆန်သည့်လူအား မေ့နိုင်မည်မထင်ကြပေ။

ထင်းရှီ၏ခန္တာကိုယ်ယ်မှာ လေထုကိုခွင်း၍တရိပ်ရိပ်ပြေးလွှားနေသည် ။ အချိန်တခဏအတွင်း ဝူတန်းတောင်၏တစ်ဝက်သို့ပင်ရောက်ရှိနေပြီဖြစ်သည်။

သူဝူတန်းဂိုဏ်းအားလာစဉ်ကတွေ့ခဲ့ရသည့်ဓားချကျောက်ဆောင်ကိုပင်ဖြတ်ကျော်လာပြီးဖြစ်သည်။

ယခုအချိန်အထိ လမ်းတွင်လူသူတစ်စုံတစ်‌ယောက်ကိုမှမတွေ့ရသေးပေ ။ ဤအဖြစ်မှာ ထင်းရှီအားအနည်းငယ်ထူးဆန်းသလိုခံစားရစေသည် ။

ထင်းရှီမှာ ပြေးလွှားနေရင်းဖြင့် မျက်မှောင်ကြုတ်လိုက်ကာ သူ၏ခြေလှမ်းများရပ်တန့်သွားပြီးပြေးလွှားနေခြင်းအားအရှိန်လျော့လိုက်သည် ။

သူ၏လမ်းတွင်လူတစ်ယောက်မှပိတ်ဆို့ထားသည် ။ထိုလူမှာ အသက်ငါးဆယ်ကျော်အရွယ်ရှိကာ နောက်ကျောတွင်ဓားတစ်ချောင်းကိုချိတ်ဆွဲထားသည် ။

ထိုလူကြီးမှာ ဝူတန်းဂိုဏ်းသားဝတ်စုံကိုဝတ်ဆင်ထား၍ ဝူတန်းဂိုဏ်းမှလူတစ်ယောက်ဖြစ်ကြောင်းသိလိုက်သည် ။

“ ဒီကမိတ်ဆွေက ဘာဖြစ်လို့ ကျုပ်ရဲ့လမ်းကိုပိတ်ဆို့ထားတာလဲ “

ထင်းရှီမှ လက်သီးဆုပ်၍ဂါရဝပြုကာ ထိုလူအားမေးလိုက်သည် ။ သို့သော် ထိုလူမှပြန်လည်ဖြေကြားခြင်းမရှိပေ ။

ထင်းရှီ၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်များကိုခံစားမိလိုက်၍ ဘေးဘက်သို့လျှင်မြန်စွာရှောင်တိမ်းလိုက်သည်။

“ ဝှစ် “

သူရှိနေသည့်နေရာသို့ဓားတစ်လက်မှလျှင်မြန်စွာပိုင်းဖြတ်သွားသည် ။ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူကြီးမှာ ထင်းရှီ၏ဘေးသို့ရောက်ရှိနေသည် ။

“ ဓားဆန္ဒ “

ထင်းရှီမှာ ထိုလူကြီး၏ခန္တာကိုယ်မှကြောက်မက်ဖွယ်အငွေ့အသက်များကိုခံစားလိုက်ရသည် ။ထိုလူကြီးမှာ ဓားဆန္ဒကိုနားလည်သဘောပေါက်ထားသူဖြစ်သည်။

ထိုလူကြီးမှသူ၏ပထမတိုက်ကွက်လွဲချော်သွားသည်နှင့် မျက်မှောင်ကြုတ်လိုက်သည် ။ထို့နောက် ထင်းရှီအားဆက်၍တိုက်ခိုက်လိုက်သည်။

မျက်စေ့ဖြင့်မမြင်နိုင်လောက်အောင်လျှင်မြန်လှသည့်ဓားမှာ ထင်းရှီ၏လည်ပင်းဆီသို့ဦးတည်သွားကာ ထင်းရှီ၏လက်လည်းအနည်းငယ်လှုပ်ရှားသွားသညမ ။

“ ချွမ်း “

ထင်းရှီလည်းသူ၏ဓားဖြင့်ခုခံလိုက်သော်လည်းနောက်သို့ ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည်။

သူတို့နှစ်ဦးစလုံးမှာ ဓားဆန္ဒကိုသဘောပေါက်ထားကြသော်လည်း ထိုလူကြီးမှ ထင်းရှီထက်အတွင်းအားများစွာသာလွန်သည် ။

ထင်းရှီလည်းထိတ်တိုက်တွေ့ဆုံ၍မနိုင်မှန်းသိသည်နှင့် လျှင်မြန်စွာဆုတ်ခွာလိုက်သည် ။ သု၏ခန္တာကိုယ်မှာ နေရာမှပျောက်ကွယ်သွားပြီး ဘေးဘက်ရှိတောအုပ်ထဲသို့ရောက်ရှိလာသည် ။

သို့သော် ထင်းရှီအားအံ့အားသင့်စေသည်မှာ ထိုလူကြီးမှသူ့နောက်သို့ကပ်ပါလာ၍ဖြစ်သည် ။

“ ခုနစ်စင်ကြယ်ခြေလှမ်းကွက်လား “

ထင်းရှီမှရေရွတ်လိုက်သည်။ ထိုလူကြီးမှာ သူ့လောက်ကိုယ်ဖော့ပညာမကောင်းသော်လည်း အနီးကပ်တိုက်ပွဲတွင် လျှင်မြန်စွာလှုပ်ရှားနိုင်သည်။

ထိုလူကြီးအသုံးပြုသည့် ခုနစ်စင်ကြယ်ခြေလှမ်းကွက်ကြောင့် ထင်းရှီလည်း ထိုလူကြီးမှာ ဝူတန်းဂိုဏ်းသားဖြစ်ကြောင်းပို၍သေချာသွားသည် ။

သို့သော် ထိုလူကြီးမှာ မည်သည့်အတွက်သူ့အား လိုက်လံတိုက်ခိုက်နေရသနည်း။

“ ဓားတစ်ရာခွဲဖြာခြင်း “

ထင်းရှီ၏ဓားမှာ ဓားရိပ်များစွာခွဲဖြာသွားသည် ။ ထိုဓားရိပ်များမှာ ပုံရိပ်ယောင်များမဟုတ်ဘဲ ဓားအစစ်များဖြစ်ကြသည်။

ထင်းရှီမှာ အကြီးအကဲခုနစ်၏ဓားတစ်ရာသိုင်းကိုအသုံးပြု၍ ထိုလူကြီးအားတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဓားတစ်ရာသိုင်းမှာ ရှုပ်ထွေးခြင်းနှင့်ပေါ့ပါးခြင်းအားအခြေခံထားကာ ထင်းရှီမှာ ဝူတန်းဂိုဏ်းမှ ခုနစ်စင်ကြယ်ဓားဝင်္ကပါဖြင့်တိုက်ခိုက်ခဲ့ရ၍ အတွင်းအားများယုတ်လျော့နေ၍ ဓားတစ်ရာသိုင်းကိုအသုံးပြုလိုက်ခြင်းဖြစ်သည်။

“ ထန် ထန် “

ဝူတန်းဂိုဏ်းသညးဝတ်စုံနှင့်လူကြီးမှ ထင်းရှီ၏ဓားရိပ်များအားလုံးကိုကာကွယ်နိုင်လိုက်သည် ။

“ အတော်ကောင်းတဲ့ဓားသိုင်းပါလား “

လူကြီးမှ ‌ပေါ့ပေါ့ပါးပါးရှိဟန်ဖြင့်ချီးကျူးစကားပြောလိုက်သည်။ သူ၏လေသံမှာ အားအင်များစွာစိုက်ထုတ်နေရပုံမရပေ ။

ထင်းရှီမှာ မျက်နှာအနည်းငယ်ပျက်ယွင်းနေသည်။ သူသိုင်းလောကထဲသို့ဝင်လာပြီးသည့်နောက်တွင် ယခုလိုခက်ခဲသည့်ပြိုင်ဘက်နှင့်ပထမဦးဆုံးအကြိမ်တိုက်ခိုက်ရခြင်းဖြစ်သည်။

ယခင်တိုက်ပွဲများတွင် သူအနည်းငယ်ခက်ခဲခဲ့ငေည်လည်း သူလွတ်မြောက်နိုင်မည်ဟုယုံကြည်ချက်ရှိသေးသည်။

ယခုမူထိုလူကြီးမှာ ဓားဆန္ဒအားနားလည်ထားသည့်အပြင် သူ့ထက်အတွင်းအားနှင့်သိုင်းပညယသာလွန်နေ၍ ထင်းရှီအားအဘက်ဘက်မှ ဖိနှိပ်ထားလေသည် ။

ထိုလူကြီး၏သိုင်းပညာမှာ ဓားစံအိမ်မှအကြီးအကဲများနှင့် မတိမ်းမယိမ်းရှိမည်ဟုထင်းရှီတွေးလိုက်မိသည်။

ထိုလူကြီးမှာ ရှောင်ရှောင်၏ဆရာ ကျောက်စိမ်းမျက်နှာရသေ့မ၏သိုင်းအဆင့်နှင့်နီးကပ်သည်။

ထိုကဲ့သို့လူမျိုးမှာ သိုင်းလောကတွင်ထိပ်ဆုံး၌ရပ်တည်နိုင်သော်လည်း မည်သည့်အတွက် သူ့ကိုအပြင်းအထန်တိုက်ခိုက်နေမှန်းသူမသိပေ။

ယခုအချိန်အထိသူ၏ကိုယ်ဖော့ပညာကိုသုံး၍တောင့်ခံထားရခြင်းဖြစ်သည် ။ သို့မဟုတ်ပါက သိုင်းကွက်သုံးဆယ်အတွင်း သူရှုံးနိမ့်သွားနိုင်သည်။

“ ကောင်လေး မင်းကအတော်လေးထူးချွန်တာပဲ ဒါကြောင့်လဲငါ့ဆရာကမင်းကိုစိတ်ဝင်စားတာနေမှာ “

ထိုလူကြီးမှတိုက်ခိုက်နေခြင်းအားရပ်တန့်ကာပြောလိုက်သည် ။ ထင်းရှီမှာ ထိုလူကြီးနှင့်ခြေဆယ်လှမ်းအကွာသို့ဆုတ်လိုက်၍ သတိအနေအထားဖြင့်ကြည့်လိုက်သည်။

သူ့အနေဖြင့်ထိုလူကြီးဆက်မတိုက်သည်အားအနည်းငယ်အံ့အားသင့်မိသည့်အပြင် ထိုလူကြီး၏စကားများက သူ့ကိုပဟေဠိဖြစ်စေသည်။

“ ခင်ဗျားရဲ့ဆရာဟုတ်လား ဘယ်သူလဲ “

ထင်းရှီမှ အနည်းငယ်နားမလည်နိုင်သည့်ဟန်ဖြင့်မေးလိုက်သည် ။သူ၏စကားကြောင့် လူကြီးမှ‌ပြုံး၍ကြည့်လိုက်သည် ။

“ ငါ့ရဲ့ဆရာက ငါ့ဆရာပေါ့ မင်းကိုသူကစိတ်ဝင်စားလို့ မင်းငါ့ဆရာနဲ့တွေ့ဖို့စိတ်ပါရင် ငါ့နောက်ကိုလိုက်လာခဲ့ “

ထိုလူကြီးမှ စကားအနည်းငယ်သာပြောကာ တေယအုပ်အတွင်းသို့ဝင်ရောက်သွားသည်။

ထိုလူကြီး၏ပုံစံမှာ ယုံကြည်မှုများနှင့်ပြည့်လျှံနေသည် ။ ထင်းရှီမှာ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ထိုလူကြီး၏နောက်သို့လိုက်သွားသည်။

All Chapters