← Chapters

ဝူတန်းမှအဖိုးအို

Vol. 2 Ch. 145

ဝူတန်းမှအဖိုးအို

Vol. 2 Ch. 145

ထင်းရှီမှာ ထိုလူကြီးနှင့်အတူလျှောက်လာခဲ့သည် ။ ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူကြီးမှာ သူ၏ရှေ့မှမနှေးမမြန်ခြေလှမ်းများနှင့်သွားနေသည်။

ထင်းရှီမှာ ထိုလူကြီး၏နောက်သို့လိုက်လာရင်း ဘေးဘီဝဲယာကိုအကဲခပ်လိုက်သည်။ သူတို့၏ဦးတည်ရာမှာ တောင်ပေါ်သို့ဖြစ်သဖြင့်ထင်းရှီမှာ အနည်းငယ်အံ့အားသင့်သွားသည်။

သူ၏ရှေ့မှလူကြီးအား မေးခွန်းအနည်းငယ်မေးလိုသော်လည်း ပြန်လည်ဖြေကြားမည့်ပုံမရှိသဖြင်ပ ထင်းရှီလည်း တိတ်ဆိတ်စွာလိုက်လာလိုက်သည်။

ထိုလူမှာ အနည်းငယ်ဂွတီးဂွကျနိုင်သော်လည်း မကောင်းသည့်ရည်ရွယ်ချက်တစ်စုံတစ်ရာရာရှိပုံမပေါ်ပေ။

ထို့အပြင် ထိုလူ၏သိုင်းပညာမှာ အံ့ဩဖွယ်ရာကောင်းလှသည်။ ထိုလူမှာ သိုင်းဝိဇ္ဇာအဆင့်သို့ ရောက်နေသည့်အပြင် ထင်းရှီအားလွယ်လွယ်ကူကူဖြင့်အနိုင်ရနိုင်သည် ။

သို့သော် ထင်းရှီသာထွက်ပြေးလိုပါက ထိုလူမှာ အမိဖမ်းနိုင်မည်မဟုတ်ပေ။ ထင်းရှီမှာ ထိုလူ၏အကြောင်းကို အနည်းငယ်သိလိုစိတ်ဖြစ်မိသည် ။

ဝူတန်းမှလက်ရှိဂိုဏ်းချုပ်ကျန်းဟုန်းချင်အား သူစွန်းမျိုးနွယ်အိမ်တော်တွင်မြင်တွေ့ဖူးသည် ။

သူ၏ရှေ့မှလူမှာ ဝူတန်းဂိုဏ်းချုပ်မဟုတ်သည့်အပြင် ထိုလူ၏ဓားပညာမှာလည်း အံ့အားသင့်ဖွယ်ကောင်းသည်။။

ထင်းရှီမှာ သူတွေ့ဆုံခဲ့သည့် ပထမအကြီးအကဲကိုတိုက်ခိုက်နိုင်မည်ဟုယုဲကြည်ချက်ရှိသော်လည်းသူ၏ရှေ့မှလူကိုမူ သူအနိုင်မရနိုင်ပေ။

“ ခင်ဗျားက ဝူတန်းကဘယ်သူလဲ ခင်ဗျားကိုကြည့်ရတာ ပထမအကြီးအကဲထက်တောင်အားကောင်းနေသလိုပဲ “

ထင်းရှီမှာ ထိမ်းချုပ်မထားနိုင်ဘဲသူ၏စိတ်ထဲမှမေးခွန်းအားမေးမြန်းလိုက်သည်။ သို့သော် ထိုလူကြီးထံမှတုံ့ပြန်မှုမရပေ။

ထင်းရှီလည်း ဇွဲမလျော့ဘဲ တစ်စုံတစ်ခုထပ်၍ပြောမည်ပြုလိုက်သော်လည်း ထိုလူကြီးမှ သူ့ဘက်သို့လှည့်လာသည် ။

“ မင်းရဲ့ပါးစပ်ကိုပိတ်ထားတာကောင်းမယ် မိန်းမတွေကျနေတာပဲ ပွစိပွစိနဲ့ “

ထိုလူကြီးမှရှေ့သို့ပြန်လှည့်ကာ သူ၏ခြေလှမ်းများအားအရှိန်တင်လိုက်သည် ။

ထင်းရှီလည်း စိတ်ထဲတွင်မကျေမနပ်ဖြစ်နေသော်လည်း သူ၏ဒေါသအားခေတ္တမြိုသိပ်ကာာထိုလူကြီး၏နောက်သို့အမှီလိုက်သွားလိုက်သည် ။

ထင်းရှီတို့နှစ်ယောက်မှာ တောင်ပေါ်သို့ပြန်ရောက်လာကြသည်။ သို့သော် တောင်တတ်လမ်းအတိုင်းမဟုတ်ဘဲ တောအုပ်များကြားမှ တိုးဝင်လာခြင်းဖြစ်သည်။

သူတို့လာခဲ့သည့်လမ်းမှာ အတော်လေးကြမ်းကာ အဆင့်လွန်သိုင်းသမားများပင်ခက်ခက်ခဲခဲလာရမည်ဖြစ်သည် ။သို့သော် ထင်းရှီနှင့်ထိုလူကြီးမှာ အသက်ရှူသံပင်ပုံမှန်အတိုင်းဖြစ်နေသေးသည် ။

ထင်းရှီလည်း ဘေးဘက်သို့ကြည့်လိုက်ရာ တောင်အနောက်ဘက်ကိုရောက်ရှိနေသည်ကိုသိလိုက်သည်။

သို့သော် သူတို့ရောက်ရှိသည့်နေရာမှာ တိတ်ဆိတ်ငြိမ်သက်နေရာ ရှေ့အတော်ဝေးဝေးတွင် ဝူတန်းဂိုဏ်းမှ အဆောက်အအုံများကိုတွေ့ရသည် ။

“ ဝင်ခဲ့ “

ထင်းရှီ၏ရှေ့မှလူကြီးမှာ တောင်ကမ်းပါးယံတွင်ရှိသည့်လိုဏ်ဂူပေါက်တစ်ခုထဲသို့ဝင်ရောက်သွားသည် ။

ထိုလိုဏ်ဂူမှာ ကမ်းပါးယံတွင်ထွင်းဖောက်ထားသလိုဖြစ်နေကာ အိုဟောင်းသည့်လိုဏ်ဂူတစ်လုံးဖြစ်သည် ။

ထင်းရှီလည်း အနည်းငယ်သတိထား၍ ထိုလိုဏ်းဂးအတွင်းလိုက်ဝင်လိုက်သည် ။

အထဲသို့ရောက်သည့်အခါထင်းရှီမှာ မျက်လုံးများပြူးကျယ်သွားသည်။ သူ၏အကြည့်များက လိုဏ်ဂူထဲတွင်လှည့်ပတ်နေကာ အတော်လေးအံ့ဩနေပုံရသည် ။

လိုဏ်ဂူ၏အတွင်းဘက်မှာ သဘာဝအတိုင်းဖြစ်နေသော်လည်း အိမ်ငယ်တစ်လုံးစာလောက်ကျယ်ဝန်းသည့် ။

လိုဏ်ဂူပေါက်မှာ အပြင်မှကြည့်လျှင်သေးငယ်သည်ဟုထင်ရသော်လည်း လိုဏ်ဂူအမြင့်မှာအတော်လေးမြင့်မားကာ အလင်းရောင်းကောင်းစွာရသည်ကိုတွေ့လိုက်သည် ။

ထို့အပြင် လိုဏ်ဂူထဲတွင် နောက်ထပ်ဂူပေါက်လေးငါးခုကိုလည်းတွေ့ရသည် ။

လိုဏ်ဂူအလယ်တွင်ရေကန်ငယ်တစ်ကန်ရှိကာ အထက်မှ ကျောက်စက်ပန်းဆွဲမှရေများက ထိုရေကန်ငယ်ထဲသို့ တစက်စက်ကျဆင်းနေသည်။

ရေကန်ဘေးတွင်မူ အဖြူရောင်ဝတ်စုံနှင့်အဖိုးအိုတစ်ယောက်မှာ ဂူပေါက်ဝအားကျောပေး၍ထိုင်နေသည် ။

ထင်းရှီအားဦးဆောင်ခေါ်လာသည့်လူကြီးမှာ ထိုအဖိုးအို၏ဘေးတွင်ရပ်နေကာ ထင်းရှီအားထိုနေရာသို့လာရန် မျက်ရိပ်မျက်ကဲပြလိုက်သည် ။

ထင်းရှီလည်း ထိုအဖိုးအို၏ဘေးသို့လျှောက်လာလိုက်သည် ။

ထိုအဖိုးအိုမှာ ထင်းရှီအားလှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက ဉာဏ်ပညာနှင့်ပြည့်ဝနေပုံပေါ်ကာ ကြင်နာတတ်ပုံရသည် ။

ထင်းရှီမှာ အဖိုးအိုထံမှမည်သည့်အငွေ့အသက်ကိုမှအာရုံမခံမိပေ။ သို့သော် သူ၏စိတ်ထဲတွင် ထိုအဖိုးအိုမှာ သာမန်မဟုတ်ကြောင်းကိုသိရှိနေသည် ။

ထို့အတူ ထင်းရှီမှာ အနည်းငယ်လည်းထိတ်လန့်သွားမိသည် ။ သိုင်းလောက၏ထိပ်ဆုံးတွင်ရှိနေသည့် အော့မေ့ဂိုဏ်းချုပ်လိုလူမျိုးကိုပင်သူအနည်းငယ်ခန့်မှန်းနိုင်သည် ။

သူ၏ရှေ့မှအဖိုးအိုမှာမူ ငြိမ်သက်နေသည့်ကန်ရေပြင်တစ်ခုအာလား ထင်းရှီမှမည်သည့်အငွေ့အသက်ကိုမှအာရုံခံမိခြင်းမရှိပေ။

ဤသည်မှာ အဖိုးအိုမှသူတစ်စုံတစ်ခုမခန့်မှန်းနိုင်သည့်အဆင့်သို့ရောက်ရှိနေခြင်းကြောင့်ပင်ဖြစ်ရပေမည်။

“ လူငယ်လေး မင်းကဘယ်သူလဲ “

အဖိုးအိုမှ တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သည် ။သူ၏လေသံမှာ ကြားရသည့်လူတိုင်းအားနွေးထွေးသွားသလိုခံစားရစေသည်။

ထင်းရှီလည်း ထိုနေရာတွင်လူအနည်းငယ်သာရှိ၍ သူ၏ဦးခေါင်းထက်မှခမောက်အားဖြုတ်ချလိုက်သည် ။

ခမောင်အောက်မှထွက်ပေါ်လာသည့် ငယ်ရွယ်ချောမော‌သည့်မျက်နှာကြောင့် ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူကြီးမှာ အနည်းငယ်အံ့အားသင့်သွားသည် ။

ထင်းရှီ၏အသက်အရွယ်ကိုငယ်ရွယ်သေးသည်ဟု သူခန့်မှန်းထားခဲ့သော်လည်း ယခုလိုအသက်သုံးဆယ်ပင်မပြည့်တတ်သေးသည့်လူငယ်လေးဖြစ်မည်ဟု သူမတွေးမိခဲ့ပေ ။

အဖိုးအိုမှာမူ ထင်းရှီ၏အသက်အရွယ်ကိုသိရှိနေသလို အထူးအထွေဖြင့်အံ့အားသင့်ခြင်းမရှိပေ။

“ ကျုပ်က သာမန်ဓားသမားတစ်ယောက်ပါ ဆရာကြီးက ကျုပ်ကိုတွေ့ဆုံချင်တယ်ဆိုလို့ ကျုပ်သူနဲ့လိုက်လာခဲ့တာ “

ထင်းရှီမှ သူ့အားခေါ်ဆောင်လာသည့်လူကြီးအားကြည့်ကာပြောလိုက်သည်။ သူထိုနေရာသို့လိုက်လာသည်မှာလည်း ထိုအဖိုးအိုအားအနည်းငယ်စိတ်ဝင်စား၍ဖြစ်သည်။

သူ၏ရှေ့မှလူကြီးသည်ပင် သူ့ကိုအနိုင်ယူနိုင်စွမ်းရှိသည့်နောက် ထိုလူကြီး၏ဆရာမှာ မည်မျှအားကောင်းသည်ကိုသူမတွေးတတ်ပေ ။

ထို့အတူ ထိုလူနှစ်ယောက်မှာမည်သည့်အတွက်ဝူတန်းတောင်ပေါ်တွင်နေခြင်းကို သူသိလိုလှသည် ။

“ မင်းငါ့ကို အဖိုးကျန်းလို့ခေါ်လို့ရပါတယ် မင်းကငါ့ရဲ့မိတ်ဆွေဟောင်းကြီးတစ်ယောက်နဲ့ပတ်သတ်နေနိုင်တယ် “

အဖိုးအိုမှ နွေးထွေးသည့်လေသံဖြင့် ထင်းရှီအားပြောလိုက်သည်။ ထင်းရှီမှာ တစ်စုံတစ်ခုမေးမည့်ဟန်ပြုသော်လည်း အဖိုးအိုမှဆက်ပြောလိုက်သည် ။

“ မင်းက သစ်ရွက်ကြွေဓားသိုင်းရယ် မိုးကြိုးမုန်တိုင်းဓားသိုင်းရယ်ကိုတတ်မြောက်ထားတဲ့နောက်မှာ သာမန်လူတစ်ယောက်ဘယ်လိုမှမဖြစ်တော့ပါဘူး “

အဖိုးအို၏ ညင်သည့်သည့်စကားသံက ထင်းရှီ၏စိတ်ထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသွားသလိုခံစားလိုက်ရသည် ။

သစ်ရွက်ကြွေဓားသိုင်း၊ မိုးကြိုးမုန်တိုင်းဓားသိုင်း

ထိုအဖိုးအိုမှာ ခုနစ်စင်ကြယ်ဓားဝင်္ကပါကိုသူတိုက်ခိုက်စဉ်ကဓားသိုင်းများအားသိရှိ၍နေသည် ။

တစ်ခုသိရမည်မှာ ထိုဓားသိုင်းများမှာ ဓားစံအိမ်၏လျှို့ဝှက်ဓားသိုင်းများဖြစ်ကြကာသိုင်းလောကအတွင်းရှိလူနည်းစုသာသိရှိကြသည် ။

ထိုအဖိုးအိုမှာ သူ၏ဓားသိုင်းနှစ်ခုအားနာမည်နှင့်တကွမှန်ကန်အောင်ပြောနိုင်သည့်အတွက် သူထိတ်လန့်သွားခြင်းဖြစ်သည်။

ထို့အတူ သူ၏စိတ်ထဲတွင်လည်းအတွေးများစွာထွက်ပေါ်လာသည် ။ထိုလူမှာ ဓားစံအိမ်၏အကြောင်းကိုသိရှိနေသလော သို့မဟုတ် သူသိုင်းလောကထဲသို့ဆင်းလာစဉ်ထဲက စုံစမ်းလာ၍လော ။

ထင်းရှီ၏ခေါင်းထဲတွင်ဖြစ်နိုင်င်ချေပေါင်းများစွာကို စဉ်းစားလိုက်သည်။

ထင်းရှီ၏အလန့်တကြားပုံစံကိုကြည့်၍ အဖိုးအိုမှ ထပ်၍ပြုံးလိုက်သည်။

“ ငါကမင်းရဲ့ရန်သူမဟုတ်ပါဘူးကောင်လေး ။ လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်က ငါအတော်လေးထူးချွန်တဲ့ပြိုင်ဘက်တစ်ယောက်နဲ့တိုက်ခိုက်ဖူးတယ် ။

သူကမိုးကြိုးမုန်တိုင်းဓားသိုင်းရယ်ကိုအသုံးပြုပြီးတော့ ငါနဲ့လက်ရည်တူတိုက်ခိုက်နိုင်ခဲ့တယ် ။

ငါတို့အချိန်အတော်ကြာတိုက်ခိုက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက်အနိုင်မယူနိုင်မှန်းသိလိုက်ပြီးတဲ့နောက်မှာ ငါတို့နှစ်ယောက်မိတ်ဆွေတွေဖြစ်သွားခဲ့တယ် ။

ဒါပေမယ့် သူကအကြောင်းတစ်စုံတစ်ရာမပြောဘဲနဲ့ သိုင်းလောကကနေပျောက်ကွယ်သွားခဲ့တယ် ။လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကတော့ သူ့ရဲ့တပည့်လို့ယူဆရတဲ့လူငယ်လေးတစ်ယောက်က ငါ့ဆီကိုရောက်လာခဲ့တယ်။

အဲဒီလူငယ်လေးက မြစိမ်းရောင်ဓားသမားဆိုပြီးသိုင်းလောကမှာကျော်ကြားခဲ့သေးတယ် ။ သူအသုံးပြုတာက သစ်ရွက်ကြွေဓားသိုင်းပဲ ။

သူက သူ့ရဲ့နောက်ကြောင်းကိုမပြောပေမယ့် သူ့ရဲ့ဓားသိုင်းထဲမှာ ငါ့မိတ်ဆွေပြီးရဲ့အငွေ့အသက်တွေကို ငါတွေ့နေရတယ် ။

သူကလည်းသူ့ဆရာလိုပဲ ဒီလိုဏ်ဂူထဲမှာ ငါတို့နဲ့ သုံးလအတူနေပြီး သိုင်းလောက ကနေထပ်ပြီးပျောက်ကွယ်သွားပြန်တယ် ။

အခုမင်းက မိုးကြိုးမုန်တိုင်းဓားသိုင်းရယ် သစ်ရွက်ကြွေဓားသိုင်းရယ်ကိုတွဲပြီးသုံးတော့ မင်းက သူတို့နဲ့ပတ်သတ်နေမှန်း ငါရိပ်စားမိလိုက်တယ်။

ဒါကြောင့်ငါ့ရဲ့တပည့်ကို‌လွှတ်ပြီး မင်းကိုအခေါ်ခိုင်းလိုက်တာပဲ “

အဖိုးအိုမှရှည်လျားစွာပြောလိုက်သည် ။သူ၏မျက်ဝန်းများနှာ အတိတ်အားပြန်တွေးနေသည့်ဟန်ဖြင့်မှိုင်းညို့နေသည်။

သူ၏စကားဆုံးသည်နှင့် ထင်းရှီမှာ အတွေးများစွာဖြစ်သွားရသည်။ ထိုအဖိုးအို၏စကားမှာ ရိုးသားဟန်ရသည့်အပြင် သူ့ဆရာ၏အကြောင်းကိုပါသိရှိနေသည် ။

သူ၏စကားထဲမှ မိတ်ဆွေဟောင်းကြီးဆိုသူမှာ သူ၏ဆရာဘိုးဘိုးဖြစ်ရမည် ။ဤသို့ဆိုရလျှင် ထိုစဉ်က သူ့ဆရာဘိုးဘိုးနှင့်လက်ရည်တူတိုက်နိုင်သည့်ထိုအဖိုးအိုမှမည်သူနည်း။

မျိုးရိုးနာမည်ကျန်းနှင့်စသည့်ဝူတန်းမှကြောင်မက်ဖွယ်ဓားသမား ..

“ ခင်ဗျားက အလယ်ပိုင်းဓားဘုရင်ကျန်းချန်းဟောင် လား “

ထင်းရှီမှ အလန့်တကြားမေးလိုက်သည် ။

All Chapters