← Chapters

သင်လွယ်တတ်လွယ်

Vol. 2 Ch. 147

သင်လွယ်တတ်လွယ်

Vol. 2 Ch. 147

ကျန်းချန်းဟောင်မှ သူ၏အင်အားပြင်းထန်လှသည့်ဓားကွက်ကို တုတ်ချောင်းတစ်ချောင်းဖြင့်ဟန့်တားနိုင်သည့်အပြင် သိုင်းတစ်ကွက်သာသုံးခဲ့ရသည် ။

အကယ်၍ သူသာအဖိုးအိုကျန်းချန်း‌ဟောင်နှင့်ရင်ဆိုင်တိုက်ခိုက်ပါက သုံးကွက်အတွင်းသူရှုံးနိမ့်သွားပေမည်။

“ ငါ့ရဲ့ဓားကွက်ကိုကြည့် “

အဖိုးအိုမှ သတိပေးစကားပြော၍ သူ၏တုတ်ချောင်းအားဝေ့ယမ်းလိုက်သည်။

အနက်ရောင်တုတ်ချောင်းမှာ မြွေတစ်ကောင်ကဲဘသို့ထင်းရှီထံသို့တိုးဝင်သွားသည် ။ အဖိုးအိုကျန်းချန်းဟောင်မှာ ဓားဆန္ဒကိုပင်သုံးမထားပေ ။

ထို့ကြောင့် ထင်းရှီမှာ ထိုတုတ်ချောင်းအားမြင်နေရာ တုတ်ချောင်း၏လားရာလမ်းကို ခန့်မှန်းနိုင်လေသည်။

သို့သော် ထင်းရှီမှာ ပေါ့ဆရဲခြင်းမရှိပေ ။အဖိုးအို၏ဓားပညာမှာအလွန်နက်နဲသည့်အဆင့်သို့ရောက်နေပြီဖြစ်သည် ။

ထို့ကြောင့် ခုခံမှုအသား‌ပေးသည့် သူ့ဆရာ၏သစ်ရွက်ကြွေဓားသိုင်းကိုအသုံးပြုလိုက်သည်။

“ ဖြောင်း “

ထင်းရှီမှာ ညာဘက်လက်တစ်ခုလုံးထုံကျင်သွားသလိုခံစားလိုက်ရကာ သူ၏လက်ထဲမှဓားပင်လွတ်ကျသွားတော့မတတ်ဖြစ်သွားသည်။

အဖိုးအိုကျန်းချန်းဟောင်၏သိုင်းကွက်မှာ ရှုပ်ထွေးမှုများမပါပေ။ ထို့အတူလွန်စွာလျှင်မြန်ခြင်းလည်းမရှိဘဲ သာမန်ထိပ်တန်းအဆင့်သိုင်းသမားတစ်‌ယောက်တိုက်ခိုက်သည့်အလျှင်သာရှိသည်။

သို့သော် ထင်းရှီမှသူ၏ဓားဖြင့်ခုခံရာတွင် အနက်ရောင် တုတ်ချောင်းမှာ လမ်းကြောင်းပြောင်းသွားကာ သူ၏ညာဘက်လက်ကိုရိုက်မိခြင်းဖြစ်သည်။

အဓိကပြဿနာမှာ အဖိုးအိုကျန်းချန်းဟောင်၏တိုက်ခိုက်မှုများမှာ အင်အားပြင်းထန်ခြင်း လျှင်မြန်ခြင်းတို့မဟုတ်ဘဲ သိုင်းကွက်ပရိယာယ်ကြွယ်ဝစွာဖြင့် လမ်း‌ကြောင်းပေါင်းစုံမှ တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

“ ဝှီးး... “

အဖိုးအိုကျန်းချန်းဟောင်၏တုတ်ချောင်းမှာ ထင်းရှီထံသို့ပြေးဝင်လာပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင်ထင်းရှီမှာ ခြေတစ်ချက်ဆောင့်၍ လေပေါ်သို့ခုန်တတ်ကာ သူ၏ခန္တာကိုယ်အားမွှတ်နေအောင်လည်လိုက်သည်။

“ လေပွေနဂါး “

ထင်းရှီမှ ရှောင်ကျန်းမင်၏မိုးကြိုးမုန်တိုင်းဓားသိုင်းထဲမှ လေပွေနဂါးသိုင်းကွက်ကိုအသုံးပြုလိုက်ခြင်းဖြစ်သည် ။

လေပွေနဂါးသိုင်းကွက်မှာ မိုးကြိုးမုန်တိုင်းဓားသိုင်းထဲမှ အကောင်းဆုံးခံစစ်ပုံစံဓားကွက်ဖြစ်ကာ အစွမ်းထက်လှသည် ။

ထင်းရှီ၏ခန္တာကိုယ်မှာ လေပေါ်တွင်ရောက်နေကာ လေပွေတစ်ခုကဲ့သို့မွတ်မွတ်လည်နေသည်။ ထို့အပြင် သူ၏ဓားသည်လည်းခန္တာကိုယ်ဘေးပတ်ပတ်လည်တွင်လည်ပတ်နေကာ လက်နက်ပုန်းများဖြင့်ဝိုင်းဝန်းပစ်ခတ်လျှင်ပင် သူ၏ခန္တာကိုယ်အားထိမည်မဟုတ်ပေ။

အဖိုးအိုလည်း ခေါင်းကိုယမ်း၍ပြုံးလိုက်ကာ သူ၏အနက်‌ရောင်တုတ်ချောင်းအားလှုပ်ယမ်းလိုက်သည် ။

“ ဖြောင်းး... “

ထင်းရှီမှာ နောက်ထပ်တစ်ကြိမ်အရိုက်ခံလိုက်ရကာနောက်ဘက်သို့လွင့်သွားသည် ။

ယခုတစ်ကြိမ်တွင် ရိုက်ချက်မှာအတော်ပြင်းပုံရသည် ။ထင်းရှီမှာ နောက်ခြေ‌လှမ်းအတော်ဝေးဝေးသို့ရောက်သွားသည့်အပြင် ရုတ်တရက်မထနိုင်တော့ပေ ။

ထင်းရှီလည်း လဲကျသွားသည်နှင့် ယိုင်တိယိုင်ထိုးဖြင့်ထရပ်လိုက်သည်။ သူ၏အဖြူရောင်ဝတ်စုံမှာ ဖုန်များသဲများဖြင့်ပေကျံနေပြီဖြစ်သည်။

“ အဖိုးကျန်း ကျနော်အတတ်နိုင်ဆုံးခုခံပေမယ့် ဘာဖြစ်လို့အမြဲအရိုက်ခံနေရတာလဲ “

ထင်းရှီမှာ သူ၏ခန္တာကိုယ်တွင်ပေကျံနေသည့်ဖုန်များသဲများအား လက်ဖြင့်ခါကာ အဖိုးအိုကျန်းချန်းဟောင်၏အနားသို့လျှောက်လာလိုက်သည်။

ကျန်းချန်းဟောင်မှာ ထင်းရှီ၏မေးခွန်းကြောင့်ပြုံးလိုက်သည် ။ထို့နောက် လေးနက်တည်ကြည်သည့် လေသံဖြင့်ရှင်းပြလိုက်သည်။

“ သိုင်းကွက်ရဲ့လားရာဆိုတာ အချိန်မရွေးပြောင်းလဲနိုင်တယ် ။ နောက်ပြီးတော့ သိုင်းကွက်အရှင်က သိုင်းကွက်အသေထက်အများကြီးပိုပြီးအစွမ်းထက်တယ်။

သိုင်းကွက်အရှင်ဆိုတာက အချိန်မရွေးဦးတည်ရာပြောင်းလဲနိုင်တဲ့သိုင်းကွက်တစ်ခုပဲ ။

ဘယ်သိုင်းကွက်မဆို အသုံးပြုတဲ့လူအပေါ်မူတည်ပြီး အစွမ်းထက်ပုံချင်းကလည်းကွဲပြားသွားတယ် ။

ဓားသိုင်းတစ်ခုမှာ ကွက်ပြောင်းတွေပါတယ်ဆိုတာ သိုင်းကွက်အသေအရှင်သဘောတရားရဲ့အခြေခံပဲ ။ မင်းကသိုင်းကွက်တစ်ခုကိုဘယ်တော့မှကြိုတင်ခန့်မှန်းမထားနဲ့ ။

မင်းရဲ့စိတ်ဆန္ဒရဲ့‌နောက်ကိုပဲလိုက် ။ ဒါမှဓားဆန္ဒကိုနားလည်ပြီး ဓားနဲ့လူတစ်သားတည်းအဆင့်ရဲ့အစွမ်းကိုအပြည့်အဝအသုံးပြုနိုင်မှာ “

အဖိုးအိုကျန်းချန်းဟောင်မှထင်းရှီအား‌ အေးဆေးစွာပြောလိုက်သည် ။ သူ၏စကားများကို ထင်းရှီမှ တစ်လုံးမှမလွတ်အောင်အာရုံစူးစိုက်၍နားထောင်နေသည်။

ထို့နောက် ထင်းရှီမှာ တခဏခန့်ငြိမ်သက်သွားပြီး သူ၏မျက်လုံးများအရောင်တောက်လာသည်။

“ ကောင်းတယ် ဒီတစ်ခါမင်းရဲ့ ဘယ်ဘက်ပခုံးကိုအာရုံစိုက်ထား “

အဖိုးအိုကျန်းချန်းဟောင်၏စကားဆုံးသည်နှင့် သူ၏လက်ထဲမှအနက်ရောင်တုတ်ချောင်းမှာ ရိပ်ခနဲပြေးဝင်လာပြန်သည်။

ထင်းရှီမှာ ယခုတစ်ကြိမ်တွင်တုတ်ချောင်း၏ဦးတည်ရာကိုအာရုံမစိုက်တော့ဘဲ ခုခံကာကွယ်ရန်ကိုသာအာရုံအပြည့်စူးစိုက်ထားသည်။

“ ဝှီးး... “

“ ဖြောင်းး... “

ကြားနေကျအသံထွက်ပေါ်လာကာ ထင်းရှီမှာ ခန္တ ကိုယ်တစ်ချက်ယိုင်သွားကာနောက်ဘက်သို့ဆုတ်သွားရသည်။

သို့သော် သူ၏မျက်လုံးများအရောင်လက်နေကာ ဝမ်းမြောက်နေပုံရသည်။

“ နောက်တစ်ကြိမ် မင်းရဲ့ရင်ဘက်ကိုအာရုံစိုက်ထား “

အဖိုးအိုကျန်းချန်းဟောင်မှသတိပေး၍ နောက်ထပ်တစ်ကြိမ်တိုက်ခိုက်လိုက်ပြန်သည် ။ယခုတစ်ကြိမ်တွင်မူ သူ၏တုတ်ချောင်းမှာ ထင်းရှီ၏ဟန့်တခြင်းကိုခံလိုက်ရသည် ။

“ သိုင်းကွက်ရဲ့လမ်းကြောင်းကိုမခန့်မှန်းဘဲနဲ့ကိုယ့်ရဲ့စိတ်ဆန္ဒနောက်ကိုလိုက်မှ ဓားဆန္ဒရဲ့အစံမ်းကိုအပြည့်အဝအသုံးချနိုင်မှာ “

ထင်းရှီမှ တီးတိုးရေရွတ်ကာပြုံးလိုက်သည်။ သူ၏လက်မှဓားမှာလှုပ်ရှားနေကာ အဖိုးအို၏တိုက်ခိုက်မှုများကိုကာကွယ်လျက်ရှိသည် ။

ယခုတစ်ကြိမ်တွင်မူ ထင်းရှီမှာ အဖိုးအိုကျန်းချန်းဟောင်၏ရိုက်နှက်ခြင်းကိုမခံရဘဲ ကောင်းစွာကာကွယ်နိုင်သည်။

တစ်ခုကွာခြားသည်မှာ ထင်းရှီမှ သူ၏ဓားဆန္ဒအားအသုံးပြုကာအစွမ်းကုန်တိုက်ခိုက်နေရသော်လည်းအဖိုးအိုကျန်းချန်းဟောင်မှ ဓားဆန္ဒကိုအသုံးမပြုသည့်အပြင် ရိုးစင်းသည့်သိုင်းကွက်များဖြင့်တိုက်ခိုက်နေခြင်းဖြစ်သည် ။

သို့သော် ထိုရိုးစင်းသည့်သိုင်းကွက်များမှာ အဖိုးအိုကျန်းချန်းဟောင်၏လက်တွင်လွန်စွာကြောက်မက်ဖွယ်ကောင်းသွားကာ ထင်းရှီပင်အစွမ်းကုန်ခုခံမှရိုက်နှင်မခံရခြင်းဖြစ်သည်။

သူတို့နှစ်ဦးတိုက်ခိုက်နေသည်မှာ သိုင်းကွက်တစ်ရာကျော်သွားပြီးသည့်နောက်တွင် အဖိုးအိုကျန်းချန်းဟောင်မှ တိုက်ခိုက်နေခြင်းအားရပ်တန့်လိုက်သည်။

ထင်းရှီ၏မျက်လုံးများက လိုဏ်ဂူနံကံအားငေးနေသည့် ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူကြီးဆီသို့ရောက်သွာသည်။

ထင်းရှီမှာ ယခုအချိန်တွင် သူသိုင်းကွက်အနည်းငယ်ဖြင့်အရေးနိမ့်ခဲ့သည့် ထိုလူကြီးနှင့်နောက်ထပ်တစ်ကြိမ်တိုက်ခိုက်လိုသည်။

ယခုအခါတွင်မူ ယခင်ကလိုသိုင်းကွက်အနည်းငယ်ဖြင့် အရေးနိမ့်မည်မဟုတ်ဟု သူယုံကြည်မှာရှိသည်။ ယခင်ကအဖြစ်က သူ့ကိုအနည်းငယ်ခံရခက်‌စေသည်။

ထိုလူကြီးလည်း တစ်စုံတစ်ခုအား သတိထားမိလိုင်သောကြောင့် ခေါင်းအားစောင်းကာထင်းရှီ၏အကြည့်ကို ပြန်၍ စူးစိုက်ကြည့်လိုက်သည်။

သူတို့၏အကြည့်များဆုံတွေ့သွားကြကာ သေးငယ်သည့်အားပြိုင်မှုတစ်ခုဖြစ်လာသည်။ သူတို့နှစ်ဦးမှယ မည်သူကမှစတင်၍အလျော့ပေးမည့်ပုံမရပေ။

“ မဆိုးဘူးကောင်လေး မင်းကအရိပ်ပြရင်အကောင်မြင်တာပဲ။ အခုမင်းရဲ့ဓားဆန္ဒကိုအစွမ်းကုန်အသုံးချတတ်သွားပြီ “

အဖိုးအိုကျန်းခန်းဟောင်မှ ထင်းရှီအားချီးကျူးလိုက်သည် ။ထင်းရှီလည်း အကြည့်ပြိုင်‌ေနခြင်းအားရပ်တန့်ကာ လက်သီးဆုပ်၍ဂါရဝပြုလိုက်သည် ။

“ အဲဒါက အဖိုးကျန်းရဲ့ကျေးဇူးကြောင့်ပါ “

ထင်းရှီ၏နှိမ့်ချသည့်စကားက ကျန်းချန်းဟောင်အား သဘောကျသွားစေသည်။

“ ဟားးဟားး ကောင်းတယ် မင်းကိုကြည့်ရတာ မင်းရဲ့ဆရာနဲ့မတူပဲနဲ့ ပုံစံတစ်မျိုးကွဲထွက်နေတယ် ။

သေချာတာက မင်းကအနာဂါတ်မှာ သူရောငါရောထက် ပိုပြီးဝေးဝေးသွားနိုင်မယ်ဆိုတာပဲ “

ကျန်းချန်းဟောင်မှ ထင်းရှီအား သဘောကျသည့်လေသံဖြင့်ပြောလိုက်သည်။ ထို့နောက် သူ၏မျက်နှာတည်ကြည်သွားသည် ။

“ ဒါပေမယ့် မင်းအခုနားလည်သွားတာက မင်းရဲ့ဓားဆန္ဒကိုအစွမ်းကုန်အသုံးချတတ်ရုံပဲရှိသေးတာ ။

မင်းရဲ့ဓားဆန္ဒကိုနားလည်သဘောပေါက်ထားတာအချိန်မကြာသေးဘူး ။ ပြီးတော့ ညွှန်ကြားပြသပေးမယ့်လူမရှိလို့ အစွမ်းကုန်အသုံးမချတတ်ဘဲဖြစ်နေတာ ။

ဓားဆန္ဒကိုနားလည်သွားတယ်ဆိုတာ ဓားသမားတစ်ယောက်ရဲ့ဘဝမှာ မတူညီတဲ့လောကတစ်ခုကိုရောက်သွားသလိုပဲ ။

အဲဒီအ‌ဆင့်ကတော့ တံခါးပေါက်တစ်ချက်ပေါ့ ပိတ်ဆို့နေတဲ့တံခါးပေါက်ကိုဖွင့်နိုင်ပြီဆိုတာနဲ့အဲဒီဓားသမားက သူလျှောက်နိုင်စွမ်းရှိတဲ့အထိ ဝေးဝေးကိုသွားလို့ရနိုင်မှာပဲ။

တစ်ခုသိထားဖို့က မင်းက ဓားဆန္ဒကိုနားလည်သဘောပေါက်ထားပေမယ့် သိုင်းကွက်တွေကိုနားလည်သဘောပေါက်ဖို့ကဝေးနေသေးတယ်။

မဟုတ်ရင် မင်းရဲ့တိုက်ခိုက်မှုတွေက အင်အားပြင်ထန်ပြီးအစွမ်းထက်ပေမယ့် အဆုံးစွန်ထိရောက်နိုင်မှာမဟုတ်ဘူး ။

အခြားလူတွေက ဓားဆန္ဒကိုအသာထားဦး သိုင်းကွက်တွေကိုနားလည်သဘောပေါက်တဲ့အဆင့်ကိုတောင် နှစ်အတော်ကြာအချိန်ယူရတယ် ။

မင်းလိုသင်လွယ်တတ်လွယ်တဲ့လူငယ်လေးအတွက် နှစ်အနည်းငယ်နဲ့နားလည်သွားမှာပါ “

ကျန်းချန်းဟောင်မှ ထင်းရှီ၏လိုအပ်ချက်အားထောက်ပြကာပြောလိုက်သည်။

All Chapters