← Chapters

ထွင်းဖောက်လက်သီးသိုင်းပညာ

Vol. 2 Ch. 148

ထွင်းဖောက်လက်သီးသိုင်းပညာ

Vol. 2 Ch. 148

ထင်းရှီလည်း တွေတွေပြီးရပ်နေကာ ကျန်းချန်းဟောင်၏စကားများကိုပြန်၍စဉ်းစားနေလိုက်သည်။

သူဓားပညာစတင်သင်ကြားသည့်အချိန်မှစ၍ သင်လွယ်တတ်လွယ်ခဲ့သည် ။ထို့ကြောင့်ပင် ဓားစံအိမ်မှအကြီးအကဲများ၏ဓားသိုင်းအချို့ကိုပါလေ့လာနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူ၏အထီးကျန်ဓားသိုင်းအားအောင်မြင်ပြီးသည့်နောက်တွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ပြန်လည်လေ့ကျင့်ထားမှုမရှိပေ ။

သူ၏ဆရာပြောခဲ့ဖူးသည့် ဓားသိုင်းနှင့်လူတစ်သားတည်းဖြစ်ခြင်းဆိုသည်မှာလည်း သိုင်းကွက်များအားနားလည်သဘောပေါက်ခြင်းဖြစ်ကြောင်းကို သိလိုက်သည် ။

ဓားသိုင်းနှင့်လူတစ်သားတည်းဖြစ်ခြင်းမှာ ဓားဆန္ဒအားနားလည်၍ ဓားနှင့်လူတစ်သားတည်းဖြစ်ခြင်းနှင့်ကွဲပြားသည်။

ဓားသိုင်းနှင့်လူတစ်သားဖြစ်ခြင်း သို့မဟုတ် သိုင်းကွက်များအားနားလည်သဘောပေါက်ခြင်းဆိုသည်မှာ မိမိအသုံးပြုသည့်သိုင်းပညာကို အကြိမ်ပေါင်းရာထောင်ချီ၍ မရေမတွက်နိုင်အောင်လေ့ကျင့်ပြီးသည့်နောက်တွင် ရရှိသည့်အဆင့်ဖြစ်သည်။

ဓားဆန္ဒအားနားလည်ခြင်း သို့မဟုတ် ဓားနှင့်လူတစ်သားတည်းဖြစ်ခြင်းသည်ကား ထိုအဆင့်တွင် စိတ်ကခိုင်းစေ‌သည်နှင့်တစ်ချိန်တည်းလိုလိုလှုပ်ရှားခြင်းဖြစ်သည် ။

ထိုအဆင့်တွင်မည်သည့်ဓားပညာကိုအသုံးပြုသည်ဖြစ်စေ အဆပေါင်းများစွာပို၍အစွမ်းထက်လာမည်ဖြစ်သည် ။

သီအိုရီအရဆိုလျှင် ဓားသမားအတော်များများမှာ သိုင်းကွက်များအားသဘောပေါက်ခြင်းအဆင့်ပြီးမှ ဓားဆန္ဒအားနားလည်နိုင်ကြသည် ။

ထင်းရှီမှာကား သေရေးရှင်ရေးအခြေအနေတွင် ဉာဏ်အလင်းပွင့်ခြင်းအခိုက်အတံ့နှင့်ကြုံကာ ၏အထီးကျန်ဓားသိုင်းနှင့် စွန်းမျိုးနွယ်မှ ပန်းချီကား၏အကူအညီဖြင့် ဓားဆန္ဒအားသဘောပေါက်ခဲ့ခြင်းဖြစ်သည် ။

ထို့ကြောင့် ထင်းရှီ၏တိုက်ပွဲစွမ်းအားမှာ လွန်စွာပြင်းထန်သော်လည်း အခြေခံမှာသာမန်မျှဖြစ်နေသည် ။

ထင်းရှီနှင့်တိုက်ခိုက်ခဲ့သည့် ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူမှာ သိုင်းကွက်များအားနားလည်သဘောပေါက်ပြီးမှဓားဆန္ဒအား နားလည်ထားခြင်းဖြစ်ရမည် ။

ထို့ကြောင့်သာ ထိုလူနှင့်တိုက်ခိုက်ရာတွင် ထင်းရှီမှ သိုင်းကွက်အနည်းငယ်အတွင်းရှုံးနိမ့်ခြင်းဖြစ်ရမည်။

“ အဖိုးကျန်း ကျေးဇူးပြုပြီး ကျနော့်ကို ညွှန်ပြပေးပါဦး “

ထင်းရှီမှ ကျန်းချန်းဟောင်အား ဒူးထောက်ဂါရဝပြုကာတောင်းဆိုလိုက်သည် ။

ကျန်းချန်းဟောင်မှ သူ့အားဤနေရာအထိခေါ်လာ၍ အကြောင်းအရာများများစားစားပြောခဲ့ခြင်းမှာ သူ့ကိုကူညီ၍လမ်းညွှန်ပေးလိုခြင်းကြောင့်ဖြစ်ကြောင်း ထင်းရှီသဘောပေါက်လေသည် ။

ထို့ကြောင့်ပင် ကျန်းချန်းဟောင်အား သင်ကြားပေးရန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိသိုင်းလောကတွင်မဆိုထားနှင်ြ ဇာတ်မြုပ်နေသည့်သိုင်းဝိဇ္ဇာအဆင့်များတွင်ပင်ကျန်းချန်းဟောင်အား ယှဉ်နိုင်သည့်လူလက်တစ်ဖက်မပြည့်နိုင်ပေ။

ထိုကဲ့သို့ပုဂ္ဂိုလ်မျိုး၏လမ်းညွှန်မှုကိုရရှိပါက ထင်းရှီ၏ဓားပညာမှာ အချိန်တိုအတွင်းများစွာတိုးတက်သွားပေမည်။

“ ထပါ ကောင်လေး ငါ့ကိုယ်ငါပြိုင်ဘက်ကင်းလို့မပြောရဲပေမယ့် မင်းကိုညွှန်ကြားပြသပေးဖို့အဆင့်မှီတယ်လို့ငါထင်ပါတယ် ။ ပြီးတော့ မင်းရဲ့ဆရာဖိုးဖိုနဲ့ မင်းရဲ့ဆရာကငါနဲ့ပတ်သတ်ဖူးတော့ ငါမင်းကိုလမ်းညွှန်ပေးပါ့မယ် “

ကျန်းချန်းဟောင်မှ လက်ကိုဝေ့ယမ်း၍ ထင်းရှီအားပြောလိုက်သည်။

ဒူးထောက်နေသည့်ထင်းရှီ၏ခန္တာကိုယ်မှာ အားလှိုင်းကြီးတစ်ခု၏ထိမ်းချုပ်ခြင်းကိုခံနေရသလိုဖြစ်လာကာမည်မျှပင်အားထုတ်စေကာမူမလွတ်မြောက်တော့ပေ။

ထင်းရှီလည မတတ်သာဘဲ ဒူးထောက်နေရာမှထရပ်လိုက်ရသည် ။သူ၏စိတ်ထဲတွင်မူ ကျန်းချန်းဟောင်၏နက်ရှိုင်းလှသည့်အတွင်းအားနှင့် ကောင်းမွန်လှသည့်အတွင်းအားထိမ်းချုပ်နိုင်စွမ်းအား တုန်လှုပ်နေမိတော့သည်။

------------------------------------------------------------------&

အလယ်ပိုင်းဒေသ ခုံတုံဂိုဏ်း

ခုံတုံဂိုဏ်းမှာ သိုင်းလောကမှ ထိပ်တန်းအဆင့်အင်အားစုကြီးများထဲတွင်ပါဝင်ပြီး ဂိုဏ်းကြီးခြောက်ဂိုဏ်းအောက်တစ်ဆင့်သာနိမ့်ကျလေသည်။

ခုံတုံဂိုဏ်း၏ခုနစ်ဆင့်လက်သီးသိုင်းပညာမှာ ‌လေ့ကျင့်ရခက်ခဲသလို အောင်မြင်ပြီးလျှင်လည်း လွန်စွာအစွမ်းထက်သည်။

ခုနစ်ဆင့်လက်သီးသိုင်းမှာ ခုံတုံဂိုဏ်း၏အထွက်အမြတ်လက်သီးသိုင်းဖြစ်သည်။

အဆင့်ကုန်လေ့ကျင့်အောင်မြင်ခဲ့ပါက လက်သီးချက်တစ်ခုတွင် အားလှိုင်းခုနစ်ခုအားထုတ်နိုင်ကာ အထိုးခံရသူအား ကိုယ်တွင်းအင်္ဂါများ ပျက်စီး၍သေလျှင်သေ မသေလျှင်ဒုက္ခိတတစ်‌ယောက်ဖြစ်စေသည်။

အဆင့်ကုန်‌အောင်မြင်ပြီးသူတစ်‌‌ယောက်၏လက်သီးချက်တစ်ခုတွင် အပျော့ ၊အမာ ၊ အပူ ၊ အအေး ၊ဘေးတိုက် ၊ ကန့်လန့်ဖြတ် စသည့် မတူညီသောအားလှိုင်းခုနစ်မျိုးပါဝင်သည်။

ခုနစ်ဆင့်လက်သီးသိုင်းမှာ ထိုအားလှိုင်းခုနစ်မျိုးဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကာ ထိုအားလှိုင်းများကြောင့်ပင် အစွမ်းထက်ခြင်းဖြစ်သည်ည

ထို့ကြောင့်ပင် ဤသိုင်းပညာရပ်အား ခုနစ်ဆင့်လက်သီးသိုင်းဟုခေါ်ဆိုရခြင်းဖြစ်သည်။

အထိုးခံလိုက်ရသူအဖို့ အားလှိုင်းတစ်ခုကိုချေဖျက်နိုင်လိမ့်မည်ဖြစ်သော်လည်း မတူညီသောအားလှိုင်းခုနစ်ခုကိုကား ချေဖျက်ဖို့ရာ ခတ်ခဲလေသည်။

ထို့ကြောင့် ခုနစ်ဆင့်လက်သီးသိုင်းမှာ သိုင်းလောကထဲတွင် အဆင့်မြင့်သိုင်းပညာစာရင်းဝင်နေခြင်းဖြစ်သည်။

သို့သော် ခုနစ်ဆင့်လက်သီးသိုင်းကို လေ့ကျင့်ရန် လိုအပ်ချက်များရှိနေသေးသည်။

ထိုသိုင်းအားလေ့ကျင့်မည့်သူ၏အတွင်းအားမှာ အလွန်မြင့်မား၍နေရမည်။ ထိုသို့မြင့်မားနေမှသာ သိုင်း၏တန်ပြန်ဆိုးကျိုးကို ချေဖျက်နိုင်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါကလည်း လေ့ကျင့်ထားသူသည် လမ်းမှန်အတွင်းအားဖြစ်၍နေရမည် ။

လမ်းမှန်အတွင်းအားများသည် အခြေခိုင်အောင်အရင်လုပ်ပြီးသည်နှင့် နှစ်ကြာလာလေလေ အတွင်းအားများ တိုးပွားကာကျစ်လျစ်သိပ်သည်းလာလေဖြစ်သည်။

လမ်းလွဲအတွင်းအားပညာရပ်များကား အချိန်အနည်းငယ်အတွင်း အတွင်းအားအလျှင်အမြန်တိုးတက်စေသော်လည်း ‌နောက်ပိုင်းရောက်လေလေ ပို၍ကျဆင်းလေလေဖြစ်သည်။

လောကတွင်တစ်ခုလိုချင်လျှင်တစ်ခုပြန်၍ပေးဆပ်ရသည်။ ထိုသဘောအတိုင်းပင် လမ်းလွဲအတွင်းအားများသည်လည်း အတွင်းအားအလျှင်အမြန်တိုးတက်စေသော်လည်း နှစ်ကြာလာသည်နှင့်အမျှ တန်ပြန်ဆိုးကျိုးများ များပြားလာသည်။

လမ်းမှန်အတွင်းအားကျင့်သူအဖို့ ခုနစ်ဆင့်လက်သီးသိုင်းကိုလေ့ကျင့်သော်လည်း နှစ်ကြာလာသည်နှင့်အမျှ စစ်မှန်သောအတွင်းအားများ များပြားလာသောကြောင့် သိုင်း၏တန်ပြန်ဆိုးကျိုးများက ဒုက္ခမပေးနိုင်တော့ခြင်းဖြစ်သည်။

ခုံတုံဂိုဏိး၏ယခင်မျိုးဆက်ဂိုဏ်း‌ချုပ်ဟောင်းမှာ ခုနစ်ဆင့်လက်သီးသိုင်းပညာဖြင့် လက်သီးဘုရင်ဟူသောဘွဲ့ကိုရကာ သိုင်းလောကတွင်လက်မထောင်နိုင်ခဲ့သည်။

လက်သီးဘုရင်မှာ သူ၏လက်သီးနှစ်ဖက်ဖြင့်သိုင်းလောကကိုတုန်ဟီးသွားစေသည်ဟုပင် ပြောစမှတ်ပြုကြသည်။

သို့သော် ထိုစဉ်က သိုင်းလောက၏ထိပ်သီးအင်အားကြီးဟုဆိုရမည်ဖြစ်သည့် ခုံတုံဂိုဏ်းမှာ ယခုအချိန်တွင် အနည်းငယ်နိမ့်ကျနေဟုဆိုရမည် ။

အကြောင်းမှာ ဂိုဏ်းမှမျိုးဆက်သစ်လူငယ်များမှာ ဂိုဏ်း၏အစွမ်းအထက်ဆုံးသိုင်းပညာဖြစ်သည့်ခုနစ်ဆင့်လက်သီးသိုင်းကိုအဆင့်ကုန်အထိ မလေ့ကျင့်နိုင်ကြသောကြောင့်ဖြစ်သည်။

ခုံတုံဂိုဏ်း၏အရှေ့ဘက်မြေကွက်လပ်တွင်

အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်‌ယောက်နှင့် အသက်ခုနစ်ဆယ်အရွယ်အဖိုးအိုတစ်ယောက်တို့ရှိနေသည် ။

လူငယ်မှာ တောအုပ်ထဲတွင်လျှင်မြန်စွာရွေ့လျားနေကာ ပြင်းထန်သည့်လက်သီးသိုင်းတစ်မျိုးကိုလေ့ကျင့်လျက်ရှိသည်။

ပတ်ဝန်းကျင်တစ်ခုလုံးလက်သီးရိပ်များပြည့်နေကာ တဝုန်းဝုန်းမည်နေသည် ။ အဖိုးအိုမှာ လူငယ်၏လေ့ကျင့်မှာကိုကြည့်ကာ ခေါင်းတညိမ့်ညိမ့်ဖြစ်နေသည်။

လူငယ်မှ လေ့ကျင့်နေရာမှ ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ရှေ့မှပေါင်လုံးခန့်ရှိမည့်သစ်ပင်ကြီးတစ်ပင်အားထိုးချလိုက်စည်။

“ ဖောင်းး... “

ကျယ်လောင်သည့်မည်သံကြီးထွက်ပေါ်လာသော်လည်း သစ်ပင်ကြီးမှာ အနည်းငယ်မှပင်ယိမ်းယိုင်မသွားပေ။

သို့သော် သူ၏နောက်ရှိအရွယ်အစားတူသစ်ပင်သုံးပင်မှာ အစိတ်စိတ်အမွာမွာဖြစ်ကုန်ကြသည်။

“ ကောင်းတယ်ကောင်လေး မင်းက မင်းတို့မိသားစုရဲ့ ဖောက်ထွင်းလက်သီးသိုင်းကို အဆင့်ကုန်အောင်မြင်သွားပြီပဲ “

အဖိုးအိုမှ ‌ကျေနပ်အားရနေသည့်လေသံဖြင့်ပြောကာလျှောက်လာလိုက်သည်။

“ ဟီးးဟီးး.. ဒါကဆရာ့ရဲ့သင်ပြပေးမှုတွေကြောင့်ပါ “

လူငယ်မှပြုံး၍မျက်နှာချိုသွေးလိုက်သည် ။သူ၏စကားကြောင့် အဖိုးအိုမှာပြုံးယောင်သမ်းသွားသော်လည်း လူငယ်အားဟန်ဆောင်မာန်မဲလိုက်သည်။

“ ဒါကိုတောင်မှ မင်းကသိုင်းပညာကိုကောင်းကောင်းမလေ့ကျင့်ဘဲနဲ့ သိုင်းလောကထဲမှာလျှောက်သွားနေသေးတယ် ။

မင်းသာသိုင်းပညာကိုအာရုံစိုက်ပြီးကျင့်ရင် နောက်သုံးလေးနှစ်အတွင်းမှာ သိုင်းဝိဇ္ဇာအဆင့်ကိုခြေလှမ်းတစ်ဝက်ဝင်နိုင်တယ် “

အဖိုးအို၏စကားကြောင့် လူငယ်မှာ အနည်းငယ်စိတ်ညစ်သွားသော်လည်း သူ့ဆရာကျေနပ်စေရန် ခေါင်းကိုအဆက်မပြက်ညိမ့်ပြလိုက်သည်။

အဖိုးအိုမူသူ၏ရှေ့မှ ကောင်းမွန်သည့်သစ်ပင်နှင့် သူ၏နောက်မှအစိတ်စိတ်အမွာမွာဖြစ်နေသည့်သစ်ပင်များကို ကျေနပ်အားရသည့်မျက်နှာဖြင့်ကြည့်ရှုနေသည်။

လူငယ်အသုံးပြုသွားသည့်လက်သီးသိုင်းမှာ ထွင်းဖောက်လက်သီးသိုင်းပညာဖြစ်သည် ။

ထိုလက်သီးသိုင်းမှာ အလယ်ပိုင်းဒေသ၏ထိပ်တန်းအဆင့်အင်အားစုကြီးတစ်ခုဖြစ်သည့်စီးတုမိသားစု၏ ကျော်ကြားသည့်သိုင်းပညာတစ်ရပ်ဖြစ်သည်။

All Chapters