နတ်ဆရာ၏တပည့်
Vol. 2 Ch. 150
မိုးကြိုးနတ်ဘုရားကျောင်း၏ အခန်းတစ်ခုထဲတွင်
“ တပည့် မင်းဒီတစ်ခေါက်သိုင်းလောကထဲကိုဆင်းတဲ့အချိန်မှာ ဘာတွေထူးခြားခဲ့သေးလဲ “
အနီရောင်ဝတ်ရုံကိုခြုံထားသည့် အသက်ခြောက်ဆယ်ကျော်အဖိုးအိုတစ်ယောက်မှမေးလိုက်သည် ။
ထိုအဖိုးအိုမှာ အရိုးပေါ်အရေတင်ဖြစ်ကာပိန်ချုံးလှသည် ။ သူ၏ဝတ်ရုံမှာလည်း သစ်သားပြားအားပတ်ထားသကဲ့သို့ကြည့်ရဆိုးနေသည်။
သို့သော် အဖိုးအိုမှာ စူးရှတောက်ပသည့်မျက်လုံးအစုံကိုပိုင်ဆိုင်ထားကာ သူနှင့်မျက်လုံးချင်းဆုံမိသူတိုင်းအား ရင်ဆိုင်မကြည့်ရဲဘဲ လွှဲဖယ်သွားစေနိုင်သည်အထိ ဖြစ်သည် ။
အဖိုးအိုနှင့်မျက်နှာချင်းဆိုင်နေရာတွင် အသက်သုံးဆယ်ကျော်လူရွယ်တစ်ဦးမှာ ရိုကျိုးသည့်ပုံဖြင့်ထိုင်နေသည် ။
အကယ်၍ ထင်းရှီနှင့် စီးတုမင်တို့သာ ထိုလူရွယ်အားမြင်လျှင် သူတို့၏အစ်ကိုကြီးတင်းဖန်းမှန်းသိရှိပေမည်။
“ ဒီတစ်ခေါက်ခရီးက နည်းနည်းထူးခြားခဲ့တယ် ။ သိုင်းလောကတစ်ခုလုံးကိုလှုပ်ကိုင်နိုင်မယ့်ကိစ္စတွေဖြစ်ပွားဖို့ အစပျိူးနေပြီလို့ကျုပ်ထင်တယ်။
နှစ်ပေါင်းများစွာပျောက်ကွယ်နေတဲ့ နေလသိုင်းသမားကြီးရဲ့နေလသိုင်းကျမ်းကလဲပြန်လည်ထွက်ပေါ်လာခဲ့တယ် ။
နောက်ပြီးသိုင်းကျမ်းအတွက် သွေးချောင်းစီးပွဲတွေဖြစ်ပြီး ဂိုဏ်းအဖွဲ့အစည်းအတော်များများက ရန်သူတွေဖြစ်ကုန်ကြတယ် ။
နောက်ပြီး ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရှိနေမယ်လို့ ကျနော်သံသယဖြစ်မိတယ် “
တင်းဖန်းမှအဖိုးအိုအား လေးစားသည့်အမူအယာဖြင့်ပြောလိုက်သည်။
သူ၏စကားများကြောင့် တောက်ပနေသည့်အဖိုးအို၏မျက်လုံးများမှာ အနည်းငယ်မှေးမှိန်သွားသည်ဟု တင်းဖန်းထင်လိုက်သည် ။
“ ဟူးးငါတကယ်ပဲဖြစ်ရပ်တွေဖြစ်လာမယ်လို့မထင်ခဲ့မိဘူး ။ ဒါဆိုရင် ဘိုးဘေးတွေရဲ့နှစ်တစ်ရာဟောကိန်းကအမှန်အတိုင်းဖြစ်လာတာပဲ “
အဖိုးအိုမှ စိတ်ပျက်အားလျော့သည့်လေသံဖြင့်ပြောလိုက်သည် ။ သူ၏စကားကြောင့်တင်းဖန်းမှာ အနည်းငယ်ရှုပ်ထွေးသွားသည်။
“ နှစ်တစ်ရာဟောကိန်းဟုတ်လား ။ ဆရာကျနော့်ကိုတစ်ခါမှမပြောဖူးပါလား “
တင်းဖန်းမှအဖိုးအိုအားမေးလိုက်သည်။ သူအဖိုးအိုထံတွင်သိုင်းပညာသင်ကြားနေသည်မှာ ဆယ့်ငါးနှစ်ကျော်ပြီဖြစ်သော်လည်းအဖိုးအိုမှ ထိုအကြောင်းအားတစ်ခါမှမပြောဖူးပေ။
အဖိုးအိုလည်း ခေါင်းယမ်းကာခပ်ဖြေးဖြေးပြောလိုက်သည် ။
“ နှစ်တစ်ရာဟောကိန်းဆိုတာ လွန်ခဲ့တဲ့နှစ်တွေထဲကငါတို့မိုးကြိုးနတ်ဘုရားကျောင်းမှာရှိခဲ့တာ ။
အဲဒီဟောကိန်းကိုထုတ်သွားတဲ့ပုဂ္ဂိုလ်က ငါတို့နတ်ဘုရားကျောင်းရဲ့ပထမဦးဆုံးနတ်ဆရာပဲ ။ သူကသူ့ခေတ်မှာ သိုင်းပညာထိပ်ဆုံးအဆင့်မှာရှိပြီး အခြားလောကီပညာရပ်တွေမှာလည်းနှံ့နှံ့စပ်စပ်ရှိလှတယ် ။
သူ့ရဲ့ဇာတိက အနောက်အရပ်ကလာတာလို့ပြောဖူးတယ် ။ဒါပေမယ့် ဘယ်သူမှတိတိကျကျမသိကြဘူး ။
သူမသေခင်မှာ သူ့ရဲ့မိုးကြိုးနတ်ဘုရားကျောင်းကမျိုးဆက်တွေအတွက် နှစ်တစ်ရာဟောကိန်းကိုထုတ်သွားခဲ့တယ် ။
ဟောကိန်းထဲမှာ သိုင်းလောကတစ်ခုလုံးကိုပျက်စီးနေနိုင်မယ့်အရေးကိစ္စတစ်ခုဖြစ်လာလိမ့်မယ်လို့ပြောထားတယ် ။
ပထမဦးဆုံး နေလိုလလိုထင်ရှားတဲ့ပုဂ္ဂိုလ်လေးယောက်ပေါ်လိမ့်မယ် ။ နောက်ပြီးတော့ စစ်ပွဲတွေလည်းဖြစ်ပွားလိမ့်မယ်တဲ့ ။
အဲဒီဖြစ်ရပ်တွေအပြီးမှာ အဖွဲ့အစည်းတစ်ခုက သိုင်းလောကတစ်ခုလုံးကိုချုပ်ကိုင်ရုံတင်မကဘဲ တိုင်းပြည်ရဲ့အာဏာကိုပါထိပါးလာမယ်လို့ရေးထားတယ် ။
သူ့ရဲ့ဟောကိန်းထဲမှာပါတဲ့ပုဂ္ဂိုလ်လေးယောက်ဆိုတာက လွန်ခဲ့တဲ့နှစ်ငါးဆယ်လောက်ကပေါ်ထွက်ခဲ့တဲ့ သွေးစွန်းသိုင်းရာဇာ ၊ ပြိုင်ဘက်ကင်းဓားသမား၊ အလယ်ပိုင်းဓားဘုရင်နဲ့ နေလသိုင်းသမားတို့ကိုဆိုလိုတာပဲ ။
စစ်ပွဲတွေဖြစ်ပွားလိမ့်မယ်ဆိုတာက တောင်ပိုင်းယွမ်နဲ့မြောက်ပိုင်းဟန်တို့စစ်ဖြစ်ပြီး ဟန်အင်ပါယာကိုတည်ထောင်တာကိုဆိုလိုတာပဲ ။
သူ့ရဲ့ဟောကိန်းထဲမှာပါတဲ့သိုင်းလောကကြီးပျက်စီးမယ်ဆိုတာက အခုအချိန်ကာလနဲ့ကိုက်ညီနေတယ် ။ တကယ်ရင်လေးစရာပဲ “
အဖိုးအိုမှ စိတ်မချမ်းမြေ့ဟန်ရသည့်လေသံဖြင့်ဆိုလိုက်သည် ။ တင်းဖန်လည်း သူ့ဆရာ၏စကားများကြောင့် အတွေးနက်သွားကာ အလျှင်အမြန်မေးလိုက်သည်။
“ ဆရာဒါဆို သိုင်းလောကပျက်စီးမယ်ဆိုတဲ့အရေးကိုဟန့်တားနိုင်ဖို့ကဘာတွေလုပ်ရမှာလဲ “
တင်းဖန်း၏မေးခွန်းကို အဖိုးအိုမှ ကြားဟန်မပြပေ တွေတွေကြီးငေးမောနေသည် ။ ထို့နောက် အချိန်အတော်ကြာမှ ပြန်ဖြေလိုက်သည် ။
“ သိုင်းလောကကြီးပျက်စီးမယ့်အရေးကိုတားဆီးနိုင်တာကစည်းလုံးညီညွတ်မှုလို့ပဲဆိုထားတယ်။
ဒါပေမယ့် သိုင်းလောကကြီးပျက်စီးမယ့်အရေးကိုတားနိုင်ရင်လည်း အဲဒီအချိန်မှာ အင်အားစုဘယ်လောက်များများက မြေစာပင်ဖြစ်ပြီးပျက်စီးမယ့်မသိဘူး “
အဖိုးအိုမှ လေတိလေးကန်လေသံဖြင့်ဆိုလိုက်သည် ။သူ၏စကားကြောင့် တင်းဖန်းလည်းတိတ်ဆိတ်သွားသည် ။
အဖိုးအိုမှ ထိုင်နေရာမှရုတ်တရက်ထရပ်လိုက်သည် ။ ထို့နောက် သူ၏ခါးတွင်ချိတ်ဆွဲထားသည့်ဓားအားဖြုတ်ကာ တင်းဖန်းအားတည်ကြည်သည့်အမူအယာဖြင့်ပေးအပ်လိုက်သည် ။
“ တပည့် မင်းကိုငါမြင့်မြက်တဲ့သွေးနီဓားကို လွှဲပြောင်းပေးလိုက်မယ် “
အဖိုးအိုမှ ထိုသို့ပြောကာ နောက်သို့ဆုတ်သွားသည် ။တင်းဖန်းမှာ ဓားကိုအနည်းငယ်ကြောင်အန်းနေသည့်အမူအယာဖြင့်ကိုင်ထားကာ းကားတစ်ခွန်းမှမဆိုနိုင်ဘဲဖြစ်နေသည်။
“ ဆရာ ဒါက ဒါက “
တင်းဖန်းမှာ စကားများထစ်အနေကာ အပြင်းအထန်စိတ်လှုပ်ရှားလျက်ရှိသည် ။
“ မင်းငါပေးတာကိုလက်မခံသေးဘူးလား “
အဖိုးအိုမှ အော်ငေါက်လိုက်သည် ။တင်းဖန်းမှာ ချက်ခြင်းဒူးထောင်ချလိုက်ကာ ဓားကိုမြောက်ထားလိုက်သည်။
“ တပည့်မငြင်းဆန်ဝံ့ပါဘူး “
တင်းဖန်းမှအလျှင်အမြန်ပြောလိုက်သည် ။အဖိုးအိုမှာ ထိုအခါမှဘဝင်ကျသွားပုံပေါ်သည်။
သွေးနီဓားမှာ သိုင်းလောကရှိရတနာစာရင်းဝင်ဓားနစ်လက်ဖြစ်ကာ သံမဏိကိုပင်တို့ဟူးကဲ့သို့အပိုင်းပိုင်းပြတ်အောင်ခုတ်ဖြတ်နိုင်စွမ်းရှိသည် ။
ထို့ကြောင့်လည်း သိုင်းလောကထဲရှိရတနာတနဋင်လက်နက်စာရင်းတွင်ပါဝင်နေကာ သိုင်းလောကသားများငမ်းငမ်းတတ်လိုချင်နေကြသည့်လက်နက်များထဲမှ တစ်ခုဖြစ်သည် ။
အကယ်၍ ရတနာတန်းဝင်လက်နက်စာရင်းထဲမှ တစ်ခုခုသာသိုင်းလောကအတွင်းပေါ်ထွက်လာပါက နေလသိုင်းကျမ်းလုပွဲအောက်မလျော့သည့်သွေးစွန်းတိုက်ပွဲများဖြစ်ပွားလာပေမည်။
သို့သော် ထိုကဲ့သို့လက်နက်မျိုးမှာလည်း ပိုင်ရှင်မှ လုံလောက်အောင်အားကောင်းနေပါက မည်သူမှအသက်အသေခံ၍ လာရောက်လုယက်မည်မဟုတ်ပေ။
တင်းဖန်းမှာ ယခုလို ရတနာစာရင်းဝင်လက်နက်တစ်ခုကိုပိုင်ဆိုင်လိုက်ရသည့်အတွက် စိတ်လှုပ်ရှားမှုနှင့်အတူ ဖိအားအနည်းငယ်ကိုပါ ခံစားလိုက်ရသည် ။
မိုးကြိုးနတ်ဘုရားကျောင်းမှာ အရှေ့ပိုင်းသိုင်းလောကမှအကြီးဆုံးအင်အားစုကြီးဟုဆို၍ရသော်လည်း ဘုရားကျောင်းမှာ တမာန်တော်လေးဆယ့်ကိုးယောက်နှင့် သူတို့၏ခေါင်းဆောင်နတ်ဆရာများသာရှိသည်။
မိုးကြိုးနတ်ဘုရားကျောင်းမှတမာန်တော်များကပင်သိုင်းပညာလွန်စွာမြင့်မားကာ အမြဲလိုလိုပင်တမာန်တော်လေးဆယ့်ကိုးယောက်သာရှိသည် ။
အကယ်၍ တမာန်တော်တစ်ဦးဦးသေဆုံးသွားပါက ဘုရားကျောင်းမှအကြီးအကဲများမှာ အမျိုးမျိုးအဖုံဖုံစမ်းသပ်၍ တမာန်တော်အသစ်ရွေးချယ်သည် ။
တင်းဖန်း၏ဆရာမှာ မိုးကြိုးနတ်ဘုရားကျောင်းမှ နတ်ဆရာတစ်ဦးဖြစ်ကာ ဘုရားကျောင်းတစ်ခုလုံးတွင်နတ်ဆရာသုံးဦးသာရှိသည် ။
ထိုနတ်ဆရာများမှာ အလယ်ပိုင်းသိုင်းလောကမှဂိုဏ်းချုပ်များထက်မနိမ့်ကျသည့်သိုင်းပညာရှိကာ သူတို့၏အဆင့်အတန်းမှာ အရှေ့ပိုင်းသိုင်ူလေယကတွင်သာမက အလယ်ပိုင်းသိုင်းလောကတွင်ပါလွန်စွာမြင့်မားသည် ။
ဤသည်အားကြည့်ကာ မိုးကြိုးနတ်ဘုရားကျောင်းမှဂုဏ်ပုဒ်မှာ မည်မျှအထိအရှိန်အဝါကြီးသည်ကိုတွေ့မြင်နိုင်သည် ။
ထို့ကြောင့်လည်း တင်းဖန်းမှာ မိုးကြိုးနတ်ဘုရားကျောင်းမှ ပြင်ပတပည့်အဖြစ်နေ၍ရကာ သူဆန္ဒရှိသလိုလွတ်လွတ်လပ်လပ်နေ၍ရခြင်းဖြစ်သည်။
တင်းဖန်ထံတွင် မိုးကြိုးနတ်ဘုရားကျောင်းအားသစ္စာမဖောက်ရန်နှင့် အရှေ့ပိုင်းသိုင်းလောကကိုတတ်နိုင်သလောက်အကျိူးပြုရန်သာတာဝန်ရှိသည်။
ထို့အပြင် တင်းဖန်း၏မိသားစုမှာ အရှေ့မြောက်ပိုင်းဒေသတွင်သာမက ဟန်အင်ပါယာတစ်ခုလုံးတွင်ပါအတော်အသင့်ဩဇာရှိသည့်မိသားစုဖြစ်သည်။
သို့သော် တင်းဖန်းမှာ ငယ်စဉ်ထဲကသိုင်းပညာအားဝါသနာပါက အိမ်မှထွက်ခွာ၍ အရှေ့ပိုင်းသိုင်းလောကတွင်လေလွင့်ခဲ့သည်။
တင်းဖန်းကိုယ်တိုင်မှလည်း သိုင်းပညာပါရမီပါကာသကြိုးစားလိုစိတ်ရှိသည်။ ထို့အပြင် စိတ်သဘောထားလည်း ဖြောင့်မက်ပေသည် ။
ထို့ကြောင့်လည်း မိုးကြိုးနတ်ဘုရားကျောင်းမှနတ်ဆရာမှာ တင်းဖန်းအားသူ၏တပည့်အဖြစ်လက်ခံကာ မိုးကြိုးနတ်ဘုရားကျောင်းမှ နာမည်ကျော်မိုးကြိုး၏ဟိန်းသံဓားသိုင်းကို သင်ကြားပေးခဲ့ခြင်းဖြစ်ပေသည် ။
“ မင်းကိုငါ့ရဲ့ဓားလက်ဆင့်ကမ်းပြီးပြီဆိုတော့ မင်းမှာ တာဝန်အချို့ရှိလာပြီ။
ဘုရားကျောင်းကအဖိုးကြီးတွေက နှစ်တစ်ရာဟောကိန်းကိုသိပေမယ့် သူတို့ကအေးအေးဆေးဆေးနေချင်တဲ့အတွက် သိုင်းလေယကအရေးတွေမှာပါဝင်နိုင်မှာမဟုတ်ဘူး ။
ဒါကြောင့် မင်းကသိုင်းလောကရဲ့အန္တရာယ်ကိုတတ်စွမ်းသလောက် တားဆီးပေးရမယ်။ “
အဖိုးအိုမှ တည်ကြည်လေးနက်သည့်လေသံဖြင့်တင်းဖန်းအားမှာကြားလိုက်သည် ။
“ စိတ်ချပါ တပည့်ဆရာ့ကိုစိတ်မပျက်စေရပါဘူး “
တင်းဖန်းလည်း လေးနက်သည့်အမူအယာဖြင်ဘကတိပေးလိုက်သည်။ အဖိုးအိုမှာ သူ့တပည့်အားကြည့်ကာ ခေါင်းတညိမ့်ညိမ့်ဖြစ်သွားသည်။
“ ငါ့ရဲ့တပည့်တွေထဲမှာ မင်းကိုစိတ်တိုင်းအကျဆုံးပဲ ဟူးးး.. နောက်ဆုံးတပည့်အဖြစ်လက်ခံခဲ့တဲ့ ဟိုကောင်မလေးကတော့အခုထိအဆော့မက်တုန်းပဲ “
အဖိုးအိုမှ သက်ပြင်းမောတစ်ချက်အားမှုတ်ထုတ်ကာပြောလိုက်သည်။ သို့သော် စိတ်ဆိုးဒေါသထွက်ဟန်မရဘဲ သူ၏မျက်နှာတွင် အပြုံးတစ်ခုရှိနေသည် ။
တင်းဖန်းလည်း သူ့ဆရာ၏အကြောင်းအားကောင်းစွာသိနေ၍ ခေါင်းယမ်းကာပြုံးလိုက်မိသည်။