← Chapters

သိုင်းထိပ်သီးစာရင်းနံပါတ်တစ်နေရာ

Vol. 2 Ch. 151

သိုင်းထိပ်သီးစာရင်းနံပါတ်တစ်နေရာ

Vol. 2 Ch. 151

“ အဖိုးကျန်း ဒါဆိုရင် ကျနော်ဒီဂူထဲမှာပဲနေရမှာလား “

ထင်းရှီမှ လိုဏ်ဂူအတွင်းဘက်သို့လှည့်ပတ်ကြည့်ကာမေးလိုက်သည် ။

လိုဏ်ဂူမှာ အပြင်ပန်းမှကြည့်လျှင်ကျဉ်းမြောင်းသည်ဟုထင်ရသော်လည်း အတွင်းဘက်တွင်ကျယ်ဝန်းကာနေချင်စဖွယ်ဖြသ်သည် ။

အဆောင်အယောင်များမရှိသော်လည်း ထင်းရှီလိုအေးအေးဆေးဆေးနေလိုသူအဖို့ တကယ့်နေကာကောင်းတစ်ခုဖြစ်သည်။

“ မင်းဒီထဲမှာပဲနေပေါ့ ဒီမှာ အခန်းငယ်လေးတွေ‌သုံးခုကျန်သေးတယ် မင်းနေချင်တဲ့အခန်းထဲမှာပဲနေ “

ကျန်းချန်းဟောင်မှ ထိုသို့ပြောကာ ရေကန်အားမျက်နှာမူ၍ မလှုပ်မယှဉ်ထိုင်ချလိုက်သည်။

ထင်းရှီလည်း ကျန်းချန်းဟောင်အား အသာဦးညွှတ်၍ လိုဏ်ဂူအတွင်းထဲတွင်လှည့်ပတ်ကြည့်လိုက်သည် ။

လိုဏ်ဂူအတွင်းဘက်တွင်ကျောက်သားဖြစ်သော်လည်း နည်းလမ်းတစ်မျိုးမျိုးဖြင့်ထွင်းထုထား‌ပုံပေါ်ကာ အခန်းငယ်လေးများငါးခန်းရှိသည်။

ထင်းရှီလည်း ထိုနေရာအားကြည့်ကာအတော်လေးကျေနပ်သွားသည်။

အခန်းငယ်လေးများထဲတွင်နေကာ သိုင်းလေ့ကျင့်လိုလျှင်လည်း ပြင်ပသို့ထွက်၍လည်းကောင်း လိုဏ်ဂူ၏ခန်းမကျယ်ထဲတွင်လည်းကောင်းလေ့ကျင့်နိုင်သည် ။

“ ဟမ့် ကောင်လေး မင်းအတော်လေးကံကောင်းတယ် ဝူတန်းဂိုဏ်းသားမဟုတ်တဲ့ပြင်ပလူတစ်ယောက်အနေနဲ့ ငါ့ဆရာရဲ့လမ်းညွှန်မှုကိုရရှိပြီး ဓားလိုဏ်ဂူထဲမှာနေခွင့်ရမှာ မင်းဂုဏ်ယူသင့်တယ် ။

သိုင်းလောကသားတွေဘယ်လောက်များများလိုချင်တဲ့အခွင့်အရေးလဲ “

ဝူတန်းဂိုဏ်းသားဝတ်စုံနှင့်လူကြီးမှ ထင်းရှီ၏အနားသို့လျှောက်လာ၍ နှာခေါင်းရှုံ့ကုဆိုလိုက်သည် ။

သူ၏စကားကြောင့် ထင်းရှီမှာ သူရောက်နေသည့်လိုဏ်ဂူမှာ ဝူတန်းမှ တားမြစ်နေရာတစ်ခုဖြစ်သည့်ဓားလိုဏ်ဂူဖြစ်ကြောင်းကိုသိလိုက်သည်။

ဓားလိုဏ်ဂူမှာ ဝူတန်းမှ ဂိုဏ်းချုပ်ဟောင်းများနေထိုင်ခဲ့ကြသည့်နေရာဖြစ်ကာ ထိုလိုဏ်ဂူထဲတွင် ဓားပညာလေ့ကျင့်လျှင် ပြင်ပထက်များစွာတိုးတက်သည်ဟူ၍လည်းသိထားကြသည်။

ထင်းရှီလည်း ထိုအချက်မှန်သည်မှားသည်ကိုမသိသော်လည်း ပြင်ပမှလူတစ်ယောက်အနေဖြင့် ဓားလိုဏ်ဂူထဲတွင်နေခွင့်ရခြင်းမှာ ထိုလူကြီးပြောသလို ကံကောင်းခြင်းဖြစ်သည်။

ထို့အပြင် အလယ်ပိုင်းဓားဘုရင်မှလည်း သူ့အားညွန်ကြားပြသပေးဦးမည်ဖြစ်သည် ။

အလယ်ပိုင်းဓားဘုရင်မှာမည်သူနည်း။ လွန်ခဲ့သည့်နှစ်များကပင် သိုင်းလောကတွင် လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သည့်သိုင်းထိပ်သီးဖြစ်သည်။

အလယ်ပိုင်းဓားဘုရင်၏အနီးကပ်ညွန်ကြားမှုကို သူ ရရှိသည်ကို သိုင်းလောကသားများသိရှိသွားပါက ဂိုဏ်းအဖွဲ့အစည်းများမှခေါင်းဆောင်များပင် သူ့ကိုမနာလိုဖြစ်သွားစေနိုင်သည်။

“ ခင်ဗျားကရောဘယ်သူလဲ အဖိုးကျန်းက ခင်ဗျားရဲ့ဆရာလား “

ထင်းရှီမှာ ဝူတန်းဂိုဏ်းသားဝတ်စုံဖြင့်လူကြီးအားမေးလိုက်သည် ။

ထိုလူကြီးမှာ သူ့ကိုအလွယ်တကူအနိုင်ယူနိုင်သည်အထိ သိုင်းပညာကြောက်မက်ဖွယ်ကောင်းကာ စိတ်နေစိတ်ထားထူးဆန်းသော်လည့် ထင်းရှီမှာ ထူးထူးခြားခြားကြောက်ရွံ့ခြင်းမျိူး ရှိမနေပေ။

“ ငါကလား အလယ်ပိုင်းဓားဘုရင်ရဲ့ဒုတိယတပည့် သိုင်းထိပ်သီးဆယ်ယောက်စာရင်းကနံပါတ်တစ် ရေလှိုင်းဓားမုချန်းဆိုတာ မင်းကြားဖူးမှာပါ “

ထိုလူကြီးမှ ဦးခေါင်းအားမော့ကာ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့်ပြောလိုက်သည်။

သို့သော် ထင်းရှီ၏ချက်ခြင်းလိုလိုပြန်ဖြေလိုက်သည့်အဖြေကြောင့် သူ၏အမူအယာမှာ လေလျော့လိုက်သည့်ပူစီပေါင်းလို ပျော့ခွေ‌သွားသည်။

“ ဟင့်အင်း ကျုပ်မကြားဖူးဘူး “

မုချန်းမှ ဒေါသထွက်နေဟန်ရသည့်မျက်ဝန်းများဖြင့်ထင်းရှီအားစူးစိုက်ကြည့်လိုက်သည် ။

သိုင်းလောကတစ်ခုလုံးမသိသူမရှိသည့်သူ့နာမည်အား ထင်းရှီမှမကြားဖူးဟုဆိုလာသည်မှာ မဖြစ်နိုင်လှပေ။

ထင်းရှီမှ သူ့အား မခန့်လေးစားလုပ်လို၍ ယခုလိုဖြေမှန်းကိုလည်း သူခပ်ရေးရေးရိပ်မိလိုက်သည်။

ထင်းရှီမှာ အမှန်တော့ ရေလှိုင်းဓားမုချန်းဆိုသည့်နာမည်အားကြားဖူးပေသည်။ ထိုနာမည်မှာ သိုင်းလောကတစ်ခုလုံးတွင်အတော်လေးကျော်ကြသည့်နာမည်ဖြစ်သည်။

သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ ချန်းရှောက်အား ဝူတန်းဂိုဏ်းသားဖြစ်သည်ကို လူတိုင်းလိုလိုသိကြသော်လည်း မုချန်း၏အကြောင်းကိုမူ သူတို့များစွာမသိကြပေ။

သိုင်းလောကသားများသိရှိသည်က မုချန်းမှာ အမြဲလိုလိုတစ်ကိုယ်တည်းဖြစ်ကာ သိုင်းပညာကြောက်မက်ဖွယ်ကောင်းသလောက် လွန်စွာဂွတီးဂွကျနိုင်သည်ဟူ၍ဖြစ်သည်။

ထို့ကြောင့်ပင်သူ၏နာမည်မှာ ရေလှိုင်းဓားမုချန်းဖြစ်သော်လည်း သိုင်းလောကသားများမှ လူ့ဂွစာမုချန်းဟုသာခေါ်ကြသည် ။

မုချန်းမှလည်း သူ့အားထိုနာမည်ကိုခေါ်လျှင် လုံးဝမနှစ်သက်ပဲ ထိုနာမည်အားပြောဆိုသူအားအညိုအမဲစွဲသည်အထိရိုက်နှက်ပေသည် ။

ထိပ်တန်းအဆင့်ဂိုဏ်းကြီးများမှတပည့်များနှင့် ပထမတန်းစားအဖွဲ့အစည်းခေါင်း‌ဆောင်အချို့ပင် မုချန်း၏ရိုက်နှက်ခြင်းကို ခံရဖူးသည်။

ထို့ကြောင့်လည်း မုချန်းမှာ သိုင်းလောကထဲတွင် လူ့ဂွစာမုချန်းဟုပို၍ကျော်ကြားလာခြင်းဖြစ်ရမည် ။

“ အဟက် ကျုပ်ကစနောက်လိုက်တာပါ လူ့ဂွစာမုချန်းဆိုတဲ့နာမည်ကို ကျုပ်ကြားဖူးပါတယ် “

ထင်းရှီမှ ခနိုးခနဲ့ပြုံး၍ပြောလိုက်သည်။ သူ့အားအနည်းငယ်ကြည့်မရသည့်မုချန်းအား ယခုလိုစနောက်လိုက်ရသည့်အတွက်လည်း ပျော်ရွှင်နေမိသည်။

ထင်းရှီ၏စကားကြောင့် မုချန်းမှ ‌ဒေါသအကြီးအကျယ်ထွက်သွားကာ သူ၏ဓားကိုဆွဲထုတ်လိုက်သည် ။ထို့နောက် ထင်းရှီအားစတင်တိုက်ခိုက်လိုက်သည်။

“ ချွမ်းး... “

ထင်းရှီမှာ မုချန်း၏ဓားကွက်ကိုခုခံလိုက်နိုင်သော်လည်း နောက်ဘက်သို့ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည် ။

မုချန်း၏အတွင်းအားမှာ သူ့ထက်များစွာသာလွန်နေသည်။ သို့သော် ထင်းရှီမှာ အလျာ့ပေးခြင်းမရှိဘဲ ပြန်၍တိုက်ခိုက်လိုက်သည် ။

မုချန်းမှာ ဓားလိုဏ်ဂူသို့မလာခင်ထင်းရှီအားအလွယ်တကူတိုက်ခိုက်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ပို၍ခက်ခဲနေသည်ဟုခံစားလိုက်မိသည် ။

ထင်းရှီမှာ အဖိုးအိုကျန်းချန်းဟောင်၏လမ်းညွှန်မှုကြောင့် ယခင်ကထက် အတော်လေးတိုးတက်လာလေသည်။

ထို့ကြောင့်ပင် မုချန်းမှာ ထင်းရှီအားယခုအချိန်အထိ ဖိအားပေးနိုင်ခြင်းမရှိသေးပေ ။

သူတို့နှစ်ဦး၏တိုက်ခိုက်သံများမှာ လိုဏ်ဂူထဲတွင်တဝုန်းဝုန်းမည်ဟည်းနေသည် ။ အကယ်၍ ဓားလိုဏ်ဂူသာသာမန်အိမ်တစ်လုံးဆိုပါက သူတို့၏တိုက်ခိုက်မှုများကြောင့် ပြိုသွားသည်မှာ ကြာပြီဖြစ်သည်။

မုချန်းမှာ ထင်းရှီထက် အတွင်းအားများစွာသာလွန်သော်လည်း လှုပ်ရှားမှုအပိုင်းတွင် ထင်းရှီမှပို၍လျှင်မြန်နေသည်။

ထို့ကြောင့် မုချန်းမှာ ထင်းရှီအားအသာစီးယူနိုင်သော်လည်း အောက်စည်းသို့ရောက်အောင်ဖိအားပေးနိုင်ခြင်းမရှိပေ။

“ ဓားပေါင်းတစ်ထောင်ပေါင်းစည်းခြင်း “

ထင်းရှီ၏ခန္တာကိုယ်မှာလေပေါ်သို့ရောက်ရှိသွားကာာသူ၏လက်အားအသာလှုပ်ရှားလိုက်သည် ။

ဓားရိပ်များစွာထွက်ပေါ်လာပြီး ဓားရိပ်ကြီးတစ်ခုအဖြစ် လျှင်မြန်စွာပေါင်းစည်းသွားကြကာ မုချန်းအားဦးတည်၍တိုက်ခိုက်လိုက်သည်။

သူတို့နှစ်ဦးမှာ ဓားဆန္ဒကိုအသုံးမပြုဘဲတိုက်ခိုက်နေကြခြင်းဖြစ်သော်လည်း သူတို့၏တိုက်ခိုက်မှုများမှာ သာမန်သိုင်းဝိဇ္ဇာအဆင့်များနှင့်ပင်ကောင်းစွာတိုက်ခိုက်နိုင်လေသည်။

“ ရေလှိုင်းသုံးဆင့်အကာအကွယ် “

မုချန်းမှလည်း ထင်းရှီ၏ဓားကွက်ကြောင့် မျက်မှာတည်ကြည်သွားကာ လျှင်မြန်စွာပင်ဓားသုံးချက်ခုတ်ပိုင်းလိုက်သည် ။

“ ဝုန်းး... “

ကျယ်‌လောင်သည့်ပေါက်ကွဲသံကြီးထွက်ပေါ်လာကာ မုချန်းမှာနောက်သို့ခြေလှမ်းအတော်များများဆုတ်လိုက်ရသည် ။

ဓားပေါင်းတစ်ထောင်ပေါင်းစည်းခြင်း သိုင်းကွက်မှာ ဓားတစ်ထောင်သိုင်းပညာထဲမှ ပေါက်ကွဲအားအပြင်းဆုံးဓားကွက်ဖြစ်ကာ ထင်းရှီ၏တောင်နှင့်မြစ်အားပိုင်းဖြတ်ခြင်းဓားကွက်ထက်ပင် ပို၍ပြင်းထန်သည် ။

သို့သော် မုချန်းမှ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာဒဏ်ရာမရဘဲ ခုခံလိုက်နိုင်သည် ။

“ ဟား...အတော်ကောင်းတဲ့သိုင်းကွက်ပဲအရင်တစ်ခေါက်က‌တိုက်ခိုက်တုန်းက ဒီအကွက်ကိုမထုတ်ပါလား ။

ကောင်စုတ်လေး မင်းမှာ ဘယ်လောက်ကောင်းတဲ့ဓားကွက်တွေကျန်သေးတာလဲ “

မုချန်းမှ တိုက်ခိုက်လိုသည့်အသံဖြင့်ပြောလိုက်ကု ပို၍တတ်ကြွလာဟန်ရသည်။

“ ဟေ့ကောင်တွေ မင်းတို့ဘယ်ထဲမှာတိုက်ခိုက်နေတာလဲဆိုတာသိကြလား ဟမ် ။

ငါမင်းတို့နှစ်ယောက်လုံးကို ရိုက်နှက်ပြီးလိုဏ်ဂူအပြင်ကိုထုတ်လိုက်ရမလား “

အဖိုးအို ကျန်းချန်းဟောင်၏ ဒေါသတကြီးလေသံကြောင့် ထင်းရှီနှင့်မုချန်းတို့မှာ ငြိမ်သက်သွားကြသည်။

အဖိုးအိုကျန်းချန်းဟောင်မှ သူတို့အားရိုက်နှက်လျှင် သူတို့ပြန်၍ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ကြောင့် အေးအေးဆေးဆေးနေသည့်ထိုအဖိုးအိုဒေါသမထွက်စေရန် နောက်ထပ်တိုက်ခိုက်ခြင်းမရှိ‌တော့ပေ ။

“ ကောင်လေး မင်းနဲ့နောက်မှထပ်ပြီးတိုက်ခိုက်မယ် “

မုချန်းမှ ဒေါသထွက်နေသည့်မျက်နှာဖြင့်ပြောလိုက်သည်။ ထင်းရှီလည်း မျက်နှာထားအားတင်း၍ ပြန်ဖြေလိုက်သည်။

“ အချိန်မ‌ရွေးတိုက်ခိုက်လို့ရတယ် “

ထင်းရှီ၏အဖြေကြောင့် မုချန်းမှာ ‌နှာခေါင်းရှုံ့လိုက်သည် ။ထို့နောက်တစ်စုံတစ်ရာကိုသတိရသွားသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ နေဦးမင်းဒီမှာ အချိန်အတော်ကြာရှိဦးမှာဆိုရင် ငါ့ကိုကူညီရမယ် ငါ့ကိုအလုပ်ကူလုပ်မှ မင်းကိုငါဂိုဏ်းရဲ့ထမင်းကြွေးနိုင်မယ် “

မုချန်းမှ အနိုင်ရသည့်လေသံမျိုးဖြင့်ပြောလိုက်သည်။ ထင်းရှီလည်း အနည်းငယ်ကြောင်အသွားကာ ပြန်၍မေးလိုက်သည်။

“ ခင်ဗျားက ဂိုဏ်းမှာ ဘာရာထူးလဲ “

မုချန်းမှာ အလယ်ပိုင်းဓားဘုရင်၏တပည့်ဖြစ်ကာာလက်ရှိဝူတန်းဂိုဏ်းချုပ်၏ဆရာတူညီဖြစ်သဖြင့် ဝူတန်းတွင် သူ၏အဆင့်အတန်းမှာ သေးငယ်မည်မဟုတ်ပေ ။

“ ဟမ့် ငါ့ရဲ့အစ်ကိုကြီးကခေါင်းရှုပ်ခံနိုင်လို့ ဂိုဏ်းချုပ်လုပ်တာပဲ ။ငါကဒီလိုရှုပ်ရှုပ်ထွေးထွေးကိစ္စတွေနဲ့မကိုက်ညီဘူး ။

ဒါကြောင့်ငါက ဂိုဏ်းရဲ့စားဖိုဆောင်ကိုတာဝန်ယူထားတယ် ။မင်းကငါ့ရဲ့လက်အောက်က ထမင်းချက်ပေါ့ကွ ဟားးဟားးး “

မုချန်းမှ အောင်နိုင်သူတစ်ယောင်၏ရယ်သံမျိုးဖြင့်‌ရယ်မောလိုက်သော်လည်းထင်းရှီမှာ မျက်နှာရှုံ့မဲ့သွားရသည်။

All Chapters