လုယက်ခံရမှာကို ကြောက်တယ်
Vol. 3 Ch. 30
ဒီရွာထဲမှာ ယောကျ်ားတွေအများကြီးရှိပြီး ဆုဆု သူတို့အိမ်ကိုရောက်လာကတည်းက သူမကို ချစ်ကြိုက်ချင်တာ ဒါမှမဟုတ် တခြားတစ်ခုခုအတွက် ရည်ရွယ်နေတဲ့ လူတွေအများကြီးရှိတယ်။ တကယ် သူသာ အနီးကပ်ကြည့်မနေခဲ့ဘူးဆိုရင် သူမကို နံရံကျော်လာဖို့ ရန်စတိုက်တွန်းလာတဲ့လူတွေအများကြီးရှိနေလိမ့်မယ်။
ဒါပေမယ့် သူက အိမ်မှာ နေပြီး သူမကို ဘာလို့ မကာကွယ်နိုင်ရတာလဲ?
ဒီချွေးမငယ်လေးက အလွန်လှပပြီး ပညာလည်း တတ်တယ်လေ။ ဒါကြောင့် သူ အလုယက်ခံရမှာကို ကြောက်နေခဲ့တယ်။
ဆုဆု သူမလက်ကို ဝှေ့ယမ်းလိုက်တယ်။
“ရှင် အတွေးလွန်နေပြီ.. ကျွန်မ အခန်းထဲကိုပြန်တော့မယ်”
တကယ်တော့ သူမ ထိုအရာအတွက် စိတ်မရှိပါဘူး။ ယောက်ျားတစ်ယောက်ရဲ့ သတိထားမှုဆိုတာမျိုးက ပုံမှန်ပါပဲ။ သူမ နားလည်နိုင်ပါတယ်။
သို့သော်လည်း သူမရဲ့လက်ကို ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရတာကြောင့် အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ လင်းချွမ် မျက်လုံးတွေက အနည်းငယ်နီရဲနေတာကို တွေ့လိုက်ရတယ်။
? ? ?
ဘာဖြစ်တာလဲ?
“ အများဆုံး တစ်နှစ်လောက်ပါပဲ.. ကိုယ်မင်းရဲ့ အပြောင်းအရွှေ့အတွက်သေချာပေါက် လျှောက်ထားလိုက်မယ်.. မင်း အဆင်သင့်လုပ်ထားပေး”
“အိုး”
သူ ရုတ်တရက် ရူးသွားလား? နောက်ပြီး သူမကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားတာကြောင့် အနည်းငယ် နာကျင်နေပြီ။
ဒါပေမယ့် လင်းချွမ်က ထိုအချိန်မှာပဲ ပြန်လွှတ်ပေးလိုက်ပြီး:
“ကိုယ် လင်းဟိုင်ကို မင်းနောက်ကို လိုက်ဖို့ပြောထားလိုက်မယ်.. အနာဂတ်မှာ မင်းလိုချင်တာမှန်သမျှ သူ့ကိုခိုင်းလို့ရတယ်”
“.....”
ဘာကိုဆိုလိုတာလဲ?
သူမတွေးနေတုန်းမှာပဲ အိမ်တံခါးကနေ လူငယ်နှစ်ယောက်ဝင်လာခဲ့တယ်။ သူတို့က အဒေါ်နဲ့ ဦးလေးတို့ရဲ့ သားတွေပဲ။ သူတို့က အသက်နှစ်ဆယ်ကျော်ခန့်ရှိပြီး ကောင်းစွာအလုပ်လုပ်နိုင်တဲ့အရွယ်ရှိနေပြီ။ သူတို့က ဝင်လာပြီးနောက်မှာ ဆုဆုကို ကြည့်လိုက်ပြီး အဒေါ်အိမ်မှ သားဖြစ်သူက သူ့ရဲ့ခေါင်းကိုပွတ်သပ်ရင်း ပြုံးပြီးပြောလာတယ်။
“ရဲဘော်ဆု မင်းက ကောလိပ်က ဘွဲ့ရထားတာလို့ ငါကြားတယ်.. ငါလည်း အစတုန်းက ဒီနှစ်မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဖို့လုပ်ထားပေမဲ့ စက်ရုံမှာတစ်ခုခုဖြစ်သွားလို့ ခွင့်မရခဲ့ဘူးလေ.. မင်းဒီမှာ စာမေးပွဲအတွက် အချက်အလက်တွေ ရှိလား.. ငါ ပြန်ပြီး လေ့လာချင်လို့”
“မရှိဘူး”
ဆုဆု ဘာမှမပြောရသေးခင် လင်းချွမ်က အရင်ပြောလာခဲ့တယ်။
ဦးလေးရဲ့သား:
“ရဲဘော်ဆုကတောင် စကားမပြောရသေးဘူးလေ.. လူတိုင်းက လူငယ်တွေချည်းပဲ.. ဘာတွေဖြစ်နေတာလဲ.. တကယ်ဆို ငါတို့က မနက်ဖြန် သတို့သမီးအခန်းအတွက် တားမြစ်စရာတွေ ရှိသေးလားလို့ လာမေးတာ”
သတို့သမီးအခန်းအကြောင်းကို ပြောတော့ ဆုဆုရဲ့မျက်နှာက နီရဲသွားခဲ့တယ်။ သူမက လှပပြီး ချစ်စရာကောင်းကာ အနည်းရိုးသားပုံရတယ်။ သူမရဲ့ မျက်နှာနီရဲနေတဲ့အချိန်မှာ သူမ ဘယ်လောက်တောင်ချစ်စရာကောင်းနေလဲဆိုတာ သူမကိုယ်တိုင် သိလောက်မှာ မဟုတ်ပါဘူး။
ဦးလေးရဲ့သားက ယခုနှစ်မှာ အသက်နှစ်ဆယ့်နှစ်နှစ်ရှိပြီဖြစ်ပြီး အမျိုးသမီးများကို စတင် စိတ်ဝင်စားတဲ့အရွယ်ပဲ။ သူက သူ့ရဲ့လက်တွေကို ပွတ်သပ်လိုက်ကာပြီး မျက်လုံးတွေကလည်း ဆုဆုဆီကို ထိုးဖောက်လုနီးနီးစိုက်ကြည့်နေခဲ့တယ်။
“မလိုဘူး.. အဆင်ပြေတယ်”
လင်းချွမ်က သူ့ရဲ့အစားအစာကို အလွန်ကာကွယ်တတ်ကြောင်း သူတို့သိထားတာကြောင့် အပြင်ကိုသာ ပြန်ထွက်သွားနိုင်ခဲ့တယ်။
ဆုဆုက ခေတ်သစ်မှာတုန်းကလည်း ယောက်ျားလေးတွေ ကြားထဲမှာ အလွန်နာမည်ကြီးခဲ့တယ်။ သို့ပေမယ့် သူမက အရွယ်ရောက်မှု နောက်ကျပြီး စာသင်ယူမှုကိုပဲ နေ့စဥ်နေ့တိုင်း အာရုံစိုက်ခဲ့တယ်လေ။ ဒီလိုနဲ့ ဘွဲ့ရပြီးတဲ့ အချိန်မှာတောင် ချစ်သူရည်းစားအဖြစ် ဘယ်ယောက်ျားနဲ့မှ ဆက်ဆံရေး မထူထောင်ခဲ့ဘူး။
အခုချိန်မှာတော့ သူမက သူမချစ်သူရဲ့ မနာလိုတဲ့အပြုအမူကို ကောင်းကောင်းအသုံးချပြီး လင်းချွမ်ရဲ့ခါးကို ညင်သာစွာ ပွေ့ဖက်လိုက်တယ်-
“ကျွမ်မက သူတို့ကို မတွေးသလို ဂရုလည်းမစိုက်ပါဘူး.. ဒီတော့ စိတ်မပူပါနဲ့”
သူမရဲ့ ချစ်သူ ဒီမှာရှိနေတုန်းမှာ သူမက ပေါ့တိပေါ့ဆနေတာဖြစ်နိုင်ပေမဲ့ သူ အဝေးကိုထွက်သွားတဲ့အချိန်မှာတော့ ထိုလူတွေ သူမကို ထိပါးလာမှာကနေ ကာကွယ်ဖို့အတွက် သတိကြီးကြီး ထားရလိမ့်မယ်။
လင်းချွမ် အေးခဲသွားရတယ်။ သူ့ရဲ့ သတို့သမီးလောင်းက အတော်လေး ကပ်တွယ်တတ်သလိုပဲ။ သူ ဘာလုပ်သင့်လဲ။
ဒါပေမယ့် သူမဆီမှာ ချုပ်နှောင်ခံထားရတာက တကယ် ကောင်းမွန်လွန်းပြီး သူ ထွက်ခွာမသွားချင်တော့ဘူး။
မဟုတ်ဘူး။ သူတို့ လက်မထပ်ရသေးဘူး။ ဒါကြောင့် သူမကို တခြားလူတွေတွေကဲ့ရဲ့စကားပြောလာမှာကို အာရုံစိုက်ရမယ်။
ဒါကိုတွေးမိတော့ လင်းချွမ် ထိတ်လန့်တကြားနဲ့ ဆုဆုရဲ့လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ပြောကာထွက်သွားခဲ့တယ်။
“စောစောအနားယူလိုက်ပါ”
“…”
သူက လက်ထပ်ရတော့မှာဖြစ်ပေမဲ့ ခုချိန်ထိ အလွန်အပြစ်ကင်းနေတုန်းပဲ။ မနက်ဖြန်သတို့သမီးအခန်းက အသုံးမပြုရတာတောင် ဖြစ်နိုင်ချေရှိတယ်။
ဆုဆုက သူမ တွေးခဲ့သလို စိတ်ကောင်း၀င်မနေခဲ့ပဲ အိမ်ကိုလွမ်းဆွတ်နေခဲ့တယ်။ ဒီနေရာကို ရုတ်တရက်ရောက်လာပြီး ရုတ်တရက် လက်ထပ်ခဲ့ရပေမဲ့ သူမရဲ့ မိဘတွေက ဘာမှမသိခဲ့ဘူး။
ဒီရွာမှာ လျှပ်စစ်မီးမရှိဘူး။ သူမအနေနဲ့ စောစောအိပ်ချင်ရင်တောင် ရေမချိုးရသေးဘူးလေ။ သူမ ဒီကိုရောက်နေတာကြာပြီဖြစ်လို့ လင်းမိသားစုအိမ်မှာ ရေမချိုးချင်ဘူးဆိုရင် တဘတ်နဲ့ပဲ သုတ်လိုက်လေ့ရှိတယ်။
ဒါပေမယ့် မနက်ဖြန်က သူမရဲ့ လက်ထပ်ပွဲဖြစ်တာကြောင့် တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ရလိမ့်မယ်။ အနည်းဆုံး သူမရဲ့ဆံပင်ကတော့ လျှော်ရမယ်။ ကံကောင်းထောက်မစွာနဲ့ အိုးထဲမှာ ရေတွေရှိနေသေးတယ်။
ရေကို ဇလုံထဲထည့်လိုက်ပြီး အိမ်ထဲသို့ပြန်ဝင်ကာ မျက်နှာသုတ်ပုဝါနှင့် ခေါင်းလျှော်ရည်ကို ယူလိုက်ပြီး အဝတ်အစားတွေချွတ်လိုက်တယ်။ ဒီခေတ်တွင် ဘရာစီယာတွေက ပြည်တွင်းသို့ မပျံ့နှံ့သေးတာကြောင့် မနက်ဖန်ကျရင် အားကစားလက်ပြတ်အင်္ကျီကို ပဲ ဝတ်ဆင်တာကောင်းလိမ့်မယ်။ ကံကောင်းထောက်မစွာနဲ့ ထိုအရာတွေကိုလည်း သူမယူဆောင်လာခဲ့တယ်။ ဒါက သိပ်ပြီးမထူးဆန်းလောက်ပေမဲ့ လင်းချွမ်က ဒါကိုမြင်ရင် သိပ်မတွေးလောက်ဘူး။
သူမ သန့်ရှင်းနေစဥ်မှာပဲ အပြင်မှ တံခါးဆွဲဖွင့်သံကိုကြားလိုက်ပြီး တစ်စုံတစ်ယောက်ဝင်လာခဲ့တယ်။
“ဆုဆုက အိပ်ပျော်နေလောက်တယ် အကြီးဆုံးအစ်မက သူနဲ့လုပ်စရာ တစ်ခုခုရှိနေလို့လား”
“အဆင်ပြေတယ်.. ငါက အထဲဝင်ပြီး ဘယ်လိုပြင်ဆင်ထားလဲ ကြည့်ချင်ရုံပါပဲ.. လက်ထပ်မယ်ဆိုတာနဲ့ အိမ်အသစ်ဝယ်လိုက်တာပဲ .. ချွမ်ဇီက စစ်တပ်ထဲမှာပဲ အမြဲနေရမှာ.. ဒီအိမ်ကိုလည်း ပိုက်ဆံနဲ့ရောင်းလိုက်ရတာဖြစ်နိုင်တယ်”
“အမေ ဘာတွေပြောနေတာလဲ.. အစ်ကိုအကြီးဆုံးက အိမ်ထောင်မပြုခင် သတို့သမီးနဲ့ ရက်အနည်းပဲ အတူရှိနေဖူးသေးတာ.. အိမ်ဟောင်းရဲ့ အနောက်ဘက်ခန်းက နေဖို့အတွက် အဆင်မပြေဘူး.. နောက်ပြီး သူတို့မှာ သားတွေလည်း အများကြီးရှိတယ်လေ တစ်ယောက်တည်းရှိနေတာက ကောင်းမှာလား”
ယောကျာ်းတစ်ယောက်?
ဆုဆု မျက်မှောင်ကြုတ်လိုက်ပြီး ဆံပင်တွေကို ရေမဆေးရသေးခင် အဝတ်အစားတွေကို အရင်ပြန်ဝတ်လိုက်တယ်။ ဒါပေမယ့် ရေဆေးလိုက်တဲ့အချိန်မှာတော့ အနည်းငယ် ရပ်တန့်သွားရတယ်။ ရေတွေက မလောက်တော့ဘူး။
သူမ ရသလောက်နဲ့ ပြန်ဆေးလိုက်ပြီး ဆံပင်ကို တစ်ဝက်လောက် ခြောက်အောင် အရင်သုတ်ပြီးနောက် အပြင်ဘက်ခြံထဲမှာ စကားမပြောပဲ ရှိနေတဲ့ လူတွေကိုမြင်လိုက်ရတယ်။
သူမ ခန်ပေါ်မှာအိပ်ယာခင်းလိုက်ပြီး ရေတွေကိုသွားသွန်ပြီးမှ ခန်ပေါ်တက်ပြီး အိပ်ဖို့တွေးလိုက်တယ်။
တစ်ဖက်လူက အရွယ်ရောက်လာကာစ လူငယ်တစ်ဦးဖြစ်ပြီး ဆံပင်မလျှော်ရသေးတဲ့ မိန်းကလေးတစ်ယောက် ထွက်လာတာကိုမြင်တော့ အံ့သြသွားခဲ့ပြီး စိုက်မကြည့်ပဲမနေနိုင်တော့ဘူး။
ဒီမိန်းကလေးက တကယ်ကို လှပတယ်။သူက သူမ အနားကိုရောက်မလာခင်အထိ စောင့်လိုက်ပြီး လှမ်းပြောလိုက်တယ်။
“မင်းက သန့်ရှင်းရေးကို တကယ်ကြိုက်တာပဲ.. အခု မင်းဆံပင်ကို လျှော်နေတာလား”
“အင်း”
ဆုဆုက သူ့ကိုပြောစရာမရှိဘူးလို့ ခံစားမိကာ ထွက်သွားဖို့လုပ်ပေမဲ့ တစ်ဖက်လူက သူမလက်ထဲက ဇလုံကိုဖိပြီး ပြောလာတယ်။
“ငါ မင်းအတွက် သွန်ပေးရမလား”
ဒါက သူမရဲ့ ခေါင်းလျှော်ထားတဲ့ရေနဲ့ ကိုယ်လက်သန့်စင်ထားတဲ့ရေဖြစ်တာကြောင့် ဆုဆု အနည်းငယ် ရှက်ရွံ့သွားမိတယ်။
“မလိုပါဘူး ကျွန်မကိုယ်တိုင် လုပ်လို့ရတယ်”
သူမ ပြန်ပြောနေစဥ်မှာပဲ အပြင်မှဝင်လာတဲ့ လူက ဆုဆုလက်ထဲမှ ဇလုံကိုဆွဲယူသွားကာ တချိန်ထဲမှာ လင်းချွမ်ရဲ့ အေးစက်စက်အသံကထွက်လာခဲ့တယ်။
“မင်း ဒီမှာ ဘာတွေကိုကြည့်နေတာလဲ.. ခုချိန်ထိမအိပ်သေးဘူးလား”
“အိုး”
ဆုဆု အနည်းငယ် အပြစ်ရှိသလိုမျိုး ခံစားရပြီး အနောက်ကိုလှည့်ကြည့် အခန်းထဲသို့ ပြန်ဝင်သွားခဲ့တယ်။
“အစ်ကို.. မင်းမရီးကို ဘာလို့ဒီလိုမျိုးပြောရတာလဲ”
အဒေါ်ရဲ့သားဖြစ်သူက မျက်မှောင်ကြုတ်ပြီးပြောလာတယ်။
လင်းချွမ် အိမ်ထဲကိုဝင်သွားတဲ့ ဆုဆုရဲ့ နောက်ကျောကို လှမ်းကြည့်ပြီး သူမ အထင်လွဲသွားမှာကို ထိတ်လန့်သွားခဲ့ကာ:
“မင်းက ဘာဖြစ်နေတာလဲ.. ဘာလို့ ညဘက်ကြီး လှည့်ပတ်ပြေးနေရတာလဲ.. ပြန်သွားအိပ်တော့”
“အခုက ဘယ်အချိန်ရှိနေသေးလို့လဲ...”
အဒေါ်ရဲ့သားဖြစ်သူက အငြင်းစကားပြန်ပြောချင်ခဲ့ပေမဲ့ လင်းချွမ်က သူ့ကို ပြန်တွန်းထုတ်လိုက်လေတယ်။ ဆုဆုက ထိုအော်ဟစ်သံတွေကိုနားထောင်ရင်း သူ သိပ်အဆင်မပြေလောက်ဘူးလို့ ခံစားမိတယ်။
သူမတွေးနေတုန်းမှာပဲ တံခါးက ပြန်ပွင့်သွားပြီး ဇလုံအလွတ်က သူမရဲ့လက်ထဲကို ပြန်ရောက်လာခဲ့တယ်။
“တံခါးကို လော့ချပြီးအိပ်တော့.. အိမ်ထဲကို ဘယ်သူမှ မဝင်စေနဲ့”
လင်းချွမ် သူမကို ညွှန်ကြားလိုက်ပြီးနောက် တံခါးကိုပိတ်လိုက်ကာ ထွက်မသွားခင် ခြံတံခါးကိုပါ ပိတ်ဆို့လိုက်တာကို ကြားလိုက်ရတယ်။