ရှင်းပြရခက်စွာနဲ့ ဆုဆုတစ်ယောက် ၁၉၇၀ရဲ့ နှောင်းပိုင်းနှစ်တွေဆီကို ဖြတ်ကျော်လာခဲ့ရပြီး တောင်ပေါ်ကို ပစ်ချခံ လိုက်ရလေတယ်။ ကံကောင်းထောက်မနှင့် ရုပ်ရည် ချောမောတဲ့ စစ်သားတစ်ယောက်က သူမကို ကယ်တင်ပေးခဲ့လို့သာပေါ့။ နောက်ပိုင်းမှာတော့ ထိုစစ်သားအစ်ကိုကြီးက သမိုင်းနောက်ခံဝတ္ထုထဲမှ ကံမကောင်းအကြောင်းမလှခဲ့တဲ့ အမျိုးသားဇာတ်ပို့တစ်ယောက် ဖြစ်ကြောင်းကို သူမ ရှာတွေ့ခဲ့တယ်။ သူက ဇာတ်လိုက်မင်းသမီးဆီမှာ နည်းလမ်းမျိုးစုံနှင့် အသုံးချခံ၊ အလှည့်စားခံခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခေတ်သစ်တစ်ခုအစပြုလာချိန်မှာ စီစဉ်ပေးထားတဲ့ထိမ်းမြား လက်ထပ်ခြင်းတွေကို မထောက်ခံကြတော့သလို သူသည်လည်း အစွန့်ပစ်ခံလိုက်ရ လေတယ်။ သေစမ်း! ဒီလိုမျိုးကောင်းမွန် တဲ့ စစ်သားအစ်ကိုကြီးက အနာဂတ်မှာ ထိုပုံစံနဲ့ အဆုံးသတ်သွားရမှာလား? တကယ်လို့ ဇာတ်လိုက်မသာ သူ့ကို မလိုချင်ဘူးဆိုရင် ဘေးဖယ်နေလိုက်။ ငါ့ကို ရှေ့တိုးခွင့် ပေးစမ်းပါ။ ဒါပေမဲ့ ခေတ်မီ စားသောက်ကုန်တွေနဲ့ အဝတ်အစားတွေချို့တဲ့နေတဲ့ခေတ်ကာလမှာ ငါတို့တွေ ဘယ်လိုအသက်ရှင်နေထိုင်ကြ မလဲ? ဟေး.. ငါ မတူညီတဲ့တစ်ခုခု ယူလာတယ်နော်။ အခုဆို ငါ အဲဒီအဓိကဇာတ်လိုက်ကိုတောင် ကောင်းကောင်းစားသောက်ဖို့ လမ်းညွှန်နိုင်ပြီးတော့ ဇာတ်လိုက်မကို ဒေါသထွက်အောင် လုပ်နိုင်ပြီ။

