← Chapters

အခန်း (၁၁၁)

Vol. 12 Ch. 111

အခန်း (၁၁၁)

Vol. 12 Ch. 111

သို့ပေမဲ့လည်း လင်းဟိုင်က နောက်ဆုံးမှာတော့ ပိုပြီးဉာဏ်ကောင်းလာခဲ့တယ်။

သူက သူ့ရဲ့အဖေနဲ့အမေတို့ ရန်ဖြစ်တဲ့အချိန်တွေမှာဆိုရင် သူတို့တွေ အနားကနေ မဖြောင်းဖြတာ ပိုကောင်းကြောင်းကို တွေးတောခဲ့မိတယ်။

ဒီလိုဆိုရင် သူတို့တွေ ပြန်လည်သင့်မြတ်ဖို့အတွက်လည်း လွယ်ကူလိမ့်မယ်။

သူ့ရဲ့အကြီးဆုံးအစ်ကိုနှင့် အကြီးဆုံးမရီးတို့သည်လည်း ဇနီးမောင်နှံတွေပဲလေ။ ဒီတော့ သူတို့တွေကို မဖြောင်းဖျတာက အကောင်းဆုံးဖြစ်လိမ့်မယ်။

ဒါကြောင့် ထမင်း မစားတော့ဘဲ စက်ရုံကို ပြန်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ အလွန်ဆုံး ပေါင်မုန့်ကိုပဲပြန်စားဖို့လိုက်ရုံပဲလေ။

“အကြီးဆုံးအစ်ကိုနဲ့ မရီး.. အစ်ကိုတို့တွေ ဆက်ပြီးငြင်းခုံနေလိုက်တော့လေ.. ကျွန်တော် အရင်သွားနှင့်လိုက်မယ်”

လင်းဟိုင်က သူတို့ကို အနှောင့်အယှက်မပေးတော့ဘဲ အသံတိုးတိုးနဲ့ပြောကာ တံခါးကိုပိတ်ပြီး ထွက်သွားခဲ့တယ်။

ဆုဆုက ဒေါသတွေ မလျော့ကျသေးဘူး။ ဒါပေမယ့် လင်းချွမ်က အဝတ်လျှော်ဘုတ်ပြားကို အရင်သွားယူလာပြီး ပြောလာတယ်။

“ဇနီးလေး.. ကိုယ် တကယ်မှားသွားပါတယ်.. ကိုယ့်ကို ဒီမှာ ဒူးထောက်ခွင့်ပြုပါ”

စစ်တပ်ထဲက ရဲဘော်တွေအားလုံးက ပြောခဲ့တယ်။ သူ့ရဲ့ဇနီးသည်ကိုစိတ်လျှော့အောင်လုပ်မယ်ဆိုရင် အဝတ်လျှော်ဘုတ်ပြားပေါ်မှာ ဒူးထောက်ပြီးတော့ သူမရဲ့စိတ်ကို နူးညံ့သွားစေအောင်လုပ်နိုင်မဲ့ နည်းလမ်းတစ်ခုတည်းသာရှိတယ်တဲ့။

ဆုဆု ဒေါသအလွန်ထွက်နေခဲ့ပြီး မျက်လုံးလှန်လိုက်မိတယ်။ ထို့နောက် သူမ ဘာမှပြန်မပြောရသေးခင်မှာပဲ လင်းချွမ်က အဝတ်လျော်ဘုတ်ပြားပေါ်မှာ ဒူးထောက်နေတာကို တွေ့လိုက်ရလေတယ်။

သူတို့အိမ်မှာရှိတဲ့ရှိ အဝတ်လျှော်ဘုတ်ပြားက အလွန်ပါးလွှာပြီး သူ ဒူးထောက်ထိုင်လိုက်တဲ့အချိန်မှာပဲ ထူးဆန်းတဲ့ အသံတစ်ခု ထွက်ပေါ်လာတာကို သတိပြုလိုက်မိတယ်။ ဒါ့အပြင် အဝတ်လျှော်ဘုတ်ပြားရဲ့ အပေါ်ယံမှ သံမျက်နှာပြင်ရဲ့ အစိတ်အပိုင်းက ပုံသဏ္ဍာန်ချို့ယွင်းသွားပုံရတယ်။

“ ထတော့ ကျွန်မရဲ့ အဝတ်လျှော်ဘုတ်ပြားကို ဖျက်စီးမနေနဲ့”

“...”

သူတို့တွေပြောတော့ ဇနီးလေးက သူ့ရဲ့ဒူးအတွက် စိတ်ပူပန်နေပေးလိမ့်မယ်ဆို။ အခုကျတော့ ဘာလို့ အဝတ်လျှော်ဘုတ်ပြားကို စိတ်ပူပေးနေရတာလဲ။

လင်းချွမ် သူ အမှန်တကယ် မှားယွင်းသွားခဲ့တာကို သိတဲ့အတွက် မတ်တပ်ထရပ်ပြီး ပြန်လည်း ရှင်းပြပေးလိုက်တယ်။

“ကိုယ်ပြန်ရောက်တော့ အိမ်ထဲမှာ အမျိုးသားတွေ လာလည်ထားတဲ့ ခြေရာလက်ရာတွေကို မြင်ခဲ့တယ်

.. ကိုယ့်ရဲ့ ဝိုင်တွေကိုလည်း သောက်ထားပြီးတော့ ဖိနပ်ပုံးထဲမှာလည်း ယောက်ျားစီးဖိနပ်တစ်ရံရှိနေသေးတယ်.. ပြီးတော့....”

သူ ပိုပိုပြီး တွေးတောလေလေ ပိုပြီး အတွေးတွေ လွဲချောလာရလေလေပဲ။ အထူးသဖြင့် သူ ဆေးလိပ်ထွက်သောက်တဲ့အချိန်မှာ အပြင်ဘက်မှာ တခြားလူတစ်ယောက် ဆေးလိပ်သောက်ထားတဲ့ အကြွင်းအကျန်တွေကိုလည်း ထပ်တွေ့ခဲ့ရသေးတယ်။

ဆုဆု မျက်လုံးကို လှိမ့်လိုက်မိတယ်။

“အဲဒါ ရှင့်ရဲ့ ညီလေးနှစ်ယောက် ဒီကိုရောက်လာခဲ့ကြတာလေ.. ရှင်က ကျွန်မကို သံသယဝင်ခဲ့တာလား.. ရှင် ဘာလို့ ကျွန်မကို မယုံရတာလဲ”

“မဟုတ်ဘူး.. ကိုယ် မင်းကိုယုံတယ်”

သူက တခြားယောက်ျားတွေကို မယုံကြည်နိုင်ခဲ့တာ။

“ဒါဆိုလည်း ကျွန်မကို တိုက်ရိုက်မေးလေ.. ရုတ်တရက်ကြီး တံခါးကိုချိုးဖျက်ပြီး လူကို ဖမ်းဆီးချင်တဲ့ပုံက ဘာလဲ”

“နောက်တစ်ခါ ကိုယ် တိုက်ရိုက်ပဲ မေးပါ့မယ်”

သူ့အမှားကို ဝန်ခံတဲ့ လင်းချွမ်ရဲ့သဘောထားက အတော်လေးကောင်းတယ်။ ဒါပေမယ့် သူ့ရဲ့ဇနီးသည်ရဲ့အမူအယာက စိတ်သက်သာရာမရစေသေးဘူး။

ဒါကြောင့် သင်ယူမှုတွေကို အသုံးချ ဖို့အတွက် သူမဆီကို အမြန်သွားလိုက်ပြီး သူမကို ပွေ့ဖက်ကာ နက်နဲပြီး ရှည်လျားတဲ့ အနမ်းကို ပေးလိုက်တယ်။ အနမ်းကိုအဆုံးသတ်ပြီးချိန်မှာတော့ သူမရဲ့နားရွက်နားကို တိုးကပ်ရင်းတီးတိုးပြောလိုက်လေတယ်။

“ကိုယ် မင်းကို လွမ်းတယ်”

သူတို့ ဇနီးမောင်နှံက မတွေ့ရတာ တစ်လကျော်လောက်ကြာမြင့်ခဲ့ပြီဖြစ်တာကြောင် အခုလိုဆွဲဆောင်ဖြားယောင်မှာတွေက တကယ်ကို စိတ်အားထက်သန်စေတယ်။ ဆုဆုတစ်ယောက် အသက်ရှုမောဟိုက်လာရင်းနှင့် ပြန်ပြောလာတယ်။

“တကယ်လို့ နောက်တစ်ကြိမ်သာ ထပ်ဖြစ်လာခဲ့ရင် ခွင့်လွှတ်မှာမဟုတ်ဘူး ရှင့်ကို အဝတ်ဘုတ်ပြားပေါ်မှာ တစ်ပတ်လောက် ဒူးထောက်ခိုင်းထားမှာ”

“ကောင်းပါပြီ”

“ရှင် အဝတ်လျှော်ဘုတ်ပြားပေါ်မှာ ဒူးထောက်ရတာကို အဲလောက်တောင်သဘောကျနေတာလား?”

ဘာလို့ သူ့ရဲ့ပုံစံက ဂုဏ်ယူနေသလို ဖြစ်နေရတာလဲ။

“အဝတ်လျော်ဘုတ်ပြားပေါ်မှာ ဒူးမထောက်ဖူးတဲ့ စစ်သားက ပြီးပြည့်စုံတဲ့ စစ်သားမဟုတ်ဘူးလို့ ကိုယ်တို့ရဲ့ တပ်ရင်းမှူးချုပ်က ပြောဖူးတယ်”

ဒီတော့ သူ ဒီနေ့တော့ပြီးပြည့်စုံသွားပြီလို့ ပြောလို့ရပြီ။

ဖူး...

“ရှင်တို့ တပ်ဖွဲ့က ဘာလို့ ဒီလောက်တောင် ရယ်စရာကောင်းနေရတာလဲ”

အဲဒီလူက အဝတ်လျှော်ဘုတ်ပြားပေါ်မှာ ဒူးထောက်ခဲ့ရပြီး သူ့အတွက်သူ အကြောင်းပြချက်တွေပေးခဲ့တာ ဖြစ်ရမယ်။

“ဇနီးလေး.. ကိုယ် တောင်းပန်ပါတယ်”

လင်းချွမ်အနေနဲ့ မှားယွင်းခဲ့တယ်ဆိုပေမဲ့ အလွန်နူးညံ့စွာ တောင်းပန်နေခဲ့တာကြောင့် ဆုဆုရဲ့ဒေါသစိတ်တွေကလည်း လေနှင့်အတူ ပျောက်ကွယ်သွားခဲ့ရတယ်။ ဒါက သူတို့တွေ စုံတွဲဟောင်းဖြစ်နေပြီဖြစ်လို့လည်း ဖြစ်နိုင်တယ်။

သို့သော်လည်း ဒီအချိန်မှာပဲ တစ်ဖက်လူက အလွန်အမင်း သဝန်တိုသွားခဲ့တဲ့အကြောင်းကို သူမ နားလည်သွားခဲ့တယ်။

သူက အလွန်တည်ငြိမ်လွန်းပြီး ရေခဲတုံးလိုမျိုး အေးဆေးနေတတ်သူတစ်ယောက်လို့ သူမ အမြဲတမ်း နားလည်ထားခဲ့တာ။

ဒါပေမယ့် တကယ်ကြီး သဝန်တိုလာတဲ့အချိန်မှာ ဒီလောက်ထိ စိတ်မြန်လက်မြန်လုပ်လာနိုင်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့မိဘူး။

တံခါးက......

နောက်ဆုံးတော့ ဆုဆုတစ်ယောက် ကျိုးပဲ့သွားတဲ့ တံခါးအကြောင်းကို ပြန်လည် သတိရသွားပြီး ထိုတံခါးဆီကို လက်ညိုးထိုးပြရင်း ပြောလိုက်တယ်။

“ရှင်ကတော့ ပြန်ရောက်လာတာနဲ့ ကျွန်မကို ဒုက္ခပေးတော့တာပဲ.. အဲဒါကို အရင်ပြင်ပေး”

“ဟုတ်ကဲ့! အမိန့်အတိုင်းပါပဲ”

လင်းချွမ် ချက်ချင်းပဲ တံခါးကို စတင်ရှင်းလင်းလိုက်တယ်။

ဆုဆု သူမရဲ့ ဘေးနားက အစားအစာတွေကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်။

“မေ့လိုက်တော့.. ထမင်းအရင် စားလိုက်ရအောင် .. ပြီးမှ ပြင်လိုက်တော့ .. လင်းဟိုင်ကို ထမင်းစားဖို့ ထွက်လာခိုင်းလိုက်တော့”

“သူ ထွက်သွားပြီ”

“ဘယ်တုန်းက ထွက်သွားတာလဲ။”

“ခုနတုန်းကပဲ”

လင်းချွမ်က ထိုသို့ ပြောပြီးတာနဲ့ ဆုဆုကို ခုံမှာ ထိုင်ခိုင်းလိုက်ပြီး လင်းဟိုင်ရဲ့ အခြေအနေကို မေးမြန်းခဲ့တယ်။ သူ့မှာ သွားစရာနေရာရှိကြောင်းကို သိလိုက်ရပြီးတဲ့ နောက်မှာတော့ စိတ်ပူပင်မှု နည်းပါးသွားခဲ့တယ်။

သူက သူ့ရဲ့ဇနီးသည်နှင့်အတူ အလွန်စိတ်အားထက်သန်စွာ စားသောက်ခဲ့ပြီး ဝိုင်အနည်းငယ်လောက်ပါ သောက်သုံးခဲ့တယ်။ ထို့နောက်မှာတံခါးကို စတင် ပြင်ဆင်ခဲ့ပြီး သူ့ရဲ့ ဇနီးသည်ကို အိမ်ခန်းထဲသို့ ပွေ့ချီခေါ်လာခဲ့တယ်။

ရလဒ်ကတော့ အားပြင်းတဲ့ ထုချက်တစ်ခုကို လက်ခံလိုက်ရတာပဲ။

“ကျွန်မဆီမှာ ကိုယ်ဝန်ရှိနေတုန်းပဲ.. ရှင်က ဘာလုပ်ချင်နေတာလဲ”

“တောင်းပန်ပါတယ် .. ကိုယ်အရမ်း စိတ်လှုပ်ရှားသွားပြီး...”

မေ့သွားခဲ့တာ။

ဆုဆုတစ်ယောက်  တစ်ဖက်လူက မီးတွေတောက်လောင်နေပေမဲ့ မြိုသိပ်လိုက်ရတာကြောင့် အသက်ရှူရပ်မတတ်  ဖြစ်နေတာကို မြင်လိုက်ရတော့ မရယ်ဘဲ မနေနိုင်တော့ဘူး။

ဒါကြောင့်  သူ့ရဲ့ နားရွက်အနီးကို တိုးကပ်ပြီး ပြောလိုက်တယ်။

“ဆရာဝန်ကပြောထားတယ်..  သုံးလလောက်ကြာရင် ညင်ညင်သာသာဆို အဆင်ပြေနိုင်တယ်တဲ့... “

ထို့နောက် လင်းချွမ်က နဂိုအတိုင်း တောင့်တင်းနေဆဲဆိုတာကို မြင်လိုက်ရတော့ ထပ်ပြီး ပြောလိုက်မိတယ်။

“ ရှင်  နားမလည်သေးဘူးလား တုံးအ,နေသေးတာလား”

“ကိုယ် နားလည်လား မလည်ဘူးလားဆိုတာ မင်း မကြာခင် သိသွားလိမ့်မယ်”

လင်းချွမ်က ဆရာဝန်ပြောခဲ့တဲ့စကားကိုကြားတော့ မတွန့်ဆုတ်နေတော့ဘူး။

ကံကောင်းထောက်မစွာနဲ့ သူက သူ့ရဲ့ဇနီးလေးကို ညလည်သန်းခေါင်အချိန်ထက်ပိုပြီး မလူးလှိမ့်ခဲ့ဘူး။ ဒါကြောင့် နောက်တစ်နေ့မနက်မှာ သူတို့နှစ်ယောက် အလုပ်ကိုသွားဖို့အတွက် အလျှင်အမြန် ပြင်ဆင်နိုင်ခဲ့ကြတယ်။

ဆုဆုတစ်ယောက် သူမရဲ့ကျောင်းကို ရောက်ပြီး ကျောင်းဝန်းထဲမှာ လမ်းလျှောက်လာခဲ့ချိန်ကျမှ လင်းချွမ်ကို သူမရဲ့ကိုယ်ပိုင်အလုပ်တာဝန်အကြောင်းနှင့် ထိုအလုပ်က သူတို့ရဲ့ စစ်တပ်နှင့် ပတ်သက်နေကြောင်းကို မပြောရသေးကြောင်းကို သတိရသွားခဲ့တယ်။

ဒါပေမယ့် ပြန်တွေးပြီးနောက် မေ့ထားလိုက်တယ်။ သူတို့တွေ မကြာခင် ပြန်ဆုံတွေ့နိုင်မှာပဲလေ။ သူ သိပ်ပြီး အံ့သြမနေဖို့ မျှော်လင့်ပါတယ်။

နောက်တစ်နေ့မှာတော့ သူမ ကျောင်းရှိ ရောက်ရှိကြောင်း လက်မှတ်ထိုးပြီးတာနဲ့ သူမဆီကို ဖုန်းဆက်ပြီး ပြင်ဆင်ခိုင်းလာခဲ့တယ်။

ဒါကြောင့် သူမကိုယ်သူမ ကြည့်ကောင်းပြီး သိက္ခာပိုရှိနေစေဖို့အတွက် ပိုပြီးကောင်းမွန်ကြည့်ကောင်းလောက်မဲ့  ဝတ်စုံကိုပြောင်းလဲဝတ်ဆင်လိုက်ပြီး ဆံပင်ကို ခပ်မြင့်မြင့် စည်းနှောင်လိုက်တယ်။

ဒါက သူမကို ငယ်ရွယ်ပြီး ဖက်ရှင်ကျတဲ့ပုံစံဖြစ်စေသလို ယုံကြည်မှုပိုရှိစေလိမ့်မယ်။

ဒါပေမယ့် သူမက ကိုယ်ဝန်ရှိနေပြီဖြစ်လို့ မိတ်ကပ်မလိမ်းခဲ့ဘူး။

အများဆုံးက နှုတ်ခမ်းနီအနည်းငယ်ဆိုးနိုင်ရုံသာဖြစ်ပြီး ထိုနှုတ်ခမ်းနီကလည်း စားသောက်ချိန်မှာ သုတ်လိုက်ရမှာပဲလေ။

သူမယူလာတဲ့ အလှကုန်တွေက အတော်လေးကောင်းတဲ့ အမှတ်တံဆိပ်တွေဖြစ်ပြီး ယေဘူယျအားဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အသုံးပြုနိုင်တယ်ဆိုပေမယ့် သတိထားတာက ပိုကောင်းပါတယ်။

သူမ ထုပ်ပိုးပြီးတာနဲ့ ကျောင်းဂိတ်ဝမှာပဲ လာကြိုမဲ့အချိန်ကို စောင့်နေခဲ့တယ်။ ခဏအကြာမှာပဲ ကားတစ်စီးက သူမရဲ့ဘေးတွင် ရပ်တန့်လိုက်ပြီး ရင်းနီးဖော်ရွေပုံရတဲ့ စစ်သားတစ်ယောက်က ကားပေါ်ကနေ ဆင်းလာခဲ့တယ်။

“ဒါက ရဲဘော်ဆုများလား?”

“ဟုတ်ပါတယ်”

“အခု လေဆိပ်ကို အတူလိုက်လာဖို့ အဆင်ပြေနိုင်မလား”

“ရပါတယ်”

ဆုဆု နှောင့်နှေးခြင်းမရှိပဲ ကားထဲသို့ဝင်လာခဲ့ပြီး စစ်သားကလည်း တာဝန်ကိုရှင်းပြလာခဲ့တယ်။

သူမအနေနဲ့ ရဲဘော်ကွမ်းနှင့်အတူ နိုင်ငံခြားမှလာရောက်မဲ့ အရေးတဲ့ အမှုထမ်းတွေကို ပထမဆုံး ကြိုဆိုပြီး သူတို့ နေထိုင်ရာနေရာကို ဦးစွာသွားရောက်ပို့ဆောင်ပေးရလိမ့်မယ်။ ပြီးရင် သူတို့နှင့်အတူ စားသောက်ရန်လိုအပ်ပြီး  တပ်မတော်သို့ အတူလိုက်ပါ သွားရောက်ရန်လည်း လိုအပ်တယ်။

ဒါတွေက ဘာတစ်ခုမှ ပြဿနာမရှိခဲ့ဘူး။ ပြောရရင် ပင်ပန်းတဲ့အလုပ်တာဝန်တောင် မဟုတ်ဘူးလေ။

ဆုဆုအနေနဲ့ အတိတ်တုန်းကလည်း  ဘာသာပြန်အလုပ်အနည်းငယ်ကိုလည်း လုပ်ခဲ့ဖူးတာကြောင့် ကြောက်ရွံ့မနေခဲ့ဘူး။

သူတို့ လေဆိပ်သို့ရောက်ပြီးနောက် ယူနီဖောင်းအပြည့်အစုံဝတ်ထားတဲ့ စစ်သားတွလည်း အလွန်များပြားစွာ စောင့်ကြပ်နေခဲ့ကြပြီး သူတို့ကိုကြည့်ရတာ  အလွန်အင်အားကြီးပြီး ကြီးစိုးပုံရတယ်။

စစ်တပ်သုံးယာဉ်တစ်စီး ချဉ်းကပ်လာတာကို မြင်တော့ သူတို့တွေက တပ်မတော်နည်းလမ်းအတိုင်း အလေးပြုလာကြတယ်။

ထို့နောက် ဆုဆုနှင့်ဝမ်လုတို့က ကားပေါ်မှ ဆင်းခဲ့ကြတယ်။

ဆုဆုကတော့ ဒီနေ့ အနီရောင် ဝတ်လာတဲ့အပေါ်မှာ အနည်းငယ်အပြစ်ရှိသလိုခံစားနေရပြီ။ စစ်တပ်ယူနီဖောင်းတွေကြားမှာ အနီရောင်ကအတော်လေး ထင်ရှားနေခဲ့တယ်လေ။

သို့သော်လည်း သူမက တစ်ဖက်မှ စစ်သားရဲ့နောက်ကနေ လိုက်လာနေတုန်းပဲ။

ထိုအချိန်မှာပဲ အလွန်ရင်းနီးလွန်းတဲ့ အသိမိတ်ဆွေတစ်ဦးနှင့် တွေ့လိုက်ရတာကြောင့် ရုတ်တရက် ရပ်တန့်လိုက်မိတယ်။

ထို့နောက် သူမ နောက်ပြန်လှည့်ကြည့်လိုက်တော့ တစ်ဖက်လူက သေနတ်ကို ဆုတ်ကိုင်ထားရင်း အနည်းငယ် မင်သက်ကြောင်အနေတာကို တွေ့လိုက်ရလေတယ်။

အဲဒီနောက် သူမရဲ့အရှေ့မှ ရဲဘော်က မိတ်ဆက်ပေးလာတယ်။

“ဒါက တပ်ရင်းမှူးလင်းလေ.. သူနဲ့ သူ့ရဲ့တပ်ဖွဲ့က ဒီနေ့ မင်းကို ကာကွယ်ပေးလိမ့်မယ်..  အနာဂတ်မှာ မင်းရဲ့ အစားအသောက်၊ တည်းခိုခန်းနဲ့ ခရီးစဥ်တွေက သူ့ရဲ့အစီအစဉ်အောက်မှာပဲ ရှိနေလိမ့်မယ်”

“...”

နှစ်ယောက်လုံး အနည်းငယ် ဆွံ့အနေခဲ့ကြတယ်။  နောက်ဆုံးမှာ ဆုဆုက သူမရဲ့လက်ကို ဆန့်တန်းရင်း ပြောလိုက်တယ်။

“မင်္ဂလာပါ ရဲဘော်လင်း”

“မင်္ဂလာပါ”

လင်းချွမ်က စစ်တပ်ပုံစံအတိုင်း အရင်ဆုံးအလေးပြုခဲ့ပြီးမှ  သူမရဲ့ လက်ကိုဆွဲကာ နှုတ်ဆက်လာခဲ့တယ်။

မနေ့ညတုန်းက သူ့ရဲ့ဇနီးလေးကို သူ့အောက်မှာဖိပြီး ခွင့်လွှတ်ဖို့ တောင်းဆိုလာတဲ့အထိ  ပြုမူခဲ့တယ်။  ဒီနေ့မှာတော့ သူမရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ အမိန့်ပေးခံရတတယ်။ ဒါက နည်းနည်းတော့ မင်တက်သွားချင်စရာပဲ။

ဘေးမှာရှိတဲ့ ချန်ယွဲ့ကျင်းက အသံတိုးတိုးနဲ့ မေးလာတယ်။

“ဘာတွေဖြစ်နေတာလဲ?”

“မသိဘူး.”

“ဒီပညာရပ်ဖလှယ်ရေးအဖွဲ့ထဲက လူတွေ အားလုံးက တိုင်းပြည်အတွက် အရမ်းအရေးကြီးတဲ့ လူတွေပဲ.. မင်းရဲ့ဇနီးက...”

သူဘယ်လိုများ ခိုးဝင်လာခဲ့တာလဲ။ နောက်ပြီး အရမ်းကို မျက်စိဖမ်းစားနိုင်လောက်သေးတယ်။ ဒါက တကယ့်ကိုအံ့သြစရာပဲ။

“ ငါလည်း မသိဘူး”

လင်းချွမ်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့တယ်။

All Chapters