အခန်း (၁၂၇)
Vol. 13 Ch. 127
တစ်ခါတလေမှာ လူတစ်ယောက်က အတွေးလွဲသွားပြီးရင် ပြန်လှည့်ဖို့က နွားဂျိုကိုအပေါက်ဖောက်တာထက်တောင် ခက်သေးတယ်။ ချင်ယွဲ့ယွဲ့သည်လည်း ထိုကဲ့သို့ လူမျိုးပဲ။
သူမကို ကွမ်းမိသားစုမှ လျစ်လျူရှုခဲ့ပြီး လင်းတုံဟဲကလည်း လျစ်လျူရှုခဲ့တယ်။ လင်းချွမ်ကတောင် သူမကို လျစ်လျူရှုခဲ့သေးတယ်။ ဒါတွေအားလုံးက ဆုဆုရဲ့အမှားကြောင့်ပဲလို့ သူမထင်နေခဲ့တယ်။ သူမသာ ရှိမနေခဲ့ရင် ဒီလိုမျိုး ဖြစ်မလာနိုင်ဘူး။
ဒီနေ့က ဆုဆု သူမရဲ့မျက်လုံးရှေ့မှာ နောက်ဆုံးအကြိမ် ပေါ်လာနိုင်တာ ဖြစ်လာလိမ့်မယ်။ သူမက ဘယ်လိုလုပ်ပြီး စိတ်ကောင်းမဝင်ဘဲနေမှာလဲ။
သူမသာ ကျောင်းကနေ ထုတ်ပယ်ခံလိုက်ရမယ်ဆိုရင် အခုလိုမျိုးကောင်းမွန်တဲ့ ဝန်ထမ်းအဆောင်မှာလည်း သက်သောင့်သက်သာနေနိုင်တေ့မှာမဟုတ်ဘူး။ အဲဒီအချိန်ကျရင် သူမက စိတ်ပျက်လက်ပျက်နဲ့ ကျေးလက်ဒေသကို ပြန်သွားရတော့မှာဖြစ်ပြီး ကျေးလက်တောရွာသူတစ်ယောက်သာ ဖြစ်လာရတော့မယ်။
တစ်နေ့ သူမနဲ့ လင်းတုံဟဲတို့တွေ အိမ်ကိုအတူပြန်လာတဲ့အချိန်ကျရင် သူမက ဘယ်လောက်တောင် ဆိုးဆိုးရွားရွားဒုက္ခခံနေရမလဲဆိုတာကို တွေ့မြင်ရတော့မယ်။ သူမ တွေးတောလေလေ စိတ်ချမ်းသာလာလေလေပဲ။
သူမ အလွန်ဂုဏ်ယူစွာတွေးတောမိနေတုန်းမှာပဲ ကျောင်းအုပ်ကြီးကွမ်းက ပြောလာတယ်။
“ကျောင်းသားတို့.. မင်းတို့ ကျောင်းသားတွေထဲက တချို့ကျောင်းသားတွေက ငါတို့ကျောင်းရဲ့ ဆရာမတချို့ကို စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူး၊ သူတို့ရဲ့အလုပ်ကို လေးလေးနက်နက် မလုပ်ဘူး၊ နောက်ပြီး သူတို့ရဲ့အလုပ်ကိုပဲ အာရုံစိုက်မနေဘဲ တခြားဟာတွေကို တွေးတောနေပြီး လူတွေရှေ့မှာဟန်ဆောင်ပြနေတယ်ဆိုတဲ့အချက်တွေနဲ့ ပညာရေးဗျူရိုကို လျို့ဝှက်တိုင်ကြားခဲ့ကြတယ်..
ဒါကြောင့် ဒီနေ့ ပညာရေးဗျူရိုက ရဲဘော်တွေက အခြေအနေကိုစစ်ဆေးဖို့အတွက် ရောက်လာကြတာပဲ.. ဒီတော့ အခု မင်းတို့မှာ မေးခွန်းထုတ်စရာအချက်တွေရှိနေရင် ဘယ်ဆရာက ဘယ်လိုမျိုး လုပ်ခဲ့တယ်ဆိုတာကို အခု ထောက်ပြနိုင်တယ်”
အစပိုင်းမှာတော့ ဘယ်သူကမှ စကားဟမလာကြဘူး။ သူတို့အားလုံးက ဒီလိုမျိုး အလုပ်ရှုပ်တဲ့အရာတွေကို မလုပ်နေသင့်ဘူးလို့ တွေးတောခဲ့ကြတယ်။ ထို့အပြင် အရှေ့ပိုင်းX တက္ကသိုလ်မှ ဆရာ ၊ဆရာမတွေက သူတို့ရဲ့ အလုပ်အတွက် အမြဲတမ်း ဇောက်ချလုပ်ကိုင်ကြပြီး နှစ်ကုန်ပိုင်းမှာလည်း အကဲဖြတ်မှုတွေရှိနေတတ်တယ်လေ။
ဒါပေမယ့် ခဏလောက် ငြိမ်သက်သွားပြီးနောက်မှာတော့ ချန်ကွေ့တုံက မတ်တပ်ထရပ်ပြီး ပြောလာတယ်။
“ကျွန်တော် အင်္ဂလိပ်ဌာနက မစ္စဆုကို တိုင်ကြားချင်ပါတယ်.. သူမက အထူးဆက်ဆံမှုကို ခံယူလေ့ရှိတယ်.. သူမက အတန်းထဲမှာလည်း ထိုင်နေတတ်ပြီး အိမ်စာစာအုပ်တွေ သိမ်းပြီး လာပို့ပေးဖို့လည်း ကျောင်းသားတွေကို ခိုင်းတတ်တယ်..
ကျောင်းကိုလာတော့လည်း နေလောင်မှာကို ကြောက်နေပြီးတော့ ထီးကိုင်ပြီးလာတတ်တယ်.. အတန်းထဲမှာလည်း မျက်နှာကို အသားအရည်လှဆေးတွေ သုတ်လိမ်းနေသေးတယ်.. အတန်းကို လုံးဝ အလေးအနက်မထားဘူး.. ဒါကို ကျွန်တော်တို့ အင်္ဂလိပ်စာမေဂျာက အားလုံးက မျက်မြင်သက်သေရှိတယ်”
သူပြောပြီးတာနဲ့ တခြားအဖော် နှစ်ယောက်က ထောက်ခံလာကြပြီး ကောင်မလေးတစ်ယောက်ကလည်း သူမရဲ့ ပါးစပ်ကို ဖွင့်ဟလာတယ်။
ချန်ကွေ့တုံက ထိုစကားကို ပြောပြီးတဲ့နောက် ဆုဆုကို လှမ်းကြည့်နေခဲ့တယ်။ အခုလိုမျိုး ထိုးနှက်မှုကို ခံရပြီးနောက်မှာ သူမက သူမရဲ့ကျောင်းသားတွေကို ပိုပြီး အာရုံစိုက်လာလောက်သင့်ပြီလို့ သူ ခံစားမိတယ်။
သို့ပေမဲ့လည်း မမျှော်လင့်စွာနဲ့ တစ်ဖက်မှအမျိုးသမီးရဲ့ အမူအရာက ထူးမခြားနားဖြစ်နေတုန်းပဲ။ သူမဆီမှာ ဝမ်းနည်းခြင်းတွေရှိမနေသလို၊ ပျော်ရွှင်ခြင်းတွေလည်းရှိမနေဘူး။ ဒီကိစ္စက သူမနှင့် ဘာမှမသက်ဆိုင်သလိုမျိုးသာ ဆက်ရှိနေခဲ့တယ်။
ဒါပေမယ့် သူ ခုံမှာ ပြန်ထိုင်လိုက်တဲ့အချိန်မှာတော့ ဆုဆုရဲ့မျက်လုံးတွေက ရုတ်တရက် သူ့ဘက်ကို ကြည့်လာခဲ့ပြီး သူမရဲ့ပါးစပ်က စကားနှစ်ခွန်းပြောလာတာကို တွေ့လိုက်ရတယ်။
အရူး..
အမှန်ပဲ။ သိပ်ပြီးမကြာလိုက်ပေမဲ့ သူ အသေအချာ မြင်လိုက်ရတယ်။
သူ ရှက်ရွံ့သွားခဲ့ရပြီး မတ်တပ်ရပ်ပြီး ပြန်ပြောချင်ခဲ့တယ်။
ဒါပေမယ့် ဒီအချိန်မှာပဲ တစ်ယောက်ယောက်က မတ်တပ်ရပ်ပြီး ပြောလာခဲ့တယ်။
“ ချန်ကွေ့တုံ.. မင်း ဘာတွေ ပြောနေတာလဲ! ကိုယ်ဝန်ဆောင်ထားရတာ! ရှိနေပြီ၊ သူမက အခုလိုမျိုး ဗိုက်ကြီးနဲ့ သက်သောင့်သက်သာမရှိဖြစ်နေတာကို ထိုင်ပြီး အနားယူလို့မရဘဲ တစ်ချိန်လုံး မတ်တပ်ရပ်နေရမှာလား? သူမရဲ့ ကိုယ်ဝန်က လကြီးနေပြီ.. နောက်ပြီး အခုလိုမျိုး ရာသီဥတုပူပြင်းလွန်းတဲ့အချိန် ဘယ်သူက ထီးမဆောင်းချင်ဘဲနေမှာတဲ့လဲ?
တကယ်လို့ ငါသာ စက်ဘီးစီးပြီးလာတာမဟုတ်ဘူးဆိုရင် ငါလည်း ထီးတစ်ချောင်း ကိုင်ပြီး လာမှာပဲ.. ဆရာမတစ်ယောက်ကလည်း အမျိုးသမီးတစ်ယောက်ပဲလေ.. အလှအပကို သဘောကျတာက ဘာများ မှားနေလို့လဲ.. ဒါကိုလည်း မှားတယ်လို့ ပြောချင်တာလား?”
ကွမ်းကျန်းတုံက စကားကို ကောင်းကောင်းပြောတတ်သူဖြစ်ပြီး သူ့ရဲ့အင်္ဂလိပ်စာဆရာမကိုလည်း အလွန်သဘောကျတယ်။ သူမက လှပပြီး သတ္တိလည်းရှိတယ်။ နောက်ပြီး သူမက တိုင်းပြည်အတွက် မျက်နှာကောင်းအောင် အများကြီးလုပ်ပေးခဲ့တယ်လို့ သူ့အဖေဆီက ကြားခဲ့တယ်။
ဒါကြောင့် သူမအတွက် စကားပြောပေးတာက လုပ်သင့်တဲ့အရာပဲ။
သူ စကားပြောပြီးတဲ့နောက်မှာတော့ မိသားစုအတွင်းမှာ ကိုယ်ဝန်ဆောင်တွေရှိနေတဲ့ အတန်းဖော်တော်တော်များများက ဆုဆုရဲ့အခက်အခဲတွေကို သိရှိကြပြီး သူမအတွက် စကားပြောပေးလာခဲ့ကြတယ်။ သို့ပေမယ့် ကျန့်ကွေ့တုံက မပျော်မရွှင်ဖြစ်လာကာ ထပ်မံပြောလာတယ်။
“ ကောင်းပြီလေ.. သူမက ကိုယ်ဝန်ရှိနေလို့ ကျောင်းမှာ အဲလိုတွေလုပ်နေတာ ပြဿနာမရှိဘူးလို့ ထားလိုက်ဦး.. ဒါပေမယ့်လည်း အရင်တစ်ချိန်တုန်းက သူမက သူမရဲ့သီးသန့် ကိုယ်ပိုင်အလုပ်အတွက် အလုပ်ကအချိန်အကြာကြီး ခွင့်ယူသွားတာကရော?
မင်းမှာ ကိုယ်ပိုင်အလုပ်တွေကိုဖြေရှင်းဖို့လိုနေတာကို ပိုက်ဆံတချို့ရဖို့အတွက် ကျောင်းကိုလာပြီး ကျောင်းသားတွေကို စာပြနေသေးတာလား .. ဒါက ဘယ်လို ဆရာမျိုးလဲ.. အိမ်ကိုပြန်ပြီး ကလေးတွေပဲ သွားမွေးနေလိုက်စမ်းပါ”
သူ ထိုသို့ပြောပြီးနောက် ကျောင်းအုပ်ကြီးကွမ်းရဲ့ မျက်နှာက ဒေါသတွေကြောင့် နီမြန်းလာတာကို သတိပြုမိသွားရပြီး ကွန်းကျန်းတုံသည်လည်း သူ့ရဲ့ဘေးနားမှာရှိတဲ့ ကုလားထိုင်ကို ဒေါသတကြီး ကန်ထုတ်လိုက်ကာ အော်ဟစ်လာတယ်။
“သေစမ်း.. မင်းက ဆုလောင်ရှစ် ဘာတွေ ကြုံတွေ့လာခဲ့ရတာလဲဆိုတာ သိရဲ့လား.. မင်းက သူမကို ဒီလိုစကားမျိုးပြောရဲသေးတယ်!”
သူက ချန်ကွေ့တုံဆီကို အပြေးသွားကာ ရန်ဖြစ်ဖို့လုပ်ခဲ့တယ်။
“တော်လောက်ပြီ”
ကျောင်းအုပ်ကြီးကွမ်းက မတ်တပ်ထရပ်ပြီး ပြောလာတယ်။
“ဒီကိစ္စကို ငါ မင်းတို့ကို မပြောသင့်ဘူးဆိုပေမယ့် အခု ဆရာမဆုရဲ့ အပြစ်ကင်းစင်မှုကိုသက်သေပြဖို့အတွက် ရှင်းပြမှဖြစ်တော့မယ်.. ဒါပေမယ့် ငါ ဖုန်းကြိုပြီး ဆက်ရဦးမယ်.. ရဲဘော်စုန့် .. ကျေးဇူးပြုပြီး ငါ့အစ်ကိုဆီကို ဖုန်းခေါ်ပြီး ဘယ်လောက်ထိ ပြောပြနိုင်လဲဆိုတာ သွားမေးလိုက်ပါဦး”
စုန့်အိုက်ယင်းက မတ်တပ်ထရပ်လိုက်ပြီး ဖုန်းခေါ်ရန်အတွက်ရုံးခန်းဆီသို့ အလျင်အမြန်သွားခဲ့ပြီး မကြာခင်မှာပဲ ပြန်လာခဲ့တယ်။
“ပြောနိုင်သလောက်ပြောလို့ရတယ်.. အဓိကအချက်တွေက ရဲဘော်ဆုပဲ သိတာဖြစ်လို့ သူမနဲ့ ချန်ထားလိုက်တဲ့”
ဆုဆုက ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလာတယ်။
“ကျွန်မ ထုတ်ဖော်ပြောပြလို့မရတဲ့ သဘောတူညီချက်ကို လိုက်နာပါ့မယ်”
သို့ပေမဲ့ ဒီစကားလောက်ကပဲ ကျောင်းသားအားလုံးကို ထိတ်လန့်သလို ခံစားရစေတယ်။ အထူးသဖြင့် ချင်ယွဲ့ယွဲ့ပဲ။ သူမက ခေါင်းဆောင်ကွမ်းဆီကို ဖုန်းခေါ်မယ်ဆိုတဲ့စကားကို ကြားလိုက်ရပြီးကတည်းက အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့တာ။
သူမက အပြင်ကိုထွက်ပြီး စီးပွားရေးအတွက် ဘာသာပြန် လုပ်ခဲ့တာပဲ မဟုတ်ဘူးလား။ သူတို့တွေ ဘာလို့ ဒီလောက်ထိ လေးနက်နေကြတာလဲ။
ထိုအခိုက်မှာပဲ ကျောင်းအုပ်ကြီးကွမ်းက ပြောလာခဲ့တယ်။
“ရဲဘော်ဆုက ဒီတခေါက် တပ်မတော်ရဲ့ နိုင်ငံခြားခရီးသွားအဖွဲ့အတွက် ဘာသာပြန်ပေးခဲ့ရတာ.. မင်းတို့တွေက အရမ်းဖြောင့်ဖြူးလှပခဲ့တယ်လို့ထင်နေတာလား? အဲဒီမှာ အန္တရာယ်တွေ ဘယ်လောက်အများကြီး ဝိုင်းနေခဲ့တာလဲဆိုတာ မင်းတို့တွေ သိနိုင်လို့လား?
မင်းတို့တွေက ရဲဘော်ဆုက ဘာလို့ ဒီလောက်ကြာအောင် အနားယူနေတာလဲဆိုတာကို သိကြရဲ့လား? သူမက ဘာသာပြန်အဖြစ်လုပ်နေတုန်းမှာ လူဆိုးဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်..
သူမက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်ပေမဲ့ စစ်သားတစ်ယောက်ကို ကယ်တင်ခဲ့တယ်.. ဒါကြောင့်ပဲ သူမ ထိခိုက်ဒဏ်ရာရသွားလို့ ဆေးရုံတက်ခဲ့ရပြီး နလံထူနိုင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုလောက် နေခဲ့ရတာ..
ဒီအတောအတွင်းမှာ သူမက ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူးမလား? စစ်တပ်က သူမကို ဂုဏ်ပြုလက်မှတ် ပို့ပေးခဲ့တာတောင် သူမက ဘယ်သူ့ကိုမှ ဖိတ်ကြားပြီး ဂုဏ်ပြုပွဲမလုပ်ခဲ့ဘူး..
အခု မင်းတို့တွေ သူမ ဘာလို့ အချိန်အကြာကြီး ခွင့်ယူထားခဲ့တာလဲဆိုတာကို သိသွားကြပြီလား?”
ဆုဆုအနေနဲ့လည်း ဒီလိုမျိုးအန္တရာယ်ကြီးမားလိမ့်မယ်ဆိုတာကို မသိခဲ့ဘူး။ ထိုအချိန်တုန်းက သူမက သူမ နေလာခဲ့တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာလိုမျိုးပဲ ဖြစ်နေလိမ့်မယ်လို့ ထင်ထားခဲ့တာ။ အခုလိုမျိုး ပဋိပက္ခတွေ ဖြစ်လာမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။
ဒါပေမယ့် အခုတော့ သူမက သူရဲကောင်းတစ်ယောက်လို ဖြစ်လာခဲ့တာကြောင့် မျက်နှာမဆုံးရှုံးစေခဲ့ဘူး။
ကျောင်းအုပ်ကြီးကွမ်းရဲ့စကားကိုကြားတော့ အတန်းဖော်ကျောင်းသားတွေအားလုံးက လက်ခုပ်တီးလာခဲ့ကြတယ်။ ဒီဘက်ခေတ်မှ လူတွေက သူရဲကောင်းတွေကို အလွန်လေး၀ားပြီး အားပေးကြတယ်။
လက်ခုပ်သံတွေ ရပ်တန့်သွားပြီးနောက် ဆုဆု တချို့သောလူတွေကတော့ ဖြေရှင်းဖို့ လိုအပ်နေတုန်းပဲလို့ ခံစားမိတယ်။
ဒီအချိန်မှာ ကျောင်းအုပ်ကြီးကွမ်းက ဆက်ပြောလာတယ်။
“ငါကတော့ ရဲဘော်ဆုက ကျောင်းသားတွေကို စာသင်ကြားရာမှာ နှောင့်နှေးမှုရှိတယ်လို့ မထင်ဘူး.. မင်းတိို့ဆီမှာ ထင်မြင်ချက်ရှိနေသေးလား”
ဒီတစ်ကြိမ်မှာ ဆုဆုကလည်း ဝင်ပြောလာခဲ့တယ်။
“မင်းတို့တွေ အတန်းထဲမှာ ငါဘာလိမ်းနေခဲ့တာလဲဆိုတာကို မသိလောက်ကြဘူး ဟုတ်တယ်မလား.. ဒါက ဆေးအဆီပဲ.. လိမ်းပြီးသွားရင် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပြီး စိတ်ကို လန်းဆန်းစေတယ် .. ဒါနဲ့ဆိုရင် အတန်းထဲမှာ အိပ်ငိုက်ပြီး စာဆက်မသင်နိုင်တာမျိုး မဖြစ်တော့ဘူး.. ပြောရရင် ငါက ကိုယ်ဝန်သည်တစ်ယောက်ပဲလေ.. ပုံမှန်အခြေအနေထက် ပိုပြီးပင်ပန်းနွမ်းနယ်နိုင်တယ်”
ဒီတော့ နားလည်မှုလွဲတာက ရှင်းလင်းသွားပြီပဲ.. ဟုတ်တယ်မလား။
ကျောင်းအုပ်ကြီးကွမ်းက အခုအချိန်မှာ သဘောထားအမြင်ရှိနေသေးတဲ့ ကျောင်းသားတွေကို မေးလိုက်တယ်။
“မင်းတို့ အခု သိသွားပြီဆိုတော့ အခု ဘာပြောချင်ကြသေးလဲ”
ချန်ကွေ့တုံဆီမှာတော့ တကယ်ကို ပြောစရာ မကျန်ရှိတော့ဘူး။ သူက ချင်ယွဲ့ယွဲ့ဆီကနေ ဆုဆုက တခြားနေရာကို စကားပြန်အဖြစ်သွားခဲ့ပြီးပိုက်ဆံတွေအများကြီး ရလာခဲ့ကြောင်းကြားခဲ့ရတယ်။ သူမက ဘယ်လို ခေါင်းဆောင်မျိုးကို တွယ်တက်လာခဲ့တာလဲမသိကြောင်း ပြောလာတာကိုလည်း ကြားခဲ့ရတယ်။
ဒါပေမယ့် တစ်ဖက်လူက စစ်တပ်အတွက် ဘာသာပြန်ခဲ့တာဖြစ်ပြီး သူမရဲ့အသက်ကိုပါ စွန့်စားခဲ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
သူ ခဏတာလောက် ထိတ်လန့်နေခဲ့ပြီး ဘာမှပြန်မပြောနိုင်တော့ဘူး။
ချင်ယွဲ့ယွဲ့သာ ဥာဏ်ရည်မြင့်မားခဲ့မယ်ဆိုရင် သူမက ထပြောလာမှာမဟုတ်ဘူး။ ဒါပေမယ့် ဆုဆုကတော့ သူမကို စွပ်စွဲပြောဆိုတဲ့လူကို ဒီအတိုင်း လွှတ်မထားပေးလိုက်နိုင်ဘူး။ သူမက ဆရာမတွေရဲ့နေရာဖြစ်တဲ့ စင်ပေါ်ထိုင်ပြီး ပြောလိုက်တယ်။
“ကျောင်းအုပ်ကြီးကွမ်း.. ကျွန်မတို့ကျောင်းက အမြဲတမ်း အတော်လေးလွတ်လပ်နေပြီး တချို့ဆရာတွေက အရမ်းကြီး မထိန်းချုပ်ချင်ကြဘူး..
ကျွန်မလည်း ကျောင်းသားတွေက ကိုယ့်တာဝန်ကိုယ်ယူပြီး သူတို့ရဲ့နေ့စဥ်အလုပ်သင်ကြားရေးကို အာရုံစိုက်သင်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်..
အခု ကျွန်မကို မေးခွန်းထုတ်စစ်ဆေးခဲ့ကြတဲ့သူတွေက ကျွန်မ စစ်တပ်အတွက် ဘာသာပြန်ပေးတာကို မသိခဲ့ကြလို့ဆိုတော့ ထားလိုက်ပါတော့.. ဒါပေမယ့် ခုနတုန်းက မတ်တတ်ထရပ်လာကြတဲ့ အတန်းဖော်တွေက စာလေ့လာရေးအုပ်စုလို့ ခေါ်တဲ့အထဲက အတန်းဖော်တွေပဲဖြစ်နေတာလားဆိုတာကိုတော့ မေးချင်မိတယ်”
သူမရဲ့ စကားလုံးကိုကြားတော့ စုန့်အိုက်ယင်းက ချက်ချင်းပဲ စစ်ဆေးကြည့်လိုက်ကာ မျက်မှောင်ကြုတ်သွားခဲ့တယ်။ ဒါက တကယ်ကို ထိုအထဲကလူတွေပဲ။
ဆုဆုက ဆက်ပြောလိုက်တယ်။
“အစတုန်းကတော့ သူတို့တွေ အဆောင်တစ်ခုကိုတောင်းဆိုခဲ့တာက ကျောင်းသားအုပ်စု စုစည်းပြီး စာလေ့လာနေတာပဲလို့ ကျောင်းက ထင်ထားခဲ့တာ.. ဒါပေ အခုကြည့်ရတာတော့ အဲလိုမဟုတ်တဲ့ပုံပဲ”
သူမ ဆက်မပြောခဲ့ပေမဲ့ လူတိုင်းက ကောင်းကောင်းသဘောပေါက်နားလည်နိုင်တယ်။
သူတို့တွေ စာလုပ်နေတယ်ဆိုတာက အသုံးမဝင်ဘူး။ မဟုတ်ရင် ဘယ်လိုလုပ်ပြီး စစ်တပ်နဲ့ တိုင်းပြည်အတွက် အကျိုးပြုပေးခဲ့တဲ့ အမျိုးသမီးဆရာတစ်ယောက်ကို စုပေါင်းပြီးတိုက်ခိုက်နေမှာတဲ့လဲ။ အရေးကြီးဆုံးက သူမမှာကိုယ်ဝန်ရှိနေတုန်းပဲ။
ကျောင်းအုပ်ကြီးကွမ်း: “မင်းတို့ရဲ့ စာလေ့လာရေးအဖွဲ့ကို ဖျက်သိမ်းလိုက်တော့.. မင်းတို့အားလုံးက ငါ့ဆီကို တောင်းပန်စာတစ်စောင် ရေးပို့ရမယ်.. နောက်ပြီး ကျောင်းကို အချိန်တစ်ပတ် သန့်ရှင်းရေးလုပ်ပေးဖို့ တာဝန်ယူရမယ်”
ဒီပြစ်ဒဏ်က အတော်ကြီး ပေါ့ပါးနေတုန်းပဲ။
ကျောင်းအုပ်ကြီးကွမ်းက အပြစ်ဒဏ်အကြောင်းကို ကိုယ်တိုင်ပြောခဲ့ပြီဆိုမှာတော့ ဆုဆု ဘာမှ ဆက်မပြောခဲ့တော့ဘူး။
ဒီကိစ္စက ဇာတ်လိုက်မရဲ့မွှေနှောက်မှုဖြစ်ကြောင်း သူမသိထားခဲ့တယ်။ ဒါပေမယ့် သူမ ဒေါသ လုံးဝမထွက်ခဲ့ဘူး။ ဆန့်ကျင်ဘက်အနေနှင့် အခုလိုဖြစ်ပျက်ပြီးတဲ့နောက်မှာ ဇာတ်လိုက်မကတော့ ကြောက်လန့်နေလိမ့်မယ်။
သူမကို ကွမ်းမိသားစုက အစကတည်းက လက်မခံခဲ့ဘူးဆိုတာကို သိရှိနေသင့်တယ်။ အခုချိန်မှာ ကျောင်းအုပ်ကြီး ကွမ်းနဲ့ သူ့ရဲ့ဇနီးသည်ကပါ ဒီမှာ ရှိနေခဲ့တယ်။ သူမက ဆုဆုကို တိုင်တမ်းဖို့အတွက် မတ်တပ်ထရပ်မလာခဲ့ရင်တောင် သူတို့တွေ သူမကို မုန်းတီးသွားမှာကို ကြောက်လန့်နေလိမ့်မယ်။
ထို့အပြင် လေ့လာမှုအဖွဲ့တစ်ခုမှ အခြားအားလုံး မတ်တပ်ရပ်ပြီး ပြောလာခဲ့ကြတယ်။ ဇာတ်လိုက်မက ရပ်မလာခဲ့ပေမဲ့ ဒီသံတော့ မတူဘဲ ကွဲပြားနေလိမ့်မယ်လို့ မယုံကြည်နိုင်လောက်ဘူးလေ။
သူမအတွက်တော့ ပြန်သွားပြီးရင် လင်းချွမ်ကို ဒီကိစ္စအကြောင်း ပြန်ပြောပြပြီး ဇာတ်လိုက်မက အဆိပ်အတောက်တစ်ခုဖြစ်ကြောင်းသိအောင် ပြောပြရမယ်။ သူတို့နှစ်ယောက် အနာဂတ်မှာ အဆက်အသွယ်မရှိရင် အကောင်းဆုံးပဲ။
**