အခန်း (၁၃၄)
Vol. 14 Ch. 134
သူမ ပြန်ထွက်သွားတာနှင့် ဆုဆုက စားပွဲမှာဝင်ထိုင်လိုက်တယ်။
“ကျွန်မ အခုလိုပြောမယ်ဆိုရင် ရှင် မပျော်မရွှင်ဖြစ်နေလိမ့်မယ်ဆိုတာ သိပါတယ်.. ဒါပေမယ့် ချင်ယွဲ့ယွဲ့ရဲ့ အကျင့်စရိုက်ကို ကျွန်မ သဘောမကျဘူး..
သူက ကျွန်မတို့စက်ရုံကို လာပြီး တက်မက်နေတာပဲ.. ကျွန်မက သဘောကောင်းတယ်ဆိုရင်တောင် လူတွေကို ကျွန်မရဲ့ လည်ပင်းပေါ်ကိုခွစီးပြီး သူတို့ လုပ်ချင်တာမှန်သမျှလုပ်လာမှာကိုတော့ ခွင့်ပြုပေးထားလိမ့်မယ်လို့ မဆိုလိုဘူး..
ကျောင်းမှာတုန်းက သူမရဲ့ တိတ်တဆိတ်တွက်ချက်မှုတွေကို ကျွန်မ လိုက်ပြီးမဖော်ထုတ်ရတဲ့အကြောင်းရင်းက ဆွေမျိုးဆိုတဲ့ မျက်နှာကြောင့်ပဲ.. ဒီတော့ ကျွန်မ သူမကို ဖြေရှင်းရမဲ့ကိစ္စမျိုး ဖြစ်ပေါ်မလာဖို့ကို မျှော်လင့်တယ်”
သူမ ပြောနေတုန်းမှာပဲ လင်းဟိုင် ဝင်လာခဲ့တယ်။ ထိုစကားတွေကိုကြားတော့ သူကလည်း ဝင်ရောက်လှောင်ပြောင်လာခဲ့တယ်။
“ကျွန်တော်က သူမကို မလာဖို့ ပြောခဲ့ပေမဲ့ သူမက အော်ဟစ်ငိုယိုပြီး လူတွေကို ပြသနာရှာနေတယ်လေ.. ဒါနဲ့ သူကလည်း ဝင်ခွင့်ပေးလိုက်တာပဲ.. သူက အဲဒီတစ်ယောက်ကို ပိုက်ဆံစာရင်းကိစ္စတွေကို ဖြေရှင်းဖို့ ဝင်ပါခိုင်းရုံတင်မကဘူး ဒီမှာနေပြီး နေ့လည်၀ာတွေ၊ ညစာတွေပါစားခိုင်းခားတယ်..
သေချာတာပေါ့၊ သူတို့က ဇနီးမောင်နှံတွေပဲလေ.. မကြာခင်မှာပဲ ဒီစက်ရုံက သူတို့ဇနီးမောင်နှံရဲ့ အပိုင်ဖြစ်သွားတော့မှာပဲ”
ဆုဆု ထိုစကားတွေကိုကြားလိုက်ရတော့ အသက်ရှုကြပ်သွားရပြီး ရင်ဘတ်ထဲမှာ တင်းကျပ်လာသလိုမျိုး ခံစားလိုက်ရတယ်။
သူမက လက်ကို ဝှေ့ယမ်းပြီး:
“မေ့လိုက်တော့.. ဒါကို ဆက်မပြောကြရအောင်.. အနာဂတ်မှာ ဒီလိုမျိုး ထပ်ပြီး မဖြစ်စေနဲ့”
သူမ မတ်တပ်ထရပ်လိုက်ပြီး စက်ရုံထဲမှ ပြန်ထွက်လာခဲ့တယ် ။ ဒီစက်ရုံနေရာက သူမရဲ့အိပ်ဆောင်နဲ့ မဝေးလှဘူး။ ဒါကြောင့် လမ်းမှာ ပစ္စည်းတွေကိုပါ တစ်ပါတည်း ဝယ်လာခဲ့တယ်။
သို့ပေမယ့် သူမ ပြန်လာတဲ့အချိန်မှာ သူမရဲ့အိမ်မှ သစ်ပင်အောက်မှာ လေကိုအံတုနေတဲ့ ပန်းဖြူလေးတစ်ပွင့်လို မတ်တပ်ရပ်နေတဲ့ ချင်ယွဲ့ယွဲ့ကို တွေ့လိုက်ရတော့တယ်။
ဆုဆုအနေနဲ့ ဒီအမျိုးသမီးက သူမကို ပြောစရာတစ်ခုခုရှိတဲ့အတွက် ဒီမှာရပ်ပြီးစောင့်နေတာကို သိတာကြောင့် အိမ်တံခါးကိုမဖွင့်ဘဲ မေးလိုက်တယ်။
“နင် ဘာလုပ်နေတာလဲ”
ချင်ယွဲ့ယွဲ့ ပြုံးပြီးပြောလိုက်တယ်။
“ နင်ပြန်လာပြီလား.. ငါ နင့်ကို ပြောစရာရှိလို့.. အခု နင်လည်း ငါ့ကို မတွေ့ချင်ဘူးမလား.. ဒီတော့ ငါ ဇာတ်လမ်းရှည်မဲ့ကိစ္စကို တိုအောင်လုပ်ဖို့ တွေးလိုက်တယ်..
နင်နှင့် နောက်တစ်ယောက်က ပုံမှန် အလုပ်လာလုပ်နိုင်တဲ့ လူတွေမဟုတ်ဘူးလို့ ငါထင်တယ်.. ပြီးတော့ စက်ရုံကို စီမံခန့်ခွဲဖို့အတွက်လည်း အချိန်သိပ်မရှိဘူးမလား..
ဒါပေမယ့် ဒီစက်ရုံကို လှည့်ကြည့်ဖို့က ပင်ပန်းလွန်းတယ်လေ.. ဒီလိုဆိုမှတော့ အရင်တုန်းက နင်တို့ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံအားလုံးကို တုံဟဲကို ဘာလို့ ပြန်မပေးခိုင်းလိုက်တာလဲ.. ပြီးရင် နင်တို့အတွက် လျော်ကြေးနည်းနည်းလောက် ပေး စက်ရုံက သူ့အတွက် ချန်ထားခဲ့လို့ရတယ်”
ဆုဆု သူမရဲ့ခေါင်းက မီးခိုးငွေ့တွေထွက်လာတော့မလို ခံစားလာရတယ်။ သူမက သူမရဲ့ ထူထဲနေပြီဖြစ်တဲ့ခါးပေါ်မှာ လက်တင်ရင်း ပြန်ပြောလိုက်တယ်။
“မြည်းတွေကိုသတ်တဲ့ ရှဲ့မို အကြောင်းကိုပဲ ငါကြားဖူးထားခဲ့တာ.. ဒါပေမယ့် နင့်လိုမျိုး ဒီလောက်ထိ အရှက်ကင်းမဲ့ပြီး အရေပြားမရှိတဲ့ လူကိုတော့ ငါတစ်ခါမှမမြင်ဖူးဘူး.. ဒီစကားက နင့်ရဲ့ ရည်ရွယ်ချက်လား လင်းတုံဟဲရဲ့ ရည်ရွယ်ချက်လား?
“ဒါက... နင်ပြောသလိုမဟုတ်ဘူး.. ငါက နင့်အတွက် တွေးပေးနေတာ...”
“အဓိပ္ပာယ်မရှိတဲ့စကားတွေ ငါ့ရှေ့မှာ လာပြောမနေနဲ့”
ဆုဆု သူမကို လျစ်လျူရှုလိုက်ပြီး အနားမှ ဖြတ်သွားတဲ့ ကောလိပ်ကျောင်းသားကို လှမ်းခေါ်လိုက်တယ်။
“ဒီကအတန်းဖော်က မင်း ငါ့ကိုကျေးဇူးပြုပြီး ကိစ္စတစ်ခုလောက် ကူညီပေးနိုင်မလား”
ထိုကောလိပ်ကျောင်းသားက ဆရာတွေဆီကို ပစ္စည်းတွေ လာပို့ဖို့ ရောက်လာတာဖြစ်ပြီး ဆုဆုရဲ့ ခေါ်သံကို ကြားတော့ ရပ်သွားခဲ့တယ်။
ကျောင်းမှာ ပညာတော်လွန်းပြီး ငယ်ရွယ်ချောမောတဲ့ တဦးတည်းသော ဆရာမတစ်ယောက်ကို သူ့အနေနဲ့ မသိဘဲနေဖို့က မဖြစ်နိုင်ဘူး။
သူက ချက်ချင်းပဲ ပြောလာခဲ့တယ်။
“ဆုလောင်ရှစ်.. ကျွန်တော် ဘာများ ကူညီပေးရမဘဲ”
“မင်းအရှေ့ကိုတည့်တည့်သွားပြီး ဘယ်ဘက်လှည့်လိုက်ရင် မီတာ 500 အကွာလောက် လမ်းလျှောက်လိုက်ရင် သန့်ရှင်းရေးပစ္စည်းထုတ်လုပ်တဲ့စက်ရုံတစ်ခုရှိတယ်.. အဲဒီက စက်ရုံမန်နေဂျာကို သွားခေါ်ပေးပါလား.. သူ့နာမည်က လင်းတုံဟဲတဲ့.. လင်းဟိုင်ဆိုတဲ့လူငယ်လေးလည်းရှိတယ် သူ့ကိုပါ ခေါ်လာခဲ့ပေးပါ”
မင်းအနေနဲ့ ရန်သူကို လုံးလုံးလျားလျား တိုက်ထုတ်ဖို့ဆိုရင် သင့်တော်တဲ့လူတစ်ယောက် ရှာရလိမ့်မယ်။
လင်းဟိုင်ရဲ့ ပါးစပ်နဲ့ဆိုရင် အစွမ်းထက်ပြီး သူသာရှိနေရင် သူမ ကိုယ်တိုင် ရင်ဆိုင်နေစရာမလိုဘူး ။ ဒီတော့ သူမတစ်ယောက်တည်း နာကျင်ခံစားနေစရာမလိုအပ်ဘူး။
ချင်ယွဲ့ယွဲ့: “ဒါက ငါတို့ရဲ့ကြားက ကိစ္စပဲ....”
“ဖီ.. ငါ နင်နဲ့ ပြောနေစရာ ဘာအကြောင်းမှမရှိဘူး.. ငါတို့ သုံးယောက် ဒီစက်ရုံကြီးကို တည်ဆောက်ဖို့ ကြိုးကြိုးစားစား လုပ်ခဲ့ရတယ်.. အဲဒီအချိန်တုန်းက နင့်ရဲ့အရိပ်တောင် မမြင်ခဲ့ရဘူး..
အခု ငါတို့မှာ ရလဒ်တွေ ရနေပြီဆိုတော့ နင်က တစ်ယောက်တည်း အပိုင် သိမ်းထားချင်လာတယ်ပေါ့.. နင့်ကို လူသားတွေရဲ့ အကျင့်စရိုက်နှင့်ကျင့်ဝတ်တွေကို သင်ပေးသင့်ပြီထင်တယ်”
ဆုဆု ချင်ယွဲ့ယွဲ့ကို အေးစက်စွာ ကြည့်လိုက်တယ်။ သူမဆီမှာ ဒီလို အတွေးတွေရှိနေခဲ့ရင် အနာဂတ်မှာ တွေးတောင်မတွေးရဲအောင် လုပ်ရလိမ့်မယ်။
“ဆုဆု စကားကိုကောင်းကောင်းပြောသင့်တယ်.. ဆရာမတစ်ယောက်ဖြစ်ပြီး ရိုင်းဆိုင်းတာတွေပြောမနေနဲ့”
ချင်ယွဲ့ယွဲ့က ပြန်ပြောလာတယ်။
ဆုဆု သူမကို စိုက်ကြည့်လိုက်ပြီး အိမ်တံခါးကိုဖွင့်ကာ ရေနွေးအိုးကို တည်လိုက်ပြီး ဘန်းမုန့်တွေကိုပါ နွှေးထားခဲ့တယ်။ ဒီလိုတည်ထားလိုက်ရင် နွေးနိုင်ပြီး ရေကလည်း အနည်းဆုံး နှစ်နာရီ သို့မဟုတ် သုံးနာရီကြာအောင် ခမ်းသွားမှာမဟုတ်ဘူး။
သူမရဲ့ ဒေါသစိတ်တွေ ပြေလျော့သွားစေဖို့အတွက် ဆုဆု ဘန်းမုန့်တစ်ခုစားလိုက်ပြီး လင်းတုံဟဲနှင့် လင်းဟိုင်တို့ ရောက်လာမဲ့အချိန်ကို စောင့်နေခဲ့တယ်။
ဆုဆုက သူ့ကို ဘာကြောင့် အမြန်ရှာတာလဲဆိုတာကို မသိတာကြောင့် လင်းတုံဟဲ အလျှင်အမြန် ပြေးလာခဲ့တယ်။
“ဆုဆု မင်း ငါ့ကို ဘာလို့ရှာနေတာလဲ?”
သို့သော်လည်း ထိုနေရာမှာ ရပ်ပြီး ငိုနေတဲ့ ချင်ယွဲ့ယွဲ့ကိုမြင်လိုက်ရတော့ သူ နားလည်သွားသလို ခံစားလိုက်ရတယ်။
ချင်ယွဲ့ယွဲ့က ပထမခြေလှမ်းကိုလှမ်းကာ လင်းတုံဟဲဆီသို့ ပြေးသွားပြီး သူ့ရဲ့လက်မောင်းကိုဖက်တွယ်ရင်း ပြောလာတယ်။
“တုံဟဲ.. ကျွန်မက ရှင့်ရဲ့ပါတနာနှစ်ယောက်က အလုပ်ပင်ပန်းနေတယ်လို့ တွေးမိလို့ပါ.. ကျွန်မက သူတို့ကို နားနားနေနေ နေစေချင်လို့လေ.. ကျွန်မလည်း ရှင့်ကို ကူညီပေးလို့ ရတာပဲ.. ဒါပေမယ့် ကျွန်မ ဘာမှ မလုပ်ခဲ့ရဘဲ ဆုဆုက ဒေါသထွက်သွားပြီး ကျွန်မကို ကြိမ်းမောင်းအော်ငေါက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
လင်းတုံဟဲ မျက်မှောင်ကြုတ်လိုက်တယ်။
“ဆုဆု အခု ဘာဖြစ်နေတာလဲ...”
“လင်းတုံဟဲ .. ရှင် ဒီစက်ရုံမှာ ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် ယွမ် (500) ကျော် ရင်းနှီးမြှုပ်နှံထားတယ်.. ဒီရက်ပိုင်း ရှင့်ရဲ့ ကြိုးစားမှုတွေအတွက် ထပ်တိုးပြီးတော့ စုစုပေါင်း ယွမ်ငွေ (2,000) ပေးလိုက်မယ်.. ကျေးဇူးပြုပြီး စက်ရုံက ထွက်သွားပေးပါ.. ဒီကို ထပ်မလာခဲ့နဲ့”
ဆုဆုက ဘာကိုမှမရှင်းပြခဲ့ဘဲ သူ ရောက်ရှိလာချိန်မှာပဲ ပြောလိုက်တယ်။
“ဘာလဲ?”
လင်းတုံဟဲနှင့် ချင်ယွဲ့ယွဲ့တို့ တစ်ချိန်တည်းတွင် အံ့သြထိတ်လန့်သွားကြတယ်။
လင်းတုံဟဲက အနည်းငယ် မျက်မှောင်ကြုတ်ရင်း ပြောလာတယ်။
“ဆုဆု ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မင်းဒီလို လုပ်လို့မရဘူးလေ.. စက်ရုံကို ဆောက်တဲ့အချိန်တုန်းက လူတိုင်းက အများကြီး အနစ်နာခံပြီး ဒီစက်ရုံကို ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့အတွက် ကြိုးစားခဲ့ကြတာ.. အခု ပိုကောင်းလာတဲ့အချိန်ကျမှ မြည်းကို ဒီလိုမျိုး သတ်ရတာ ကောင်းတယ်လို့ထင်လား”
“အဲဒါက တကယ်မကောင်းဘူး.. တကယ်လို့ မကောင်းဘူးဆိုရင် နင်တို့ကတော့ ပြောနိုင်ပေမယ့် ငါဘက်က ဘာလို့ မလုပ်နိုင်ရတာလဲ”
ဆုဆု လှောင်ရယ်လိုက်ပြီး ဘေးတစ်ဖက်မှ ချင်ယွဲ့ယွဲ့ကိုကြည့်လိုက်တယ်။
“ငါအဲလို ဆိုလိုတာမဟုတ်ဘူး...”
ချင်ယွဲ့ယွဲ့ ချက်ချင်း ပြန်ပြောလာတယ်။
ဆုဆု :”နင်က ဘာကို မဆိုလိုတာလဲ.. နင်က ငါတို့ကို အမြတ်ငွေအတွက် ပိုက်ဆံတောင် မပေးခဲ့သေးဘူးနော်.. အနည်းဆုံး ငါက လင်းတုံဟဲကို နည်းနည်းလောက် ထောက်ပံ့ကြေးပေးခဲ့သေးတယ်”
“ဘာတွေဖြစ်တာလဲ?”
လင်းတုံဟဲ တစ်ခုခုမှားနေပြီလို့ ခံစားမိပြီး မေးလိုက်တယ်။
ဆုဆု: “ရှင့်ရဲ့ ကောင်းမွန်ထက်မြတ်လွန်းတဲ့ ဇနီးသည်က ကျွန်မဆီကိုလာပြီး ကျွန်မနှင့် ပိုင်လင်းလင်းက အလုပ်ပင်ပန်းနေလောက်တယ်လို့ ခံစားရတဲ့အတွက် သူက ကျွန်မတို့ဆီ ကိုပိုက်ဆံပြန်ပေးပြီး စက်ရုံကို ရှင်တို့နှင့်ချန်ထားဖို့ ပြောခဲ့တယ်”
သူမက ချင်ယွဲ့ယွဲ့ကို လှမ်းကြည့်နေခဲ့ပေမဲ့ ဇာတ်လိုက်က ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိချင်နေခဲ့တယ်
တကယ်လို့ သူသာ ဇာတ်လိုက်မဘက်က ပါနေဦးမယ်ဆိုရင် စက်ရုံက သူမရှိဘဲ ကောင်းကောင်းအလုပ်မဖြစ်နိုင်ဘူးဆိုရင်တောင် လုပ်သင့်တာကိုတော့ လုပ်ရလိမ့်မယ်။
ဆုဆုရဲ့စကားကို နားထောင်ပြီးနောက် လင်းတုံဟဲရဲ့ စိတ်ထဲမှာ ရှင်းလင်းသွားခဲ့ရတယ်။ သူက ချင်ယွဲ့ယွဲ့ကို ပြန်ကြည့်ကာ မေးလိုက်တယ်။
“မင်းဘယ်အချိန်ကတည်းက ဒီလိုမျိုးဖြစ်လာတာလဲ.. ဒီရက်အနည်းငယ်အတွင်းမှာ မင်းရဲ့ လုပ်ကိုင်မှုတွေကြောင့် မင်းက အမှန်တကယ်ရိုးသားပြီး ကောင်းမွန်တဲ့ဘဝကို လိုချင်နေရုံပဲလို့ ငါအမြဲတမ်းတွေးခဲ့မိတာ.. ဒါပေမယ့် အခုတော့ အဲဒါ အရာအားလုံးက အလကားအထင်လွဲနေခဲ့သလိုပဲ.. မင်းက အရင်တုန်းကအတိုင်းဖြစ်နေတုန်းပဲ.. ဘာမှမပြောင်းလဲခဲ့ဘူး”
“မဟုတ်ပါဘူး.. ဆုဆုက အခုလို ဗိုက်ကြီးနှင့်ဖြစ်နေတာ.. သူမအတွက်အတွက် အနားယူနေတာက ပိုမကောင်းဘူးလား
ချင်ယွဲ့ယွဲ့က ငိုကြွေးရင်းနှင့် အလေးအနက် ပြောလိုက်တယ်။ သူမက ဒီလိုမျိုး အမှန်တကယ် တွေးထားခဲ့တယ်။ သူမရဲ့ ခင်ပွန်းသည်က လုပ်နိုင်စွမ်းရှိပြီး ဒီလိုစက်ရုံကြီးတစ်ခုကို ဆောက်နိုင်ခဲ့တယ်။ အခုအချိန်ကစပြီး သူမက စက်ရုံပိုင်ရှင်ရဲ့ ဇနီးဖြစ်လာတော့မယ်။
ကျောင်းမှာတုန်းက ဆင်းရဲနွမ်းပါးတဲ့ ကောလိပ်ကျောင်းသားတွေကို ဆက်ဆံပုံကို သူမ ဂရုစိုက်နေဆဲပဲ။ သူမက တကယ်ဆင်းရဲပြီး ကြောက်လန့်ခဲ့ရတယ်။ ကျောင်းမှ ကျောင်းသားတွေအများကြီးက သူမ ပိုက်ဆံမသုံးနိုင်တာကို ရယ်မောနေကြလိမ့်မယ်။
သူမအနေနဲ့ အရင်တုန်းက စိတ်ကူးယဥ်ဆန်တဲ့အချစ်ရေးကို တွေးခဲ့ပေမဲ့ ကောလိပ်တက်ပြီးနောက်မှာတော့ လက်ထဲမှာ ပိုက်ဆံရှိမှသာ သူမလိုချင်တာတွေ ရရှိနိုင်မှာကို သိရှိလာခဲ့တယ်။
သူမက လင်းတုံဟဲရဲ့ နောက်ခံပြောင်းလဲသွားပြီးတဲ့အချိန်မှာ သူမသည်လည်း အပြောင်းအလဲကိုခံစားရလိမ့်မယ်လို့ တွေးတောခဲ့တယ်။
သို့ပေမဲ့ ကွမ်းမိသားစုက သူမအပေါ် ရင်းနီးလိုတဲ့ဆန္ဒတွေမရှိဘဲ နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့် ကျောင်းမှာမိသားစုရဲ့ဂုဏ်သတင်းကို ထုတ်ဖော်ပြီး ကြွားဝါရဲခြင်းမရှိခဲ့ဘူး။ အဆုံးမှာ ကျောင်းအုပ်ကြီးကွမ်းကလည်း ထိုနေရာမှာ ရှိနေသေးတယ်လေ။
လင်းတုံဟဲနဲ့ စစ်အေးကာလအတွင်းမှာပဲ ချင်ယွဲ့ယွဲ့တစ်ယောက် လင်းတုံဟဲက စက်ရုံအမျိုးအစားတစ်ခုတည်ထောင်ပြီး လည်ပတ်နေတဲ့အကြောင်း ကြားတာနဲ့ ထိုစက်ရုံကအောင်မြင်လုနီးပါး ဖြစ်နေပြီဆိုတာတွေကို ကြားခဲ့ရတယ်။
ဒီလိုဆိုရင် ကွမ်းမိသားစုက သူမကို အသိအမှတ်မပြုရင်တောင် လင်းတုံဟဲက သူမကို ချစ်ပြီး သူ့ဆီမှာအရည်အချင်းတွေရှိသရွေ့ သူတို့တွေ အနှေးနဲ့အမြန်ဆိုသလို သူမကို ကြည့်လာဖို့ လုပ်နိုင်လိမ့်မယ်။
ဒါကြောင့် သူမက ကွမ်းမိသားစုဘက်မှ လင်းတုံဟဲဘက်သို့ ပြန်လှည့်လိုက်ပြီး သူ ထိုစက်ရုံကို တည်ဆောက်ထားတာကို ဝန်ခံအောင်လုပ်ခဲ့ကာ စက်ရုံရဲ့အတွင်းပိုင်းမှ အတိုင်းအတာတွေကို ကြည့်ရှုခွင့်ရအောင်လုပ်ခဲ့တယ်။
စက်ရုံကို လူ သုံးယောက်နှင့် တည်ထောင်ထားခဲ့ပြီး ထိုအထဲမှာ ဆုဆုဆိုတဲ့ အမျိုးသမီးနဲ့လည်း ပါဝင်နေတယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ သူတို့ကို မောင်းထုတ်လိုက်ရုံပဲလေ။
အထူးသဖြင့် သူမ စက်ရုံကိုရောက်တဲ့အချိန်မှာ အလုပ်သမားတွေက ထုတ်လုပ်မှုကို အလွန်အလေးအနက်ထားကြတာကိုတွေ့ခဲ့ရတယ်။ ထို့နောက် စာရင်းတွေကို သွားပြီးစစ်ဆေးကြည့်ချိန်မှာလည်း လစဥ်သုံးပစ္စည်းတွေက ဘယ်လောက်ထိရောင်းကောင်းလဲဆိုတာကို သိရှိသွားခဲ့တယ်။ တစ်နေ့ကို အနည်းဆုံး ယွမ် (၇၀၀) ဒါမှမဟုတ် (၈၀၀) လောက် ဝင်နေခဲ့ပြီး ဒီလိုနှုန်းနှင့်ဆိုရင် သူတို့ မကြာခင် ချမ်းသာလာလိမ့်မယ်။
ဒီလိုအခြေအနေမျိုးမှာ သူမ ဆုဆုနှင့် တခြားသူတွေကို သည်းမခံနိုင်တော့ဘူး။ ရရှိတဲ့ အမြတ်ငွေတချို့ကို သူတို့ဆီကို ခွဲဝေပေးရမှာက နှမျောစရာကောင်းလွန်းတယ်။
ဒါကြောင့်ပဲ ဒီလို အကြံအစည်မျိုးရှိလာခဲ့တာ။
ဒါပေမယ့် ဆုဆု အဲဒါကို ဆန့်ကျင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေမဲ့ ဒါကလည်း ပြသနာမဟုတ်ဘူး။ သူတို့သာ မကျေမနပ်ဖြစ်သွားခဲ့ရင် အနှေးနဲ့အမြန် လမ်းခွဲသွားကြလိမ့်မယ်။
သို့ပေမဲ့ လင်းတုံဟဲကပါ သူမကို ဒီလိုမျိုးပြောလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
သူမ အလွန်အမင်း မနှစ်မြို့နိုင်ဖြစ်သွားရပေမဲ့ သူ့ကိုချော့မော့ရဦးမယ်။
ယောက်ျားတွေက ချမ်းသာလာတဲ့အချိန်မှာ ကွဲပြားသွားပြီလေ။