(77 .1)
Vol. 8 Ch. 77
ဆုဆုရဲ့မျက်လုံးတွေက ဇာတ်လိုက်မင်းသမီးဆီကို တမင်သက်သက် ဒါမှမဟုတ် မရည်ရွယ်ပဲ ကြည့်မိနေခဲ့ပေမဲ့ သူမဆီမှာ တစ်ဖက်လူကို ယုတ်မာလိုတဲ့ စိတ်ထားကတော့ ရှိမနေခဲ့ဘူး။
သူမ ဘာလုပ်ချင်နေတာလဲဆိုတာကို သိချင်ရုံသက်သက်ပဲ။ ထို့နောက်မှာ တစ်ဖက်လူရဲ့ အကြည့်တွေက မီးပုံးအကပွဲရှိရာဘက်သို့ ရှိမနေခဲ့ပဲ ရထားဂိတ်ဆီသို့ သာ အလျင်စလိုကြည့်နေတာကိုတွေ့ခဲ့ရတယ်။
သူတို့ရဲ့ကွန်မြူနတီမှ ခရိုင်ရုံးစိုက်ရာသို့သွားဖို့အတွက် တစ်နေ့ကို ရထားနှစ်စီးပဲရှိပြီး ရထားတွေက ညဘက်မှာသာပြန်လာလေ့ရှိကြတယ်။
အခုအချိန်မှာထွက်မှာက နောက်ဆုံးရထားဖြစ်ပြီး ရထား ပြန်လာတဲ့အချိန်မှာ ညဘက်ကိုရောက်နေလောက်ပြီ။ များသောအားဖြင့် သူမက အစောပိုင်းရထားကိုပဲ စီးဖြစ်တာမလား။
ဆုဆု အချိန်ခဏလောက် တစ်ခုခုကို စဥ်းစားခဲ့ပြီးနောက် ဇာတ်လိုက်မက သူ့ဆီမှာ ကိုယ်ဝန်ရှိလားဆိုတာကို စစ်ဆေးဖို့ ဆေးရုံကိုသွားတာဖြစ်လောက်တဲ့အကြောင်းကို တွေးမိလာရတယ်။ ခရိုင်မြို့ကဆေးရုံမှာဆိုရင် သူ့ဆီမှာ ကိုယ်ဝန်ရှိနေလားဆိုတာကို သွေးစစ်ချက်တစ်ခုတည်းနဲ့ သိရှိနိုင်လိမ့်မယ်။ သူမက ဒီနည်းလမ်းကို ကြိုတင်စဥ်းစားထားတဲ့ပုံပဲ။
ဇာတ်လိုက်မဆီကနေ မျှော်လင့်ထားတဲ့အတိုင်းပဲ။ တစ်ခါတလေမှာ ဥာဏ်အလွန်ပြေးလွန်းတယ်။ အထူးသဖြင့် ဒါက အချိန်ကို အလွန်တင်းကြပ်စွာကို စီမံထားသေးတာ။
သူမသာ ဇာတ်ကြောင်းကိုမသိခဲ့ရင် ဇာတ်လိုက်မ ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာဆို သတိထားမိတော့မှာမဟုတ်ဘဲ မီးပုံးအကကိုကြည့်ဖို့သက်သက် ဒီရောက်လာတယ်လို့ ထင်မိခဲ့လိမ့်မယ်။
ထိုအကြောင်းကို စဥ်းစားနေချိန်မှာပဲ သူမရဲ့ခန္ဓာကိုယ်က ရုတ်တရက် အပွေ့ဖက်ဖက်ခံလိုက်ရပြီး ဘေးဘက်သို့ အဆွဲခံလိုက်ရတယ်။
ထို့နောက် လင်းချွမ်ရဲ့ ကူကယ်ရာမဲ့စွာပြောလာတဲ့စကားသံကိုကြားလိုက်ရတယ်။
“ ဒီလောက်လူအုပ်ကြီးကို မမြင်လိုက်ဘူးလား.. စိတ်တွေပျံ့လွင့်နေတာလား?”
သူ့ရဲ့ ပူပူနွေးနွေးဇနီးလေးသည်လေးက နည်းနည်းလောက် တုံးအ,ပုံရပေမဲ့ မနေ့ညတုန်းက ကိစ္စကြောင့် ခုချိန်ထိ အင်အားတွေပြန်မပြည့်သေးတာကြောင့်လည်း ခုဖြစ်နိုင်တယ်။ ဒါကြောင့် သူမရဲ့တုံ့ပြန်မှုက အနည်းငယ်လောက် နှေးကွေးနေတာဖြစ်လိမ့်မယ်။
“ ဟီးဟီး”
ဆုဆု ရယ်လိုက်ပြီးနောက် မီးပုံးအက လှေကြီးကိုကြည့်ရန် လင်းချွမ်နောက်သို့ လိုက်သွားခဲ့တယ်။ သူမက တကယ်ကိုတုံးအတာပဲ။ ဘာကြောင့် တခြားလူတွေရဲ့ကိစ္စတွေမှာ ဝင်ပါနေရတာလဲ? သူမရဲ့ ချစ်သူနဲ့ အခုလို ချိန်းတွေ့ဖို့ဆိုတာက အလွန်ရှားပါးတဲ့အချိန်ပဲလေ။ သူ့ရဲ့အနားကိုကပ်နေတာ ပိုမကောင်းဘူးလား။
ထို့နောက် သူတို့နှစ်ယောက်လုံး အကလှေကြီး သွားနေတာကို ကြည့်ဖို့အတွက်ပဲ အာရုံစိုက်ထားခဲ့ကြတယ်။
ဒီဘက်ခေတ်မှာ တစ်ခုကောင်းတာကတော့ ရှေးဟောင်းတရုတ်ရိုးရာရဲ့ ပွဲတော်အသွင်အပြင်တွေ ပြည့်နှက်နေတာပဲ။
လူတွေက ဆင်းရဲကြပေမဲ့ အကလှေကြီးအဖြစ်ပြေးဆွဲတဲ့ သင်္ဘောလေးတွေကိုတော့ ကောင်းကောင်းလုပ်ထားခဲ့ကြတယ်။
သူတို့တွေက လှည့်ပတ်နေရုံတင်မကဘဲ တေးသီချင်းတွေတောင်ဆိုလိုက်ကြသေးတယ်။
ခြေထောက်သေးသေးလေးတွေနဲ့ အမျိုးသမီးပုံစံဝတ်စားထားတဲ့ အမျိုးသားတစ်ယောက်လည်းရှိကာ သူက ဆေးတံနဲ့အတူ လှည့်ပသရုပ်ဖော်ရင်း လူတွေ ခါးတောင်မတည့်နိုင်ဘဲ ရယ်မောလာတဲ့အထိ ကြိုးစားသရုဖော်ပြနေခဲ့တယ်။
ဆုဆုလည်း လိုက်ပါရယ်မောလိုက်ပြီး ဒီလိုဖျော်ဖြေမှုမျိုးက သဘာဝပိုကျပြီး စတိတ်စင်တွေပေါ်မှာ ဖျော်ဖြေတာတွေထက် ပိုပြီးရယ်ရတယ်လို့ခံစားမိတယ်။
သူမ ရယ်ပြီးရင်း ရယ်မောနေခဲ့ကာ ခါးအဆစ်တောင်လွဲသွားတော့မလိုပဲ။
တကယ်တော့ ခါးအကြောတင်တာကြောင့်သက်သက်ကြောင့်တော့မဟုတ်ဘူး။
မနေ့ညက လှုပ်ရှားတာများသွားလို့လည်းဖြစ်နိုင်ပြီး သူမရဲ့ခါးက တစ်နေ့လုံး နာနေခဲ့ကာ ရုတ်တရက်ခါးအကြောတင်သွားတော့ ပိုပြီးနာကျင်သွားခဲ့ရတယ်။
ဆုဆု ပြုံးရယ်နေရင် မျက်ရည်တွေဝဲတက်လာရပြီး သူမ မျက်ရည်တွေကိုသုတ်ရင်း ခါးကိုဖိထားလိုက်မိတယ်။
“ သွားပြီ.. ကျွန်မရဲ့ ခါးအရမ်းနာနေပြီ.. ထပ်ထပ်မရယ်ရဲတော့ဘူး”
“ ခါးနာတာလား?”
ဘာမှလည်းမလုပ်ဘဲ ဘာလို့ရုတ်တရက်ကြီးနာသွားတာလဲ?
လင်းချွမ်ဟာ ထိုသို့တွေးလိုက်ပြီးနောက် သူ မနေ့ညတုန်းက တစ်စုံတစ်ယောက်ရဲ့ကျစ်လျစ်တဲ့ခါးကို မယုံနိုင်ဖွယ်ရာကောင်းလောက်တဲ့အထိ ကွေးညွတ်သွားအောင်လုပ်ခဲ့တာကို ပြန်လည်သတိရသွားရတယ်။
သူ့ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်တယ်။
“ ခဏစောင့်ဦး”
လင်းချွမ်က ဘယ်နေရာကမှန်း မသိရတဲ့ တစ်နေရာမှ ခွေးခြေလေးရှာတွေ့ခဲ့ပြီးနောက် ဆုဆုကို ထိုခုံမှာထိုင်ဖို့ ပြောလာတယ်။
“ ဒီမှာထိုင်ပြီးကြည့်လိုက်လေ”
သူတို့က နေရာကောင်းမှာရထားတဲ့အတွက် ထိုင်ပြီး ကြည့်ရင်လည်း အဆင်ပြေတယ်။
ဆုဆု ခုံမှာထိုင်လိုက်ပြီး လင်းချွမ်ရဲ့သန်မာတောင့်တင်းတဲ့ ကိုယ်မှာ မှီရင်းနဲ့ ဆက်ကြည့်နေခဲ့တယ်။ အချိန်အတော်ကြာတော့ လင်းဟိုင်က ဟော်သွန်းသီးတုတ်ထိုးတွေ ဝယ်လာပြီး သူတို့ကိုပေးလာတယ်။ အရသာက ချိုချိုချဥ်ချဥ်လေးရှိပြီး အတော်လေး စားလိုကောင်းတယ်။
အရာအားလုံး ပုံမှန်အတိုင်း ဆက်ရှိနေခဲ့တယ်။
အချိန်တွေကုန်တာက အလွန်မြန်ပြီး အမှောင်ရိပ်သမ်းလာခဲ့ပြီ။ ကွန်မြူနတီမှာ လျှပ်စစ်ဓာတ်အားတွေရှိပြီး လမ်းဆုံတွေမှာ မီးလုံးကြီးတစ်ခုစီရှိတာကြောင့် လူတိုင်း ရှင်းရှင်းလင်းလင်းမြင်နေရတယ်။
ဆုဆုက အချိန်အတော်ကြာထိုင်ပြီးတဲ့နောက်မှာ နေရခက်လာတာကြောင့် လင်းချွမ်က သူမကို တစ်စုံတစ်ယောက်ရဲ့အိမ်မှာ ခဏလောက်အနားယူဖို့ ခေါ်သွားပေးခဲ့တယ်။
အပြင်မှာမတ်တပ်ရပ်နေမယ်ဆိုရင် အတော်လေးအေးလွန်းတယ်လေ။
သူတို့တွေ အညောင်းအညာပြေပြီးနောက်မှာတော့ အိမကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ညမှောင်သွားရင် ဒီတောင်လမ်းပေါ်လမ်းက သွားလာရခက်ခဲလိမ့်မယ်။
ကံကောင်းတာက မြည်းတွေက မှတ်ဥာဏ်ကောင်းပြီး ညဘက်မှာလည်းအမြင်အာရုံကောင်းမွန်တယ်။ ဒါကြောင့် လင်းချွမ်က သူမကိုနှစ်သ်ိမ့်ပေးပြီးတဲ့နောက်မှာ ဆုဆု စိတ်သက်သာရာရသွားခဲ့ပြီး သိပ်မကြောက်တော့ဘူး။
လင်းချွမ်က ပြောခဲ့တယ်။
“ ကိုယ်တို့တွေ မြန်မြန်မပြန်ဘူးဆိုရင် ဒီမြည်းကြီးက ကိုယ်တို့ကိုအိမ်အထိခေါ်သွားပေးနိုင်တယ်”
“ တကယ်လား?”
ဆုဆုက မယုံကြည်နိုင်ဖြစ်နေပေမဲ့ လင်းချွမ်က ပြောလာခဲ့တယ်။
“ မင်းဘာလို့ မစမ်းကြည့်တာလဲ”
ဆုဆု ခေါင်းကို ခါရမ်းလိုက်တယ်။ ဘာမှလုပ်စရာမရှိဘူးဆိုတိုင်း အကုန်လုံးကိုစမ်းသပ်နေလို့မဖြစ်ဘူး။ မတော်တဆ ချောက်ထဲကိုပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ?
လင်းရှန်က လှည့်ပတ်ကြည့်လိုက်ပြီး သူတို့တွေ အိမ်ကိုပြန်ဖို့ လုပ်နေတာကို မြင်တော့ ထူးဆန်းသလိုခံစားရစွာနဲ့ ပြောလိုက်တယ်။
“ အစ်မချင်ရော? ကျွန်တော်တို့တွေ သူနဲ့ အတူပြန်ဖို့ စောင့်နေပေးမှာမဟုတ်ဘူးလား”
လင်းချွမ် မျက်မှောင်ကြုပ်လိုက်တယ်။ သူက သူ့ရဲ့ စေ့စပ်သူဟောင်းအကြောင်းကို သူ မေ့နေခဲ့တာပဲ။
အထူးသဖြင့် သူက သူ့ရဲ့ဇနီးလေးနဲ့အလွန်ကိုချိုမြိန်နေတဲ့အချိန်မျိုးမှာ တခြားမိန်းမအကြောင်းကို ထည့်သွင်းပြောလာတာ သဘောမကျဘူး။
ဒါပေမဲ့ စစ်သားတစ်ယောက်အနေနဲ့ သူ မိန်းကလေးတစ်ယောက်ကို တစ်ယောက်တည်း ချန်မထားခဲ့နိုင်ဘူးလေ။ ဒါကြောင့် သူ လှည့်ပတ်ရှာကြည့်လိုက်တယ်။
ဆုဆုကတော့ သူတို့တွေ လိုတာထက်ပိုလုပ်နေသလိုမျိုးခံစားမိတာကြောင့် ဝင်ပြောလိုက်တယ်။
“ ချင်ယွဲ့ယွဲ့က ရထားဘူတာရုံဆီကိုသွားတဲ့ပုံပဲ.. သူမက ခရိုင်မြို့ကို သွားမှာနဲ့တူတယ်.. ဒီတော့ သူက ပြန်လာလောက်သေးမှာမဟုတ်ဘူး.. ရှင်တို့တွေ မလိုအပ်ပဲလိုက်ရှာနေတာ”
“ ခရိုင်ရုံးကိုသွားတတာလား.. ဒါဆို သူမက ညနေခြောက်နာရီမှ ပြန်လာလို့ ရတော့မှာမလား?”
လင်းဟိုင် မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“ အခုမှလေးနာရီပျော်ပဲ ရှိသေးတယ်လေ.. သူမ ပြန်လာတာကို တစ်နာရီကျော်အောင်စောင့်နေရဦးမှာလား”
ပွင့်ပွင့်လင်းလင်းပြောရရင် သူကတော့ မစောင့်ပဲ သွားချင်နေပြီ။
ဒါပေမဲ့ ထုတ်မပြောရဲခဲ့ဘူး။ သူက သူ့အစ်ကိုကြီးကိုသာ လှမ်းကြည့်လိုက်တယ်။
“ စောင့်ကြတာပေါ့”
လင်းချွမ်က မည်းမှောင်နေတဲ့မျက်နှာနဲ့ပြန်ပြောလိုက်တယ်။
တကယ်တမ်းမှာ သူသည်လည်းစောင့်ဆိုင်းချင်စိတ်မရှိဘူး။ ဒါပေမဲ့ သူတို့တွေပြန်လာတဲ့အချိန် သူမဆီမှာတစ်ခုခုဖြစ်သွားရင် သူတို့ပဲ ပြသနာတက်လိမ့်မယ်။
ဒါကြောင့် လင်းမိသားစုမှ ညီအစ်ကိုသုံးယောက်နဲ့ဆုဆုတို့က ဖျော်ဖြေပွဲကိုသာ အြန်သွားကြည့်ရင်း စောင့်နေခဲ့ကြတယ်။
အိမ်အတူပြန်ဖို့ မြည်းလှည်း လမ်းကြုံလိုက်ဖို့ပြောထားတဲ့ တစ်ရွာတည်းသားနှစ်ယောက်လည်း ရှိပေမဲ့ မစောင့်နိုင်တော့တာကြောင့် ခြေလျင်ပြန်သွားခဲ့ကြတယ်။ အဆုံးမှာ အချိန်က မှောင်နေပြီဖြစ်ပြီး သူတို့တွေအိပ်ချင်နေပြီလေ။
ဆုဆုလည်း သမ်းဝေလာပြီ။ သူမတစ်နေ့လုံးအိပ်ခဲ့ပေမဲ့ မနေ့ညတုန်းက တစ်ညလုံးအလုပ်လုပ်ခဲ့ရပြီး ပင်ပန်းထားခဲ့ရတာကြောင့် ထပ်ပြီးသည်းမခံနိုင်တော့ဘူး။
လင်းချွမ် အနည်းငယ်စိတ်ပူနေခဲ့ပြီး ပြောလာခဲ့တယ်။
“ အေးနေပြီလား.. ကိုယ် မင်းကိုအရင် ပြန်လိုက်ပို့ပေးပြီးမှ ကိုယ်တို့သုံးယောက်ပဲစောင့်နေလိုက်မယ်လေ “
“ ရပါတယ်.. သူမ မကြာခင် ရောက်လာလောက်တော့မှာပါ”
ဆုဆု စာအုပ်ထဲမှ အမျိုးသားဇာတ်ပို့ရဲ့စရိုက်နဲ့ပတ်သက်ပြီး အမြဲတမ်း စိတ်ကျေနပ်နေခဲ့တယ်။ ပြောရရင် စစ်သားတစ်ယောက်က အဓိကဇာတ်လိုက်လိုမျိုး နတ်ဆိုးဆန်မှုနဲ့ ဆွဲဆောင်မှုရှိတာတွေ ရောနေမှာမဟုတ်ဘူး။ ဒီပြည်နယ်ကို ပြန်လည်လက်လွှဲယူခဲ့ပြီးနောက်မှာ ပညာတတ်တွေရဲ့ သုံးဖက်အမြင်တွေက အတော်လေး အကောင်းမြင်တတ်တဲ့ဘက်ကို ရောက်လာခဲ့တယ်။
ခဏလေး။ နောက်ဆုံးတော့ ပျောက်ဆုံးနေတဲ့ ဇာတ်လိုက်မ ပြန်လာနေတာကိုတွေ့လိုက်ရပြီ။ သူမရဲ့အသံက အနည်းငယ်တုန်ယင်နေခဲ့တယ်။
“ အာ..ကျွန်မကိုစောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်”
ထို့နောက် သူမက လှည်းထဲသို့ ဝင်လာခဲ့ပြီး သူမရဲ့ပုံစံက အလွန်စိုးရိမ်ပူပန်သလိုဖြစ်နေလဲ့တယ်။
“ မင်း ဘာလို့ ဒီလိုမျိုးဖြစ်နေရတာလဲ.. ခရိုင်မြို့ကို ဘာသွားလုပ်ခဲ့တာလဲ”
လင်းဟိုင်က ဖုံးကွယ်ဖို့ကိုမသိဘဲ တည့်တိုးပဲမေးလိုက်တယ်။
“ ငါ.. ငါ ခရိုင်မြို့ကိုမသွားခဲ့ပါဘူး..ငါလမ်းပျောက်နေခဲ့တာ”
ချင်ယွဲ့ယွဲ့က ထိတ်လန့်စွာနဲ့ အလျှင်အမြန် ရှင်းပြလာခဲ့တယ်။
“ ကောင်းပြီ ပြန်ရအောင်”
ဆုဆုက လင်းချွမ်ကိုကြည့်လိုက်တယ်။ လင်းချွမ်က လင်းဟိုင်ကိုလှမ်းကြည့်လိုက်ပြီး :
“ လှည်းကို မင်းမောင်းလိုက်တော့”
“ အိုး”
လင်းဟိုင်က သူ့အစ်ကိုကြီး လှည်းမောင်းဖို့အတွက် အရှေ့မှာထိုင်မှာကို စိုးရိမ်နေခဲ့တာ။
လင်းချွမ်က ဆုဆုကို သူ့ရဲ့ကုတ်အင်္ကျီနဲ့လွှမ်းခြုံပေးလိုက်ပြီး သူမရဲ့အနောက်မှာဝင်ထိုင်လိုက်တယ်။ ဒါမှ လေတိုက်ရင် ဆုဆု အလွန်အေးစက်မနေမှာ။
ဒီတောင်တွေရဲ့ညဘက်အခြေအနေက နေ့လည်ဘက်နဲ့မတူဘူး။ လင်းချွမ်က သူ့ရဲ့ဇနီးလေးအေးနေမှာကို စိုးရိမ်နေခဲ့တာကြောင့် တခြားလူတွေ သူ့ကိုကြည့်နေတာကိုဂရုမစိုက်ဘဲ သူ့မကိုပွေ့ဖက်ပြီး လေကာပေးထားခဲ့တယ်။
သူ့ရဲ့ကုတ်အင်္ကျီက သူ့ရဲ့လက်မောင်းထဲမှာရှိနေတဲ့ အမျိုးသမီးကို ထည့်ထားဖို့အတွက် ကောင်းကောင်းကြီးကိုလုံလောက်အောင် ကြီးမားတယ်။
သူ့ရဲ့ဇနီးလေးက သေးငယ်လွန်းတယ်လို့ပြောရမယ်။ သူမက အရွယ်ရောက်ပြီးနေပြှပေမဲ့ သူ့ရဲ့လက်မောင်းထဲမှာ ထွေးပွေ့ထားတဲ့အချိန်မှာ သူမရဲ့ ခြေထောက်တွေတောင်မပေါ်အောင်ဖက်ထားလို့ရနိုင်တယ်။
ချင်ယွဲ့ယွဲ့ကတော့ သံသယအဝင်ခံရမှာာကို ကြောက်ရွံ့နေခဲ့တယ်။ လင်းဟိုင်က တခြားလူတွေကို ပြောပြလိုက်မှာကို စိတ်ပူနေခဲ့တယ်။
နောက်ပြီး ဆေးရုံမှာတုန်းက ကိုယ်ဝန်ဖျက်ချဖို့အတွက် သောက်ဆေးနဲ့ ခွဲစိတ်မှုအတွက်ဆိုရင် ခင်ပွန်းသည်ရဲ့ လက်မှတ်ထိုးပေးဖို့ လိုအပ်လိမ့်မယ်လိာ့ မထင်ထားခဲ့ဘူး။
သူမသာ လင်းတုန်ဟဲ့ကို ဆေးရုံသို့ ခေါ်သွားခဲ့မယ်ရင် ထိုသူက သူမကို သေချာပေါက်လက်ထပ်ဖို့ပြောလာလိမ့်မယ်။ ဒါပေမယ့် သူမ တခြားယောကျာ်းတစ်ယောက်ကို ခေါ်သွားခဲ့မယ်ဆိုရင်လည်း ဒီကိစ္စကပြန့်နှံ့သွားပြီး သူမရဲ့ ဂုဏ်သတင်းပျက်စီးသွားမှာကို စိတ်ပူခဲ့တယ်။
ထိုအချိန်မှာပဲ ရုတ်တရက် ဆုဆုကို ကာကွယ်ပေးနေတဲ့ လင်းချွမ်ကိုမြင်လိုက်ရတယ်။ ဒီလူက သူ့ရဲ့စကားကို အမြဲတည်တဲ့ စစ်သားတစ်ယောက်ပဲ။ အရင်တုန်းကလည်း သူမ တောင်းဆိုတာတွေက ဘယ်လောက်ပဲ ခက်ခဲပါစေ ဖြည့်ဆည်းပေးခဲ့တယ်။
သူမက သူ့ကို တောင်းဆိုမှုအနည်းငယ်သာလုပ်ခဲ့ပေမဲ့ သူက ထိုတောင်းဆိုမှုတွေ အားလုံးကို ဖြည့်ဆည်းပေးခဲ့တယ်လေ။