အခန်း (၁၀၃)
Vol. 11 Ch. 103
“ငါက သူမနဲ့အတူ တစ်ရွာတည်းမှာ နေဖူးခဲ့ရုံပဲ.. ဒီတော့ မင်းမှာ ကိစ္စတစ်ခုခုရှိလို့လား”
“ငါ မေးချင်တာက.. မင်းတို့တွေက တစ်ရွာတည်းသားတွေဆိုမှတော့ သူ ဒုက္ခရောက်နေတဲ့အချိန်မှာ မင်း ဘာလို့ မကူညီရတာလဲ”
ဆုဆု အသက်ပြင်းပြင်းရှူလိုက်ပြီး အပြုံးတစ်ခုနဲ့ပြောလိုက်တယ်။
“အတန်းဖော်.. မင်းငါ့ကို အခုလိုမျိုးကဲ့ရဲ့တဲ့လေသံနဲ့ မပြောခင်မှာ ကိုယ်ကျင့်တရားကို ပြန်ပေးဆွဲခံရခြင်းဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို နားလည်ချင်လား”
ချန်ကွေ့တုံ ခဏလောက် အံ့အားသင့်သွားရတယ်။ ဒီငယ်ရွယ်တဲ့ဆရာမလေးက အခုချိန်ထိ ရယ်မောနေနိုင်လိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
ဒါ့အပြင် နောက်ထပ်ပြောလာတဲ့စကားတွေက သူ့ရဲ့မျက်နှာကိုပါ မည်းမှောင်သွားအောင် လုပ်နိုင်လိမ့်မယ်လို့ ပိုလို့တောင် မထင်ထားမိခဲ့ဘူး။
“မင်းက ငါ ချင်ယွဲ့ယွဲ့ကို အကြွေးတင်နေတယ်လို့ ထင်နေတာလား? မင်းက ငါ့အနေနဲ့ တစ်ရွာတည်းသားဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် လူတစ်ယောက်ကို ထပ်ခါထပ်ခါ ချေးပေးနေမယ်လို့ ထင်နေတာလား? မင်းက မင်းကိုယ်မင်း တရားမျှတမှုရဲ့ သံတမန်တစ်ယောက်လို့ ထင်နေတာလား?
တခြားလူတွေရဲ့ ကိစ္စအတွက် လိုက်ပြီးစိတ်ပူမနေနဲ့.. ဒီနေရာက ကျောင်းနော်.. မင်းရဲ့ အိမ်နောက်ဖေး မဟုတ်ဘူး “
ဆုဆုရဲ့ ပြုံးနေတဲ့ မျက်နှာက ရုတ်တရက် အေးစက်သွားခဲ့ပြီး ထမင်းဗူးကို ကိုင်ကာ ထွက်သွားခဲ့လေတယ်။
ချန်ကွေ့တုံရဲ့ မျက်နှာက ဖြူလိုက်ပြာလိုက်ဖြစ်သွားခဲ့ရတယ်။
သူ့အနေနဲ့ အရွယ်ရောက်လာတဲ့အထိ အခြားသူတွေဆီမှ အခုလို သင်ခန်းစာ အပေးမခံခဲ့ရဘူ့။ သို့ပေမဲ့ တစ်ဖက်လူ ပြောသွားတဲ့စကားတွေက အလွန်ကျိုးကြောင်းဆီလျော်ပြီး သူ့အနေနဲ့ ပြန်လည်မချေပနိုင်ခဲ့ဘူး။
ထိုအချိန်မှာပဲ ချင်ယွဲ့ယွဲ့က အပြေးအလွှားရောက်လာခဲ့ပြီး သူ့ကိုပြောလာတယ်။
“အတန်းဖော်ချန်.. အတန်းဖော်ချန်.. ရှင် ဒီမှာ ဆုဆုနဲ့ စကားပြောနေတယ်ဆိုပြီး ကျွန်မကြားခဲ့လို့.. ကျွန်မအတွက်ကြောင့်နဲ့ သူ့ဆီကိုသွားပြီး အသနားခံမနေပါနဲ့ ... သူက.. သူက ကိုင်တွယ်ရ လွယ်ကူတဲ့သူ မဟုတ်ဘူး “
ဘေးတစ်ဖက်မှာရှိနေတဲ့ အမျိုးသားတစ်ယောက်က ဝင်ပြောလာတယ်။
“သူမက တကယ်ကို ကိုင်တွယ်ရခက်တယ်”
သူမက စကားလုံးအနည်းငယ်လောက်နဲ့ ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အချိန်ထိ လူတွေကို သင်ခန်းစာပေးတတ်တဲ့ ချန်ကွေ့တုံကို မီးညှိပေးသွားနိုင်ခဲ့တယ်။
ဒါက တကယ့်ကို အံ့သြစရာပဲ။
ချန်ကွေ့တုံက ချက်ချင်းပဲ ပြောလာတယ်။
“မဟုတ်ဘူး.. ငါသူမကို စကားနည်းနည်းလောက်ပဲပြောခဲ့တာပါ”
ဒီလိုမျိုး အစွမ်းထက်တဲ့ အမျိုးသမီးကို သူ မထိန်းနိုင်လောက်တဲ့ပုံပဲ။
“တော်သေးတာပေါ့”
ချင်ယွဲ့ယွဲ့က သက်ပြင်းချရင်း ပြောလာတယ်။
“သူမရဲ့ခင်ပွန်းသည်က စစ်တပ်ထဲက စစ်သားတစ်ယောက်ပဲ.. သူက တပ်ရင်းမှူးရာထူးတောင် ရထားတာ.. ကျွန်မကြောင့် ရှင်ဒုက္ခရောက်မှာကို စိတ်ပူတယ်”
“စိတ်မပူပါနဲ့ ငါတို့သတိထားပါ့မယ်.. သူမသာ ကျောင်းသားတွေကို တကယ် အနိုင်ကျင့်ဖို့ သတ္တိရှိလားကြည့်တာပေါ့.. သူမသာ အဲလိုလုပ်ခဲ့ရင် ဘယ်သူကမှ သူ့ကို ယုံကြည်ပြီး သူ့ဆီကနေ သင်ချင်တော့မှာမဟုတ်ဘူး”
ချန်ကွေ့တုံက မကျေမနပ် ပြောလာတယ်။
“ကျွန်မတို့တွေ သူတို့ကိုမဆန့်ကျင်တာ ပိုကောင်းလိမ့်မယ်”
ချင်ယွဲ့ယွဲ့အနေနဲ့ သူမ ဒီလိုမျိုး ပြောလေလေ စိတ်အားထက်သန်တဲ့လူငယ်တွေက ဆန့်ကျင်ဘက်အရာကို ပိုပြီးလုပ်လာလေလေဖြစ်လိမ့်မယ်ဆိုတာ သိထားတယ်။
“ငါတို့က မကောင်းဆိုးဝါးတွေဆီမှာ ဘယ်တော့မှ ခေါင်းငုံ့မခံသင့်ဘူး.. ဒါပေမယ့် ဒီနေ့အတွက်တါ့ ဒီလောက်ပဲ”
ချန်ကွေ့တုံက ချင်ယွဲ့ယွဲ့ကို ရုတ်တရက် မေးလိုက်တယ်။
“စကားမစပ် မင်းတို့တွေက ဆွေမျိုးတွေလို့ပြောခဲ့တယ်မလား.. ဘယ်လိုမျိုး ဆွေမျိုးတော်တာလဲ”
“ဘာမှမတော်ဘူးလို့ ထားလိုက်ပါတော့.. သွားကြရအောင်”
ချင်ယွဲ့ယွဲ့အနေနဲ့ သူမက ဆုဆုနဲ့ ယောက်မ(လင်ညီအစ်မ)အဖြစ်တော်စပ်တယ်လို့ မပြောနိုင်ဘူးလေ။
မကြာသေးခင်တုန်းက သူမက မိသားစုရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသော အမျိုးသမီးတစ်ဦးဖြစ်ပြီး အမှီအခိုကင်းစွာဖြင့် ကျောင်းတက်နိုင်အောင် ကြိုးစားခဲ့ရတာဖြစ်ကြောင်းပြောထားခဲ့ကာ တစ်ဦးတစ်ယောက်တည်းဖြင့် ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်နေရသူအဖြစ် ကာရိုက်တာကို တည်ဆောက်ထားခဲ့ရတာလေ။
သူမအနေနဲ့ ထို ကာရိုက်တာကို ပျက်စီးသွားစေလို့မရဘူး။
ဆုဆုသည်လည်း ဒါကိုသိထားခဲ့တဲ့အတွက်ကြောင့် ချန်ကွေ့တုံကို ဒီလိုမေးခွန်းမျိုးမေးဖို့ ပြောခဲ့တာပဲ။
ချန်ကွေ့တုံ မျက်မှောင်ကြုတ်လိုက်မိတယ်။ သူ့ရှေ့မှာရှိနေတဲ့ ချင်ယွဲ့ယွဲ့ဆီမှာ သူ့ကို မသိစေချင်တဲ့အရာတစ်ခုခုရှိနေတယ်လို့ အမြဲတမ်းခံစားနေရတယ်။ သို့ပေမယ့် သူက အပြင်လူဖြစ်လို့ အသေးစိတ်မမေးနိုင်ခဲ့ဘူး။
သို့သော်လည်း သူက ကျောင်းဆင်းတဲ့အချိန်မှာ မစ္စစုရဲ့ ခင်ပွန်းသည်ကို တွေ့ဖို့အတွက် ကျောင်းတံခါးဝမှာ တမင်တကာစောင့်ဆိုင်းနေခဲ့ပြီး ဆုဆုက ထိုဖိနှိပ်တတ်တဲ့လူဆီကို သူက အနိုင်ကျင့်တဲ့အကြောင်း တိုင်တမ်းလာမှာကို စောင့်နေခဲ့တယ်။
သို့ပေမယ့် အသီးအရွက်တွေထည့်ထားတဲ့ ခြင်းတောင်းအသေးလေးကို ကိုင်ထားပြီး ခြံတံခါးရှေ့မှာ ရပ်ကာ သူ့ရဲ့ဇနီးသည်ကို စောင့်ဆိုင်းနေတဲ့ တပ်ရင်းမှူးတစ်ယောက်ကိုသာ တွေ့လိုက်ရတယ်။
“ဆုလောင်ရှစ် လန့်သွားတာလား”
“အဆင်ပါတယ်.. ဒီနေ့တော့ မင်းကိုကျေးဇူးအများကြီးတင်ရမှာပဲ.. ဒါဆို ငါ အရင်ပြန်လိုက်တော့မယ် နောက်မှတွေ့ကြတာပေါ့”
ဇာတ်လိုက်ရဲ့ညီဖြစ်သူ ပေါ်လာပြီဖြစ်လို့ ဇာတ်ကွက်က သိပ်မကြာလောက်တော့ဘူး။
ဇာတ်ကွက်ပေါ်လာပြီးရင် အမျိုးသားဇာတ်လိုက်က ချမ်းသာတဲ့မိသားစုဆီသို့ ပြန်သွားမှာဖြစ်ပြီး ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရဲ့ ဒရာမာကို စတင်လာလိမ့်မယ်။
အမျိုးသားဇာတ်လိုက် သူ့ရဲ့ အိမ်ကိုပြန်ရောက်သွားချိန်မှာ သူ့မိန်းမကို ဝမ်းကွဲအစ်ကိုက လုယက်သွားတယ်လို့ ခံစားခဲ့ရပြီး သူ့ရဲ့ကလေးကလည်း သူ့မှာ အရည်အချင်းမရှိတာကြောင့် ဖျက်ဆီးခံခဲ့ရတယ် လို့ တွေးခဲ့တယ်။
ဒါကြောင့် အဖိုးဖြစ်သူရဲ့ကုမ္ပဏီမှာ ဝင်ကာ အလုပ်ကြိုးစားခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဇာတ်လိုက်မကို လိုက်ကပ်နေခဲ့ကာ ကြားထဲမှာ ကိစ္စတွေအများကြီး ဖြစ်ပျက်ခဲ့တယ်။
ဒီကိစ္စတွေက သူမနဲ့တော့ ပက်သက်မှု မရှိလောက်ဘူးမလား?
ဆုဆု အနည်းငယ်လောက် ရှုပ်ထွေးနေခဲ့တယ်။
အဓိကအားဖြင့် သူမ ထိုစာအုပ်ကိုဖတ်ခဲ့တာက အချိန်အတော်ကြာပြီဖြစ်သလို စာအုပ်ကို ဖတ်တဲ့အချိန်မှာလည်း သေသေချာချာဂရုစိုက်ပြီး မဖတ်ခဲ့တာကြောင့် အခုချိန်မှာ စာအုပ်ထဲမှအကြောင်းတွေကို စဉ်းစားရန်အတွက် အနည်းငယ်လောက် အခက်အခဲဖြစ်နေခဲ့ပြီ။
မေ့လိုက်တာပေါ့။ တစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်းတာကောင်းလိမ့်မယ်။ အခုချိန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအနေနဲ့ သူမရဲ့ ရင်သွေးကို ပြုစုပျိုးထောင်ဖို့အတွက်သာ အာရုံစိုက်သင့်ပြီး လင်းချွမ်အတွက် လှပတဲ့သမီးငယ်လေးတစ်ယောက် ဒါမှမဟုတ် သားလေးတစ်ယောက်လာက် ပေးရမယ်။
**