← Chapters

အခန်း (၁၆၆)

Vol. 17 Ch. 166

အခန်း (၁၆၆)

Vol. 17 Ch. 166

ဆုဆုရဲ့ စကားကြားပြီးကတည်းက အဖေလင်းက သူ့လည်ပင်းကို မျှော်ကြည့်နေခဲ့ပြီး နောက်ဆုံးမှာတော့ ကလေးကို ပွေ့ချီလာတဲ့ အမျိုးသမီးတစ်ယောက်ကို  တွေ့လိုက်ရတယ်။  သို့ပေမဲ့ ကလေးက ပန်းပွင့်အဝတ်အစားနှင့် ပန်းပုဝါလေးကို ၀တ်ထားလေတယ်။

ဒါကြောင့် သူ နောက်တစ်ကြိမ် လှည့်မကြည့်ဘဲ  မနေနိုင်ခဲ့ဘူး။  ဒီအမျိုးသမီးက ဘာလို့ ဒီကိုရောက်လာတာလဲ။ သို့ပေမယ့်နောက်ဆုံးမှာတော့ တစ်ဖက်မှ အမျိုးသမီးက သူ့ချွေးမရဲ့နောက်မှာ ရပ်သွားခဲ့လေတယ်။

သူ့ရဲ့ချွေးမ မတွေ့သေးတာကို မြင်တော့ အဖေလင်းက နှာသံနှစ်ချက် ပေးလိုက်တယ်။

ဆုဆု ပြန်လှည့်ကြည့်ပြီး ပြုံးလိုက်တယ်။

“အိုး  အမေ့ရဲ့ သားကြီး ရောက်လာပြီလား.. လာခဲ့ပါဦး..  အမေ မင်းကို ပွေ့ဖက်ဦးမယ်”

ထို့နောက် သူမက ကလေးကို ပွေ့ချီခဲ့တယ်။

အဖေလင်းရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာခဲ့တယ်။ ဆုဆုက အန်တီယဲ့ကိုအရင်ဆုံးထိုင်ခိုင်းလိုက်တယ်။ ထို့နောက် ကလေးကို အဖေလင်းဆီကို တွန်းပို့ပေးလိုက်တယ်။

အဖေလင်းက ကလေးရဲ့ အိမ်နာမည်သိတဲ့အတွက် အားစိုက်ပြီးခေါ်လာတယ်။

“ကျန့်  .... ကျန့်...”

ရှောင်ကျန့်ကျန့်က မျက်နှာအတော်လေးရွေးတတ်တယ်။ ဒါကြောင့် သူက သူ့ရဲ့အဘိုးကို အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်ပြီး မငိုပေမဲ့ ရေတွေဝိုင်းနေတဲ့ မျက်လုံးတွေနှင့်  စိုက်ကြည့်ကာ ဘယ်ဘာသာစကားမှန်းမသိရတဲ့ စကားလုံးအနည်းငယ်ကိုပြောလာလေတယ်။

အဖေလင်းက သူ့ရဲ့မြေးဖြစ်သူက သူ့ကို စကားပြောဖို့ ပါးစပ်ပြင်လာတာကိုကြည့်ရင်း ပျော်ရွှင်နေခဲ့ကာ သူကလည်း ပြန်ပြောခဲ့တယ်။ ဒီလိုနှင့် ခဏအကြာမှာ မြေးအဖိုးနှစ်ယောက်က တစ်ယောက်စကားကိုတစ်ယောက်နားမလည်နိုင်တဲ့နည်းနဲ့  စကားတွေ အများကြီးပြောနေကြတော့တယ်။

လင်းချွမ် ရောက်လာတဲ့အချိန်မှာ  ထိုကဲ့သို့ အခြေအနေမျိုးမြင်လိုက်ရတာကြောင့်  စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတယ်။

သူ့အနေနဲ့ သူ့အဖေရဲ့ အကျင့်စရိုက်ကို သိထားခဲ့တယ်။ သူက တစ်သက်လုံး ကြံ့ခိုင်စွာနေလာခဲ့ရပြီး အခု ခုတင်ပေါ်မှာ လှဲပြီး သူ့ရဲ့ချွေးမကို စောင့်ခိုင်းနေရတဲ့အပေါ် စိတ်မသက်မသာဖြစ်နေခဲ့မယ်။ ဒါပေမယ့် သူတို့ရဲ့သားအကြီးဆုံးက သူ့အဖေကို အလွန်ပျော်အောင်လုပ်ပေးနိုင်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။

ဇနီးသည်ရဲ့နည်းလမ်းကို အလွန်သဘောကျသွားခဲ့ပြီး လင်းချွမ်က သူ့ရဲ့ဇနီးကို တိတ်တဆိတ် ချီးမွှမ်းလိုက်တယ်။ တစ်ဖက်မှာရှိနေတဲ့ ချန်ယွဲ့ကျင်းကလည်း သူ့ကိုတွန်းရင်း ပြောလာတယ်။

“အတော်လေး  ကောင်းနေတာပဲ မဟုတ်ဘူးလား.. ကြည့်ပါဦး၊ မင်းကသာ အလျင်လိုနေတာ ၊ ဒါပေမဲ့ မရီးဆီမှာ နည်းလမ်းတွေရှိတယ်၊ လူအိုကြီးက သူ့မြေးကိုမြင်တော့ သူ ဒီမှာ ရက်နည်းနည်းလောက် နေနိုင်တော့မှာ”

“မင်းပဲ ​နောက်​ထပ်​ ရက်​နည်းနည်းလောက်နေလိုက်လေ”

“ပါးစပ်မှားတာ  ပါးစပ်မှားတာ”

ချန်ယွဲ့ကျင်းက အလျင်အမြန် ပြန်ပြောလိုက်ပြီးနောက် အထဲကိုဝင်ပြီး အဘိုးအိုကို နှုတ်ဆက်ခဲ့တယ်။

“မရီး .. ဒါဆို မရီးတို့လည်း အလုပ် ဆက်လုပ်လိုက်ပါဦး.. ကျွန်တော် လင်းလင်းကို  ​​စွန်လွှတ်ဖို့ ခေါ်သွားလိုက်ဦးမယ်၊ သူမ အရင်တုန်းက သွားချင်ပေမဲ့ တစ်ခါမှ မသွားရသေးဖူးဘူး”

“ဘာလဲ၊ စွန် လွှတ်မလို့လား..  ရှင် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတာလား”

ဆုဆုက တစ်ဖက်လူရဲ့စကားကို အသေအချာနားမလည်ခင် ခေါင်းညိတ်လိုက်ပြီးမှ အလျှင်အမြန်ပြောလိုက်တယ်။  သူ့ရဲ့ဇနီးသည်က ကိုယ်ဝန်ဆောင်ထားရတာကို ဒီလူက တောရိုင်းမှာပြေးခိုင်းချင်နေတာလား။

ချန်ယွဲ့ကျင်းက သူ့ခေါင်းကို အသာထိပြီး ပြန်မေးလာတယ်။

“သူမ ဘာဖြစ်နေလို့လဲ?”

“ရှင်မသိသေးဘူးလား?”

“သူမ မကြာသေးတုန်းက နေမကောင်းဖြစ်နေသေးတာလား... သူမ ဘာဖြစ်နေတာလဲ?”

ချန်ယွဲ့ကျင်းတစ်ယောက် တွေးတောရင်း တုန်လှုပ်လာခဲ့တယ်။

ဆုဆု:  “ဒါကကြီးကြီးမားမားမဟုတ်ပါဘူး၊ ရှင် သူ့ကိုမေးလို့ရတယ်”

“ကောင်းပြီ”

ချန်ယွဲ့ကျင်း ချက်ချင်း ပြေးထွက်သွားခဲ့တယ်။

ဆုဆု ထိတ်လန့်သွားရတယ်။ ဒါပေမယ့် တစ်ဖက်လူက အလွန်စိတ်ပူပြီး လွန်ကဲစွာလုပ်မိမှာကို စိတ်ပူတာကြောင့် အော်ပြောခဲ့တယ်။

“ချန်ယွဲ့ကျင်း.. ပိုင်လင်းလင်းကို မထိတ်လန့်သွားစေနဲ့နော် သတိထားဦး”

“နားလည်ပြီ”

ချန်ယွဲ့ကျင်းက ပြန်ပြောလာရင်း ဝေးသထက်ဝေးအောင် ပြေးသွားလေတယ်။

လင်းချွမ်က ထူးဆန်းသလိုခံစားရပြီးမေးလာတယ်။

“ပိုင်လင်းလင်းက ဘာဖြစ်လို့လဲ”

“အဆင်ပြေပါတယ်၊ သူမက ကိုယ်ဝန်ရှိနေတာ”

“ဘာလဲ၊ ဒီ လန့်သွားတဲ့တစ်ယောက်က ဘာမှတော့ မလုပ်လောက်ပါဘူးနော်”

“မဖြစ်လောက်ပါဘူး”

ဆုဆု သူ့ကို သတိပေးလိုက်ပြီးသားပဲလေ။

ချန်ယွဲ့ကျင်းတို့ဘက်မှာ ဘယ်လိုပဲ ဖြစ်နေပါစေ  သူတို့မိသားစုကတော့ အလွန်အမင်း ကောင်းမွန်တဲ့အချိန်တွေမှာရှိနေခဲ့တယ်။  အနည်းဆုံးတော့ အဖေလင်းက အလွနဲပျော်ရွှင်နေပုံရတယ်။

ဒါကြောင့် ဆုဆုက အန်တီယဲ့ကို အိမ်သို့ အရင်ပြန်ခိုင်းပြီး သူတို့က ခဏလောက်ကြာမှ  ကျန်းကျန်းနှင့် အတူ ပြန်လာမဲ့အကြောင်းပြောလိုက်တယ်။

အန်တီယဲ့က ခေါင်းညိတ်ပြီး ပြောလာတယ်။

“ဒါဆို ကျွန်မ အရင် ပြန်ပြီး ချက်ပြုတ်ထားလိုက်ပါ့မယ်”

“ကျေးဇူးတင်ပါတယ် အန်တီ”

“ကျေးဇူးတင်တယ်လို့ ပြောစရာမလိုပါဘူး.. ငါတို့အားလုံးက ဆွေမျိုးတွေပဲလေ”

သူမ ပြောပြီးတဲ့နောက်မှာ အဖေလင်းက သူမကိုမသိသေးတာကြောင့်  မေးခွန်းတစ်ခုပြန်မေးခဲ့တယ်။

ဆုဆုက အဖေလင်းကို မိတ်ဆက်ပေးပြီး ဆက်ပြောလိုက်တယ်။

“အခု လူတိုင်းက ဆွေမျိုးတွေ ၊ ခမည်းခမက်တွေ ဖြစ်နေတာအမှန်ပဲ၊ ဒါကြောင့် ဒီနေ့ပဲ အဖေ့ကို တွေ့ဖို့ လာတာလေ”

အဖေလင်းက ခေါင်းညိတ်ပြလာပြီး ဆုဆုဆီကို ပန်းသီးပေးလာကာ  ကျန့်ကျန့်ကို ယူပေးပြီး ကျွေးဖို့ အမူအယာပြလာတယ်။

ဆုဆုက ပန်းသီးကို လင်းချွမ်ဆီသို့ လှမ်းပေးလိုက်တော့ တစ်ဖက်လူက  လက်နှစ်ဘက်ကိုသုံးကာ ပန်းသီးကို နှစ်ခြမ်းခြမ်းလိုက်လေတယ်။ ဆုဆု ပန်းသီးတစ်ခြမ်းကို လှမ်းယူလိုက်ပြီး  ဇွန်းငယ်ကို အသုံးပြုကာ ခြစ်ယူတူးထုတ်ပြီး ကလေးကို ခွံ့ကျွေးလိုက်တယ်။

ကလေးတွေက စားရတာကို ကြိုက်ပေမယ့် သူတို့ရဲ့အစာအိမ်ကသေးငယ်တာကြောင့် သိပ်မစားနိုင်ဘဲ ခဏကြာတော့ ဗိုက်ပြည့်သွားခဲ့တယ်။

ထို့နောက်မှာ အဖေလင်းကို ကုသရန်အတွက် ဆရာဝန်ရောက်လာခဲ့တယ်။  ဆုဆုက ကလေးကိုခေါ်ကာ အပြင်မှာ ခဏသွားထိုင်နေခဲ့ပြီး ဆရာဝန် ထွက်လာတာကို မြင်မှ အခန်းထဲကို ပြန်ဝင်လာခဲ့တယ်။

အဖေလင်းက လင်းချွမ်ကို ကိုင်ပြီး အပြင်ဘက်သို့ လက်ညိုးထိုးပြနေခဲ့တယ်။ ဆုဆုက ဒါကိုမြင်တော့ ပြုံးပြီး ပြောလာတယ်။

“အဖေ ဆေးရုံက ဆင်းလို့မရသေးဘူး၊  ဆေးရုံက မဆင်းခင် နေမကောင်းတာကို သက်သာသွားအောင် ကုသရမယ်”

“အာ…”

အဖေလင်းက သူ့ချွေးမရဲ့စကားကို ပြီးနားထောင်နေသေးတယ်။ တကယ်လို့ ဆေးရုံက ဆင်းခွင့်မပေးရင် ဒီမှာပဲ ဆက်နေရလိမ့်မယ်။

“အဖေ၊ ဆရာဝန်က အဖေ့ကို ကောင်းလာပြီလို့ ပြောတာနဲ့ အဖေ ဆေးရုံက ဆင်းလို့ရပြီ”

လင်းချွမ်ကလည်း သူ့အဖေကို နှစ်သိမ့်ပေးလိုက်တယ်။

“ဆုဆုက  အဖေ့ကို ပြုစုပေးဖို့အတွက် ပင်ပင်ပန်းပန်းလုပ်နေတာ..  ဒါကြောင့် ကျေးဇူးပြုပြီး သူကိုငဲ့ညှာပေးမှဖြစ်မယ်..ကုသလို့ပြီးသွားတဲ့အထိ စောင့်ပးလိုက်ဦး.. နောက်ရက်နည်းနည်းလောက်ကြာရင် အဖေ့ရဲ့မြေးကြီးကိုတွေ့ဖို့ အိမ်ကို ပြန်သွားကြမယ်”

“ဟမ်... “

သူ့မြေးရဲ့အကြောင်းကို ကြားတော့ အဖေလင်းက ပျော်ရွှင်နေခဲ့တယ်။

ညဘက်ကိုရောက်ချိန်မှာတော့ လင်းချွမ်က လူနာစောင့်ရင်း နေချင်ခဲ့ပေမဲ့ အဖေလင်းက သူ့ကို တွန်းထုတ်ပြီး ပြောလာတယ်။

“ကလေး... ဂရုစိုက်ပါ...”

“ကောင်းပါပြီ  အဖေ.. ဒါဆို အဖေလည်း ကောင်းကောင်းအနားယူလိုက်ဦး”

ထို့နောက် လင်းချွမ်က သူ့ရဲ့ဇနီးသည်နှင့် သားတို့ကိုခေါ်ကာ  အိမ်ကိုပြန်သွားခဲ့ရင်း လမ်းမှာ ပြောလာတယ်။

“မင်းလည်း သတိထားသင့်တယ်၊ ဆောင်းဦးရာသီက အေးနေပြီ၊ ညဘက်တွေမှာ ပြတင်းပေါက်ကို မဖွင့်နဲ့”

“နားလည်ပါတယ်၊ အေးနေတဲ့အချိန်မှာ ပြတင်းပေါက်ကို ဘယ်သူက ဖွင့်အိပ်မှာလဲ”

“ကိုယ်တို့အိမ်ရဲ့ ပြတင်းပေါက်က ကျိုးနေတာလေ..  ညသန်းခေါင်မှာ လေတိုက်လို့ ပွင့်သွားတာဖြစ်လိမ့်မယ်..  သူတို့က တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖွင့်ခဲ့တာ မဟုတ်လောက်ဘူး၊ အိမ်က အတော်လေး ဟောင်းနေပြီဆိုတော့ နေရတာ အဆင်မပြေလောက်ဘူး”

“ဒါဆို ရှင့်ရဲ့အမေနဲ့ ညီလေးနှစ်ယောက်ကို ကျွန်မတို့အိမ်မှာ နေခိုင်းလိုက်ပါလား..  အဲဒီအိမ်က အသစ်ပဲလေ”

လင်းချွမ်ရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပြီး ခေါင်းညိတ်လိုက်ကာ ဘာမှ မပြောတော့ဘဲ ဆုဆုကိုသာ အပြင်းအထန်နမ်းလာတော့တယ်။

“အိုး၊ ရှင်က ဆိုးဆိုးရွားရွားတွေကို သင်ယူထားတာပဲ”

ဆုဆု လမ်းပေါ်မှာ အသိမိတ်ဆွေတစ်ယောက်ယောက်ကို တွေ့မလားဆိုပြီး အလျှင်အမြန်ကြည့်လိုက်ပေမဲ့  ကံကောင်းစွာနဲ့ ဘယ်သူမှ မရှိနေခဲ့ဘူး။

မဟုတ်သေးဘူး။ တစ်ယောက်ယောက်ကတော့ တွေ့မြင်ပြီး လေ့လာနေခဲ့တယ်။

ဆုဆုရဲ့လက်ထဲမှ ကျန့်ကျန့်ကလည်း ကစားနည်းအသစ်လို့ ထင်မှတ်သွားပုံရပြီး သူ့အမေရဲ့မျက်နှာကို ရုတ်တရက် နမ်းလာခဲ့ကာ  ပျော်စရာကောင်းသလို ခံစားရပြီး အကြိမ်အနည်းငယ်လောက် ထပ်နမ်းကာ ရယ်မောလာတယ်။

“အိုး  ကျွန်မရဲ့သားကြီးက သူ့အမေကို ဘယ်လို နမ်းရမလဲဆိုတာကို သိနေပြီ.. အရမ်းတော်တာပဲ!  လာပါဦး.. အမေ့ကို နည်းနည်းလောက် ထပ်နမ်းဦး”

“လာပါဦး.. အဖေ့ကိုလည်း နမ်းဦး”

လင်းချွမ်က သူ့ရဲ့မျက်နှာကို သားဖြစ်သူရဲ့ အနီးကို ကပ်လာခဲ့ပေမဲ့လည်း ကျန့်ကျန့်ကတော့ သဘောမကျပုံနှင့် တွန်းဖယ်လိုက်လေတယ်။

ဆုဆု ပြုံးပြီးပြောလိုက်တယ်။

“ရှင်က  အဖေကောင်းမဟုတ်ဘူးလား၊ အခု အထင်သေးခံနေရတာများလား”

မိသားစု သုံးယောက်က ရယ်မောရင်းနှင့် အိမ်တံခါးရှေ့ကို ရောက်တဲ့အချိန်မှာပဲ ဘောင်းဘီရှည်ကို ဝတ်နေရင်းတန်းလန်း ဖြစ်ပုံရတဲ့  အမျိုးသားတစ်ယောက် သေလုမျောပါးပြေးလာတာကို တွေ့လိုက်ကြတယ်။

“မစ္စဆု၊ လင်းချွမ်၊ ကယ်ပါဦး.. လင်းတုံဟဲက ရူးနေပြီ!”

အမ်?

“မင်းလား?”

လင်းချွမ်က ချက်ချင်းပဲ ဇနီးဖြစ်သူရဲ့ရှေ့မှာ ပိတ်ရပ်လိုက်ကာ ဖရော်ဖရဲဖြစ်နေတဲ့ စုန့်လော်စန်းကို စိုက်ကြည့်လိုက်တယ်။

“မင်းဘာလုပ်ချင်နေတာလဲ”

စုန့်လော်စန်း:  “ငါဘာမှမလုပ်ချင်ဘူး၊ ငါ့က အသက်ဘေးကလွတ်အောင် ပြေးလာတာ!”

သူ့ရဲ့စကားပြောပြီးတဲ့အချိန်မှာပဲ လင်းတုံဟဲက အနောက်ဘက်ကနေ သံလှံတစ်ချောင်းကို ကိုင်ဆွဲပြီး လိုက်လာတာကို တွေ့လိုက်ရတယ်။ ဒီဘက်ခေတ်မှာ ဒီလိုပစ္စည်းမျိုးတွေက အိမ်တိုင်းလိုလိုမှာ တွေ့ရလေ့ရှိတယ်။ အဆုံးမှာတော့ စစ်ပွဲတွေက မပြီးဆုံးသေးခင်အချိန်တွေမှာ ဒါတွေကို ပြင်ဆင်ထားခဲ့ကြတာပဲ။

သူ့ရဲ့ မျက်လုံးတွေက တကယ်ကိုနီရဲနေခဲ့ပြီး တွေးတောင်မတွေးတောဘဲ စုန့်လော်စန်းဆီကို ပြေးဝင်လာပြီး လှံနဲ့ထိုးလိုက်လေတယ်။

ဆုဆုက ထိတ်လန့်သွားခဲ့ပေမဲ့ ကံကောင်းထောက်မစွာနှင့် လင်းချွမ်က တိုက်ခိုက်တဲ့နေရာမှာ အလွန် တော်နေခဲ့ကာ ရုတ်တရက် လှံကို ခြေထောက်တစ်ချောင်းနှင့် ကန်ထုတ်လိုက်ပြီး လင်းတုံဟဲကို  မြေပြင်ပေါ်သို့ တွန်းချလိုက်တယ်။

“မင်း ရူးနေပြီလား!”

လူသတ်မှုဆိုတာက ကြီးလေးတဲ့ ပြစ်မှုတစ်ခုပဲ။

လင်းတုံဟဲက အံကြိတ်ပြီး ပြောလာတယ်။

“ဒီကောင်က ကောင်းမွန်တဲ့မိသားစုက အမျိုးသမီးကို ထိပါးချင်နေတာ! ငါသူ့ကို မသတ်ရင် ဘယ်သူကို သတ်ရမှာလဲ”

ချင်ယွဲ့ယွဲ့သည်လည်း အနောက်မှ ပြေးထွက်လာခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်မှာ အနည်းငယ် ရှုပ်ပွနေခဲ့ပြီး သူမရဲ့ အမူအရာကတော့ အလွန်သနားစဖွယ်ကောင်းနေခဲ့တယ်။

သူမက အမျိုးသားဇာတ်လိုက် လင်းတုံဟဲကိုကြည့်လိုက်ပြီး အလွန်အမင်းဝမ်းနည်းနေတဲ့လေသံနှင့်ပြောလာတယ်။

“မဟုတ်ဘူး၊ သူက ကျွန်မကို ဘာမှမလုပ်ပါဘူး... ကျွန်မကို.. ကျွန်မတို့....”

“ငါတို့ မကြာခင် လက်ထပ်တော့မှာ၊ အခု ငါတို့တွေက ချစ်သူ ရည်းစားတွေဖြစ်နေပြီ! အတူနေတာက ဘာဖြစ်နေလို့လဲ!”

စုန့်လော်စန်းက ချင်ယွဲ့ယွဲ့ကို အနည်းငယ် တွန်းအားပေးခဲ့ပေမဲ့လည်း သူတို့နှစ်ယောက်က မကြာခင်မှာ လက်ထပ်တော့မှာဖြစ်တဲ့အတွက် အနည်းငယ်စောစောလုပ်ခဲ့ရင်တောင် ဘာမှမမှားဘူးလို့ ခံစားရတယ်။

ဒါ့အပြင် ချင်ယွဲ့ယွဲ့နှင့် လင်းတုံဟဲတို့က လင်နှင့်မယား ဆက်ဆံရေးရှိခဲ့ဖူးပြီးပြီဖြစ်လို့ တစ်ခုခုလုပ်ရင်လည်း  အလွန်အကျွံဖြစ်နေမှာ မဟုတ်ဘူးလေ။

မထင်မှတ်ပဲ  ဒီလိုအချိန်မှာ လင်းတုံဟဲက ရုတ်တရက်အိမ်ထဲကို ဝင်ရောက်လာခဲ့တယ်။

ထိုလူက အပြင်ဘက်မှာ ဘယ်လောက်ကြာကြာ မတ်တပ်ရပ်နေခဲ့တာလဲဆိုတာကို မသိပေမယ့် သူက စုန့်လော်စန်းမှ ချင်ယွဲ့ယွဲ့ကို အနိုင်ကျင့်နေတယ်လို့  ဆုံးဖြတ်ပြီး အထဲကိုဝင်ကာ သတ်ဖို့ ဆုံးဖြတ်ခဲ့လေတယ်။

“မဖြစ်နိုင်ဘူး”

သူတို့ ရွာထဲမှာရှိတုန်းက ချင်ယွဲ့ယွဲ့က စုန့်လော်စန်းကို အလွန်ပျင်းရိတဲ့သူအဖြစ် အထင်သေး နှိမ့်ချစကားတွေအများကြီးပြောထားခဲ့တာကြောင့် သူ့ကို ဘယ်လိုမှ လက်ထပ်မှာမဟုတ်ဘူးဆိုတာကို လင်းတုံဟဲသိနေခဲ့တယ်။

ဆုဆု သက်ပြင်းချပြီး ဝင်ပြောလိုက်တယ်။

“အဲဒါ အမှန်ပဲ”

All Chapters