← Chapters

အခန်း (၁၀၀)

Vol. 10 Ch. 100

အခန်း (၁၀၀)

Vol. 10 Ch. 100

သူတို့တွေ အိမ်ကိုပြန်ရောက်ပြီး ခဏလောက်နေတော့ ဆုဆု အတန်းတက်ရမဲ့အချိန်ကို ရောက်လာခဲ့တယ်။

လင်းချွမ်က စိတ်လှုပ်ရှားနေခဲ့ပြီး သူမကို ဘေးကင်းစေဖို့ ကျောင်းကိုလိုက်ပို့ပေးပြန်တယ်။

သူမက သူ ထွက်သွားလောက်ပြီလို့ ထင်ခဲ့ပေမယ့် တစ်ဖက်လူက ကျောင်းတံခါးရှေ့မှာပဲ ရပ်စောင့်နေခဲ့တုန်းပဲ။

ဒါကြောင့် ဆုဆုအနေနဲ့ နည်းလမ်းမရှိတော့ဘဲ သူ့ကို စားစရာတချို့သွားဝယ်ပြီး ညနေစာအတွက် ကောင်းကောင်းပြင်ဆင်ဖို့ ချော့မော့ခိုင်းစေခဲ့ရုံသာ တတ်နိုင်ခဲ့တယ်။

လင်းချွမ်က အမှန်တကယ်ပဲ စျေးကိုထွက်သွားခဲ့ပြီး အိမ်မှာ ဟင်းခြောက်ပွဲချက်ပြုတ်ကာ စားပွဲပေါ်မှာခင်းကျင်းခဲ့တယ်။ အကုန်ပြီးစီးသွားတော့မှ ကျောင်းကို ပြန်သွားပြီး ဆုဆုကို သွားပြန်ကြိုခဲ့ကာ ထမင်းဝိုင်းမှာ ထိုင်စေခဲ့တယ်။

ဆုဆုက စားပွဲပေါ်မှရှိနေတဲ့ ပန်းကန်တွေကို ကြည့်ပြီး အံ့သြသွားရတယ်။

“ကျွန်မတို့ နှစ်ယောက်တည်းပဲရှိနေတာကို ဘာလို့ ဟင်းတွေ အများကြီးချက်ထားရတာလဲ”

သူမ စကားပြောပြီးတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးကိုလာခေါက်ခဲ့တယ်။ လင်းချွမ် သူ့ရဲ့အဝတ်အစားတွေကို သေသပ်အောင် ပြန်ဖြန့်လိုက်ပြီး တံခါးကို သွားဖွင့်ခဲ့တယ်။

ရောက်ရှိလာတဲ့သူတွေက ကျောင်းအုပ်ကြီးကွမ်းနှင့် စုန့်အိုက်ယင်းတို့ပဲ။

သူတို့က ပြုံးပြီးပြောလာကြတယ်။

“ရှောင်လင်း.. မင်း ဘာလို့ ဒီလောက်ထိ ကောင်းအောင်ပြင်ဆင်ထားရတာလဲ.. မင်းက ငါတို့ကို ပြောစရာတစ်ခုခုရှိလို့ဆိုပြီး ပြောခဲ့တာလေ.. ငါတို့ကို စားသောက်ဖို့ ခေါ်ခဲ့တာမဟုတုဘူးဆိုတာ မှတ်မိပါသေးတယ်”

“ကျေးဇူးပြုပြီး ထိုင်ကြပါဦး.. ကျွန်တော် ဒီနေ့ ကိစ္စတစ်ခုခုမေးစရာရှိလို့ပါ.. ကျွန်တော်တို့ ထမင်းစားရင်း စကားပြောရအောင်”

လင်းချွမ်က သူတို့နှစ်ယောက်ကို ယဉ်ကျေးစွာ ပြောခဲ့တယ်။

ဒီနေ့ခေတ်ကာလမှာ လူတိုင်းက စစ်သားတွေကို မျက်နှာပေးတတ်လေ့ရှိတယ်။ ဒါကြောင့် သူတို့တွေ ဝင်ထိုင်လိုက်ကြတယ်။

ဆုဆုကတော့ တစ်ဖက်မှာထိုင်ရင်း အံ့အားသင့်နေခဲ့တယ််။ သူက လူမှုပေါင်းသင်းဆက်ဆံရေးမှာ မကောင်းဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား?

သူမကတော့ လှည့်စားခံလိုက်ရပြီလို့ ထင်နေပြီ!

လင်း_ ဆက်ဆံရေး_ လုံးဝ_ မကောင်းမွန်တဲ့_ ချွမ်ကတော့ ဝိုင်ပုလင်းကိုပါ ထုတ်ယူလာခဲ့ပြီး ကျောင်းအုပ်ကြီးကွမ်းနှင့် စုန့်အိုက်ယင်းတို့အတွက် တစ်ခွက်စီ လောင်းထည့်ပေးနေခဲ့တယ်။

စုန့်အိုက်ယင်း:  “ ရှောင်ဆုအတွက်လည်း အမြန်လောင်းထည့်ပေးလိုက်ပါဦး”

မြို့ပေါ်ကလူတွေက ကျေးလက်ဒေသတွေမှာလိုမျိုး မိန်းကလေးတွေက အရက်ဝင်မသောက်နိုင်ဘူးဆိုတဲ့ စကားမျိုးတွေကို အာရုံမထားကြဘူး။ မိန်းကလေးတွေကိုလည်း ကိစ္စတိုင်းအတွက် ပံ့ပိုးပေးကြတယ်။

“သူမ သောက်လို့မရဘူး”

လင်းချွမ် ထိုစကားကို ပြောရင်း ကျောင်းအုပ်ကြီးတို့ ဇနီးမောင်နှံနှစ်ယောက်ဘက်ကို လှည့်ပြီး သူတို့နဲ့ အရင် ခွက်ချင်းတိုက်ပြီးမှ ပြောလိုက်တယ်။

“အဲဒါက.. အခုချိန်မှာ ကျောင်းတွေ စဖွင့်ကာစဆိုတော့ လူတိုင်းက အလုပ်တွေ အရမ်းများနေကြမယ်ဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမယ့် ဒီနေ့မှာ ကျွမ်တော်တို့တွေ ဆေးရုံကို သွားပြီး ဆေးစစ်ကြည့်တော့ ကျွန်တော်ရဲ့ ဇနီးသည် ရဲဘော်ဆုဆုမှာ  ကိုယ်ဝန်ရှိနေတာကို တွေ့ခဲ့ရတယ်လေ”

စုန့်အိုက်ယင်းက အံ့သြသင့်သွားခဲ့ကာ ပြောလာတယ်။

“ဂုဏ်ပြုပါတယ်.. ဂုဏ်ပြုပါတယ်”

ငယ်ရွယ်တဲ့ စုံတွဲတွေက ကိုယ်ဝန်ရှိနေတာ ပုံမှန်ပါပဲ။

ထို့နောက် လင်းချွမ်က ထပ်ပေါင်းပြောလာတယ်။

“ကျွန်တော်က စစ်သားတစ်ယောက်ဖြစ်ပြီး ပုံမှန်ခင်ပွန်းသည်တစ်ယောက်လိုမျိုး သူမကို ပြုစုစောင့်ရှောက်ပေးဖို့ သူမဆီကို အမြဲတမ်း လာနေလို့မရဘူး..  ဒါကြောင့် ကျွန်တော် ဒီနေ့ ကျောင်းအုပ်ကြီးတို့ ဇနီးမောင်နှံကို ဖိတ်ခေါ်ခဲ့တာက သူမဆီမှာ ကိုယ်ဝန်ရှိနေတဲ့အချိန်မှာ သူမကို နည်းနည်းလောက် ပိုပြီး ဂရုစိုက်ပေးဖို့ တောင်းဆိုချင်ခဲ့လို့ပါ”

“ငါတို့တွေ  သေချာပေါက် လုပ်ပေးရမှာပေါ့”

ကျောင်းအုပ်ကြီးကွမ်းက ခေါင်းညိတ်လိုက်တယ်။ သူ့အနေနဲ့ ဆရာအသစ်တစ်ယောက် ရရှိလာချိန်မှာ သူမကို ချက်ချင်း ကိုယ်ဝန်မရှိစေချင်ပေမယ့် ရဲဘော်ဆုဆုက ပညာထူးချွန်သူဖြစ်ပြီး လုပ်နိုင်စွမ်းလည်း အလွန် မြင့်မားတယ်လေ။

ဒီတော့ သူမကို သေချာပေါက် ဂရုစိုက်ပေးရလိမ့်မယ်။

စုန့်အိုက်ယင်းက ပြောလာတယ်။

“ငါတို့တွေက ကိုယ်ဝန်ရှိနေစဥ်အတွင်းမှာ စောင့်ရှောက် ဂရုစိုက်ပေးနိုင်တယ်.. ဒါပေမယ့် ကလေးမွေးပြီးတဲ့အချိန်ကျရင် မင်းတို့တွေ ဘယ်လိုလုပ်ကြမှာလဲ”

ဆုဆုက ကလေးကို အိမ်မှာ အချိန်ပြည့် စောင့်ရှောက်နေလို့ မရတော့ဘူးမလား။

ဆုဆုလည်း ဒါကို အကျပ်ရိုက်နေခဲ့တယ်။သူမ ဒါကို ​​မစဉ်းစားမိခဲ့သေးဘူး။ ဒီနေရာမှာ အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ စုန့်အိုက်ယင်းက  အခက်ခဲဆုံးပြဿနာကို ချက်ချင်းစဉ်းစားမိခဲ့တယ်။

လင်းချွမ်က  ချက်ချင်းပြောလာတယ်။

“ကျွန်တော်တို့ရဲ့အမေ ခဏလောက်လာနေပေးလိမ့်မယ်.. ပြီးရင်တော့ ကျွန်တော်တို့တွေ ကလေးထိန်းတစ်ယောက်ငှားရလိမ့်မယ်”

“ဒါဆို  အဆင်ပြေတာပေါ့.. ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့နေရာတွေက နီးတာပဲ .. မင်းတို့ လိုအပ်တဲ့အချိန် ငါလာခဲ့ပေးမယ်”

စုန့်အိုက်ယင်းက သဘောတူခဲ့တယ်။ ဆုဆုသာ အားလပ်ရက်ရှည်မတောင်းသရွေ့ အဆင်ပြေတယ်။

  ဒီကျောင်းမှာ နိုင်ငံခြားသာဆရာတွေ ငှားဖို့အတွက် ပိုက်ဆံအများကြီး မရှိဘူးလေ။ ဒီတော့ သူမကိုပဲ အားကိုးနိုင်လိမ့်မယ်။

လင်းချွမ်လည်း ဒါကို မြင်နိုင်တယ်။ သူ့အနေနဲ့ သူ့ရဲ့ဇနီးသည်က အလွန်အမင်း အင်အားကြီးမားပြီး  အစွမ်းထက်လွန်းတဲ့အတွက် အိမ်တွင်းအောင်းပြီး အိမ်ရှင်မတစ်ယောက်အဖြစ်နေထိုင်ဖို့ အတွက် မသင့်တော်ဘူးလို့ သူလည်းပဲ ခံစားရတယ်။

စားသောက်ပြီး ခဏလောက်ကြာတော့ ကျောင်းအုပ်ကြီးကွမ်းနှင့် သူ့ရဲ့ ဇနီးသည်တို့ ပြန်သွားခဲ့ကြတယ်။

လင်းချွမ်က သူတို့ကို ပြန်ပို့ပေးခဲ့တယ်။  ပုံမှန်အားဖြင့်ဆိုရင် လင်းချွမ်က အလွန်အမင်း လေးနက်တည်ကြည်တဲ့မျက်နှာထားမျိုးကို ဖော်ပြထားလေ့ရှိပေမဲ့ ဒီညစာစားပွဲမှာတော့ လင်းချွမ်က ထိုမျက်နှာထားမျိုးကို မဖော်ပြနေခဲ့ဘူး။

ဆုဆု သူမရဲ့ခင်ပွန်းသည်က သူမထင်ထားတာထက် ပိုပြီးစွမ်းဆောင်နိုင်တယ်လို့ ခံစားမိနေခဲ့တယ်။

ကျေးလက်ဒေသမှာ မွေးဖွားကြီးပြင်းလာခဲ့ရတဲ့ ကလေးတစ်ယောက်က အရည်အချင်းသာ ရှိမနေဘူးဆိာရင် စစ်တပ်ထဲမှာ အကြာကြီးအသက်ရှင်ပြီးနေနိုင်ခဲ့မှာတဲ့လား။

သူမ တွေးတောရင်းနဲ့ သန်းဝေလိုက်မိတယ်။ 

သူမ တကယ် အိပ်ချင်နေပြီ ။

လင်းချွမ် သူမအတွက် စားပွဲကို သန့်ရှင်းရေးလုပ်ကာ ဆုဆုအတွက် အိပ်ယာအသင့် ပြင်ကာ သူမကို အနားယူခိုင်းလိုက်တယ်။

ဆုဆုက သူ့ကိုကူပြီး သန့်ရှင်းရေး လုပ်ပေးချင်ခဲ့ပေမဲ့ လင်းချွမ်က သူမကို ခွင့်မပြုခဲ့ဘူး။

သူကဘ သူမကို ခုတင်ပေါ်သို့ ပွေ့ချီကာ တင်ပေးခဲ့ပြီး သူမနဲ့ အတူ အိပ်စက်ခဲ့တယ်။

ဒီနေ့မှာတော့ သူက တကယ်ကို ရိုးသားနေခဲ့ပြီး ဘာမှမလုပ်ခဲ့ဘဲ ဆုဆုကို ပွေ့ဖက်ပြီး ဘယ်နှင့်ညာအပြန်အလှန်နမ်းရုံသာ လုပ်ခဲ့တယ်။

ညသန်းခေါင်အချိန်မှာ ဆုဆု တစ်ရေးနိုးလို့  လှည့်ကြည့်လိုက်တော့  သူမကို စိုက်ကြည့်ပြီး ပြုံးနေတဲ့ တစ်စုံတစ်ယောက်ကို တွေ့လိုက်ရလေတယ်။

ဆုဆု မတတ်နိုင်စွာ မေးခဲ့တယ်။

“ရှင် ဘာလုပ်နေတာလဲ”

သူက သူမကို ပွေ့ဖက်ပြီး ညလည်သန်းခေါင်ကြီးမှာ ပြုံးနေခဲ့တယ်။ အလွန်အမင်း သတိထားနေလို့လား?

လင်းချွမ် ချက်ချင်းပဲ  သူ့ရဲ့မျက်နှာအမူအရာကို ပြန်ထိန်းလိုက်တယ်။

“ဘာမှမဟုတ်ပါဘူး မင်း အိပ်မပျော်ဘူးလား?”

“မဟုတ်ဘူး.. ကျွန်မ တရေနိုးလာတာ”

သူမ သန့်စင်ခန်းသွားချင်နေတာကို ပြန်လည်သတိရလိုက်တယ်။ ဒီအကြောင်းကို တွေးတောမိရင် လင်းချွမ်ကို အိမ်ထဲမှာ သန့်စင်ခန်းတစ်ခုလုပ်ခိုင်းခဲ့တာက အကောင်းဆုံး လုပ်ရပ်ပဲလို့ ပြမ်တွေးလိုက်မိတယ်။ 

ညနက်သန်းခေါင်အချိန်မှာ အိမ်သာကိုပြေးနေစရာမလိုတော့ဘူးလေ။

အရင်က ဘာမှမဖြစ်ခဲ့ပေမဲ့ အခု ချိန်မှာတော့ကလေးကိုလွယ်ထားရတာကြောင့် ညဘက်အပြင်ထွက်တာက နည်းနည်းလောက်အန္တရာယ်များတယ်လို့ သူမ တွေးမိလာရတယ်။

ဒါပေမယ့် သူမ အိပ်ယာက အလျှင်အမြမ် မထနိုင်ဘဲနေခဲ့မယ်လို့ မထင်ထားခဲ့မိဘူး။ လင်းချွမ်က ချက်ချင်းပဲ တုံ့ပြန်လာခဲ့ပြီး ခုတင်ပေါ်ကနေဆင်းကာ သူမကို ပွေ့ချီခဲ့တယ်။ ထို့နောက် မင်းသားတစ်ပါးက မင်းသမီးလေးကို ပွေ့ချီသလိုမျိုး ရေချိုးခန်းဆီကို တလမ်းလုံး သယ်ဆောင်သွားပေးခဲ့တယ်။

“ရှင် ညသန်းခေါင်ယံအချိန်ကြီး ဘာလုပ်နေတာလဲ?”

“မလှုပ်နဲ့ .. ကိုယ်မင်းကို အိမ်သာဆီကို ခေါ်သွားမယ်”

“မလိုဘူး..ကျွန်မ..”

“အေးအေးဆေးဆေးလုပ်..  ကိုယ်မင်းအတွက် မီးဖွင့်ပေးမယ်”

ထို့နောက် သူက ဆုဆုကို ရေချိုးခန်းထဲသို့ ဆွဲသွင်းပေးခဲ့ပြီး သူမအတွက် မီးကို ဖွင့်ပေးခဲ့ရုံသာမက တံခါးကိုလည်း ပိတ်ပေးခဲ့တယ်။ တကယ့်ကို တွေးတော စဥ်းစားပေးတတ်လွန်းတယ်။

သို့သော်လည်း ဆုဆု ရှက်ရွံ့ရတဲ့ အဆင့်တွေက ပိုလို့တောင် တိုးများလာခဲ့ရပြီး ဒေါသတွေပါ ထွက်လာရတယ်။

“လင်းချွမ်”

“ကိုယ်ရှိတယ်”

“ရှင် အဝေးကို ထွက်သွားလို့ရမလား.. ရှင် အခုလို တံခါးရှေ့မှာ ရပ်နေရင် ကျွန်မသွားလို့မရဘူး”

ဆုဆုတစ်ယောက် မှားယွင်းခံနေရသလို ခံစားရပြီး မွန်းကြပ်လာခဲ့ရပေမဲ့ တစ်ဖက်လူကတော့ ထိုနေရာမှာပဲ ရပ်နေခဲ့ပြီး ထွက်ခွာမသွားခဲ့လေဘူး။ တံခါးရဲ့ အက်ကွဲရာ တစ်လျှောက်ကနေ သူ့ရဲ့အရိပ်ကို မြင်တွေ့နေခဲ့ရတာကြောင့် ဆုဆု ထပ်ပြောလိုက်ရပြန်တယ်။

လင်းချွမ်လည်း သူမ စိတ်ကျေနပ်အောင် ထွက်သွားခဲ့ရုံသာတတ်နိုင်ပြီး  ဇနီးသည်အတွက် ရေတစ်ဖန်ခွက်ငဲ့ကာ နောက်တစ်ဖန်ခွက်ကိုယူပြီး အပူလျော့ပါးစေဖို့ အပြန်အလှန်လောင်းထည့်ရင်း ဇနီးသည် ပြန်ထွက်လာရင် သောက်ဖို့ အသင့်ဖြစ်နေအောင် လုပ်ပေးနေခဲ့တယ်။

သူ့ရဲ့ ဇနီးသည်က သန့်ရှင်းမှုကို အလွန်သဘောကျပြီး အပြင်ကို ပြန်မထွက်လာခင်မှာ လက်ကိုဆေးကြောပြီး အခြောက်ခံခဲ့သေးတယ်။

သူမ ထွက်လာတာကိုမြင်တော့ လင်းချွမ်က ရေခွက်ကို လှမ်းပေးခဲ့တယ်။

ဆုဆု ရေခွက်ကို လှမ်းယူလိုက်ပေမဲ့ ပြန်ပြောလိုက်မိတယ်

“ကျွန်မ ရေမဆာဘူးလေ”

“ရေများများသောက်တာက ကျန်းမာရေးအတွက်ကောင်းတယ်။”

လင်းချွမ်က လေးနက်စွာပြောလာတယ်။

ဒါက “ချစ်သူကောင်လေးတွေပြောတတ်တဲ့စကား  = ရေများများသောက်” ဆိုတာမျိုးလား?

သူလည်း နောက်ဆုံးတော့ ဒီသင်္ဘောပေါ်ကို တက်လာခဲ့ပြီပဲ။

ဆုဆု အချိန်က ရေသောက်ဖို့အတွက် နောက်ကျနေပြီဖြစ်ကြောင်း တွေးလိုက်မိပေမဲ့ နာခံစွာနှင့် သောက်လိုက်တုန်းပဲ။

သို့ပေမဲ့ အလင်းရောင်ကနေ  ထိုအမျိုးသားရဲ့ မျက်လုံးအောက်မှ အပြာရောင်စက်ဝိုင်းကို မြင်တွေ့လိုက်ရတော့ အကြိမ်ရေအနည်းငယ်လောက် သီးသွားရတယ်။

“လင်းချွမ်.. ရှင် တစ်ချိန်လုံး မအိပ်ရသေးဘူးလား”

“အင်း ကိုယ်အိပ်မပျော်ဘူး”

လင်းချွမ် သူမရဲ့ နောက်ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်ပြီး ပါးစပ်ထောင့်မှ ရေနွေးတွေကို ပြန်သုတ်ပေးလိုက်ပြီး သူမကိုပြန်လည်ပွေ့ချီကာ  အိပ်ခန်းထဲကို ခေါ်သွားပေးခဲ့တယ်။

“ရှင်အိပ်မပျော်ရင်လည်း  ဘာလို့လှဲပြီး မအိပ်ကြည့်ရတာလဲ”

ဘာလို့ သူ့ကို တစ်ချိန်လုံး စိုက်ကြည့်နေရတာလဲ?ဒါကို တွေးကြည့်ရင် ကြောက်စရာကောင်းလွန်းတယ်နော်!

“ကိုယ်  မင်းကိုကြည့်ချင်လို့လေ.. မအိပ်ချင်ပဲ မင်းကိုပဲကြည့်ချင်နေတာ”

“... ရှင် ကျွန်မကို ကောင်းကောင်း အိပ်ခွင့်ပေးနိုင်မလား”

ဒါကကြောက်စရာကောင်းလွန်းလို့ သူမ အိပ်တောင် မအိပ်ရဲသလောက်ပဲ။

“ကောင်းပြီ .. ကိုယ် အခုချက်ချင်းအိပ်လိုက်တော့မယ်.. အစတုန်းက ကိုယ် ပျော်လွန်းလို့ အိပ်မပျော်နိုင်ဖြစ်နေခဲ့တာ”

သူ့ဇနီးလေးရဲ့အနားမှာ ပန်းရောင်ဝတ်စုံလေးဝတ်ထားတဲ့ ကလေးမလေးတစ်ယောက်ရှိလာတော့မယ် ဆိုတာကိုတွေးမိပြီး သူအလွန်အမင်း ပျော်နေခဲ့တယ်။

ပျော်လွန်းလို့ အားအင်ပြည့်ဝပြီး စိတ်ဓာတ်တွေ တက်ကြွလွန်းနေခဲ့တယ်။

အခုချိန်မှာ သူ့ကို တောင်ပေါ်ကိုတက်ပြီး ကျားကိုတိုက်ခိုက်ဖို့ပြောလာရင်တောင် အနိုင်တိုက်နိုင်လိမ့်မယ်လို့ ခံစားမိတယ်။ ဒါပေမယ့် သူ မသွားနိုင်ဘူး။ သူက အိပ်ယာပေါ်မှာရှိနေတဲ့ ဇနီးလေးကိုပဲ ကြည့်ချင်နေတာလေ။

All Chapters