← Chapters

အခန်း (၁၄၅)

Vol. 15 Ch. 145

အခန်း (၁၄၅)

Vol. 15 Ch. 145

လင်းချွမ် သူ့အမေနဲ့ စကားပြောနေတုန်းမှာ အပေါ်ထပ်ဆီမှ ဆုဆုရဲ့အော်သံထွက်လာခဲ့ပြီး အသံက အတော်လေးလည်း ကျယ်လောင်တယ်။

လင်းချွမ် စိုးရိမ်တကြီးနှင့် အလျှင်အမြန်ပြေးသွားပြီး မေးလိုက်တယ်။

“ဘာဖြစ်တာလဲ”

“မဟုတ်ဘူး..ဘာမှမဖြစ်ပါဘူး”

ဆုဆု သူမရှာတွေ့လိုက်ရတဲ့အရာကို ကျောပိုးအိတ်ထဲသို့ ပြန်လည် ဝှက်ထားခဲ့ပြီး လင်းချွမ်ကို ပြောမပြခဲ့ဘူး။

သူ ပြန်ထွက်သွားတဲ့အချိန်မှသာ ထိုပစ္စည်းကိုထုတ်ယူလိုက်ပြီး သူမရဲ့ ခေါင်းမှာ အနက်ရောင်လိုင်းတွေ ပေါ်လာခဲ့ရတယ်။

အင်္ဂလိပ်စာတွေ ရေးထားတဲ့ အဖြူရောင် အိတ်အကြည်တစ်လုံးပဲ။

သူမ ဒီလိုဂိုအမှတ်တံဆိပ်ကို မသိရင်တောင် ဒါက ပါးလွှာတဲ့ TT *ဆိုတာကိုတော့ သိသေးတယ်။

(T/n_ Cond** ပါ )

ပြီးတော့ ကြီးမားတဲ့ အရွယ်အစားပဲ။ သူမ ခန့်မှန်းတာမှန်ရင် ဒါက သူမရဲ့ အမျိုးသမီးအတန်းဖော်တွေထဲမှ တစ်ယောက်က စနောက်ဖို့ ထည့်ထားခဲ့တာပဲဖြစ်လိမ့်မယ်။ သူတို့တွေက ထည့်လိုက်ရင်တောင် ပြသနာမရှိသေးဘူး။

ဒါပေမယ့် ဒါက တကယ််ကို ဆိုဒ်လွန်အကြီး ဖြစ်နေသေးတယ်! သူမကို နောက်နေရုံလောက်ပဲမဟုတ်ဘူးလား?

ပြောရရင် သူမ ကားမူးပျောက်ဆေးရှာတုန်းကလည်း ကားမူးပျောက်ဆေး တွေ့ရှိခဲ့တယ်။ သူမက ကံစမ်းပြီး ရှာကြည့်ရုံလောက်ပဲဆိုပေမဲ့ ပေမဲ့ အမှန်တကယ် တွေ့လာခဲ့တယ်လေ။ မတိုင်ခင်တုန်းက ဒီ TT နဲ့ သန္ဓေတားဆေးအကြောင်းကို တွေးကြည့်ပြီး စိတ်ဓာတ်ကျရုံပဲရုံပဲရှိသေးပေမဲ့ အခု ချက်ချင်း တွေ့ရှိခဲ့ပြီ။

ကြည့်ရတာ ပိုင်လင်းလင်းကပဲ ဒီအိုးကို သယ်နိုင်တော့မဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် သူမက မူလတုန်းက လင်းချွမ်ကို ပိုင်းလင်းလင်းဆီမှာ ရှာကြည့်ခိုင်းလိုက်မဲ့အကြောင်း ပြောခဲ့သေးတယ်လေ။ သူက ပိုင်လင်းလင်းကိုတော့ သွားမေးမှာမဟုတ်ဘူး။

မဟုတ်သေးဘူး။ သူက ပိုင်လင်းလင်းကို မမေးရင်တောင် ချန်ယွဲ့ကျင်းကိုတော့ မေးနိုင်တယ်။ ချန်ယွဲ့ကျင်းနှင့် ပိုင်လင်းလင်း လက်ထပ်ပြီးသွားရင် တစ်နေ့နေ့မှာ ထိုအမျိုးသားတွေက ထိုခေါင်းစဥ်အကြောင်းကို ပြောလာနိုင်တယ်။

ဆုဆု ထိုအကြောင်းကို အချိန်ကြာမြင့်စွာ စဉ်းစားခဲ့ပြီး နောက်ဆုံးမှာတော့ ‘ဒီနေ့တော့ မပေါ်သေးဘူး’ဆိုတဲ့အရိုးရှင်းဆုံးနည်းလမ်းကို အသုံးပြုခဲ့တယ်။ သူမက ထို TTကိုထုတ်ယူပြီး သူမရဲ့ကျောပိုးအိတ်ထဲမှာ ပြန်ပေါ်လာမလားဆိုတာကို အရင် ကြည့်လိုက်တယ်။

သူမ စိတ်ထဲကနေ တွက်ချက်ကြည့်လိုက်တယ်။ တစ်နေ့ကို တစ်ကြိမ်ဆိုရင်တော့ လုံလောက်နေတုန်းပဲ။ သို့ပေမဲ့ ထိုလူက ရူးသွပ်နေပြီး တစ်နေ့ကိုနှစ်ကြိမ်ဆိုရင်တော့ မလုံလောက်နိုင်ဘူး။ ပြန်လည်စတင်တဲ့အထိ စောင့်ဆိုင်းရန်လိုအပ်တယ်။ ဒီတော့ ပစ္စည်းတွေကို ထုတ်ယူပြီး တစ်နေရာရာမှာ သိမ်းဆည်းထားသင့်တယ်။

လင်းချွမ်က ငယ်ရွယ်သေးပြီး အလွန်ခွန်အားတက်ကြွလွန်းနေတုန်းပဲ။ များသောအားဖြင့် သူက တစ်ပတ်ကို တစ်ကြိမ်သာ လာအိပ်တတ်ပေမဲ့ သူမကို လူးလိမ့်တာကတော့ ထိုတစ်ပတ်စာလုံးအတွက် လုံးဝကို လျော့နည်းမနေဘူး။

သူမရဲ့ မျက်နှာက အနည်းငယ်နီရဲသွားခဲ့တယ်။ မီးတွင်းအချိန်မှာ သူမ ဘာလို့ ဒီအကြောင်းကို တွေးနေမိတာလဲ။

ညအချိန်မှာတော့ သူတို့နှစ်ယောက် အိပ်ယာပေါ်မှာ လှဲရင်း ခဏလောက် ပူးကပ်နေခဲ့ပြီး အနည်းငယ် ပင်ပန်းလာခဲ့တယ်။ လင်းချွမ်က သူမကို အဆင်ပြေရဲ့လားလို့တောင် မေးလာတာကြောင့် ဆုဆုက သူမရဲ့ကလေးကိုတင်းတင်းဖက်ထားပြီး ကြောက်လန့်တကြား ပြန်ပြောခဲ့တယ်။

“ရှင် ဘာလုပ်ချင်တာလဲ”

“ကိုယ်က မေးရုံပဲမေးတာပဲ.. မင်းက ကိုယ်ဘာလုပ်နိုင်မယ်လို့ ထင်နေတာလဲ”

“ရှင်ဘာမှမလုပ်နိုင်ဘူး.. ကျွန်မကို လွှတ်ထားလိုက်တော့.. ရှင် ကိုယ့်ဘာသာကိုယ် စိတ်အေးအောင် မနေနိုင်ဘူးလား”

“ဒီအတိုင်း စိတ်အေးအေးထားလို့ မရနိုင်ဘူး.. ခဏလောက် စကားပြောရအောင် “

အရင်တုန်းကတော့ လင်းချွမ်က အလွန်အမင်း အေးခဲလွန်းပြီး သူနဲ့စကားပြောရဖို့က ကောင်းကင်ကိုသွားရတာထက်တောင် ပိုခက်ခဲခဲ့တယ်။ မမျှော်လင့်ဘဲ ဒီနေ့မှာတော့ သူ့ဘက်မှ ရှားရှားပါးပါးစကားပြောရန် စတင်လာခဲ့တယ်။

“ပြောလေ”

“ကိုယ် ကိုယ့်ရဲ့သူငယ်ချင်းတွေနဲ့အတူ စုစည်းထားတာ ယွမ် 500 နီးပါးလောက်ရှိတယ်.. အဲဒီပိုက်ဆံနဲ့ဆိုရင် နောက်လမှာ ကိုယ်တို့တွေ ဒီအိမ်အတွက် ပိုက်ဆံကို လွှဲပြောင်းနိုင်လောက်ပြီလား “

“အာ.. ရှင်တကယ် အများကြီးရထားတာပဲ”

သူမလည်း အဲလောက်ထိရနိုင်ပေမဲ့ လင်းချွမ်ကို အလွန်အစွမ်းထက်နေလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ဒါနဲ့ဆိုရင် အားလုံးနီးပါးကို ပေးနိုင်လိမ့်မယ်။ လင်းချွမ် ချေးယူထားတဲ့ပိုက်ဆံကိုတော့ စက်ရုံမှ လတိုင်းရတဲ့အမြတ်ငွေကနေ ပြန်ပေးနိုင်တယ်။

သေချာတာပေါ့။ စက်ရုံမှာ ပိုက်ဆံမရှိဘူးဆိုရင်တောင် သူမရဲ့ကျောပိုးအိတ်ထဲမှာ ထောင်ဂဏန်းကျော်လောက်ကို တတိယလမှာထုတ်ယူနိုင်လိမ့်မယ်။

“လုံလောက်ပြီလား”

“ဒါကလုံလောက်ပါတယ်.. ကျွန်မတို့ ပိုက်ဆံအကုန်ချေပြီးရင် ဒီအိမ်မှာ လွတ်လွတ်လပ်လပ်နေလို့ရပြီ.. စကားမစပ် ရှင့်မှာ အချိန်ရလာရင် ကျွန်မရဲ့အဆောင်ကို မကြာမကြာ ပြန်သွားပေးပါဦး..

အခု ကျွန်မတို့မှာ နေရာရှိနေလို့ အဲဒီနေရာမှာ နေဖို့မလိုအပ်တော့ဘူးဆိုပေမဲ့ အနာဂတ်မှာ ကျွန်မတို့ အဆောက်အအုံကို ပြန်ပြင်ဖို့ဆိုရင် ပြောင်းရွှေ့စရာ အပိုနေရာတစ်ခုရှိနေတာ ပိုကောင်းတာပဲလေ”

သို့ပေမဲ့ အခြေအနေက ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် သူမရဲ့ အရည်အချင်းတွေနှင့် နောက်ထပ်သုံးနှစ်အတွင်းမှာ  အဆောက်အဦးအသစ်တစ်ခုလောက် တည်ဆောက်နိုင်လောက်လိမ့်မယ်လို့ ခံစားရတယ်။

ဒါပေမယ့် နှစ်နှစ်အတွင်းမှာ အခြေအနေက ပြန်လည်ပြောင်းလဲသွားနိုင်မလားဆိုတာ ဆိုတာမသိနိုင်ဘူး။ သူမက ပညာတတ်တစ်ယောက်ဖြစ်ပေမဲ့ ကျောင်းမှာ ဆရာမတစ်ယောက်အဖြစ် အချိန်ခဏတာလောက်သာ လုပ်ဖို့ တွေးထားခဲ့တယ်။

လင်းချွမ် ခေါင်းညိတ်လိုက်တယ်။

“မင်းပြောသလို လုပ်ကြတာပေါ့”

လင်းချွမ် တို့ဟူးခဏလောက် စားပြီးနောက် သားဖြစ်သူရဲ့ ငိုသံကို ကြားလိုက်ရတယ်။ ဒီကလေးကအချိန်ကောင်းကို ဘယ်လိုရွေးရမလဲဆိုတာ ကောင်းကောင်းသိတာပဲ။ သူက မီးကို ပြန်ဖွင့်လိုက်ပြီး ထထိုင်လိုက်တယ်။

“မင်းအိပ်လိုက်တော့လေ.. ကိုယ် သူ့ကိုစာရင်းရှင်းလိုက်မယ်”

“ရှင် ကလေးကို ဘာလုပ်မလို့လဲ.. သူ ဆီးသွားထားပြီလားဆိုတာပဲ စစ်ကြည့်လိုက်လေ.. ရှင့်ရဲ့သားက အသန့်ကြိုက်လွန်းတယ်.. သူက ဆီးသွားပြီးတာနဲ့ ချက်ချင်း ငိုတတ်တယ်.. သူအိပ်ပျော်နေရင်တောင် နိုးလာပြီး အော်ငိုလိမ့်မယ်”

ဆုဆုက သားအဖနှစ်ယောက်ကိုကြည့်ရင်း ညည်းညူခဲ့တယ်။

“မင်းနဲ့တူလို့ အသန့်ကြိုက်တာဖြစ်မယ်”

လင်းချွမ်က သူ့ရဲ့ပါးစပ်ထဲမှာ ပျားရည်လို ချိုမြိန်တဲ့အရာမျိုး ထည့်ထားတာလားဆိုတာကိုတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် ဆုဆုကတော့ ထိုစကားတွေကို ကြားရတာ ကြိုက်တယ်။

လင်းချွမ်က သားဖြစ်သူကို ထိလိုက်တာနဲ့ ဒိုက်ဘာက သေးစိုနေပြီဆိုတာကို သိလိုက်ရတယ်။ ဒါကြောင့် သူက ဒိုက်ဘာကို ပြန်လဲပေးလိုက်တယ်။

သူ့ကို ယောကျ်ားကြီးတစ်ယောက်အဖြစ်နဲ့ပဲ မကြည့်နဲ့။ သူ့ရဲ့နည်းစနစ်တွေက အတော်လေးကောင်းတယ်။ ကလေးရဲ့အနှီးကိုလဲတာက ပြသနာမဟုတ်ဘူး။

သူ့ရဲ့ ကျွမ်းကျင်လွန်းတဲ့ ပုံစံကြောင့် ဆုဆု အံ့သြသွားခဲ့တယ်။

“ရှင် ဒါကို လေ့လာထားလား”

“ကိုယ်က လင်းရှန်နဲ့ တခြားကောင်လေးနှစ်ယောက် ကလေးတုန်းက ဂရုစိုက်ခဲ့ဖူးတယ်လေ.. ဒါတွေက ပြသနာမဟုတ်ပါဘူး “

လင်းချွမ်က လဲပြီးသွားတဲ့ သေးခံဝတ်ကို ယူကာ ရေထဲသို့ နှစ်ပြီး လက်နှစ်ဖက်နဲ့ လျှော်ဖွတ်ခဲ့တယ်။ အကုန်ပြီးတဲ့နောက် သူ့ရဲ့ သားဖြစ်သူရဲ့ တင်ပါးကိုပုတ်ပြီး အိပ်စက်ဖို့ ချော့သိပ်ခဲ့ပြန်တယ်။

သို့ပေမယ့် ဆိုးသွန်းတဲ့ကောင်လေးက လိုချင်တဲ့အတိုင်း မလုပ်ချင်ခဲ့ဘူး။ သူက အိပ်မပျော်ခင်မှာ တစ်ခုခုစားချင်နေခဲ့တယ်။

ဆုဆု ရွေးချယ်စရာမရှိတော့ဘဲ ထထိုင်ပြီး သူ့ကို ပွေ့ချီလိုက်ရတယ်။

“တကယ်လို့ ဒီကလေးသာ အနာဂတ်မှာ ဝတ္တရားမကျေပွန်ဘူးဆိုရင် သူ့ကို မြေကြီးပေါ်မှာ လဲတဲ့အထိ ရိုက်ပစ်မယ်”

“မင်း အဲဒီအချိန်ကျရင် တကယ်မလုပ်နိုင်လောက်ဘူးလို့ ထင်မိတယ်”

လင်းချွမ်က ဇနီးသည်ရဲ့ မျက်နှာကို ခပ်ဖွဖွ ထိတွေ့လိုက်တယ်။ သူမက မကြာသေးခင်က ကိုယ်ဝန်ဆောင်မှုနှင့် ကလေးကို နို့တိုက်ရတဲ့အတွက်ကြောင့် ကိုယ်အလေးချိန်တက်လာခဲ့တယ်။ သို့ပေမယ့် သူမကိုယ် သူမ မှန်ထဲမှာ မကြည့်ရသေးတဲ့ပုံပဲ။ မဟုတ်ရင် သူမရဲ့မျက်နှာကိုမြင်ပြီး ငိုကြွေးနေလိမ့်မယ်။

အလှအပကို အလွန်ချစ်တဲ့သူက ကလေးရှိလာတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် လုံးဝဂရုမစိုက်နိုင်ခဲ့ဘူး။ သူမ မိသားစုအတွက် ဘယ်လောက်ထိ စွန့်လွှတ်အနစ်နာခံထားလဲဆိုတဲ့အကြောင်းကို တွေးမိပြီး လင်းချွမ်တစ်ယောက် သူ့ရဲ့ ဇနီးလေးကို ဘယ်လိုမျိုး ပြန်ပေးဆပ်ရမလဲဆိုတာ မသိနိုင်တော့ဘူး။

“ရှင် ကျွန်မကို ဘာလို့ စိုက်ကြည့်နေတာလဲ”

ဆုဆု သူမရဲ့မျက်နှာကိုထိလိုက်မိတယ်။

“မင်းရဲ့ အခုလို ပုံစံလေးလိုမျိုး ဘယ်တုန်းကမှ ကြည့်မကောင်းခဲ့ဘူးလို့ ထင်လို့”

လင်းချွမ် အလေးအနက်ထားပြီးပြောလိုက်တယ်။

“ရှင်က ကျွမ်မကို လှပတယ်လို့ ချီးမွမ်းနေတာ မဟုတ်ဘဲ လှောင်ပြောင်နေတယ်လို့ ဘာလို့ ခံစားမိတာလဲ.. ကျွန်မသိတယ်.. အခုက ကျွမ်မ ရုပ်ဆိုးနေပြီ”

“မဟုတ်ဘူး.. ဒါက တကယ်ကိုရုပ်မဆိုးပါဘူး”

လင်းချွမ်က သူမရဲ့နောက်ကျောဘက်ကိုခုန်တက်သွားခဲ့ပြီး သူမကိုတင်းတင်းပွေ့ဖက်လိုက်တယ်။

ဒီလိုမျိုးအမျိုးသမီးတစ်ဦးနှင့်သူ့ရဲ့ တစ်သက်တာလုံး အတူဖြတ်သန်းခွင့်ရခဲ့တာက ဘယ်လောက်တောင် ကောင်းချီးပေးခံထားခဲ့ရသလဲ။

သို့ပေမယ့် လင်းချွမ်က စာအုပ်ထဲမှာ သူ ဘယ်လောက်ထိ ကံဆိုးခဲ့တာလဲဆိုတာကိုတော့ မသိခဲ့ဘူး။

ဆုဆု သူ့ကို လျစ်လျူရှုထားလိုက်တယ်။ လင်းချွမ်က သူမဆီက အနံ့ကို ဂရုမစိုက်မှတော့ သူမလည်း သူ့ရဲ့ ရင်ခွင်ထဲမှာပဲ အိပ်စက်ခဲ့တယ်။ သူတို့နှစ်ယောက် ရုန်းကန်ရင်း မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့ကြတယ်။

နောက်တစ်နေ့မနက်မှာတော့ လင်းချွမ်က ကလေးရဲ့အနှီးကိုပြောင်းလဲပြီးသူ့ရဲ့ အမေဆီကို ပေးထားခဲ့တယ်။

ဆုဆု နိုးလာတဲ့အချိန်မှာတော့ အောက်ထပ်မှာ ကလေးကို ပွေ့ချီရင်း သီချင်းတညည်းညည်းနှင့် ချော့မော့နေတဲ့ အမေလင်းကလွဲရင် အိမ်မှာ ဘယ်သူ့ကိုမှ မမြင်တော့ဘူး။ ထိုသီချင်းက ဘယ်နေရာကမှန်းမသိပေမဲ့ သူမ မကြားဖူးတာ သေချာတယ်။

“မင်းအတွက် အိုးထဲကို ယာဂုပူပူလေးရှိတယ်”

“ကောင်းပါပြီ”

“နောက်ပြီး  ကြက်သားဟင်းကို ဆီနည်းနည်း ဆားနည်းနည်းနဲ့ချက်ထားတာ မင်း စားလို့ရတယ်”

“ကျေးဇူးပါ အမေ”

အမေတစ်ယောက်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်နေပါစေ အရသာရှိတဲ့ အစားအသောက်ကို စားချင်နေကြမှာပဲလေ။

မနက်စာစားပြီးတဲ့နောက် သူမက အမေလင်းရဲ့ နှုတ်ခမ်းထောင့်မှာ ကွဲနေတာကို တွေ့လိုက်ရတာကြောင့် မေးလိုက်မိတယ်။

“အမေ.. အပူကန်နေတာလား”

စဉ်းစားကြည့်လိုက်တော့ အမေလင်းက ရွာကနေ ရက်အတော်ကြာအောင် ထွက်လာခဲ့ဖူးတာမျိုးမရှိဘူး။ ဒါကြောင့် အခုလို အပူကန်တာမျိုးက သာမန်ပါပဲ။

“ဘာမှမဖြစ်ပါဘူး.. ရက်အနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားလိမ့်မယ်”

အမေလင်းက သူမရဲ့အိမ်ကို အမှန်တကယ် လွမ်းဆွတ်နေပြီ။ ဒါပေမယ့် သူမရဲ့ ချွေးမအတွက် ကလေး ကြည့်ရှုပေးဖို့ ၊  ဟင်းသီးဟင်းရွက်စျေးကို သွားပြီး စားသောက်စရာတွေ သွားဝယ်ဖို့နှင့်ချက်ပြုတ်ရန် ကူညီပေးဖို့တွေ လိုအပ်တယ်။

သူမရဲ့မိသားစုကလည်း စိတ်ပူစရာတွေတော့  လိုအပ်သေးတယ်။ အဆုံးမှာ ကလေးနှစ်ယောက်က ကျောင်းတက်နေတုန်းဖြစ်ပြီး မွေးထားတဲ့ တိရစ္ဆာန်တွေလည်း ရှိနေသေးတယ်။ သို့ပေမယ့် မွေးကင်းစ ကလေးက ပိုပြီးအရေးကြီးတာကြောင့် သူမ ဘာမှ မပြောခဲ့ဘူး။

အချိန်ရောက်လာရင် သူမရဲ့ ချွေးမက ဘာလုပ်ရမလဲဆိုတာကိုရွေးချယ်လိမ့်မယ်။ နောက်ဆုံးမှာတော့ အကြီးဆုံးမြေးလေးကို ထိန်းပေးဖို့ဆက်ပြောရင် သူမ မငြင်းနိုင်ဘူးဆိုတာသေချာတယ်။

သို့ပေမဲ့လည်း ဆုဆုကတော့ အမေလင်းက အိမ်ကို ပြန်ချင်နေကြောင်းကို တွေ့မြင်နိုင်တယ်။ ညနေဘက် လင်းဟိုင်ရောက်လာချိန်မှာ သူမက သူ့ကို ဆေးရုံကိုသွားဖို့ တောင်းဆိုခဲ့ပြီး ပိုင်လင်းလင်းဆီကနေ ဆေးတချို့သွားတောင်းခိုင်းခဲ့တယ်။

All Chapters