← Chapters

အနောက်ပိုင်းဒေသ ယင်မျိုးနွယ်စု

Vol. 2 Ch. 153

အနောက်ပိုင်းဒေသ ယင်မျိုးနွယ်စု

Vol. 2 Ch. 153

“ သူတို့က အလယ်ပိုင်းက ခရမ်းရောင်သွေးလဂိုဏ်းသားတွေလား “

“ ဒါကြောင့်လဲဒီလောက်အထိရဲတင်းနေကြတာကိုး ဘယ်လိုပဲဖြစ်ဖြစ်ငါတို့ကလဲ ရန်စစော်ကားတာကို အလွယ်တကူလက်ခံမယ့်လူတွေမဟုတ်ဘူး “

“ ဟုတ်တယ် သူတို့ရဲ့ခရမ်းရောင်သွေးလကို အနီရောင်သွေးလဖြစ်အောင်ပြောင်းလဲပစ်မယ် “

ဝေဖန်သံ ၊ ရေရွတ်သံများက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာကြသည် ။

ခရမ်းရောင်ဝတ်စုံနှင့်လူစု၏အင်္ကျီပေါ်တွင် သေးငယ်သည့်လခြမ်းပုံလေးသုံးခုစီရှိနေကာ ထိုသင်္က‌တမှာ ထိုလူများမှ ခရမ်းရောင်သွေးလဂိုဏ်းသားဖြစ်သည်ဆိုသည့်သဘောပင်ဖြင်သည်။

ထို့အပြင် ခရမ်းရောင်သွေးလဂိုဏ်းထဲတွင် ထိုလူများမှာ နိမ့်ကျသည့်အဆင့်မဟုတ်ပေ။

ခရမ်းရောင်သွေးလဂိုဏ်း၏ဖွဲ့စည်းပုံမှာ အဆင့်နိမ့်သိုင်းသမားများနှင့်အလယ်အလက်အဆင့်သိုင်းသမားများမှာ အဆင့်နိမ့်ဂိုဏ်းသားရာထူးကိုသာရကာ ခရမ်းရောင်အင်္ကျီပေါ်တွင် လခြမ်းပုံတစ်ခုသာရှိသည်။

အဆင့်မြင့်သိုင်းသမားနှင့် ထိပ်တန်းအဆင့်သိုင်းသမားများမှာမူ လခြမ်းပုံနှစ်ခုရကာ အဆင့်မြင့်ဂိုဏ်းသားများဖြစ်ကြသည်။

သူတို့ထက်ပို၍အဆင့်မြင့်သည်က အကြီးအကဲများဖြစ်ကြသည့် လခြမ်းသုံးခုနှင့်အဆင့်လွန်သိုင်းသမားများနှင့် လပြည့်ဝန်းပုံစံပါသည့် ဘုရင်ငါးယောက်တို့သာဖြစ်သည်။

ခရမ်းရောင်သွေးလဂိုဏ်းမှာ ဂိုဏ်းအတော်များများကိုပေါင်းစု၍ဖွဲ့စည်းထားသော်လည်း အတော်လေးစနစ်ကျလှသည် ။

ထို့အပြင် ခရမ်းရောင်သွေးလဂိုဏ်းထဲသို့ရောက်ရှိသွားပါက အစွမ်းထက်သိုင်းပညာများလည်းရရှိကြကာ ယခင်ကထက်များစွာပို၍ အစွမ်းထက်လာကြသည် ။

ထို့ကြောင့်လည်း ခရမ်းရောင်သွေးလဂိုဏ်းမှယ လအနည်းငယ်အတွင်းအင်အားများစွာကြီးထွားလာခြင်းဖြစ်သည် ။

ခရမ်းရေညင်သွေး ဂိုဏ်းသားများမှာ နေရာအနှံ့ပျံ့နှံ့နေကြ‌သော်လည်း သူတို့ကိုယ်တိုင်ပင် ခုအချိန်အထိဂိုဏ်းခေါင်းဆောင်ကို မမြင်တွေ့ဖူးကြပေ။

ဂိုဏ်းချုပ်ဖြစ်သည့် နှင်းငွေ့မိစ္ဆာသခင်ကြီးကို အထက်ပိုင်းအကြီးအကဲအချို့သာတွေ့ဖူးကြသည်ဟု ဆိုကြသည် ။

နှင်းငွေ့မိစ္ဆာသခင်ကြီးဆိုသူမှာ သိုင်းလောကတွင်လူလုံးမပြသော်လည်း သူ၏နာမည်မှာကျော်ကြားနှင့်ပြီးဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ခရမ်းရောင်သွေးလဂိုဏ်းထွက်ပေါ်လာမှုကြောင့် သိုင်းလောကတစ်ခုလုံးလှုပ်လှူပ်ရှားရှားဖြစ်သွားကာ ထိုဂိုဏ်း၏ရည်ရွယ်ချက်ကို မှန်းဆနေကြသည်။

ထိုလူစုမှာ ခရမ်းရောင်သွေးလဂိုဏ်းသားများဟုသိလိုက်ရ၍ ဆိုင်အတွင်းမှသိုင်းသမားများအနည်းငယ်တုံ့ဆိုင်းသွားကြသော်လည်း တခဏအတွင်းပြန်၍သွေးဆူလာကြသည်။

နယ်မြေကျော်သည့်နဂါးပင် ဒေသခံမြွေကို မခန့်လေးစားမလုပ်ရဲပေ။ ခရမ်းရောင်သွေးလဂိုဏ်းမှာ အလယ်ပိုင်းဒေသမှ ထိပ်တန်းအဆင့်ဂိုဏ်းကြီးဖြစ်သော်လည်း ယခုနေရာမျာ အနောက်ဘက်ဒေသဖြစ်သည်။

ထို့ကြောင့်ပင် အနောက်ပိုင်းသိုင်းလောကသားများမှာ ထိုလူစုမှခရမ်းရောင်သွေးလဂိုဏ်းမှဖြစ်သော်လည်း များစွာကြောက်လန့်ခြင်းမရှိကြပေ။

မိန်းကလေးနှင့်အတူ သူ၏နောက်မှလူများမှာ မျက်နှာအနည်းငယ်ပြောင်းလဲသွားကြသည် ။ ထိုလူများမှာ သူတို့၏နောက်ခံကိုသိပြီးသည့်တိုင်ယခုလိုတိုင်ခိုက်လိုသေးမည်ဟု သူတို့မထင်ထားခဲ့ပေ ။

သို့သော် သူတို့လည်းကြောက်လန့်မှုတစ်စုံတစ်ရာမရှိပေ။ သူတို့လူစုမှာ အဆင့်လွန်သိုင်းသမားများဖြစ်ကြသဖြင့် ထိုလူများပူးပေါင်းတိုက်လိုက်လျှင်ပင် လွတ်မြောက်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

သူတို့အနည်းငယ်စိုးရိမ်သည်က အစောပိုင်းမှအော်ဟစ်လိုက်သည့်သိုင်းဝိဇ္ဇာအ‌ဆင့်အဖိုးအိုနှင့် သူ၏‌လူနှစ်ယောက်ကိုဖြစ်သည်။

“ ဆရာကြီးက ဘယ်ကနာမည်ကျော်ပုဂ္ဂိုလ်လဲဆိုတာ သိပါရစေ ။

ဆရာကြီးလိုအဆင့်အတန်းနဲ့ ကျမတို့လူငယ်မျိုးဆက်တွေရဲ့ပြဿနာနည်းနည်းပါးပါးကို ဝင်မစွက်ဖက်လောက်ပါဘူးနော် “

မိန်းကလေးမှ အဖိုးအိုအားဂါရဝပြုကာမေးလိုက်သည် ။သူမ၏အပြုအမူမှာ ယခင်ပုံစံနှင့်ပြောင်းပြန်ကွာခြားလှသည်။

ဆိုင်အတွင်းရှိလူများမှာ သူမ၏အပြောင်းအလဲမြန်ပုံကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်ကြသော်လည်း သူမ၏လိမ္မာပါးနပ်မှုကိုတော့ ကြိတ်၍ချီးကျူးလိုက်ကြသည် ။

မိန်းမပျိုမှာ အဖိုးအိုအိုရိုသေသည့်အမူအယာဖြင့် တစ်ဆက်တည်း သူမတို့၏ကိစ္စတွင်ဝင်မစွက်ဖက်ရန်ပါ သွယ်ဝိုက်၍ပြောလိုက်ခြင်းဖြစ်သည်။

သိုင်း‌လောကတွင် လူငယ်မျိုးဆက်၏ပြဿနများကိုလူကြီးများမှဝင်မစွက်ဖက်ရဆိုသည့် ပြောပြစရာမလိုသည့်စည်းမျဉ်းတစ်ခုရှိသည် ။

မိန်းမပျိုမှာ ထိုစည်းမျဉ်းအားနင်းကာ အဖိုးအိုကိုသူမတို့၏ကိစ္စတွင်ဝင်မရှုပ်ရန် သွယ်ဝိုက်ပြောလိုက်ခြင်းဖြစ်သည်။

အကယ်၍ အဖိုးအိုသာသူမတို့လူစုအားတိုက်ခိုက်ပါက အဖိုးအိုမှကိုယ့်ဂုဏ်သိက္ခာကိုမထောက်ဘဲအနိုင်ကျင့်သည့်သဘောသက်ရောက်သွားပေမည်။

အဖိုးအိုမှလည်း မိန်းကလေး၏စကားပြောပါးနပ်မှုကြောင့်ပြုံးကာ ရှေ့‌သို့လျှောက်လာလိုက်သည်။

သူနှင့်အတူရှိနေသည့်လူနှစ်ယောက်မှာ စားသောက်နေခြင်းအားရပ်တန့်လိုက်ကြပြီဖြစ်သည်။ သို့သော် သူတို့၏နေရာမှာ အနည်းငယ်မှောင်ရိပ်ကျနေသဖြင့် ထိုလူနှစ်ယောက်၏မျက်နှာများကို ရှင်းလင်းစွာမမြင်ရပေ။

“ မင်းတို့ဂိုဏ်းကလူတွေနဲ့ ငါတို့အနောက်ပိုင်းကလူတွေ မျှမျှတတတိုက်ခိုက်မယ် ။ မင်းတို့အနိုင်ရသွားရင် ငါတို့ကိုကြိုက်သလိုရှုံ့ချခွင့်ရှိတယ်။

တကယ်လို့ မင်းတို့ရှုံးနိမ့်သွားရင်တော့ ဒူးထောက်ပြီးတောင်းပန်ပြီးမှထွက်သွားလို့ရမယ် “

အဖိုးအိုမှ တည်ကြည်နေသည့်လေသံဖြင့်ပြောလိုက်သည်။

အဖိုးအိုမှာ သာမန်ပုံစံဖြင့်ပြောလိုက်ခြင်းဖြစ်သော်လည်း ဆိုင်အတွင်းရှိလူအများမှာ တိတ်ဆိတ်သွားကြသည်။

ဂုဏ်သိက္ခာဖြင့်အလောင်းအစားလုပ်ခြင်း ။

ဤသည်မှာ အနောက်ပိုင်းသိုင်းလောကတစ်ခုလုံး၏ဂုဏ်သိက္ခာဖြင့် အလောင်းအစားလုပ်လိုက်ခြင်းဖြစ်သည်။

မိန်းကလေးမှာလည်း အဖိုးအို၏စကားကြောင့် တခဏငြိမ်သက်သွားပြီး သူမ၏မျက်လုံးလေးများတလက်လက်တောက်ပလာကာ အဖိုးအိုအားမေးမြန်းလိုက်သည်။

“ ဆရာကြီးက အစွမ်းထက်တာမှန်ပေမယ့် အနောက်ပိုင်းသိုင်းလောကတစ်ခုလုံးကိုကိုယ်စားပြုလို့လား။

ကျွန်မအထင်ပြောရရင် အနောက်ပိုင်းသိုင်းလောကက သိုင်းသမားတွေသဘောတူညီမှုကလည်းလိုအပ်သေးတယ်လို့ထင်တယ် “

မိန်းကလေး၏စကားမှာ ချက်ကောင်းကိုထိမှန်သွားသည် ။ အနောက်ပိုင်းဒေသမှသိုင်းသမားများပင် ထိုအဖိုးအိုကို နားမလည်နိုင်သည့်မျက်လုံးများဖြင့်ကြည့်လာသည် ။

ထိုအဖိုးအိုမှာ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်သော်လည်း အနောက်ပိုင်းသိုင်းလောကတွင်ကျော်ကြားသူတစ်ယောက်မဟုတ်ပေ။

ထို့အပြင် အဖိုးအိုအား သူတို့ထဲမှလူအတော်များများမှာ ယခုမှပင်မြင်တွေ့ဖူးခြင်းဖြစ်သည် ။

ထို့ကြောင့် အဖိုးအို၏အကြောင်းကို သူတို့များစွာမသိကြသောကြောင့် အဖိုးအိုကိုအနည်းငယ်သံသယဖြစ်လာကြသည်။

အဖိုးအိုမှ အနောက်ပိုင်းဒေသမှလူတစ်ဦးမဟုတ်လျှင် သူတို့၏ဂုဏ်သိက္ခာအတွက် အဖိုးအိုအား အလောင်းအစားလုက်ခိုင်း၍မရပေ ။

အဖိုးအိုမှ မိန်းကလေး၏စကားကြောင့် ခေါင်းတဆက်ဆက်ညိမ့်လိုက်မိသည်။

“ မင်း‌အတော်လေးပါးနပ်တာပဲ ငါပြင်ပကိုမထွက်တာ နှစ်နှစ်ဆယ်ကျော်သွားပြီ ။နောက်ထပ်မျိုးဆက်သစ်တွေက အခုလိုမျိုးထူးချံန်နေမယ်လို့ ငါမထင်ထားဘူး “

အဖိုးအိုမှ ဘောကျသည့်ဟန်ဖြင့်စိတ်လိုလက်ရချီးကျူးလိုက်သည်။

ယခုအချိန်တွင် ဆိုင်အတွင်းမှလူအများ၏အာရုံမှာ အဖိုးအိုဆီသို့ရောက်ရှိနေကြပြီဖြစ်သည် ။ခရမ်းရောင်သွေးလဂိုဏ်းသားများကိုပင် တခဏမေ့လျော့သွားကြသည်။

မိန်းကလေး၏စကားမှာ သူတို့၏တစ်စိတ်တစ်ဝမ်းထဲဖြစ်နေသည့်အဖြစ်ကို သံသယမီးပွားလေးတစ်ခုထည့်ပေးလိုက်ခြင်းဖြစ်သည် ။

သူ့အားကြည့်ရှုနေသည့်အကြည့်များကိုလည်း သူကောင်းစွာနားလည်သည်။ ထို့နောက် အဖိုးအိုမှု သူ၏အင်္ကျီအတွင်းမှ တစ်စုံတစ်ခုကိုထုတ်ယူလိုက်သည်။

“ ကျုပ်ကအနောက်ပိုင်းသိုင်းလောကတစ်ခုလုံးကိုကိုယ်စားမပြပေမယ့် ဟောဒီကျီးနက်မြို့ကိုတော့ ကိုယ်စားပြုနိုင်တယ်လို့ထင်ပါတယ် “

အဖိုးအို၏လက်ထဲတွင် အနက်ရောင်တံဆိတ်ပြားတစ်ခုရှိနေသည်။ ထိုတံဆိပ်ပြားမှာ ချောမွတ်နတ်ပြောင်နေသည့်ကျောက်သားဖြင့်ပြုလုပ်ဖားခြင်းဖြစ်ကာ တံဆိပ်ပြားပေါ်တွင် ကျီးကန်းတစ်ကောငိဟသဏ္ဍာန်ကို လက်ရာမြောက်စွာရေးထွင်းထားသည်။

ဆိုင်အတွင်းရှိလူအများသာမက ခရမ်းရောင်သွေးလဂိုဏ်းသားများပင် ထိုတံဆိပ်ပြားကြောင့် အံ့ဩ

ကုန်ကြသည်။

“ ကျီးကန်းနက်ဘုရားအမိန့်ပြားပါလား ဒီဆရာကြီး ယင်မျိုးနွယ်စုကအကြီးအကဲတစ်ယောက်လားမသိဘူး “

ချန်မျိုးနွယ်ဓားသမားမှ အနည်းငယ်တုန်ယင်နေသည့်လေသံဖြင့်ပြောလိုက်သည် ။အဖိုးအိုလည်း ဟုတ်မှန်ကြောင်း ခေါင်းညိမ့်ပြလိုက်သည် ။

ယင်မျိုးနွယ်စုမှာ အနောက်ပိုင်းသိုင်းလောက၏ထောက်တိုင်နှစ်ခုထဲမှတစ်ခုဖြစ်သော်လည်း အလယ်ပိုင်းသိုင်းလောကနှင့်ပတ်သတ်ခြင်းနည်းပါးသည်။

သို့သော် သူတို့မျိုးနွယ်စုမှာ အနောက်ပိုင်းသိုင်းလောကတွင်မသိသူမရှိကျော်ကြားလှကာ ကျီးနတ်မြို့မှာလည်း သူတို့၏မြို့ဟုပင်ပြော၍ရသည် ။

အကြောင်းမှာ ကျီးနတ်မြို့ကိုစတင်တည်ထောင်သူများမှာ ယင်မျိုးနွယ်စုမှ ဘိုးဘေးများဖြစ်ကြသောကြောင့်ဖြစ်သည်။

ယင်မျိုးနွယ်စုမှ သိုင်းသမားများမှာ အနောက်ပိုင်းသိုင်းလောကထဲတွင်တွေ့ရတတ်သော်လည်း အကြီးအကဲများကိုမူ အလွန်တွေ့ရခဲသည်။

ယင်မျိုးနွယ်စုသည်လည်း အကြီးအကဲများစွာမရှိဘဲ ရှိနေသည့်အကြီးကဲများမှာ မျိုးနွယ်စုကိုကိုယ်စားပြုနိုင်သူများဖြစ်ကြသည်။

“ မိန်းကလေး ကျုပ်ကအနောက်ပိုင်းသိုင်းလောကတစ်ခုလုံးကိုကိုယ်စားမပြုသလို မင်းကလည်း ခရမ်းရောင်သွေးလဂိုဏ်းတစ်ခုလုံးကို ကိုယ်စားမပြုဘူးထင်ပ ။

ကျုပ်တို့ရဲ့လောင်းကြေးကဘယ်လိုလဲ မျှတရဲ့လား

“

အဖိုးအိုမှ မိန်းကလေးအား ကြည့်ကာမေးလိုက်သည်။

အံ့ဩစရာကောင်းသည်မှာ မိန်းကလေး၏မျက်နှာထက်တွင် အံ့ဩသည့်အရိက်အ‌ယောင်များစွာမရှိပေ။ သူမမှာ ထိုအဖြစ်ကို ကြိုတင်ခန့်မှန်းထားပုံရသည် ။

“ ကောင်းပြီ ကျွန်မသဘောတူတယ် “

မိန်းကလေး၏အသံထွက်ပေါ်လာသည်။

All Chapters