← Chapters

ယင်မျိုးနွယ်စုမှ ယင်ရှုချန်း

Vol. 2 Ch. 154

ယင်မျိုးနွယ်စုမှ ယင်ရှုချန်း

Vol. 2 Ch. 154

“ ဆရာကြီးရှောင်းကို ကျွန်မဒုက္ခပေးရဦးမယ် “

မိန်းကလေးမှာ သူ့လူများဘက်သို့လှည့်ကာ သာယာသည့်‌အသံဖြင့်ပြောလိုက်သည်။

မိန်းကလေး၏နောက်မှ ခရမ်းရောင်ဝတ်စုံနှင့်လူများထဲမှ အသက်ငါးဆယ်ကျော်လူကြီးတစ်ယောက်ထရပ်လိုက်သည် ။

ထိုလူကြီးမှာ ခါးတွင်ဓားတစ်လက်ကိုချိတ်ဆွဲထားကာ တည်ကြည်သည့်အမူအယာဖြင့်ဖြစ်သည်။

ယခင်က တိုက်ခိုက်မည်ပြင်၍ ရှေ့သို့ထွက်နေကြသည့်လူနှစ်ယောက်မှာ ထိုလူကြီးအားလေးစားဟန်ဖြင့် နောက်သို့ဆုတ်သွားကြသည် ။

“ ရှုချန်း မင်းလာခဲ့တော့ “

ယင်မျိုးနွယ်စုမှအဖိုးအိုမှ နောက်သို့လှည့်ကာအော်ဟစ်လိုက်သည်။

ဆိုင်ထောင့်ရှိလူနှစ်ယောက်မှာလည်း အနည်းငယ်ပျင်းရိသည့်ဟန်ဖြင့်ထရပ်လာကြသည် ။ ထိုလူနှစ်ယောက်မှာ တစ်ယောက်မှအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ကျန်တစ်ယောက်မှ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။

သူတို့၏ဝတ်စုံများမှာ ဆန့်ကျင်ဘက်ဖြစ်ကြသည့်အပြင် သူတို့၏မျက်နှာအမူအယာများသည်လည်းကွာခြားလှသည် ။

အဖြူရောင်ဝတ်စုံဖြင့်လူမှာ အသက်လေးဆယ်အရွယ်သာရှိသေးကာ နူးညံ့သည့်မျက်နှာဖြင့် အေးဆေးသည့်လူတစ်ဦးနှင့်တူညီသည်။

အနက်ရောင်ဝတ်စုံနှင့်လူမှာမူ သာမန်မျက်နှာသာရှိသော်လည်း သူ၏မျက်လုံးများကစူးရှတောက်ပနေကာ တစ်မျိုးတစ်ဖုံထူးဆန်းနေသည်။

ထို့အပြင် ထိုလူ၏အနက်ရောင်ဝတ်ရုံရှည်ကြီးကြောင့် အနက်ရောင်ဝတ်စုံနှင့်လူမှာ အောက်လမ်းမှော်ဆရာတစ်ဦးနှင့်တူညီနေသည်။

ထိုနှစ်ယောက်မှာ လက်နက်တစ်စုံတစ်ရာမတွေ့ရဘဲ လက်နက်မဲ့သိုင်းသမားများဖြစ်ပုံရသည်။

သို့သော် ဆိုင်အတွင်းရှိလူများကမူ ထိုနှစ်ယောက်ကို အထင်မသေးရဲပေ။ ယင်မျိုးနွယ်စုမှအဖိုးအိုနှင့်

အတူရှိသဖြင်ပ ထိုလူများသည်လည်း ယင်မျိုးနွယ်စုမှ ထိပ်သီးသိုင်းသမားများဖြစ်ပုံရသည်။

“ ဦလေးနှစ် ကျုပ်ဘယ်သူ့ကိုတိုက်ခိုက်ရမှာလဲ “

အနက်ရောင်ဝတ်စုံနှင့်လူမှ စိတ်မပါသည့်လေသံဖြင့်မေးလိုက်သည်။ သူ၏လေသံမှာ တစ်ဖက်မှ ခရမ်းရောင်သွေးလဂိုဏ်းသားများကို ရှိသည်ဟုပင်အောက်မေ့ပုံမရပေ ။

သို့သော် သူနှင့်တိုက်ခိုက်ရမည့် ဆရာကြီးရှောင်းဆိုသူမှာ မျက်နှာပျက်ယွင်းလျက်ရှိသည်။ ဆရာကြီးရှောင်းမှ ထိုအနက်ရောင်ဝတ်စုံနှင့်လူအား လက်ညိုးထိုး၍ အံ့ဩနေပုံရသည့်လေသံဖြင့် မေးလိုက်သည်။

“ မင်းက သိုင်းထိပ်သီးဆယ်ယောက်စာရင်းက ခွန်လွန်ရသေ့လက်ဝါးမဟုတ်လား “

ဆရာကြီးရှောင်၏မေးခွန်းကြောင့်ဆိုင်ထဲရှိလူများမှာ အနက်ရောင်ဝတ်စုံနှင့်လူအားနောက်ထပ်တစ်ကြိမ်ကြည့်လိုက်မိကြသည်။

အနောက်ပိုင်းဒေသမှသိုင်းသမားများသည်လည်းသိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်များအကြောင်းကိုကြားဖူးကြသည်။

သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်များမှယ အဆင့်လွန်သိုင်းအဆင့်ထဲတွင်ထိပ်ဆုံးနေရာ၌ရှိနေသူများဟုပင်ပြော၍ရသည် ။

ထို့အပြင် စာရင်း၏နံပါတ်ငါးနေရာတွင်ရောက်နေသူမှာ အတော်လေးအားကောင်း၍ဖြစ်ပုံရသည်။

“ အစ်ကိုကြီး မင်းကအတော်လေးနာမည်ကြီးတာပဲ “

အဖြူရောင်ဝတ်စုံနှင့်လူမှ ခပ်ပြုံးပြုံးမျက်နှာဖြင့်ပြောလိုက်သည်။ ရသေ့လက်ဝါးမှာ ထိုလူအားဂရုမစိုက်ဘဲ ဆရာကြီးချန်းဆိုသူကို သေချာကြည့်လိုက်သည်။

“ ကျုပ်ကလဲဘယ်သူများလဲအောင့်မေ့နေတာ တောင်ဆယ့်ရှစ်လုံးရဲ့ခေါင်းဆောင် ဓားပြဘုရင်ရှောင်မန်ကိုးး

တောင်ဆယ့်ရှစ်လုံးမှာ ဘုရင်တစ်ပါးလိုနေခဲ့တဲ့လူက ဘယ်လိုလုပ်ပြီးခရမ်းရောင်သွေးလဂိုဏ်းရဲ့နောက်လိုက်ခွေးဘဝကိုရောက်သွားတာလဲလို့ စဉ်းစားမရဖြစ်နေတာ “

ရသေ့လက်ဝါးမှလည်း ပြန်၍ခနဲ့လိုက်သည် ။သူ၏စကားကြောင့် ဆရာကြီးရှောင်းမှာ မျက်နှာကြီးမဲမှောင်သွားသည်။

တောင်ဆယ်ရှစ်လုံးမှဓားပြဘုရင်ရှောင်းမန်မှာ သိုင်းလောကတွင်အတော်လေးကျော်ကြားသည်။

ရှောင်းမန်မှာ အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်သည့်အပြင် သူ၏လက်အောက်မှဓားပြများမှာလည်း တိုက်ရည်ခိုက်ရည်ပြည့်ဝသည့်သိုင်းသမားများဖြစ်ကြသည် ။

ရှောင်မန်မှာ နန်းမြို့တော်မှလူလွှတ်၍ နှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်သည်ကိုပင် လွတ်အောင်ခုခံနိုင်စွမ်းရှိသည် ။

ထိုအဖြစ်ကြောင့်လည်း တောင်ဆယ့်ရှစ်လုံးမှ ဓားပြဘုရင်ရှောင်းမန်ဟူ၍ ကျော်ကြားလာခြင်းဖြစ်သည်။

ထိုကဲ့သို့လူတစ်ယောက်ပင် ခရမ်းရောင်သွေးလဂိုဏ်းမှအကြီးအကဲတစ်ဦးသာဖြစ်နေသဖြင့်ခရမ်းရောင်သွေးလဂိုဏ်း၏အင်အားမှာ စိုးရိမ်ဖွယ်အနေအထားသို့ရောက်နေသည်။

ယင်ရှုချန်းနှင့် ဆရာကြီးရှောင်းမှာ ယခင်ကတိုက်ခိုက်ဖူးခြင်းမရှိသော်လည်း တစ်ဦး၏အကြောင်းကိုတစ်ဦးကြားဖူးသည် ။

ထို့အပြင် ယခင်ပုံစံအတိုင်းဆိုပါက ဆရာကြီးရှောင်းမှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ နံပါတ်ငါးရသေ့လက်ဝါးထက်အားနည်းပေသည် ။

“ ဆရာကြီးရှောင်း ဒေါသမထွက်ပါနဲ့ တစ်ဖက်လူက အမှားများအောင်တမင်ရည်ရွယ်ပြီးလုပ်နေတာ “

မိန်းကလေးမှဆရာကြီးရှောင်းအားတီးတိုးပြောလိုက်သည် ။သူမ၏စကားကြောင့် မျက်နှာဆိုးဆိုးရွားရွားပျက်ယွင်းနေသည့်ဆရာကြီးရှောင်းမှာ ပြန်၍တည်ငြိမ်လာသည်။

“ မင်းရဲ့ပုံစံကိုကြည့်ရတာ ငါကြားထားတဲ့သတင်းကအမှန်ဖြစ်ပုံရတယ် ။

မင်းက သိုင်းပညာဂုဏ်မောက်ပြီးအဖြူရောင်သွေးမိစ္ဆာကိုစိန်ခေါ်တိုက်ခိုက်ပြီးတော့ မင်းရဲ့လက်တစ်ချောင်းပြတ်သွားတယ်ဆိုတာ “

ဆရာကြီးရှောင်းမှ ပြန်၍ချေပစကားဆိုလိုက်ခြင်းဖြစ်သည် ။သူ၏အကြည့်များမှာ ယင်ရှုချန်း၏ခန္တာကိုယ်ပေါ်သို့ကျရောက်နေသည်။

“ ဟုတ်‌တာပေါ့ ကျုပ်က လက်ချောင်းတစ်ချောင်းမရှိတော့ဘူး ဒါပေမယ့် ခင်ဗျားလိုလူတစ်ယောက်ကို သုံးကွက်အတွင်းအနိုင်ယူနိုင်စွမ်းရှိတယ် ။

နောက်ပြီးတော့ ကျုပ်ကခွန်လွန်ဂိုဏ်းကထွက်ပြီးပြီ ကျုပ်နာမည်ကယင်ရှုချန်း အနောက်ပိုင်းသိုင်းလောက ယင်မျိုးနွယ်စုက ယင်ရှုချန်း “

ယင်ရှုချန်း မဲ့ပြုံးပြုံး၍ပြောလိုက်သည်။ သူ၏စကားကြောင့် ဆရာကြီးရှောင်မှလည်း ဒေါသတကြီးကြုံးဝါးလိုက်သည်။

“ ကောင်းပြီလေ ဘယ်သူကအနိုင်ရမလဲဆိုတာတိုက်ခိုက်ကြတာပေါ့ “

ဆရာကြီးရှောင်းမှ သူ၏ခါးမှဓားရိုးအား တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများက ယင်ရှုချန်းကို စူးစိုက်ကြည့်လိုက်သည်။

“ ဝှစ် “

“ ဝုန်းးး “

ဓားရောင်တစ်ချက်လက်သွားကာ ယင်ရှုချန်း၏နောက်မှစားပွဲခုံမှာ ပိုင်းဖြတ်ခြင်းခွလိုက်ရသည် ။

သို့သော် ယင်ရှုချန်း၏ခန္တာကိုယ်မှာ ဆရာကြီးရှောင်၏ဘေးဘက်တွင်ရောက်နေကာ လက်ဝါးတစ်ချက်ကိုရိုက်ထုတ်လိုက်သည်။

“ ရှစ်မျက်နှာဖမ်းဆုတ်ကွက် “

ယင်ရှုချန်း၏လက်ဝါးမှာ တစ်ချက်သာရြိက်လိုက်ခြင်းဖြစ်သော်လည်း လက်ဝါးရိပ်ရှစ်ခုအဖြစ်ခွဲသွားသည် ။

ထို့နောက် ထိုလက်ဝါးရိပ်များမှစုပေါင်းသွားကာ ဆရာကြီးရှောင်းအားပြင်းထန်စွာတိုက်ခိုက်လိုက်သည် ။

“ ဝုန်းးး... “

ဆရာကြီးရှောင်းမှာ အခြေအနေမဟန်မှန်းသိ၍ အလျှင်အမြန်ရှောင်တိမ်းလိုက်နိုင်သည့်အတွက် သူ၏မျက်နှာဘေးမှပွတ်ကာသီကာဖြတ်ကျော်သွားသည် ။

သို့တိုင်အောင် သူ၏ပါးတွင် ပူစပ်ပူလောင်ခံစားချက်ကိုရရှိလိုက်ကာ အကယ်၍ယင်ရှုချန်း၏လက်ဝါးချက်သာထိမိသွားပါကသူ၏မျက်နှာတစ်ခုလုံးစုတ်ပြတ်သွားနိုင်သည်။

ဆရာကြီးရှောင်းမှာ ယင်ရှုချန်းး၏အတွင်းအားကိုထိတ်လန့်သွားကာ နောက်သို့ခုတ်ဆုတ်၍ ဓားတစ်ချက်ပိုင်းကာ နောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်သည်။

သူ၏သိုင်းပညာမှာ ခရမ်းရောင်သွေးလဂိုဏ်းကိုဝင်ရောက်ပြီးနောက် များစွာတိုးတက်လာသော်လည်း ယင်ရှုချန်းနှင့်နှိုင်းယှဉ်လျှင် များစွာနိမ့်ကျကြောင်းကို သူသိလိုက်သည်။

“ စင်ကြယ်ခြင်းလက်ဝါးသိုင်း “

ယင်ရှုချန်းမှာ ဆရာကြီးရှောင်း၏ဓားကွက်ကို‌မရှောင်တိမ်းတော့ဘဲထိတ်တိုက်ရင်ဆိုင်လိုက်သည်။

ဆရာကြီးရှောင်း၏ဓားလှိုင်းကြီးမှာ သာမန်ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကို နှစ်ပိုင်းပြတ်သွားစေနိုင်သည်။

သို့သော် ယင်ရှုချန်း၏လက်ဝါးနှင့်တွေ့သည့်အခါ ဓားလှိုင်းကြီးမှာ အားလျော့သွားပြီး နောက်ဆုံးပျက်ပြယ်သွားသည် ။

စင်ကြယ်ခြင်းလက်ဝါးသိုင်းကွက်မှာ ရသေ့လက်ဝါးသိုင်းပညာထဲမှအစွမ်းအထက်ဆုံးခုခံသည့်သိုင်းကွက်ဖြစ်ကာ ထိုသိုင်းကွက်အားရင်ဆိုင်ရစဉ်ကထင်းရှီပင်ဘာမှမတတ်နိုင်ခဲ့ပေ။

ယင်ရှုချန်းမှာ ဆက်၍အချိန်ဖြုန်မနေလိုတော့ပေ။ ထို့ကြောင့် သူ၏သိုင်းပညာအသစ်ကိုစမ်းသပ်ရန်ဆုံးဖြတ်လိုက်သည် ။

“ ဝိညာဉ်နုတ်လက်ဝါးသိုင်း အိပ်မက်ဆိုးများထွက်ပေါ်ခြင်း “

ယင်ရှူချန်း၏ခန္တာကိုယ်မှ ဆရာကြီးရှောင်းထံသို့ခုန်ဝင်သွားကာ တစ်ဆက်တည်းတိုက်ခိုက်လိုက်သည်။

ယင်ရှုချန်း၏လက်ဝါးနှစ်ဖက်မှာ အနက်ရောင်အဖြစ်ပြောင်းလဲသွားကာ တစ်စုံတစ်ခုထူးခြားနေသည်။

ဆရာကြီးရှောင်းမှာမူ အနည်းငယ်ငေးငိုင်သွားပြီး ယင်ရှုချန်း၏ မည်းနက်နေသည်လက်ဝါးနှစ်ဖက်ကိုသာ အသက်မဲ့နေသူကဲ့သို့ စိုက်ကြည့်နေသည်။

“ မကောင်းတော့ဘူး “

မိန်းကလေးမှာ ယင်ရှုချန်း၏သိုင်းကွက်ထူးခြားသည်ကိုရိပ်စားမိလိုက်ကာ နှုတ်ခမ်းတစ်ချက်ကိုက်လိုက်သည်။ ထို့နောက် ဆရာကြီးရှောင်းကို အော်ဟစ်သတိပေးလိုက်သည်။

“ ဆရာကြီးရှောင်း သတိထား “

မိန်းကလေး၏သတိပေးကားကြောင့် ဆရာကြီးရှောင်းမှာ သတိဝင်လာကာ ထိတ်လန့်၍သွားသည် ။

သူရှောင်တိမ်းရန်ပြင်လိုက်သော်လည်း ယင်ရှုချန်း၏လက်ဝါးမှာ သူ၏ရင်ဝသို့ ထိထိမိမိကြီးရိုက်မိသွားသည်။

“ ဝုန်းးးး... “

ကျယ်လောင်သည့်အသံကြီးနှင့်အတူ စားသောက်ဆိုင်တစ်ခုလုံးတုန်သွားသည်ဟုထင်လိုက်ရသည်။

ဆိုင်အပြင်ဘက်လမ်းမထက်မှလူများပင် ဆိုင်အတွင်းဘက်သို့ စိတ်ဝင်တစားကြည့်လိုက်မိကြသည်။

ကျီးနတ်မြို့ထဲတွင် တိုက်ခိုက်ခြင်းအားတားမြစ်မထားသော်လည်း ယင်မျိုးနွယ်စု၏ပိုင်နက်ဟုဆိုရမည့်နေရာတွင် မည်သူမှအတင့်ရဲ၍တိုက်ခိုက်သည်ကို သူတို့သိလိုလှသည် ။

All Chapters