မီးလျှံနတ်သမီးစန်းလျှံ
Vol. 2 Ch. 155
သိုင်းသုံးကွက်
တောင်ဆယ့်ရှစ်လုံးမှဓားပြဘုရင်ဖြစ်ခဲ့ဖူးသည့် ဆရာကြီးရှောင်းအား ယင်ရှုချန်းမှ သိုင်းသုံးကွက်ထဲဖြင့် အနိုင်ယူလိုက်ခြင်းဖြစ်သည် ။
ဆိုင်အတွင်းရှိလူများမှာ ယင်ရှုချန်းအား ပြူးကျယ်နေသည့်မျက်လုံးများဖြင့်ကြည့်ရှုနေကြသည်။
ယင်ရှုချန်းအနိုင်ရမည်ဟု သူတို့ခန့်မှန်းထားခဲ့ကြသော်လည်းယခုလို သိုင်းသုံးကွက်အတွင်း အလွယ်တကူအနိုင်ရမည်ဟု သူတို့မမျှော်လင့်ခဲ့ကြပေ ။
ယင်ရှုချန်းအားကြည့်ရှုနေကြသည့် သူတို့၏မျက်ဝန်းများထဲတွင် အံ့သြတုန်လှုပ်ခြင်းကြောင်ရွံ့ခြင်းများရောယှဉ်နေသည်။
ယင်ရှုချန်း၏သိုင်းပညာမှာ လွန်ခဲ့သည့်နှစ်နှစ်ခန့်က သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်နံပါတ်ငါးနေရာ၌ရှိနေသော်လည်း ယခုလောက်အထိကြောက်မက်ဖွယ်ကောင်းခြင်းမရှိပေ။
အထူးသဖြင့် ယင်ရှုချန်းနောက်ဆုံးသုံးလိုက်သည့်လက်ဝါးသိုင်းမှာ ဆန်းကြယ်လှကာ ဆရာကြီးရှောင်းအနေဖြင့် တိမ်းရှောင်ရန်သတိမရဘဲ မင်တပ်မိနေသည်မဟုတ်လား ။
“ ဒါက ယင်မျိုးနွယ်စုက ဒဏ္ဍာရီလာသိုင်းပညာဖြစ်တဲ့ ဝိညာဉ်နုတ်လက်ဝါးသိုင်းမဟုတ်လား “
ချန်မျိုးနွယ်ဓားသမားမှ တုန်လှုက်နေသည့်လေသံဖြင့်ရေရွတ်လိုက်သည်။
ထိုလူ၏ချန်မျိုးနွယ်မှာ မျိုးနွယ်စုကြီးနှစ်ခုလြော်မကြီးမားသော်လည်း အတော်လေးအင်အားကြီးသည့်မျိုးနွယ်စုဖြစ်သည်။
ထို့ကြောင့် ယင်ရှုချန်းအသုံးပြုသွားသည့်လက်ဝါးသိုင်းကို သူသိရှိခြင်းဖြစ်သည်။
ဝိညာဉ်နုတ်လက်ဝါးသိုင်းမှာ ယင်မျိုးနွယ်စု၏ဘိုးဘေးများမှလက်ဆင့်ကမ်းလာသည့်သိုင်းပညာဖြစ်ကာဘေးများမှလက်ဆင့်ကမ်းလာသည့်သိုင်းပညာဖြစ်ကာ လေ့ကျင့်ရလွန်စွာခက်ခဲလှသည် ။
အကယ်၍လေ့ကျင့်အောင်မြင်နိုင်လျှင်လည်း လွန်စွာအစွမ်းထက်ကာ ပြိုင်ဘက်ကင်းဟုပင်ပြောဆိုကြသည် ။
ထိုပြောဆိုချက်မှာ အနည်းငယ်ချဲ့ကားရာရောက်သော်လည်း ဝိညာဉ်နုတ်လက်ဝါးသိုင်းမှာ အမှန်ပင်အစွမ်းထက်လှသည်။
အထူးသဖြင့် ထိုလက်ဝါးသိုင်းထဲတွင် စိတ်ညှို့သည့်အတတ်ပညာရောယှက်နေကာ တိုက်ခိုက်ခံရသူအား မင်တက်မိကာ မလှုပ်မယှက်ဖြစ်စေသည်။
ထိုအစွမ်းကို သက်ရောက်မခံရသူများမှာ အသုံးပြုသူနှင့်အတွင်းအားအဆမတန်ကွာ၏နေလျှင် သို့မဟုတ် စိတ်ဓာတ်အင်အားလွန်စွာအားကောင်းသူများသာဖြစ်ပေသည်။
သေရေးရှင်ရေးတိုက်ပွဲများတွင် တခဏဆိုသည့်အချိန်မှာ အနိုင်အရှုံးကိုဆုံးဖြတ်လျှင် မင်တပ်မိ၍မလှုပ်မယှက်ဖြစ်နေသည့်လူမှာကား အသက်ပေါင်းတစ်ရာရှိလျှင်ပင် အသက်မရှင်နိုင်ပေ ။
ထို့ကြောင့်ပင် ဝိညာဉ်နုတ်လက်ဝါးသိုင်းအား အလယ်ပိုင်းသိုင်းလောကတွင်ပင် ကြောက်မက်ဖွယ်ကောင်းလှသည့်သိုင်းပညာအဖြစ်သက်မှတ်ကြခြင်းဖြစ်သည်။
ယင်မျိုးနွယ်စုမှ ထိုသိုင်းပညာအားလေ့ကျင့်နိုင်သူမရှိသည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော်ပြီဖြစ်သည် ။
ယခုယင်ရှုချန်းမှာ ဝိညာဉ်နုတ်လက်ဝါးသိုင်းအအောင်မြင်ပြီးသည့်နောက် ယင်မျိုးနွယ်စုမှာ သိုင်းလောကတွင် နောက်ထပ်တစ်ကြိမ်ထွန်းတောက်လာပေဦးမည်။
ယင်ရှုချန်းမှာမူ လူအများ၏အကြည့်ကိုမသိကျေးကျွုံပြုကာ အဖိုးအိုနှင့်အဖြူရောင်ဝတ်စုံဝတ်လူ၏ဘေးသို့သွား၍ ရပ်နေလိုက်သည်။
“ မိန်းကလေး မင်းရဲ့စကားကို မင်းပြန်မှတ်မိမှာပါ “
အဖိုးအိုမှ ပြုံးရွှင်နေသည့်မျက်နှာဖြင့်ဆိုလိုက်သည် ။သို့သော် သူ၏လေသံမှာ အနည်းငယ်ဖိအားပေးလိုပုံရကာ ခရမ်းရောင်သွေးလဂိုဏ်းမှလူများမှာ မျက်နှာပျက်ယွင်းသွားကြသည်။
ယခုအချိန်တွင်ဆိုင်ထဲ၌လူများပြည့်ကြပ်နေပြီဖြစ်သည်။ သူတို့အနေဖြင့် သူတို့၏စကားနှင့်အညီဒူးထောက်တောင်းပန်ရလျှင် နောက်ပိုင်းသိုင်းလောကတွင် မျက်နှာပြနိုင်မည်မဟုတ်တော့ပေ။
သို့သော် မတောင်းပန်ပြန်လျှင်လည်း ထိုလူအများ၏ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုခံရကာ အသက်ရှင်လျက်လွတ်မြောက်ရန်ပင်ခက်ခဲနိုင်သည်။
အထူးသဖြင့် သူတို့၏ရှေ့၌ သိုင်းဝိဇ္ဇာအဆင့်အဖိုးအိုနှင့် ယင်ရှုချန်းတို့ရှိနေသဖြင့် သူတို့အတင့်ကဲ၍မလုပ်ဆောင်ဝံ့ပေ ။
“ ကောင်းပါပြီ ကျမတို့ရဲ့စကားနဲ့အညီ အနောက်ပိုင်းဒေသကို အထင်သေးအမြင်သေးမိတဲ့အတွက်တောင်းပန်ပါတယ် “
မိန်းကလေးမှတည်ငြိမ်နေသည့်လေသံဖြင့်ပြောကာ ဒူးထောက်ချလိုက်သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူများမှာ အနည်းငယ်ငြင်းဆန်လိုသော်လည်း မိန်းကလေး၏အပြုအမူကိုကြည့်၍ အံကိုတင်းတင်းကြိတ်ကာ သူတို့လည်းဒူးထောက်ချလိုက်သည်။
ဆိုင်ထဲတွင် လူအများအပြားရှိနေပြီဖြစ်ကာ ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ ဒူးထောက်နေသည့်အတွက်သူတို့အားလုံးအံ့သြသွားကြသည်။
ထို့အထဲမှ လူအများစုမှာ နောက်မှရောက်လာသည့်လူများဖြစ်ကြသော်လည်း ထိုအဖြစ်အပျက်ကိုအစအဆုံးတွေ့လိုက်ကြသည့်လူများထံမှတစ်ဆင့်အကြောင်းအရာအလုံးစုံသိရှိလိုက်ကြသည်။
ဆိုင်ထဲတွင် ဝမ်းသာအားရအော်ဟစ်သံများနှင့်ပြည့်နှက်သွားကာ သူတို့အားလုံးမှာ ခရမ်းရောင်သွေးလဂိုဏ်းသားများအား အထင်အမြင်သေးသည့်မျက်လုံးများဖြင့်ကြည့်ရှုနေကြသည်။
ရောင်သွေးလဂိုဏ်းသားများမှာမည်းမှောင်နေသည့်မျက်နှာများဖြင့်ရှိနေကြကာ ခေါင်းငုံ့လျက်ရှိကြသည်။
သို့သော် မိန်းကလေးမှ တည်ငြိမ်နေသည့်အမူအယာဖြင့် အဖိုးအိုကိုကြည့်လိုက်သည်။
“ ဆရာကြီးကျမတို့ဒီတစ်ခေါက် ရှုံးနိမ့်သွားပေမယ်ပ ကျမတို့ရဲ့အဆင့်က ဂိုဏ်းထဒမှာ။နိမ့်ကျနေသေးတယ် ။
တကယ်လို့ ခရမ်းရောင်သွေးလဂိုဏ်းကဘုရင်ငါးယောက်သာဆိုရင် ဆရာကြီးကိုတောင်ဖိနှိပ်နိုင်စွမ်းရှိလိမ့်မယ် ။
ဒါကြောင့် ကျမတို့ဒီတစ်ခေါက်ရှုံးနိမ့်တာနဲ့ပဲ ခရမ်းရောင်သွေးလဂိုဏ်းကအစွမ်းမထက်ဘူးလို့ ထင်ဖို့မဖြစ်နိုင်ပါဘူး “
မိန်းကလေးမှ အဖိုးအိုအားကြည်လင်နေသည့်လေသံဖြင့်ပြောလိုက်သည် ။
ဆိုင်ထဲတွင်အနောက်ပိုင်းဒေသမှသိုင်သမားများစွာရောက်နေသော်လည်း သူမ၏လေသံမှာ ပုံမှန်ဖြစ်နေကာ ကြောက်ရွံ့နေသည့်အရိပ်အယောင်တစ်စွန်းတစ်စမှ မပါဝင်ပေ။
ဆိုင်ထဲရှိလူများမှာ အဖိုးအိုမည်သို့ဆုံးဖြတ်မည်ကို စောင့်ကြည့်နေကြသည်။
ကာယကံရှင်ဖြစ်သည့် အဖိုးအိုမှ သူမ၏စကားကြောင့် သဘောကျစွာပြုံးလိုက်သည်။
“ ကောင်းပြီလေ မင်းတို့ထွက်သွားလို့ရပြီ မင်းတို့ကိုခိုင်းလိုက်တဲ့လူကိုမှာချင်တာက ငါတို့အနောက်ပိုင်းသိုင်းလောကက အခြားလူတွေရဲ့ကိစ္စကို ဝင်ရှုပ်မှာမဟုတ်ပေမယ့် ငါတို့ကိုလာရှုပ်ရင်လဲ ကြီးကြီးမားမားဆုံးရှုံးစေရမယ်လို့ပြောလိုက်ပါ “
အဖိုးအိုမှ အနည်းငယ်ရှုပ်ထွေးသည့်စကားများအားပြောလိုက်သည်။
ဆိုင်ထဲမှလူအများစုမှာ ထိုစကားများကိုနားမလည်ကြသော်လည်း မိန်းကလေးမှာ မျက်လုံးများတောက်ပသွားကာ သတိထားသည့်ပုံပေါ်လာသလို ခရမ်းရောင်သွေးလဂိုဏ်းမှအခြားလူများမှာလည်း။မျက်နှာကွက်ခနဲပျက်သွားကြသည်။
ဆိုင်ထဲတွင်ဖြစ်ခဲ့သည့်ကိစ္စမှာ ဤမျှရိုးရှင်းပုံမရဘဲ သူတို့၏စိတ်ထဲတွင် ရည်ရွယ်ချက်အချို့ရှိပုံရသည်။
“ ကောင်းပါပြီ ဆရာကြီး ကျမတို့ကိုခွင့်ပြုပါဦး “
မိန်းကလေးမှ အဖိုးအိုအားဂါဝရပြုကာ သူ၏လူများအား ဦးဆောင်၍ ထွက်သွားရန်ပြင်လိုက်သည်။
အဖိုးအိုလည်း တစ်ချက်ပြုံးလိုက်ကာ မိန်းကလေးအားအော်ဟစ်လိုက်သည်။
“ မိန်းကလေး မင်းရဲ့နာမည်ကဘယ်သူလဲ တကယ်လို့ငါတို့ရပ်တည်တဲ့ဘက်ကသာကွဲပြားမနေရင် ငါတို့မိတ်ဆွေတွေဖြစ်နိုင်ပါတယ် “
အဖိုးအို၏စကားကြောင့် ဆိုင်ထဲမှလူများမှာ အဲ့အားသင့်ကုန်ကြသည်။ သူတို့၏မျက်လုံးထဲတွင်လည်း မနာလိုမှုများဖြင့်ပြည့်လာကာ မိန်းကလေးအားစူးစိုက်ကြည့်လိုက်ကြသည်။
အဖိုးအိုမှာ ယင်မျိုးနွယ်စုမှ အကြီးအကဲတစ်ယောက်ဖြစ်ကာ အနောက်ပိုင်းသိုင်းလောကတွင် မြင့်မားသည့်အဆင့်အတန်းရှိသည်။
အဖိုးအိုမှ ခရမ်းရောင်မိန်းကလေးအား အပြစ်မတင်သည့်အပြင် မိတ်ဆွေပင်ဖြစ်လို၍ သူတို့အံ့သြရလိုတစ်ချိန်တည်းမှာပင် မိန်းကလေးအား မနာလိုဖြစ်မိကြခြင်းဖြစ်သည်။
ဆိုင်ဝသို့ရောက်ရှိနေသည့် မိန်းကလေး၏ခြေလှမ်းများမှာ ရပ်တန့်သွားသည် ။ထို့နောက် အဖိုးအိုအားလှည့်ကြည့်လိုက်သည်။
သူမ၏မျက်နှာမှာ အနက်ရောင်ပဝါဖြင့်ဖုံးကွယ်ထားသော်လည်း သူမခပ်ယောင်ယောင်လေးပြုံးလိုက်သည်ဟု ထင်လိုက်ရသည်။
“ ကျမနာမည်က စန်းလျှံပါ သိုင်းလောကသားတွေကတော့ မီးလျှံနတ်သမီးစန်းလျှံလို့ခေါ်ကြတယ် ။ ကျမလည်းအခွင့်ရှိရင် ဆရာကြီးနဲ့မိတ်ဆွေဖြစ်လိုပါသေးတယ် “
မိန်းကလေးမှ ပြောပြီးသည်နှင့် ဆိုင်အပြင်သို့ထွက်သွားလိုက်သည် ။သူမနှင့်အတူ ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းသမားများသည်လည်း ထွက်ခွာသွားကြသည် ။
ဆိုင်ထဲရှိလူအတော်များမှာ မိန်းကလေး၏နာမည်ကြောင့် အံ့အားသင့်သွားကြသည်။
ခရမ်းရောင်သွေးလဂိုဏ်းမှ ထင်ရှားသူအချို့မှာ ဆန်းကြယ်သည့်ဂိုဏ်းချူပ်ဖြစ်သည့် နှင်းငွေးမိစ္ဆာသခင်ကြီးနှင့် သူ၏လက်အောက်မှ ဘုရင်ငါးပါးဖြစ်သည်။
သူတို့ကိုသိုင်းလောကသားများမှာ တွေ့ဆုံဖူးခြင်းမရှိဘဲ ဘုရင်ငါးယောက်သည်ပင် မျက်နှာဖုံးကိုယ်စီဖြင့်ဖုံးကွယ်ထားကြသည်။
သူတို့နောက်တွင်နာမည်ကျော်ကြားသည်လူများမှာ ခရမ်းရောင်သွေးလဂိုဏ်း၏အာဏာရှင်များဟုဆိုနိုင်သည့် အမှောင်လက်ဝါးဝမ်းတနှင့် ငရဲဓားဝမ်းတုတို့ဖြစ်သည်။
ထိုနှစ်ယောက်မှာ သိုင်းဝိဇ္ဇာအဆင့်သို့မရောက်ကြသေးသော်လည်း လွန်စွာကြောက်မက်ဖွယ်ကောင်းကာ ဂိုဏ်းချုပ်၏တပည့်များဖြစ်သဖြင့် ဂိုဏ်းထဲတွင် သူတို့၏အဆင့်အတန်းမှာ အလွန်မြင့်မားလှသည်။
သူတို့၏နောက်တွင် သိုင်းလောတွင်ကျော်ကြားသူမှာ သိုင်းပညာထိပ်တန်းအဆင့်သာရှိသည့် မီးလျှံနတ်သမီးစန်းလျှံဖြစ်သည်။
မီးလျှံနတ်သမီးမှာလည်း ဂိုဏ်းချုပ်၏တပည့်တစ်ယောက်ဖြစ်ကာ ဂိုဏ်းထဲတွင်အဆင့်အတန်းမြင့်မားသည် ။
ထို့အပြင် စန်းလျှံမှာ သူမ၏မျက်နှာကို အနက်ရောင်ပဝါတစ်ထည်ဖြင့်အမြဲလိုလိုဖုံးကွယ်ထားလေ့ရှိသည်။
ကောလဟာလများအရ သူမမှာ လွန်စွာချောမောသော်လည်း သိုင်းလောကသားများမှာ သူမ၏မျက်နှာအစစ်ကိုမြင်ဖူးခြင်းမရှိပေ ။
ထို့အပြင် သူမ၏သိုင်းပညာကိုလည်း တိတိကျကျမသိရဘဲ ထိပ်တန်းအဆင့်သာရှိမည်ဟုခန့်မှန်းကြသည်။
သူမသိုင်းလောကထဲတွင်နာမည်ကျော်ခြင်းမှာ သူမ၏ထက်မြက်သည့်ဉာဏ်ရည်နှင့် ပါးနပ်သည့်အတွက်ကြောင့်ဖြစ်သည်။