← Chapters

အော့မေ့တောင်မှ နတ်သမီး

Vol. 2 Ch. 156

အော့မေ့တောင်မှ နတ်သမီး

Vol. 2 Ch. 156

ဆိုင်တွင်လူများကျဲသွားကြသည် ။ အနောက်ပိုင်းဒေသမှသိုင်းသမားများအတွက်တော့ ယနေ့ဖြစ်ရပ်မှာ အချိန်အတ်ောကြာထိ လူပြောအများဆုံးကိစ္စတစ်ရပ်ဖြစ်သွားပေလိမ့်မည် ။

အထူးသဖြင့် ခရမ်းရောင်သွေးလဂိုဏ်းသားများအရေးနိမ့်ခြင်းနှင့် မီးလျှံနတ်သမီးပါဒူးထောက်တောင်းပန်ရခြင်းက သူတို့ကိုအားရကျေနပ်စေသည်။

ယင်မျိုးနွယ်စုမှ သိုင်းဝိဇ္ဇာအဆင့်အဖိုးအို ၊ ယင်ရှုချန်းနှင့် အဖြူရောင်ဝတ်စုံဝတ်လူရွယ်တို့မှာ သူတို့၏နေရာတွင်ပြန်ထိုင်နေကြပြီဖြစ်သည် ။

“ ဦးလေးနှစ် သူတို့ဆီမှာ အကြံအစည်တစ်ခုခုရှိတာလို့ဆိုလိုတာလား “

ယင်ရှုချန်းမှ လေးနက်သည့်မျက်နှာဖြင့်မေးလိုက်သည်။

သူလွန်ခဲ့သည့်နှစ်နှစ်လုံးလုံးယင်မျိုးနွယ်စုတွင်သာရှိသော်လည်း သိုင်းလောကတွင်ဖြစ်ပျက်နေသည်များအားသိရှိပေသည်။

ယင်ရှုချန်းမှာ နဂိုကခွန်လွန်ဂိုဏ်းသားဖြစ်၍ ယခုအ‌နောက်ပိုင်းဒေသ ယင်မျိုးနွယ်စုမှဖြစ်နေသည့်အကြောင်းကိုရှင်းရလျှင် သူ၏မျိုးရိုးနာမည်ကိုကြည့်၍ပင်သိနိုင်သည် ။

ယင်ရှုချန်းမှာ ယခင်ထဲကယင်မျိုးနွယ်စုမှလူတစ်ယောင်ဖြစ်သည်။ သို့သော် ခပ်ငယ်ငယ်အချိန်ကပင် အလယ်ပိုင်းသိုင်းလောကထဲသို့တစ်ဦးတည်းထွက်သွားကာ ကျင်လည်ခဲ့သည်။

ထိုမှတစ်ဆင့်ခွန်လွန်ဂိုဏ်းထဲသို့ရောက်ရှိကာ ခွန်လွန်ဂိုဏ်းသားတစ်‌ဦးဖြစ်ခဲ့ရခြင်းဖြစ်သည် ။

ယင်ရှုချန်းမှာ ခွန်လွန်ဂိုဏ်းထဲတွင်လည်းနှစ်အတော်ကြာသည်အထိ ပုံမှန်ဂိုဏ်းသားတစ်ယောက်ဖြစ်သည် ။

များစွာထူးချွန်ခြင်းမရှိသလို သူများထင်ညံ့ဖျင်းခြင်းလည်းမရှိပေ ။သို့သော် ခွန်လွန်မှ မေ့လျော့ခဲရသေ့လက်ဝါးသိုင်းကျမ်းကို မမျှော်လင့်ဘဲလေ့ကျင့်မိရာမှ သူစဘဝပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ရသေ့လက်ဝါးသိုင်းကျမ်းကိုအောင်မြင်ပြီးသည့်နောက်တွင် သူ၏သိုင်းပညာမှာ ယခင်ကထက်အဆများစွာတိုးတက်လာကာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်နံပါတ်ငါးပင်ချိတ်ခဲ့သည်။

ထိုစာရင်းမှာ သိုင်းလောကသားများသတ်မှတ်ထားခြင်းဖြစ်၍ သိုင်းထိပ်သီးဆယ်‌ယောက်စာရင်းဝင်များမှာ အချင်းချင်းယှဉ်ပြိုင်၍ဆုံးဖြတ်ခြင်းမဟုတ်ပေ ။

သို့သော် ယင်ရှူချန်းမှာ တိုက်ခိုက်လိုစိတ်ပြင်းပြသည့်အတွက် ခွန်လွန်မှထွက်ကာ နေရာအနှံ့လေလွင့်၍ ပြိုင်ဘက်ကောင်းများနှင့်တိုက်ခိုက်နေခြင်းဖြစ်သည် ။

ယင်ရှုချန်းမှာ သူ၏သိုင်းပညာကိုလွန်စွာယုံကြည်မှာရှိသော်လည်း မြစ်ဝါနဂါးဂိုဏ်း၏ခပ်လှမ်းလှမ်းရှိတောအုပ်ထဲတွင်ထင်းရှီနှင့်တိုက်ခိုက်ပြီးနောက်သူဆိုးဆိုးရွားရွားရှုံးနိမ့်ခဲ့ရသည်။

ထို့အပြင် သူ၏လက်ချောင်းတစ်ချောင်းပါပြတ်တောက်သွားရသော်လည်းယင်ရှုချန်းမှာ ထင်းရှီအားအပြစ်တင်လိုစိတ်မရှိပေ။

ထိုအစားသူ၏စိတ်ထဲတွင်သိုင်းပညာကို ပို၍ဆာလောင်မွတ်သိတ်ကာ ခွန်လွန်ဂိုဏ်းမှာထွက်ခွာ၍ သူ၏မျိုးနွယ်စုရှိရာသို့ပြန်လာခဲ့သည်။

ထို့နောက်တွင် နှစ်နှစ်လုံးလုံး အပြင်းအထန်ကြိုးစား၍ ယင်မျိုးနွယ်စု၏ ဘိုးဘေးသိုင်းကျမ်းတစ်ခုဖြစ်သည့် ကြောက်မက်ဖွယ်ကောင်းလှသည့်ဝိညာဉ်နုတ်လက်ဝါးသိုင်းကိုအောင်မြင်ပြီး ပြန်ထွက်လာခြင်းဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူပြင်ပသို့ပြန်ထွက်သည့်နေ၌ ခရမ်းရောင်သွေးလဂိုဏ်းမှလူများဖြင့် ထိတ်တိုက်တိုးခြင်းဖြစ်သည်။

အဖိုးအိုလည်း ယင်ရှုချန်း၏မေးခွန်းကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ၏‌ပုံစံမှာ အလွန်လေးနက်နေကာ ယင်ရှုချန်းပင်သူ၏ဦးလေးနှစ်ကိုယခုလိုပုံစံမျိုးဖြင့် မမြင်တွေ့ခဲ့ဘူးပေ။

“ သူတို့ကရည်ရွယ်ချက်ကို ငါခပ်ရေးရေးရိပ်မိသလိုတော့ရှိပါတယ် ။သူတို့ဆီမှု အလွန်ကြီးမားတဲ့ရည်ရွယ်ချက်တွေရှိတယ် ။

ဒီပုံစံအတိုင်းဆိုရင် အလယ်ပိုင်းဒေသရဲ့အင်အားလေးပုံတစ်ပုံလောက်က ခရမ်းရောင်သွေးလဂိုဏ်းရဲ့လူတွေဖြစ်ကုန်ကြပြီ ။

မကြာခင်အချိန်အတွင်မှာ သိုင်းလောကတစ်ခုလုံးလှုပ်လှုပ်ခပ်ခပ်ဖြစ်‌ စေမယ့်ကိစ္စတွေဖြစ်လာလိမ့်မယ်။ အလယ်ပိုင်းဒေသကစတင်ဖို့ဖြစ်နိုင်ခ်ျအရှိဆုံးပဲ ။

ငါမှန်းဆတဲ့အတိုင်းသာဖြစ်ခဲ့မယ်ဆိုရင် တကယ်ရင်လေးစရာပဲ ။ ပြီးတော့ သူတို့ရဲ့ရည်မှန်းချက်က ဒီအတိုင်းရပ်တန့်သွားမှာမဟုတ်ဘူး ။

အလယ်ပိုင်းသိုင်းလောကကိုဝါးမြိုပြီးရင် အနောက်ပိုင်းသိုင်းလောက ၊ မြောက်ပိုင်းတောင်တန်း ၊ ‌အရှေ့ပိုင်းသိုင်းလောက၊ မြောင်ဒေသနဲ့တောင်ပင်လယ်အထိပါ သူတို့ဆက်ပြီးသိမ်းပိုက်လိမ့်မယ်။

အဲဒီအချိန်မှဆိုရင် အတော်လေးနောက်ကျသွားလိမ့်မယ် ။ “

အဖိုးအိုမှ လေးပင်သည့်လေသံဖြင့်ပြောလိုက်သည်။

ယင်ရှုချန်းလည်း အဖိုးအို၏ရှင်းပြမှုကြောင်ပဦးခေါင်းများနောက်ကျိလာကာ သက်ပြင်းတစ်ချက်ချလိုက်သည် ။

သူအနေဖြင့် တိုက်ပွဲများကိုမကြောက်လန့်သည့်အပြင် တိုက်ခိုက်လိုစိတ်ပြင်းပြသော်လည်း ယခုလိုအကြံအစည်များကို အလွန်‌မနှစ်မြို့ပေ။

“ ဂလု ဂလု “

သူတို့၏ဘေးတွင်ရှိသည့်အဖြူရောင်ဝတ်စုံနှင့်လူရွယ်မှ အရက်အိုးကို အားလုံးကုန်သည်အထိမော့သောက်လိုက်သည်။

ယင်ရှုချန်းနှင့်အဖိုးအိုတို့မှာ အဖြူရောင်ဝတ်စုံနှင့်လူအား အံ့ဩပုံရသည့်မျက်နှာဖြင့်ကြည့်လိုက်သည်။ သူတို့၏မျက်နှာထားများမှာ အနည်းငယ်ထူးဆန်းနေသည် ။

သူတို့နှစ်ယောက်သိုင်းလောက‌အရေးနှင့်ပတ်သတ်ပြီးစိတ်ရှုပ်နေသည့်တိုင် ထို‌ကောင်မှာ အေးအေးဆေးဆေးရှိလှသည်။

အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ အရက်တစ်အိုးလုံးအားကုန်အောင်သောက်ပြီးသည်နှင့် အဖိုးအိုနှင့် ယင်ရှုချန်းတို့အား အနည်းငယ်ရီဝေသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။

“ ခရမ်းရောင်သွေးလဂိုဏ်းထဲကို ကျုပ်တစ်ချက်လောက်သွားပြီးကြည့်လိုက်မယ်။ အစ်ကိုကြီး မင်းရောဘယ်အချိန်လောက်အလယ်ပိုင်းဒေသထဲကိုပြန်လာမှာလဲ “

အဖြူရောင်ဝတ်စုံနှင့်လူ၏စကားကြောင့် အဖိုးအိုမှာ မျက်လုံးပြူးသွားသော်လည်း ယင်ရှုချန်းကမူ အံ့အားသင့်ပုံမရပေ ။

ယင်ရှုချန်းမှာ အနည်းငယ်စဉ်းစားပြီးပြန်ဖြေလိုက်သည်။

“ ငါဒီမှာ ရက်နည်းနည်းလောက်တော့နေခ့ဦးမယ် ငါအလယ်ပိုင်းဒေသထဲကိုရောက်ရင် မင်းကိုဆက်သွယ်လိုက်မယ်။

မင်းကဒီအချိန်အတွင်းမှာ ခရမ်းရောင်သွေးလဂိုဏ်းကို နည်းနည်းပါးပါးစုံစမ်းထားလိုက် “

ယင်ရှုချန်းမှ ထူးဆန်းပုံမရသည့်လေသံဖြင့်ပြောလိုက်သည်။ အဖြူရောင်ဝတ်စုံနှင့်လူမှလည်း ခေါင်းတညိမ့်ညိမ်လုပ်နေသည် ။

အဖိုးအိုမှာ ထိုနှစ်ယောက်အားကြည့်ကာ ဒေါသထွက်လာ၍ စားပွဲအားလက်ဖြင့်ထုကာပြောလိုက်သည်။

“ မင်းတို့ မင်းတို့က ကစားစရာကိစ္စများမှတ်နေလား ။ ခရမ်းရောင်သွေးလဂိုဏ်းထဲကိုထိုးဖောက်ပြီးစုံစမ်းဖို့ကို မင်းတို့က လွယ်လွယ်ကူကူပြောနေကြတာ ဟမ်

မင်းက ကိုယ်ကိုယ်ကို မသေနိုင်တဲ့လူလို့အောင့်မေ့နေတာလား “

အဖိုးအိုမှာ တင်းမာသည့်လေသံဖြင့်ယင်ရှုချန်းအားအော်ဟစ်လိုက်သည်။ ထို့နောက် အဖြူရောင်ဝတ်စုံနှင့်လူဘက်သို့လှည့်လာသည်။

အဖြူရောင်ဝတ်စုံနှင့်လူမှာ အဖိုးအို၏မြားဦးသူ့ဘက်လှည့်လာသည်ကိုသိလိုက်၍ ကမန်းကတန်းလက်ကာပြလိုက်သည်။

“ ဦးလေး ခဏလေး “

အဖြူရောင်ဝတ်စုံနှင့်လူ၏အမူယာကြောင့် အော်ငေါက်ရန်ပြင်နေသည့်အဖိုးအိုမှာ ရပ်တန့်သွားသည်။

“ ဟဲဟဲ ကျနော်နှုတ်ဆက်ပါတယ်လို့ “

အဖြူရောင်အရိပ်တစ်ခုမှာ ဖြတ်‌ပြေးသွားပြီး သူတို့၏နားထဲတွင် အသံတစ်ခုသာကျန်ခဲ့တော့သည်။

အဖိုးအိုမှာ အံ့သြသည့်မျက်နှာဖြင့် ယင်ရှုချန်းအားကြည့်လိုက်သည်။

အမှန်အတိုင်းဆိုရလျှသ် အဖိုးအိုလည်း အဖြူရောင်ဝတ်စုံနှင့်လူ၏အ‌ကြောင်းအားကောင်းစွာမသိပေ ။

သို့သော် ယင်ရှုချန်းနှင့်သွေးသောက်ညီအစ်ကိုဖြစ်သည်ဟုသိရကာ ယင်ရှုချန်းဆီသို့မကြာခဏလာလေ့ရှိသဖြင့် အဖိုးအိုနှင့်ပါ ရင်းနှီးနေခြင်းဖြစ်သည်။

အဖိုးအိုမှာ ယခုအချိန်မှာ အဖြူရောင်ဝတ်စုံနှင့်လူ၏ကိုယ်ဖော့ပညာကိုသိလိုက်ရ၍ အံ့အားသင့်သွားခြင်းဖြစ်သည်။

ယင်ရှုချန်းမှာ သူ့ဦးလေး၏အမူအယာကြောင့်ခပ်ဖွဖွပြုံးလိုက်သည် ။

“ စိတ်မပူပါနဲ့ဦးလေး သူသာထွက်ပြေးချင်ရင် သိုင်းလောကထဲမှာ သူ့ကိုမိအောင်လိုက်ဖမ်းနိုင်တဲ့လူလက်ငါးချောင်းတောင်မပြည့်ပါဘူး။

မဟုတ်ရင် လေနဂါးယွင်ဖေးဆိုတဲ့နာမည်ကိုဘယ်လိုလုပ်ရလာမှာလဲ “

အော့မေ့တောင်

အော့မေ့ဂိုဏ်းမှာ သိုင်းလောကထိပ်သီးဂိုဏ်းကြိးခြောက်ဂိုဏ်းထဲတွင်ပါဝင်သည်။

အော့မေ့ဂိုဏ်းတွင် အမျိုးသမီးဂိုဏ်းဝင်များသာလက်ခံကာ များသောအားဖြင့် ရသေ့မများသာများပြားသည်။

လက်ရှိအော့မေ့ဂိုဏ်း၏ဂိုဏ်းချုပ်ကြီးမှာ ကျောက်စိမ်းမျက်နှာရသေ့မဟုကျော်ကြသည့်ဖုန်းရှင်းယန်ဖြစ်သည် ။

ဖုန်းရှင်ယန်မှာ ယခင်မျိုးဆက်မှဂိုဏ်းချုပ်ကြီးဖြစ်ကာ ယခုအချိန်အထိ ဂိုဏ်းချုပ်အဖြစ်မှအနားယူသေးခြင်းမရှိပေ။

သူမ၏ပန်းသုံးပွင့်ဓားပညာ ၊ အကြင်နာမဲ့လက်ဝါးသိုင်းတို့ဖြင့် သိုင်းလောကထဲတွင်လွန်ခဲ့သည့်နှစ်များစွာထဲကကျော်ကြားလာခဲ့ပြီးဖြစ်သည်။

သူမကြောင့်ပင် အော့မေ့ဂိုဏ်းမှာ ယခုနှစ်များအတွင်း ယခင်ကထက်ပို၍တိုးတက်လာခြင်းဖြစ်ပေသည်။

နေလုံးကြီးမှာ အရှေ့ဘက်ဆီမှ မြင့်တတ်‌လာသည် ။ အော့မေ့တောင်ပေါ်တွင်လည်း နေရောင်ခြည်များက ရွှေရောင်သမ်းလျက်နွေးထွေးစွာကျရောက်နေသည်။

အသက်နှစ်ဆယ်အရွယ်မိန်းကလေးတစ်‌ယောက်မှာ အော့မေ့တောင်လမ်းအတိုင်းအောက်သို့ဆင်းလာသည်။

သူမ၏မျက်နှာမှာ ပြုံးရွှင်လျက်ရှိကာ သူမအားကြည်မိသူတိုင်းကျောက်ဆစ်ရုပ်သဖွယ် မလှုပ်မယှက်ဖြစ်သွားစေနိုင်သည်။

လှပသည် ။သူမ၏မျက်နှာမှအစိတ်အပိုင်းတစ်ခုချင်းဆီကပင်ပြီးပြည့်စုံစွာဖြင့်လှပနေကာ အနီးအနားမှတောပန်းပွင့်လေးများပင်ငိုကြွေးစေသည်အထိ လှပပေသည်။

ထို့အပြင် သူမ၏ခန္တာကိုယ်မှာလည်း ထွာဆိုင်မျှသာရှိသည့် ကျဉ်းမြောင်းသည့်ခါးလေးနှင့် ထိုအထက်မှ ဖွံ့ဖြိုးလှသည့်ရွှေရင်အစုံ ၊ သားကောင်းမိခင်ဖြစ်နိုင်သည့် ဖွံ့ထွားသည့်တင်ပါးများ စသည်ဖြင့် မျက်စေ့လွှဲနိုင်စရာမရှိပေ ။

ထိုနတ်သမီးလေးကဲ့သို့မိန်းကလေးမှာ သူမ၏စိတ်ထဲတွင် တစ်စုံတစ်ခုအားတွေးတောကာပျော်ရွှင်စွာဖြင့် ခုန်ပေါက်လာသည်။

All Chapters