သိုင်းလောကမှအခြေအနေ
Vol. 2 Ch. 157
မိန်းမလှလေး၏ခြေလှမ်းများရပ်တန့်သွားကာ သူမ၏လှပသည့်အကြည့်များက တောင်ခြေတစ်နေရာသို့ရောက်သွားသည်။
ထို့နောက် သူမ၏မျက်ဝန်းများတောက်ပလာကာ တောင်ခြေသို့ကိုယ်ဖော့ပညာသုံး၍ပြေးသွားလိုက်သည် ။
တောင်ခြေတွင် ဧည့်သည်များနားခိုနိုင်ရန်ဇရပ်တစ်ဆောင်ရှိကာ ထိုဇရပ်၏ရှေ့တွင်လူငယ်တစ်ယောက်ရပ်နေသည်။
လူငယ်၏လက်ထဲတွင် မြင်းနှစ်ကောင်ကိုဆွဲထားကာ မိန်းမလှလေးအားပြုံး၍ကြည့်နေသည်။
ထိုလူငယ်မှာ အသက်နှစ်ဆယ်ကျော်အရွယ်ရှိကာ အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏ခါးတွင်ဓားတစ်လက်ကိုချိတ်ဆွဲထားသည်။
လူငယ်၏အင်္ကျီပေါ်တွင် အဖြူရောင်နဂါးငယ်လေးနှင့် တိမ်ပုံသဏ္ဍာန်တစ်ခုရှိသည်။ ထိုသင်္ကေတမှာ နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းခွဲမှူးတစ်ယောက်ဖြစ်သည်ဟူသည့် သင်္ကေတပင်ဖြစ်သည်။
လူငယ်၏အသက်အရွယ်နှင့်နှိုင်းယှဉ်ပါက ဂိုဏ်းခွဲမှူးရာထူးရရှိထားသည်မှာ လွန်စွာအံ့ဩဖွယ်ကောင်းလှသည်။
“ ပတ္တမြားနက်လေး “
မိန်းမလှလေးမှ ဟန်မဆောင်နိုင်ဘဲပျော်ရွှင်စွာအော်ဟစ်၍ပြေးလာသည်။
လူငယ်၏ညာဘက်လက်ထဲမှမြင်းမှာ လှုပ်လှုပ်ရှားရှားဖြစ်နေရာလူငယ်မှ ကြိုးကိုခပ်တင်းတင်းဆွဲထားရသည်။
ထို့နောက်လူငယ်၏ညာဘက်လက်ထဲမှမြင်းအား ပွတ်သတ်လိုက်သည်။ ထိုမြင်းမှာလည်း မိန်းကလေးအားနှုတ်ဆက်သည့်ဟန်ဖြင့် ကျယ်လောင်စွာအော်မြည်လိုက်သည်။
“ ရှင်းရှောင် မင်းဒီနေ့တောင်အောက်ကိုဆင်းမှာလို့ဆရာကပြောလို့ ငါလာကြိုတာ “
လူငယ်မှ မိန်းကလေးအား တောက်ပစွာကြည့်၍ ပြောလိုက်သည် ။
“ ပတ္တမြားနက်လေးကိုခေါ်လာတဲ့အတွက် ကျေးဇူးပါ အစ်ကိုဝမ် “
ထိုမိန်းမလှလေးမှာ အော့မေ့ဂိုဏ်းချုပ်၏တပည့်မ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်၏တစ်ဦးတည်းသောသမီး သိုင်းလောက၏အလှနတ်သမီး သွမ့်ရှင်းရှောင်ဖြစ်ပေသည်။
ဤသို့ဆိုလျှင် သွမ့်ရှင်းရှောင်မှ ရင်းရင်းနှီးနှီးဆက်ဆံနေသည့် လူငယ်မှာမည်သူနည်း ။
လွန်ခဲ့သည့်တစ်နှစ်ကျော်က သိုင်းလောကတွင်သတင်းကြီးတစ်ခုလည်းရှိခဲ့သေးသည်။
ထိုသတင်းမှာ နဂါးစိမ်းဂိုဏ်း၏ ဂိုဏ်းခွဲမှူးရွေးချယ်ပွဲဖြစ်သည်။ ဂိုဏ်းခွဲမှူးရွှေးချယ်ပွဲမှုမာ ငါးနှစ်တစ်ကြိမ်ပြုလုပ်ကာ ဂိုဏ်းခွဲမှူးရွေးချယ်ပွဲတွင်အနိုင်ရသူများမှာ မိမိတို့၏ ဇာတိတွင် နဂါးစိမ်းဂိုဏ်းခွဲကိုတည်ထောင်နိုင်သည် ။
ထို့အပြင် ဂိုဏ်းမှပေးအပ်သည့် အဆင့်မြင့်သိုင်းကျမ်းများနှင့်အခြားဆုကြေးများစွာလည်းရရှိသေးသည်။
နဂါးစိမ်းဂိုဏ်း၏ဂိုဏ်းခွဲမှူးရွေးချယ်ပွဲအား သိုင်းလောကသားများပါလာရောက်ကြည့်ရှုနိုင်ကာ ဂိုဏ်းခွဲမှူးအဖြစ်ရွေးချယ်ခံရသူများမှာ သိုင်းပညာကြောက်မက်ဖွယ်ကောင်းသည့်လူများဖြစ်ကြသည်။
ထိုရွေးချယ်ပွဲတွင် နာမည်ကျော်သိုင်းသမားများမားကျော်ဖြတ်၍ ပထမအဆင့်ဖြင့်အနိုင်ရရှိသွားသူမှာ နဂါးဓားရှင်ဝမ်စုတိ၏သားဖြစ်သူ ဝမ်ယန်ဖြစ်သည်။
နဂါးဓားရှင်ဝမ်စုတိမှာ နဂါးစိမ်းဂိုဏ်း၏အကြီးအကဲခုနစ်ယောက်ထဲမှတစ်ယောက်ဖြစ်ကာ နဂါးဓားသိုင်းဖြင့်ကျော်ကြသည်။
သူ၏သားဖြစ်သူမှာလည်း ဖခင်ခြေရာကိုနင်းနိုင်သည့်အပြင် အသက်နှစ်ဆယ့်သုံးနှစ်ထဲဖြင့် ဂိုဏ်းခွဲမှူးရွေးချယ်ပွဲတွင်ပထမအဆင့်ဖြင့်အောင်မြင်ကာ နဂါးလူငယ်ဝမ်ယန်ဟုကျော်ကြားလာခဲ့သည်။
ကောလဟာလများအရ ဝမ်ယန်မှာ နဂါးစိမ်းဂိုဏ်းချုပ်သွမ့်ကျန်းမင်၏သင်ကြားပေးမှုများကိုပင်ရရှိခဲ့ပြီးသူ၏သိုင်းပညာမှာ လွန်စွာထက်မြက်လေသည်။
ဂိုဏ်းခွဲမှူးရွေးချယ်ပွဲပြီးနောက်တွင် နဂါးလူငယ်ဝမ်ယန်မှာ သိုင်းလောကအတွင်းမှကျော်ကြသည့်လူငယ်များနှင့်စိန်ခေါ်တိုက်ခိုက်ခဲ့သည်။
သူ၏သိုင်းပညာအရ ပျောက်ကွယ်နေကြသည့် အရှေ့ပိုင်းသိမ်းငှက်ညီနောင် ၊ ထိုက်ကျိဓား စန်းဟုန်းလျန် ရှောင်လင်မှဗုဒ္ဓလက်ဝါးကိုယ်တော် တို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်ဟုဆိုကြသည်။
မည်သို့ပင်ဖြစ်စေ နဂါးလူငယ်ဝမ်ယန်မှာ သိုင်းလောကမှလူငယ်မျိုးဆက်၏ထိပ်တန်းနေရာသို့ရောက်လာသည်ဟုပြော၍ရသည်။
“ အစ်ကို ဝမ် ပြီးရင် ဘယ်ကိုသွားမှာလဲ ကျမကတော့ သိုင်းလောကထဲမှာ လျှောက်သွားဦးမှာ “
သွမ့်ရှင်းရှောင်မှ ချိုသည့်အသံလေးဖြင့် ချစ်စဖွယ်မေးလိုက်သည်။ သူမ၏မေးခွန်းကြောင့် ဝမ်ယန်မှာ ထူးဆန်းစွာပြုံးလိုက်သည်။
“ ညီမအိမ်ကိုတန်းပြီးမပြန်မှန်းသိိလို့ ဆရာကအစ်ကို့ကိုလွှတ်လိုက်တာ။ ညီမကို အစ်ကိုက သိုင်းလောကထဲမှ လိုက်ပြီးစောင့်ရှောက်ပေးရမှာ “
ဝမ်ယန်၏စကားကြောင့် သွမ့်ရှင်းရှောင်၏လှပသည့်မျက်နှာလေးမှာ အနည်းငယ်ရှုံ့မဲ့သွားသည်။
“ ဟွန့် ကျမရဲ့သိုင်းပညာက အစ်ကိုဝမ့်ထက်တောင်ပိုပြီးကောင်းတယ်တယ် “
သွမ့်ရှင်းရှောင်မှ စူပုတ်၍မကျေမနပ်ဖြင့်ရေရွတ်လိုက်သည်။ သူမအနေဖြင့်သိုင်းလောကထဲတွင်လွတ်လွတ်လပ်လပ်သာသွားလာလိုသည်။
ထို့အပြင် ဝမ်ယန်နှင့်သူမမှာ ငယ်စဉ်ထဲမှရင်းနှီးသူများဖြစ်ခဲ့ကြသော်လည်း ဝမ်ယန်မှသူမကိုကြိုက်နှစ်သက်နေကြောင်းသူမရိပ်မိသည်။
သို့သော် သူမဘက်ကမူ ဝမ်ယန်အား အစ်ကိုတစ်ယောက်လိုပင်သံယောဇဉ်ရှိသည်။ သူမ၏စိတ်အားလှုပ်ရှားအောင်ပြုလုပ်နိုင်သူမှာ ......
သွမ့်ရှင်းရှောင်မှာ တစ်ဦးတည်းတွေးတောရင်း မျက်မှာလေးနီရဲလာသည် ။
ဝမ်ယန်မှာ နီရဲနေသည့်မျက်နှာဖြင့် အလှတိုးလျက်ရှိသည့်မျက်နှာလေးအား မြက်နိုးစွာဖြင့်ငေးကြည့်မိလိုက်သည်။
“ ညီမ ဘာစဉ်းစားနေတာလဲ “
ဝမ်ယန်၏စကားကြောင့် သွမ့်ရှင်းရှောင်၏အတွေးများပြက်တောက်သွားသည်။
သူမသတိလက်လွတ်ဖြစ်သွားရသည့် အဖြစ်ကိုသတိရသွားကာရှက်ကိုးရှက်ကန်းဖြစ်သွားသည် ။
ထို့နောက် ဝမ်ယန်နှင့်အတူ မြင်းတစ်ကောင်စီစီးလျက် ထွက်လာခဲ့ကြသည် ။
“ ညီမတောင်ပေါ်မှာရှိနေတုန်း သိုင်းလောကကြီးကအတော်လေးပြောင်းလဲသွားတယ် “
ဝမ်ယန်မှ းးသွမ့်ရှင်းရှောင်နှင့်ဘေးချင်းကပ်ရပ်ဖြစ်စေရန် သူ၏မြင်းအာရှေ့သို့အနည်းငယ်တိုးကာပြောလိုက်သည်။
သူ၏စကားကြောင့် သွမ့်ရှင်းရှောင်မှာ အနည်းငယ်စိတ်ဝင်စားသွားသည်။ လွန်ခဲ့သည့်နှစ်နှစ်လုံးလုံး သူမအနေဖြင့်အော့မေ့တောင်ပေါ်တွင် သူမဆရာ၏။အပြင်းအထန်လေ့ကျင့်ပေးမှုကိုခံခဲ့ရသည်။
အော့မေ့ဂိုဏ်းမှရသေ့မများမှာ တောင်ပေါ်တွင်ပင်အချိန်ကုန်ဆုံးသည်များကာ အကြောင်းထူးတစ်စူံနတစ်ရာမရှိဘဲ တောင်ပေါ်မှမဆင်းပေ။
ထို့ကြောင့်ပင် သွမ့်ရှင်းရှောင်သည်လည်း သိုင်းလောကနှင့်အဆက်အသွယ်ပြက်နေသလိုဖြစ်ကာ နှစ်နှစ်အတွင်းပြောင်းလဲခဲ့သည့်ကိစ္စများကို မသိခြင်းဖြစ်သည်။
“ အစ်ကိုဝမ် ကျမကိုပြောပြလေ “
သွမ့်ရှင်းရှောင်၏သိလိုစိတ်ပြင်းပြနေပုံရသည့် စကားကြောင့် ဝမ်ယန်မှရယ်မောလိုက်သည်။
“ လမ်းမှာပြောပြမယ်လေ ကိစ္စတွေကတော့ အတော်များများကိုဖြစ်ပျက်သွားတာပဲ ။
ဆရာကတော့ ညီမကို ဂိုဏ်းကိုပြန်လာစေချင်နေတယ် ။သိုင်းလောကကြီးက အရင်လိုငြိမ်သက်တာမဟုတ်ဘူး “
သူတို့နှစ်ဦးမှာ အော့မေ့ဂိုဏ်းနှင့်တဖြေးဖြေးဝေးသွားသည်။
နောက်တွင်ကျန်ရစ်ခဲ့သည့် အော့မေ့တောင်ကြီးမှာ မှိုင်းပြပြဖြင့် ။
ရှောင်လင်ဂိုဏ်း
ရှောင်လင်ဂိုဏ်းမှာ လွန်ခဲ့သည့်လပိုင်းက ခရမ်းရောင်သွေးလဂိုဏ်း၏ကိစ္စကို ဝင်မစွဖက်လိုဟန်ဖြင့် တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။
သို့သော် ရှောင်လင်ကျောင်းထဲတွင်ကား ယခင်လိုအေးချမ်းမနေဘဲ သိုင်းလေ့ကျင့်သည့်အော်ဟစ်မာန်သွင်းသံများနှင့်ဆူညံနေသည်။
ဘုန်းကြီးတစ်ရာ့ရှစ်ပါးမှာ တုတ်ရှည်ကိုယ်စီကိုင်၍ ဝင်္ကပါပုံစံတစ်ခုအားလေ့ကျင့်နေကြသည် ။
ထိုဘုန်းကြီးများ၏သိုင်းပညာမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ထိပ်တန်းသိုင်းအဆင့်အထက်၌ရှိကြသည်။
အကယ်၍ သူတို့အားလုံးသူစုပေါင်းတိုက်ခိုက်ပါက သိုင်းဝိဇ္ဇာအဆင့်များပင် အလျော့ပေးရပေမည်။
ထို့အပြင် ယခုပုံစံမျိုးဝင်္ကပါဆင်၍တိုက်ခိုက်ပါပ သိုင်းဝိဇ္ဇာအဆင့်များပင်ဘာမှတတ်နိုင်တော့မည်မဟုတ်ပေ။
ရှောင်လင်မှ လောဟန်တစ်ရာ့ရှစ်ကွက်ဝင်္ကပါမှာ သိုင်းလောကတွင်ကျော်ကြားလှသည်မဟုတ်ပါလား ။
ရှောင်လင်ကျောင်းထဲမှ နေရာတစ်ခုတွင်
အသက်သုံးဆယ်အရွယ်ဘုန်းကြီးတစ်ယောက်နှင့် အသက်ခြောက်ဆယ်အရွယ်ဘုန်းကြီးတစ်ယောက် မှာ အပြင်းအထန်တိုက်ခိုက်လျက်ရှိသည်။
ဘုန်းကြီးအိုကြီးမှာ အများဆုံးတိုက်ခိုက်သည့်လူဖြစ်ကာ ဘုန်းကြီးငယ်မှာ အဓိကအားဖြင့် ခံစစ်အားပြု၍ကာကွယ်နေရသည်။
ဘုန်းကြီးငယ်မှာ လက်ဝါးသိုင်းတစ်ခုကိုအသုံးပြုနေကာ သူ၏ပတ်ဝန်းတွင် ရွှေရောင်လက်ဝါးရိပ်များ ပြည့်နှက်နေကာ ယင်ရှုချန်း၏ရသေ့လက်ဝါးသိုင်းပညာနှင့်ပင်နှိုင်းယှဉ်နိုင်သည်။
သို့သော် ဘုန်းကြီးအိုကြီး၏လက်ဝါးနှစ်ဘက်မှာလည်း ရွှေရောင်လက်ဝါးရိပ်များကြားမှ အကြိမ်ကြိမ်တိုးဝင်လာကာ ဘုန်းကြီးငယ်၏တိုက်ကွက်ကိုပျက်စေသည့်အပြင် အကြပ်အကျဉ်းသို့ကျရောက်စေသည်။
ဘုန်းကြီးငယ်အသုံးပြုနေသည့်သိုင်းပညာမှာ ရှောင်လင်မှ ရှေးဟောင်းသိုင်းကျမ်းတစ်ခုဖြစ်ကာ သိုင်းလောကသားများမှ ဗုဒ္ဓလက်ဝါးသိုင်းကျမ်းဟုသိကြသည်။
ဘုန်းကြီးအိုကြီး၏တိုက်ခိုင်မှုများမှာ အနည်းငယ်နှေးကွေးသွားသည်ဟုထင်ရသည်။ သို့သော် ဘုန်းကြီးငယ်လေး၏မျက်နှာထက်တွင်လေးနက်သည့်အရိပ်အယောင်များပေါ်လာသည်။
သူ၏ဆရာကြောက်မက်ဖွယ်သိုင်းကွက်တစ်ခုခုကိုသုံးတော့မည်ဖြစ်မှန်းသိလိုက်ကာ ဘုန်းကြီးငယ်လေးသည်လည်း ခုခံရန်တစ်ခုတည်းကိုသာပြင်ဆင်လိုက်သည်။
“ ဝရဇိန်နတ်လက်ဝါး “
ဘုန်းကြီးအိုကြီးမှ သူ၏လက်ကိုဖြေးညင်းစွာဆန့်ထုတ်လိုက်သည်။
သူ၏လက်ဝါးဆီမှ ပြင်းထန်လှသည့်အားလှိုင်းကြီးမှာ ဘုန်းကြီးငယ်လေး၏သင်္ကန်းကိုပင် လွင့်သွားစေသည် ။
ရှောင်လင်၏နာမည်ကျော်ဝရဇိန်နတ်လက်ဝါးသိုင်းမှာ နာမည်နှင့်လိုက်အောင်အစွမ်းထက်လှသည်။