← Chapters

ခရမ်းရောင်သွေးလဂိုဏ်းမှ အာဏာရှင်နှစ်ယောက်

Vol. 2 Ch. 159

ခရမ်းရောင်သွေးလဂိုဏ်းမှ အာဏာရှင်နှစ်ယောက်

Vol. 2 Ch. 159

“ နဂါးစိမ်းဂိုဏ်းလား “

မျက်နှာဖုံးစွပ်နှင့်လူမှာ တိတ်ဆိတ်သွားသည် ။ ထို့နောက် ဖြေးညင်းစွာပြောလိုက်သည်။

“ နဂါးစိမ်းဂိုဏ်းက အဲဒီအချိန်ကိုရောက်လာရင် သူတို့လုံးဝဝင်ပြီးစွတ်ဖက်မှာမဟုတ်ဘူး “

မျက််နှာဖုံးစွပ်နှင့်လူမှ သေချာသည့်လေသံဖြင့်ပြောလိုက်သည်။ စန်းလျှံမှာ ထိုစကားကြောင့်အနည်းငယ်အံအားသင့်သွားသော်လည်း တစ်စုံတစ်ရာမေးမြန်းခြင်းမရှိတော့ပေ။

မျက်နှာဖုံးစွပ်နှင့်လူမှာလည်း တစ်စုံတစ်ရာအားတွေးတောနေသလို ငြိမ်သက်နေသလို ငြိမ်သက်နေသည် ။

ထို့နောက်တွင် မျက်နှာဖုံးစွပ်နှင့်လူမှ စန်းလျှံအားကြည့်၍ လက်ကိုဝေ့ယမ်းလိုက်သည်။

“ မင်းသွားလို့ရပြီ အဲဒီအချိန်မရောက်မချင်း သိုင်းလောကထဲကို လုံးဝခြေမချနဲ့တော့ ။ဒီမှာပဲနေပြီး သိုင်းပညာတိုးတက်အောင်လုပ်တော့ “

စန်းလျှံမှာ မျက်နှာဖုံးနှင့်လူအား အရိုအသေပေးကာထွက်သွားလိုက်သည်။

မျက်နှာဖုံးနှင့်လူမှာ ထွက်ခွာသွားသည့်စန်းလျှံ၏နောက်ကျောအား တောက်ပသည့်မျက်လုံးများဖြင့်ကြည့်ကာ ကျန်ရစ်ခဲ့သည်။

စန်းလျှံမှာ ခန်းမ၏အပြင်သို့ရောက်သည်နှင့် အသက်ကိုပြင်းပြင်းရှုလိုက်သည်။

သူမခန်းမထဲတွင်ရှိစဉ် မွမ်းကြပ်နေကာ တစ်စုံတစ်ရာမှ ပိတ်လှောင်ထားသလိုခံစားချက်အားရရှိပေသည် ။

ထိုခံစားချက်မှာ သူမတင်မကပေ။ ခန်းမထဲသို့ရောက်ဖူးသည့်လူတိုင်း သူမလိုပင် တူညီစွာခံစားရလေသည် ။

မြေအောက်နန်းဆောင်ထဲတွင် လူအများဟိုမှသည်သို့သွားလာနေကြသည် ။ ထိုလူများမှာ ခရမ်းရောင်ဝတ်စုံနှင့်လူများဖြစ်ကာ မျက်နှာဖုံးကိုယ်စီဖြင့်ဖြစ်ကြသည်။

သူမမြေအောက်နန်းဆောင်သို့စရောက်သည့်အချိန်က လူအနည်းငယ်သာရှိသော်လည်း ယခုမူ လူငါးဆယ်နီးနီးရှိနေသည်။

ထိုလူများမှာ ခရမ်းရောင်သွေးလဂိုဏ်း၏ထိပ်ပိုင်းအကြီးအကဲများဖြစ်ကြကာ ပြင်ပရှိခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်မှာ ဟန်ပြဖြစ်၍ ယခုမြေအောက်နန်းဆောင်မှာ သူတို့၏ဌာနချုပ်အစစ်ဖြစ်သည်။

မြေအောက်နန်းဆောင်သို့လည်း ဂိုဏ်းချုပ်ဖြစ်သည့် နှင်းငွေ့မိစ္ဆာသခင်မှယုံကြည်ရသည့်လူများသာဝင်နိုင်သည် ။

ထို့အပြင် ထိုလူများမှာ ပြင်ပတွင်မည်သို့နေရသည်မသိသော်လာ်း မြေအောက်နန်းဆောင်ထဲသို့ရောက်လျှင်မျက်နှာဖုံးကိုယ်စီဖြင့်နေကြရသည် ။

“ ဝှစ် “

စန်းလျှံ၏အနားသို့လူရိပ်တစ်ရိပ်ကပ်လာကာ သူမ၏ခန္တာကိုယ်လေးအားထွေးပွေ့ထားလိုက်သည်။

လှပသည့်ခန္တာကိုယ်လေးမှာ တောင့်တင်းသွားကာ သူမ၏မျက်နှာထက်တွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာသော်လည်း နောက်ကျောဘက်မှ ရင်းနှီးနေသည့်အငွေ့အသက်ကြောင့် သူမ၏မျက်နှာပြေလျှော့သွားသည်။

“ စန်းလျှ၌ မင်းကို အနောက်ပိုင်းသိုင်းလောကကလူတွေအနိုင်ကျင့်လိုက်ကြသေးတယ်ဆို “

စန်းလျှံ၏နောက်မှလူမှ အေးစက်စက်လေသံဖြင့်မေးလိုက်သည် ။ သူ၏စကားထဲမှ သတ်ဖြတ်လိုသည့်အ‌ငွေ့အသက်ကိုကောင်းစွာသိရှိနိုင်သည်။

စန်းလျှံလည်း ထိုလူ၏စကားကြောင့် မျက်မှောင်ကြုတ်သွားကာ သူမ၏ခန္တာကိုယ်အားလှည်လိုက်သည်။

“ ဝမ်းတ ရှင်တဇွတ်ထိုးမလုပ်ပါနဲ့ မဟုတ်ရင် ဆရာ့ရဲ့အစီအစဉ်တွေအားလုံးပျက်စီးကုန်မယ် နောက်ပြီး ရှင်ပြင်ပကိုထွက်ရမယ့်အချိန်လည်းမရောက်သေးဘူး “

စန်းလျှံ၏အလိုမကျသည့်စကားကြောင့် ဝမ်းတ၏အေးစက်သည့်မျက်နှာမှာ ပြုံးယောင်သမ်းသွားသည်။

လွန်ခဲ့သည့်နှစ်နှစ်ခန့်က ဝမ်းတမှာ စန်းလျှံအားလောင်းကစားမြို့တော်မှ ခေါ်ဆောင်လာ၍ ဂိုဏ်းတွင်အမျိုးမျိုးသောစမ်းသပ်မှုများအားကျော်ဖြတ်စေသည်။

စန်းလျှံမှာ ထိုစဉ်ကသိုင်းပညာလုံးဝမတတ်မြောက်သော်လည်း စမ်းသပ်မှုတိုင်းအား ကောင်းစွာဖြတ်ကျော်နိုင်ကာ နောက်ဆုံး သူ၏ဆရာနှင်းငွေ့မိစ္ဆာသခင်မှ ညို့ယူခြင်းသံဇဉ်သိုင်းကျမ်းကိုပေးအပ်ကာ သူတို့အဖွဲ့အစည်း၏အတွင်းလူတစ်ယောက်ဖြစ်စေခဲ့သည်။

ထိုနှစ်နှစ်တာအတွင်း ဝမ်းတုနှင့်စန်းလျှံတို့၏ဆက်ဆံရေးသည်လည်းပို၍တိုးတက်လာကာ နောက်ဆုံးတွင် လက်ထပ်ရခြင်းမရှိသေးသော်လည်း လင်မယားဖြစ်ခဲ့ကြသည်။

စန်းလျှံမှာ သိုင်းပညာတွင်များစွာမထူးချွန်သော်လည်း ဂီတဘက်တွင်ပါရမီပါကာ ပါးနပ်ပြီးဉာဏ်ရည်ထက်မြက်လေသည် ။

ထို့ကြောင့်လည်း သူမမှာ ခရမ်းရောင်သွေးလဂိုဏ်းမှ မီးလျှံနတ်သမီးဟု သိုင်းလောကတွင်နာမည်ကျော်ခဲ့ခြင်းဖြစ်သည်။

ဝမ်းတုမှာ စန်းလျှံ၏စကားကို တစ်စုံတစ်ရာချေပပြောဆိုခြင်းမပြုဘဲ မျက်နှာကြီးပြုံး၍နေတော့သည်။

“ အေးပါ ငါသိပါတယ် “

အကယ်၍ သိုင်းလောကသားများသာ ဝမ်းတု၏မျက်နှာပုံစံကိုတွေ့မြင်ပါက အံ့အားသင့်သွားကြပေမည်။

သွေးအေးရက်စက်ကာ အရယ်အပြုံးနည်းသည်ဟုနာမည်ကြီးသည့် ငရဲဓားဝမ်းတုမှာ ယခုအချိန်တွင် စန်းလျှံအားမျက်နှာချိုသွေး၍နေရသည်။

“ ဟေ့ မရီး..... မင်းငါ့တို့ကို ဗျပ်စောင်းတီးမပြတာ ကြာပြီနော် “

အဝေးဆီမှ အသက်သုံးဆယ်ကျော်အရွယ်လူတစ်ယောက်မှ အော်ဟစ်လိုက်သည်။

ထိုလူမှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ ယောင်္ကျားပီသသည့်ရုပ်ရည်ရှိသည်။ သူ၏နှူတ်ခမ်းပါးများမှာ ရက်စက်တော့မည့်ဟန်ဖြင့်ကွေးညွတ်နေသည် ။

သို့သော် ယခုအချိန်တွင် သူ၏မျက်နှာထက်၌ အပြုံးတစ်ခုရှိနေကာ စန်းလျှံနှင့်ဝမ်းတုဆီသို့လျှောက်လာသည်။

“ ကျားလေး မင်းကကောင်းသွားပြီလား “.

ဝမ်းတုမှ ပျော်ရွှင်သည့်ဟန်ဖြင့်မေးမြန်းလိုက်သည် ။ ပုံမှန်ဆိုလျှင် ဝမ်းတမှာ တံခါးပိတ်လေ့ကျင့်နေတတ်ကာ သူတို့နှစ်ဦးပင် တစ်ကြိမ်ခန့်သာတွေ့ရတတ်သည်။

ဤသည်မှာလည်း အတွင်းအားပေါက်ကွဲဆေးလုံး၏အကျိူးသက်ရောက်မှုများကြောင့်ဖြစ်သည်။

လွန်ခဲ့သည့်သုံးနှစ်ခန့်က မုန်တိုင်းဓားရှောင်ကျန်းမင်နှင့်တိုက်ခိုက်စဉ်ဝမ်းတမှာ အတွင်းအားပေါက်ကွဲဆေးလုံးကိုအသုံးပြုခဲ့သဖြင့် သုံးနှစ်အတွင်းအတွင်းအားအသုံးမပြုနိုင်ဖြစ်ခဲ့ရသည်။

ဝမ်းတမှ ထိုအချိန်ထဲက တံခါးပိတ်၍လေ့ကျင့်နေကာ ယခုပြင်ပသို့ထွက်လာသဖြင့် သူ၏အတွင်းအားများပြန်လည်အသုံးပြု၍ရပြီဆိုသောသဘောပင်ဖြစ်သည်။

“ ဝှစ် “

ဝမ်းတမှလျှပ်တပြက်လှုပ်ရှားလိုက်ပြီး သူ၏လက်ဝါးမှာ ဝမ်းတု၏ပခုံးအား ရိုက်ချလိုက်သည်။

ဝမ်းတုသည်လည်း ဓားသမားတစ်ဦးဖြစ်သော်လည်း ယခုတိုက်ခိုက်မှုမှာ သိုင်းပညာရပ်များမပါရှိဘဲ အတွင်းအားစမ်းသပ်ခြင်းသာဖြစ်သည်။

ထို့ကြောင့် ဝမ်းတ၏လက်ဝါးကိုရှောင်တိမ်းခြင်းမပြုဘဲ သူ၏လက်ဝါးဖြင့်ခံဆောင်ပေးလိုက်သည်။

“ ဝုန်းးးး... “

ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာကာ သူတို့နှစ်ဦးစလုံးနောက်သို့ခြေသုံးလှမ်းဆီဆုတ်လိုက်ရသည် ။

စန်းလျှံမှာမူ ထိုနှစမယောက်တိုက်ခိုက်တော့မည်ပအရိပ်အယောင်ကိုမြင်စထဲက ‌နောက်သို့ဆုတ်ခွာပြီးဖြစ်သည်။

သို့သော် ထိုနှစ်ယောက်မှာ နောက်ထပ်ထပ်မံတိုက်ခိုက်ခြင်းမရှိတော့ပေ။

“ ဟားးဟားး ဆရာကငါ့ကိုတစ်လတစ်ကြိမ်သူ့ရဲ့အ‌တွင်းအားနဲ့ကူညီပြီးလေ့ကျင့်ပေးတယ်လေ ။ဒါကြောင့်ငါမှန်းထားတာထက်တစ်နှစ်စောပြီးထွက်လာလို့ရတာပေါ့ “

ဝမ်းတမှ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏မျက်နှာတွင် ရိုသေလေးစားသည့်အရိပ်အယောင်များထင်ဟပ်နေသည် ။

ဝမ်းတမှာ လွန်ခဲ့သည့်နှစ်နှစ်အတွင်း အမြဲလိုလိုတံခါးပိတ်၍လေ့ကျင့်နေတတ်သော်လည်း ဝမ်းတုနှင့်စန်းလျှံတို့မှ သူ့ဆီသို့သွားရောက်လည်ပတ်တတ်သည်။

ထို့ကြောင့်လည်း စန်းလျှံကိုပါရင်းနှီးနေခြင်းဖြစ်ကာ ဝမ်းတုနှင့်စန်းလျှံတို့အကြောင်းကိုလည်း အစအဆုံးသိရှိထားလေသည်။

“ ပြီးခဲ့တဲ့နှစ်နှစ်လုံးလုံး အတွင်းအားအသုံးမပြုနိုင်ပေမယ့် အမြဲလိုလိုလေ့ကျင့်နေတော့ ငါ့ရဲ့သိုင်းပညာကပိုပြီးတိုးတတ်လာတယ် ။။ဝမ်းတု ဒီတစ်ခါလက်ရည်စမ်းရင် မင်းတော့မလွယ်တော့ဘူး “

ဝမ်းတမှ ရယ်ကျဲကျဲဖြင့်ပြော‌လိုက်သည်။ သူ၏စကားကြောင့် ဝမ်းတု၏မျက်နှာထက်တွင်လည်း အပြုံးတစ်ခုပေါ်လာသည် ။

“ ကောင်းပြီလေ ဒီတစ်ခါကျရင်ငါကလည်းအလျော့ပေးတော့မှာမဟုတ်ဘူး ။ ပြီးမှငါကမင်းကိုအနိုင်ကျင့်ပါတယ်လို့ဆရာနဲ့မတိုင်နဲ့ “

ဝမ်းတုမှလည်း မျက်နှာထားကိုတမင်တင်း၍ ဒေါသထွက်ဟန်ဖြင့်ပြောလိုက်သည်။

“ ဘာလဲ အရင်တစ်ခေါက်ကလို အရက်ပြိုင်သောက်ပြီး နှစ်ယောက်လုံးမှောက်သွားကြမှာလား “

စန်းလျှ့မှ ရယ်မော၍ပြောလိုက်သည်။ သူမ၏စကားကြောင့် ဝမ်းတုနှင့်ဝမ်းတမှ လွန်ခဲ့သည့်သုံးလက သူတို့နှစ်ဦးစလုံးအတူ‌သောက်၍မှောက်သွားသည့်အဖြစ်ကို သတိရသွားကြသည်။

ထိုစဉ်က သူတို့နှစ်ဦးလုံးစကားကြီးစကားကျယ်များပြောခဲ့ကြသော်လည်း အရက်ငါးအိုးမကုန်မီမှောက်သွားခဲ့ကြသည်။

စန်းလျှံ၏စကားမှာ ထိုအဖြစ်အပျက်ကိုရည်ညွှန်းခြင်းဖြစ်ကာ သူတို့၏မျက်နှာထက်တွင်ရှက်ရွံ့သည့်အရိပ်အ‌ယောင်များပေါ်ဘာသည် ။

ထို့နောက် သူတို့နှစ်ဦးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကာရယ်မောလိုက်ကြသည်။

သူတို့နှစ်ဦးမှာ အခြားလူများမပေါ်တွင်မည်မျှပင်ရက်စက်ဆိုးသွမ်းနေပါစေသူတို့နှစ်ဦးတည်းသာရှိလျှင် ငရဲဓားဝမ်းတုနှင့်အမှောင်လက်ဝါးဝမ်းတဆိုသည်မှာ ပျောက်ဆုံးသွားကာ ကျားကြီးနှင့်ကျားလေးသာဖြစ်သည်။

သူတို့နှင့်ခပ်လှမ်းလှမ်းမှ ဖြတ်သွားသည့် မျက်နှာဖုံးနှင့်လူအချိူ့မှာ သူတို့သုံးဦးကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။

သို့သော် မည်သူမှ ရဲရဲဝင့်ဝင့်ကြည့်ကဲခြင်းမရှိပေ။ ခရမ်းရောင်သွေးလဂိုဏ်းထဲတွင် ဝမ်းတုနှင့်ဝမ်းတ၏အနေအထားမှာ ဘုရင်ငါးပါးနှင့်ပင်နှိုင်းယှဉ်နိုင်သည်။

ထို့အပြင် သူတို့၏ကြောက်မက်ဖွယ်သိုင်းပညာနှင့် ရက်စက်သည့်နည်းလမ်းများကို သူတို့မျက်မြင်ကိုယ်‌တွေ့ကြံဖူးကြသည်။

ထို့ကြောင့်ပင် ဝမ်းတုနှင့်ဝမ်းတမှာ နှစ်နှစ်လုံးလုံး သိုင်းလောကထဲသို့မဆင်းသော်လည်း ခရမ်းရောင်သွေးလဂိုဏ်း၏အာဏာရှင်နှစ်ယောက်ဟု ကျော်ကြားနေခြင်းဖြစ်သည်။

All Chapters