← Chapters

ထိပ်သီးစာရင်းပြောင်းလဲခြင်း

Vol. 2 Ch. 160

ထိပ်သီးစာရင်းပြောင်းလဲခြင်း

Vol. 2 Ch. 160

ဝူတန်းတောင်

ဝူတန်းတောင်ပေါ်တွင် သိုင်းလောက၏ထိပ်သီးဂိုဏ်းကြီးခြောက်ဂိုဏ်းထဲတွင်ပါဝင်သည့် ဝူတန်းဂိုဏ်းရှိသည်။

ဝူတန်းဂိုဏ်းမှာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ငြိမ်သက်နေကာ တစ်စုံတစ်ရာလှုပ်ရှားမှုမရှိပေ။

သိုင်းလောကအတွင်း၌ ခရမ်းရောင်သွေးလဂိုဏ်း၏ထွက်ပေါ်လာမှုကြောင့် သိုင်းလောက၏မျှခြေပြောင်းလဲသွားသော်လည်း ဝူတန်းဂိုဏ်းအပါအဝင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိပေ။

ဝူတန်းဂိုဏ်းမှ လူငယ်မျိုးဆက်၏ထိပ်တန်းနေရာတွင်ရှိသည့် ထိုက်ကျိဓားစန်းဟုန်းလျန်သာ သိုင်းလောကအတွင်းရံဖန်ရံခါထွက်ပေါ်လာခဲ့သည် ။

ထို့အပြင် စန်းဟုန်းလျန်မှာ သိုင်းလောကထိပ်သီးဆယ်ယောက်စာရင်းတွင်နံပါတ်ခြောက်နေရာသို့ရောက်ရှိနေပြီဖြစ်သည်။

ထိုစာရင်းမှ လွန်ခဲ့သည့်တစ်လကျော်ခန့်ကထုန်ပြန်ခဲ့ခြင်းဖြစ်ကာ နှစ်နှစ်အတွင်းသိုင်းလောက၏ထိပ်သီးဆယ်ယောက်စာရင်းမှာလည်းပြောင်းလဲသွားပြီဖြစ်သည်။

ထိုထိပ်သီးဆယ်ယောက်စာရင်းမှာ စွန်းမျိုးနွယ်၏သိုင်းလောကမှတ်တမ်းဖြင့်သတ်မှတ်ခြင်းဖြစ်ကာ သိုင်းလောကတစ်ခုလုံးမှ သဘောတူလက်ခံကြပေသည်။

ထိပ်သီးဆယ်ယောက်စာရင်းမှာ အရှေ့ပိုင်းပနောက်ပိုင်းအလယ်ပိုင်းစသည့် ဒေသစုံပါဝင်ကာသိုင်းလောကတစ်ခုလုံးမှ လူများပါဝင်သည်။

သို့သော် ထိုစာရင်းထဲတွင် သိုင်းဝိဇ္ဇာအဆင့်၏အောက်တွင် အစွမ်းအထက်ဆုံးသိုင်းသမားများကိုသာသတ်မှတ်ကြသည် ။

သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ အချို့လူများမှာ ပျောက်ကွယ်သွားကာ အချို့လူများမှာ သေဆုံးသွားကြသည်။

ထို့အပြင် ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ နံပါတ်ငါးနေရာတွင်ရှိသည့်ရသေ့လက်ဝါးကဲ့သို့လူများမှာလည်း နှစ်နှစ်အတွင်း သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိသွားသည်။

ရသေ့လက်ဝါးမှာ ယခင်ကခွန်လွန်ဂိုဏ်းသားတစ်ယောက်ဖြစ်သော်လည်း လူတစ်ယောက်နှင့်တိုက်ပွဲအပြီးတွင် သူ၏လက်ချောင်းတစ်ချောင်းပြတ်၍ ဆိုးဆိုးရွားရွားရှုံးနိမ့်သွားခဲ့သည် ။

ယခုအခါတွင် ရသေ့လက်ဝါးမှာ ယင်ရှုချန်းဟူသည့်နာမည်ဖြင့်သိုင်းလောကအတွင်း တစ်ကျော့ပြန်ဝင်လာကာ သူအားအနိုင်ယူသွားသည့်လူအားလိုက်လံရှာဖွေနေသည်။

သိုင်းလောကသားများကမူ ယင်ရှုချန်းအား ရသေ့လက်ဝါးဟူသည့်နာမည်အစား လက်ကိုးချောင်းရသေ့ဟုခေါ်ကြသည်။

ကောလဟာလများအရ လွန်ခဲ့သည့်နှစ်နှစ်ခန့်က လက်ကိုးချောင်းရသေ့အားအနိုင်ယူခဲ့သူမှာ မြစ်ဝါနဂါးဂိုဏ်းအားဖြိုခွဲခဲ့သည့်လူဟုဆိုကြသည် ။

သို့သော် သူတို့၏တိုက်ပွဲကိုမည်သူမှ မျက်မြင်မတွေ့ခဲ့၍ ထိုသတင်းမှာ အတည်ပြုရန်ခက်ခဲပေသည် ။

ယခင် သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှနံပါတ်တစ်ဖြစ်သည့် သိုင်းဝိဇ္ဇာအဆင့်အောက်နံပါတ်တစ်သိုင်းသမားဟုခေါ်ဆိုကြသည့် လူဂွစာသိုင်းသမားမှာ လွန်ခဲ့သည့်လပိုင်းက သိုင်းလောကအတွင်းပေါ်ထွက်လာခဲ့သည်။

ထို့စဉ်က လူ့ဂွစာသိုင်းသမားမှာ ခရမ်းရောင်သွေးလဂိုဏ်းမှ ဘုရင်ငါးပါးထဲတွင်ပါဝင်သည့်

နှင့်တိုက်ခိုက်ကာ အနိုင်ရခဲ့သည် ။

တိုက်ပွဲပြီးနောက် လူ့ဂွစာသိုင်းသမားမှာမူ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်းကို သိုင်းလောကသားများ သိရှိခဲ့ကြသည်။

စွန်းမျိုးနွယ်မှ သိုင်းလောကမှတ်တမ်းကိုင်ဆောင်သည့်စွန်းတာအိုမှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းအား ပြန်၍သတ်မှတ်ခဲ့သည် ။

ထိုစာရင်းတွင် အရှေ့ပိုင်းသိမ်းငှက်ညီနောင် ၊ ထိုက်ကျိဓားစန်းဟုန်းလျန် ၊ ရှောင်လင်မှ ဗုဒ္ဓလက်ဝါးကိုယ်တော် စသည့်လူငယ်မျိုးဆက်မှကျော်ကြားသူများပါဝင်လာသလို ခုံတုံဂိုဏ်း၏ဆက်ခံသူစီးတုမင်၊ နဂါးလူငယ်ဝမ်ယန်တို့ကဲ့သို့ လူငယ်သိုင်းသမား အသစ်များလည်းပါဝင်လာသည် ။

ဗုဒ္ဓလက်ဝါးကိုယ်တော်မှာ ယခင်ကပင် သူ၏ချိုးဖျက်မရသည့်ခံစစ်ကြောင့် သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်သည့်အတွက် ယခုတစ်ကြိမ်တွင် ထိပ်သီးဆယ်ယောက်စာရင်းမှ နံပါတ်ငါးနေရာသို့ရောက်သွားခဲ့သည်။

သူ၏အောက်တွင် အရှေ့ပိုင်းသိမ်းငှက်ညီနောင်နှင့် ထိုက်ကျိဓားစန်းဟုန်းလျန်တို့ရှိနေသည်။

ခုံတုံဂိုဏ်းမှဆက်ခံသူနှင့် နဂါးလူငယ်တို့မှာ နံပါတ်ကိုးနှင့် နံပါတ်တစ်ဆယ်နေရာတွင်ရှိနေကြသည် ။

နံပါတ်ရှစ်နေရာမှာ အံ့ဩဖွယ်ကောင်းလောက်အောင် သိုင်းလောက၏အလှနတ်သမီး သွမ့်ရှင်းရှောင်မှ ရယူထားသည် ။

အခြားနေရာများတွင် အငြင်းပွားမှာအနည်းငယ်ရှိကြသော်လည်း ထိုနေရာကိုမူ အားလုံးမှ သဘောတူလက်ခံကြသည်။

ပန်းနတ်သမီးသွမ့်ရှင်းရှောင်မှာ လွန်စွာလှပသည့်အပြင် သူမ၏ဆရာမှာ အော့မေ့ဂိုဏ်းချုပ်ကျောက်စိမ်းမျက်နှာရသေ့မဖြစ်ကာ နဂါးစိမ်းဂိုဏ်းချုပ်ကြီး၏သမီးလည်းဖြစ်သဖြင့် သူမ၏သိုင်းပညာကို မည်သူမှမေးခွန်းမထုတ်ကြပေ။

သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင် လူအများအငြင်းပွားကြသည်များလည်းရှိကြသည် ။

ယခင်ကသိုင်းလောကအားသွေးချောင်းစီးစေခဲ့သည့်နေလသိုင်းကျမ်းလုပွဲမှ အဓိကလက်သည်များဖြစ်ကြသည့် ငရဲဓားဝမ်းတုနှင့် အမှောင်လက်ဝါးဝမ်းတအား သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်ထည့်မထားပေ။

သိုင်းထိပ်သီးဆယ်ယောက်စာရင်းကို ပြန်၍သတ်မှတ်စဉ်က လူပြောအများဆုံးကိစ္စမှာ နံပါတ်‌တစ်နေရာမှသိုင်းသမားဖြစ်သည်။

သိုင်းထိပ်သီးဆယ်ယောက်စာရင်း၏နံပါတ်လေးမှ နံပါတ်နှစ်အထိမှ ယခင်ထိပ်သီးဆယ်ယောက်စာရင်းမှ ဝါရင့်သိုင်းသမားများဖြစ်သည်။

ထိုလူများ၏စာရင်းမှာ အနည်းငယ်သာပြောင်းလဲသွားသည် ။

အံ့ဩဖွယ်ကောင်းသည်မှာ စွန်းတာအိုမှ သိုင်းထိပ်သီးဆယ်ယောက်၏နံပါတ်တစ်နေရာကို ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ ဝါရင့်သိုင်းသမားများအား သတ်မှတ်ခြင်းမဟုတ်ဘဲ ထင်းရှီဆိုသည့်လူသည်သိုင်းသမားတစ်ယောက်ကိုထားခြင်းဖြစ်သည်။

ထင်းရှီဆိုသည့်လူငယ်သိုင်းသမားမှာလည်း ထိုစဉ်ကအတော်လေးနာမည်ကြီးသွားကာ သူ၏အကြောင်းကိုစုံစမ်းခြင်းများပြုလုပ်လာကြသည်။

စွန်းစံအိမ်မှာလည်း ထိုရက်များအတွင်း ထင်းရှီ၏အကြောင်းနှင့်ပတ်သတ်သည့်သတင်းများကို အများဆုံးရောင်းချခဲ့ရသည်။

ထို့ကြောင့်ပင် စွန်းအိမ်တော်မှာ ထိုကိစ္စနှင့်ပတ်သတ်၍ အတော်လေးအလုပ်ဖြစ်ခဲ့သည်ဟုဆိုကမည် ။

ထင်းရှီအား မြင်ဖူးသူနည်းပါးသော်လည်း သူ၏အကြောင်းအရာများမှာ သိုင်းလောကအတွင်း ကျော်ကြားလာခဲ့သည်။

ထင်းရှီမှာ သိုင်းလောကသို့ လွန်ခဲ့သည့်နှစ်နှစ်မှ စတင်၍ ဝင်ရောက်လာကာ သူတိုက်ခိုက်သည်ကိုမည်သူမှတွေ့မြင်ဖူးခြင်းမရှိပေ ။

သို့သော် မာနကြီးကာပေါင်းသင်းရခက်သည့်အရှေ့ပိုင်းသိမ်းငှက်ညီနောင်နှင့်မိတ်ဆွေများဖြစ်နေခြင်း ၊ ယခုသိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ နံပါတ်ကိုးနေရာ၌ရှိသည့် ခုံတုံဂိုဏ်း၏ဆက်ခံသူ စီးတုမိသားစုမှတတိယသားနှင့်သွေးသောက်ညီအစ်ကိုများဖြစ်ခြင်း စသည်တို့ကြောင့်ကျော်ကြားလာသည်။

ထို့အပြင် စွန်းအိမ်တော်တွင်ပြုလုပ်ခဲ့သည့် သိုင်းလောကဆွေးနွေးပွဲတွင် ထိုလူငယ်နှင့်ပန်းနတ်သမီးသွမ့်ရှင်းရှောင်တို့မှာ မရှင်းမလင်းဖြစ်နေသည်ဟု မျက်မြင်ကိုယ်တွေ့မြင်ခဲ့သူများရှိကြသည် ။

ထို့ကြောင့်ပင့် ထိပ်သီးဆယ်ယောက်စာရင်းထုတ်ပြန်ပြီးသည့်တစ်လအတွင်း ထင်းရှီဆိုသည့်လူငယ်သိုင်းသမားမှာ လူပြောအများဆုံးအကြောင်းအရာဖြစ်ခဲ့သည် ။

ထိုစဉ်က စွန်းတာအို၏သတ်မှတ်ချက်အား ဝေဖန်သူအများအပြားရှိခဲ့သည် ။ ထိုလူများမှာ ထင်းရှီဆိုသည့်သိုင်းသမားမှာထူးခြားသည်မှန်သော်လည်း သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်များလောက်သိုင်းပညာထက်မြက်ခြင်းမရှိဟုဆိုကြသည်။

ထိုဝေဖန်မှုများမှာလည်း တဖြေးဖြေးများပြလာကာ နောက်ဆုံးတွင် စွန်းအိမ်တော်မှနောက်ထပ်သတင်းတစ်ခုကိုထုတ်ပြန်ခဲ့သည်။

ထိုသတင်းကြောင့် သိုင်းလောကသားများတုန်လှုပ်သွားခဲ့ကာ ထိပ်တန်းအဆင့်ဂိုဏ်းကြီးများပင်အာရုံစိုက်လာရသည်။

စွန်းအိမ်တော်မှ ထုတ်ပြန်ခဲ့သည့်သတင်းမှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်အားတစ်ဦးတည်းဝင်ရောက်၍ အမြစ်ပြတ်သုတ်သင်ခဲ့သည့် အဖြူရောင်သွေးမိစ္ဆာ ၊ ယခင်သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ လက်ကိုးချောင်းရသေ့၏လက်ချောင်းတစ်ချောင်းကိုဖြတ်ပစ်ခဲ့သူ ၊ သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ နံပါတ်တစ်နေရာ၌ရှိသည့် ထင်းရှီဆိုသည့်လူငယ်သိုင်းသမားတို့မှာ တစ်ဦးတည်းဖြစ်သည်ဟုဆိုထားသည်။

ထိုသတင်းကိုကြီးပြီးနောက် သိုင်းလောကထဲတွင်မယုံကြည်နိုင်ကြသည့်လူများစွာရှိသော်လည်း မည်သူမှ အဖြူရောင်သွေးမိစ္တာထင်းရှီမှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှနံပါတ်တစ်နေရာနှင့်ထိုက်တန်ခြင်းမရှိဟု မေးခွန်းမထုတ်တော့ပေ။

ထိုလူများမှ နှစ်ရာနှင့်ချီ၍တည်ရှိခဲ့သည့် စွန်းအိမ်တော်၏ဂုဏ်သတင်းကိုမူမေးခွန်းမထုတ်ရဲကြသည့်အကြောင်းမှာလည်း ပါဝင်သည်။

ထို့အပြင် အဖြူရောင်သွေးမိစ္ဆာမှာ မြစ်ဝါနဂါးဂိုဏ်း၏ဌာနချုပ်ထဲသို့တစ်ဦးတည်းဝင်ရောက်၍ ဂိုဏ်းချုပ်ဖြစ်သူသွေးမိစ္ဆာ ရေဘုရင်ငါးယောက်နှင့်ရာနှင့်ချီသည့်သိုင်းသမားများကိုသုတ်သင်ခဲ့သူဖြစ်ရာ သူ၏သိုင်းပညာကိုမည်သူမှမမှန်းဆနိုင်ကြပေ။

သို့သော် ထိုသတင်းကြောင့်ပင် အချို့တိုက်ခိုက်လိုစိတ်ပြင်းပြသည့်တဇွတ်ထိုးသိုင်းသမားများမှာ အဖြူရောင်သွေးမိစ္တာထင်းရှီကိုလိုက်လံရှာဖွေနေကြသည်။

ထို့အတူ ဂုဏ်သတင်း ကျော်ကြားလိုသည့် အချို့သိုင်းသမားများမှာလည်း ထင်းရှီကိုလိုက်လံရှာဖွေနေကြပေသည်။

ထိုအချိန်တွင် အဖြူရောင်သွေးမိစ္တာဟုနာမည်ကျော်နေသည့် ထင်းရှီမှာ ဝူတန်းဂိုဏ်းမှ ဓားလိုဏ်ဂူထဲတွင် အိပ်ပျော်၍နေသည် ။

ထင်းရှီမှာ ကောက်ရိုးခင်းထားသည့်အိပ်ယာပေါ်တွင်နှစ်ခြိုက်စွာအိပ်မောကျနေကာ သူ၏နှုတ်ခမ်းမှာပြုံးလျက်ရှိသည် ။

ဤသည်အားကြည့်ကာ အိပ်မက်ကောင်းများမက်နေသည်ဟုထင်ရပေသည် ။

သူ၏လိုဏ်ဂူအခန်းငယ်လေးထဲတွင် အဆောင်အယောင်ဟူ၍မည်သည့်အရာမှရှိဘဲ လိုဏ်ဂူနံရံတွင်ထောင်ထားသည့်ဓားရှည်တစ်ချောင်းသာရှိသည် ။

All Chapters