← Chapters

နှုတ်ဆက်ထွက်ခွာချိန်

Vol. 2 Ch. 161

နှုတ်ဆက်ထွက်ခွာချိန်

Vol. 2 Ch. 161

“ ဟေ့ကောင်ထတော့ မင်းဒီနေ့တောက်အောက်ကိုဆင်းမှာမဟုတ်လား “

ကြမ်းတမ်းသည့်အသံနှင့်အတူ ထင်းရှီမှာ တစ်စုံတစ်ဦး၏လှုပ်နှိုင်းခြင်းကိုခံလိုက်ရသည်။

ထင်းရှီလည်း ကျိမ်းစပ်နေသည့်မျက်ဝန်းများကိုပွတ်သတ်၍ အားယူကာထထိုင်လိုက်သည်။ ထို့နောက် တစ်ချက်သမ်းဝေ၍ ဘေးနားရှိလူအား အိပ်ချင်မူးတူးဖြင့်ကြည့်လိုက်သည်။

သူတို့အခန်းငယ်လေးများထဲတွင် နေရောင်မရ၍မည်သည့်အချိန်ရောက်သည်ကိုထင်းရှီမသိပေ။

သို့သော် အပြင်ဘက်မှအားကောင်းသည့်အလင်းရောင်ကြောင့် အတော်လေးလင်းထိန်နေပြီဖြစ်ကြောင်းသိလိုက်သည်။

ထင်းရှီမှ ညကအဖိုးအိုကျန်းချန်းဟောင်နှင့် သိုင်းလောကအကြောင်းအနည်းငယ်ပြောဆိုကာ တောင်အောက်သို့ဆင်းရန်ဆုံးဖြတ်လိုက်လေသည် ။

ပြီးခဲ့သည့်နှစ်နှစ်အတွင်းသူ၏ဘဝကြီးမှာ အတော်လေးငြိမ်းချမ်းနေသည်ဟုဆိုရမည်။

နေ့စဥ်နေ့တိုင်း ဓားပညာလေ့ကျင့်ကာ အဖိုးအိုကျန်းချန်ဟောင်မှ လမ်းညွန်ပြသသည်။ ကျန်ရှိသည့်အချိန်များတွင် ဝူတန်းဂိုဏ်းမှစားဖိုဆောင်တွင်သာအချိန်ကုန်ဆုံးရသည်။

ထင်းရှီမှာ သိုင်းပညာများစွာတိုးတက်လာသလို သူ၏ချက်ပြုတ်နိုင်သည့်အရည်အချင်းမှာလည်း အများကြီးတိုးတက်လာသည် ။

နှစ်နှစ်အတွင်းအဖိုးအိုကျန်းချန်းဟောင်၏ကူညီပေးမှုဖြင့် သိုင်းကွက်များကိုနားလည်သဘောပေါက်လာရုံသာမက သူ၏သိုင်းပညာသည်လည်းသိုင်းဝိဇ္ဇာအဆင့်သို့ခြေလှမ်းတစ်ဝက်ရောက်ရှိခဲ့သည် ။

ထင်းရှီမှာ သိုင်းဝိဇ္ဇာအဆင့်သို့ခြေလှမ်းတစ်ဝက်ဝင်ရောက်ပြီးသည်နှင့် သူ၏အထီးကျန်ဓားသိုင်း ၊ သူ့ဆရာထင်းချီယင်၏သစ်ရွက်ကြွေဓားသိုင်းနှင့် ပထမအကြီးအကဲ၏ ဓားတစ်ထောင်သိုင်းပညာနှင့် အကြီးအကဲခုနစ်၏ဓားတစ်ရာသိုင်းတို့ကိုစုပေါင်းကာ တိုက်စစ်ခံစစ်ဟာကွက်မရှိသည့်ဓားပညာအသစ်တစ်မျိူးအားဖန်တီးခဲ့သည်။

ထိုဓားသိုင်းမှာ ကျန်းချန်းဟောင်မှပင်ချီးကျူးရကာာ ထိပ်တန်းအဆင့်သိုင်းပညာများအားထည့်သွင်းကာဖန်တီးထားခြင်းဖြစ်သဖြင့် မူရင်းဓားပညာများထက်ပင်ကျော်လွန်နေသည် ။

ထို့အပြင်ထင်းရှီယခုလိုများစွာတိုးတက်လာရသည်မှာလည်း လူ့ဂွစာမုချန်း၏အကူအညီလည်းများစွာပါဝင်သည် ။

ထိုနှစ်နှစ်အတွင်းထင်းရှီနှင့်မုချန်းတို့မှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ခိုက်ကြကာ အစောပိုင်းရက်များတွင် ထင်းရှီမှ အမြဲလိုလိုအရေးနိမ့်ရသည် ။

သူ၏လေနတ်ဆိုး၏ကိုယ်ဖော့ပညာကြောင့်ငာမဟုတ်လျှင် မုချန်း၏ရိုက်နှက်ခြင်းကို မကြာခဏခံရနိုင်သည်။

သို့သော် ထင်းရှီမှာ သုံးလအတွင်း သိုင်းကွက်များကိုနားလည်သဘောပေါက်ကာ မုချန်းနှင့်လက်ရည်တူတိုက်ခိုက်နိုင်ခဲ့သည်။

ထို့နောက်တွင် ထင်းရှီမှသိုင်းဝိဇ္ဇာအဆင့်ကို ခြေလှမ်းတစ်ဝက်ရောက်သွားသလို မုချန်းသည်လည်းသိုင်းဝိဇ္ဇာအဆင့်ကိုရောက်လာသောကြောင့် သူတို့နှစ်ဦးမှာ လက်ရည်တူသွားကြပြန်သည်။

ထင်းရှီမှာ သူ၏ဓားပညာအသစ်ကိုဖန်တီးထားသော်လည်း မုချန်းနှင့်တိုက်ခိုက်ရာတွင်အနည်းငယ်ကိုသာအသုံးပြုသည်။

ထို့ကြောင့်ထင်းရှီ၏သိုင်းပညာအတိမ်အနက်ကို မုချန်းမှာမမှန်းဆနိုင်တော့ပေ။ သို့သော် ထင်းရှီမှ သူနှင့်တိုက်ခိုက်သည့်အခါ အစွမ်းကုန်မသုံးမှန်းသတိထားမိသည်။

ထို့နောက်ပိုင်းတွင် မုချန်းမှာ ထင်းရှီနှင့်ထပ်မံတိုက်ခိုက်ခြင်းမရှိတော့ပေ။ ထိုကောင်၏ကြော်မက်ဖွယ်တိုးတတ်နှုန်းကသူ့ကိုယ်သူအနည်းငယ်ရှက်ရွံ့စေသည်။

မုချန်းမှာ ထင်းရှီနှင့်အမြဲလိုလိုတိုက်ခိုက်နေတတ်သော်လည်း ထင်းရှီအားချီးကျူးမိသည်။ ထိုအသက်အရွယ်ဖြင့် သိုင်းလောထဲတွင်ထင်းရှီကဲ့သို့လူနှစ်ယောင်မရှိနိုင်ပေ။

ထင်းရှီကိုယ်တိုင်လည်း မုချန်းအားမိတ်ဆွေရင်းတစ်ယောက်ကဲ့သို့ဆက်ဆံလေသည်။ မုချန်းမှာ နစ်ခါတစ်ရံလွန်စွာဂွတီးဂွကျနိုင်ကာ ပေါင်းသင်းဆက်ဆံရေးဆိုးရွားသော်လည်းစိတ်သဘောထားကောင်းမွန်ပေသည်။

ထို့ကြောင့်ပင် သိုင်းလောကအတွင်း၌ယခင်သိုင်းထိပ်သီးဆယ်ယောက်၏နံပါတ်နှင့် ယခုသိုင်းထိပ်သီးဆယ်ယောက်၏နံပါတ်တစ်ကိုနှိုင်းယှဉ်နေကြသော်လည်း ထိုနှစ်‌ယောက်မှာကား မိတ်ဆွေရင်းချာများဖြစ်နေကာအတူသောက်စားနေကြသည်။

ယမန်နေ့ညမှလည်း ထင်းရှီမှသိုင်းလောအတွင်းဆင်းတော့မည်ဟုအသိပေသလာသဖြင့်မုချန်းမှသူနှင့်အတူသောက်စားရန်အကြပ်ကိုင်ခြင်းဖြစ်သည် ။

ဝူတန်းဂိုဏ်းမှတပည့်များကို ဂိုဏ်းထဲတွင်သေရည်သောက်ခြင်းတားမြစ်ထားသော်လည်း မုချန်းမှာဂိုဏ်းချုပ်‌ဟောင်းအလယ်ပိုင်းဓားဘုရင်၏တပည့်ဖြစ်ကာ လက်ရှိဝူတန်းဂိုဏ်းချုပ်၏ဆရာတူညီဖြစ်သည်။

ထို့ကြောင့်ပင် သူ၏ဆရာနှင့်ဆရာတူအစ်ကိုမှအပ မုချန်းအားပြောဆိုနိုင်သူဟူ၍ဂိုဏ်းထဲတွင်မရှိပေ။

ယမန်နေ့က ဝူတန်းဂိုဏ်းချုပ်မှာ ရှောင်လင်ကျောင်းသို့ထွက်ခွာသွားသလို ကျန်းချန်းဟောင်သည်လည်း ဓားလိုဏ်ဂူထဲတွင်သာအမြဲလိုလိုရှိနေတတ်သည် ။

ထို့ကြောင့်လည်း ဝူတန်းဂိုဏ်းမှ ထမင်းချက်ဆောင်ထဲတွင် ထင်းရှီနှင့်မုချန်းမှအမူးသောက်ရဲခြင်းဖြစ်သည် ။

ထင်းရှီမှာ သိုင်းပညာအရာတွင် နှစ်နှစ်အတွင်းများစွာတိုးတက်လာကာမုချန်းအားအနိုင်ရသော်လည်းအရက်သောက်သည့်နေရာတွင် မုချန်းမှအမြဲလိုလိုအနိုင်ရတတ်သည်။

မုချန်း၏အရက်သောက်နိုင်စွမ်းအားထင်းရှီပင်အောချရကာတစ်ခါတစ်ရံ သူ၏ သွေးသောက်အစ်ကိုကြီးတင်းဖန်းကိုပသ်သတိရသွားစေသည် ။

ထိုနှစ်နှစ်အတွင်း သူ၏သွေးသောက်ညီအစ်ကိုများဖြစ်ကြသည့်တင်းဖန်းနှင့်စီးတုမင်တို့မှာမည်သည့်နေရာသို့ရောက်နေကြသည်မသိပေ။

မုချန်းမှ သိုင်းလောကအတွင်းတစ်ကြိမ်ဆင်းသွားသော်လည်း သိုင်းလောကမှသတင်းများကိုထင်းရှီအားမပြောပေ ။

ထို့ကြောင့်ပင်ထင်းရှီမှာ သူ၏နာမည်သိုင်းလောကအတွင်းဟိုးလေးတကျော်ကျော်ဖြစ်နေသော်လည်း သူကိုယ်တိုင်မသိပေ။

“ ဟမ့် ခင်ဗျားရဲ့ညစ်ပတ်တဲ့ခြေထောက်ကြီးကိုဖယ်လိုက်စမ်းပါ “

ထင်းရှီမှ မကျေမနပ်ဖြင့်ပြော၍ အပျင်းကျောတစ်ချက်ဆန့်ကာထရပ်လိုက်သည်။

မုချန်းမှထင်းရှီအားနှိုးရာတွင် ခြေထောက်ဖြင့်လှုပ်နှိုးသည့်အတွက်ညထင်းရှီမှ အနည်းငယ်ဒေါသထွက်သွားခြင်းဖြစ်သည် ။

မုချန်းမှာ ထင်းရှီ၏စကားကိုတုံ့ပြန်ခြင်းမရှိပေ။ အခန်းထဲမှ ပြန်ထွက်သွားမည်ပြုလိုက်သည်။

သို့သော် လိုဏ်ဂူအခန်းပေါက်ဝရောက်သည့်အခါမှ တသ်စုံတစ်ရာအားသတိရသွားသလို နောက်သို့ပြန်လှည့်ကာပြောလိုက်သည်။

“ မင်းကိုဆရာကအခေါ်ခိုင်းလိုက်တာအတော်လေးကြာနေပြီ “

မုချန်းမှ ထိုသို့ပြောကာ အပြင်ဘက်သို့ထွက်သွားလိုက်သည်။ သူ၏နောက်တွင် ထင်းရှီ၏မကျေမနပ်ရေရွတ်သံမှာ ကျန်နေခဲ့သည်။

ထင်းရှီလည်း အလျှင်အမြန်ဖြင့် သပ်သက်ရပ်ရပ်ဖြစ်စေရန်ပြင်ဆင်လိုက်သည်။ လက်ရှိသူ၏အခြေအနေမှု လွန်ခဲ့သည့်နှစ်နှစ်ခန့်ကနှင့်အနည်းငယ်ကွာခြားနေသည်။

လွန်ခဲ့သည့်နှစ်နှစ်က ထင်းရှီမှာ အမြဲလိုလိုအဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားကာ ခါးတွင်ဓားတစ်ချောင်းကိုချိတ်လျက် ချောမောသည့်လူငယ်သိုင်းသမားတစ်ယောက်ပုံစံအပြည့်ရှိသည် ။

ယခုအခါတွက်မူ နှစ်နှစ်အတွင်း မရိပ်သည့်မုတ်ဆိတ်မွေးပါးမြိုင်းမွေးများက အနည်းငယ်ပေါက်ရောက်နေသည် ။

သို့သော် သူ၏ရုပ်ရည်မှာ ပို၍ရင့်ကျက်လာကာ ယောင်္ကျားပီသသည့် ပုံစံပေါက်နေသည်။ ထင်းရှီလည်း ယခုပုံစံအတိုင်းပင်ထားကာ ပြုပြင်ခြင်းမရှိပေ။

သူ၏ဝတ်စုံမှာလည်း မုချန်းယူလာပေးသည့်ဝူတန်းဂိုဏ်းသားဝတ်စုံဖြစ်သည်။ ထိုဝတ်စုံသည်ပင် အတော်လေးညစ်ပတ်နေပြီဖြစ်သည်။

အခန်းပြင်ပသို့ရောက်လျှင် ကျောက်စက်ရေကျနေသည့် ရေကန်ငယ်လေး၏ဘေးတွင်ထိုင်နေသည့်ကျန်းချန်းဟောင်ကိုတွေ့လိုက်ရသည် ။

ကျန်းချန်းဟောင်မှာ သူ၏ဝသီအတိုင်းမျက်စေ့ကိုမှတ်၍ အေးချမ်းစွာထိုင်နေသည် ။ သူ၏ဘေးတွင် မုချန်းမှ သပ်ရပ်စွာဝတ်ဆင်ထားကာ ငြိမ်သက်စွာရပ်နေသည်။

ယနေ့တွင်မုချန်းမှာ ဝတ်စုံအသစ်နှင့် ပို၍သန့်ပြန်နေသည်ဟု ထင်းရှီတွေးလိုက်သည်။

ထင်းရှီလိုဏ်ဂူခန်းမကျယ်ထဲသို့ရောက်လာသည့်အခါ ကျန်းချန်းဟောင်မှ သူ၏မျက်စေ့ကိုဖွင့်လိုက်သည်။

“ အဖိုးကျန်း ကျုပ်ကိုခေါ်တယ်ဆိုလို့ “

ထင်းရှီမှ ကျန်းချန်းဟောင်၏ရှေ့တွင် ရိုသေလေးစားသည့်အမူအယာဖြင့်ရပ်ကာပြောလိုက်သည် ။

ပြီးခဲ့သည့်နှစ်နှစ်အတွင်းကျန်းချန်းဟောင်မှ သူ့ကိုလမ်းညွှန်မှုအများကြီးပေးခဲ့ကာ သူ၏ဆရာဟုပင်ပြော၍ရသည် ။

သို့သော် ကျန်းချန်းဟောင်မှ သူ့ကိုထုတ်ဖော်မပြောသလို ထင်းရှီမှလည်းဆရာဟုမခေါ်ပေ ။

သို့ရာတွင်ထင်းရှီ၏စိတ်ထဲတွင်တော့ ကျန်းချန်းဟောင်အား သူ၏ဆရာအဖြစ် အမြဲလိုလိုသတ်မှတ်ထားလေသည်။

“ အင်းးး ကောင်လေး မင်းလွန်ခဲ့တဲ့နှစ်နှစ်က ဒီနေရာကိုရောက်လာခဲ့တယ် ။နောက်ပြီးတော့ နှစ်နှစ်လုံးလုံး ဒီနေရာမှာပဲနေပြီးတော့လေ့ကျင့်ခဲ့တယ်။

အခုဆိုရင် မင်းရဲ့သိုင်းပညာကအများကြတိုးတက်လာတဲ့အပြင် မင်းရဲ့ဓားပညာဆိုရင် အတော်လေးခရီးရောက်နေပြီ။

သိုင်းသမားဆိုတာ အမြဲတမ်းတိုက်ခိုက်နေလို့မရသလို ဘယ်လောက်ပဲတိုးတက်နေပါစေ ။တစ်နေရာထဲမှာလေ့ကျင့်နေလို့လဲရတာမဟုတ်ဘူး။

ဒါကြောင့်မင်းရဲ့ဆုံးဖြတ်ချက်ကိုငါဘာမှမပြောလိုဘူး။ နောက်ပြီး မင်းလဲဒီကိုပြန်လာတော့မှာမဟုတ်ဘူး “

ကျန်းချန်းဟောင်မှ ထင်းရှီအားစူးစိုက်ကြည့်ကာပြောလိုက်သည်။

ထင်းရှီလည်း တစ်စုံတစ်ရာပြောမည်ပြုသော်လည်း ‌မပြောတော့ဘဲ ဦးခေါင်းကိုငုံ့၍ ကျန်းချန်းဟောင်၏စကားများကိုသာ နားထောင်နေသည်။

ကျန်းချန်းဟောင်မှ သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။

“ လွန်ခဲ့တဲ့အနှစ်ငါးဆယ်ကျော်က ငါ့ရဲ့မိတ်ဆွေကြီးနဲ့ငါညီအစ်ကိုအရင်းတွေလို ရင်းနှီးခင်မင်ခဲ့တယ်။

နောက်ပြီး မင်းရဲ့ ဆရာကလည်း ဒီလိုဏ်ဂူထဲမှာ အချိန်အနည်းငယ်လေ့ကျင့်ဖူးတာပဲ။ အခုမင်းပလည်းဒီထဲမှ နှစ်နဲ့ချီပြီးလေ့ကျင့်ပြီးလို့ ပြန်ပြီးထ္က်ခွာတော့မယ်။

မင်းလည်း မင်းဆရာနဲ့မင်းဆရာဖိုးဖိုးလို သိုင်းလောကထဲကထွက်ခွာသွားနိုင်မယ်လို့ငါခန့်မှန်းထားပါတယ် ။

ကဲကဲ မင်းသွားတော့ မုချန်းကမင်းကိုတောင်အောက်အထိလိုက်ပို့ပြီး နှစ်နှစ်အတွင်း သိုင်းလောကထဲကအကြောင်းတွေပြောပြလိမ့်မယ် ။

ရေစက်ရှိရင်တော့ ပြန်ပြီးဆုံကြတာပေါ့ကောင်လေး “

ကျန်းချန်းဟောင်မှ ထိုမျှသာပြောကာ ရေကန်ဘက်သို့ပြန်လှည့်၍ မျက်စေ့မှိတ်သွားသည် ။

All Chapters