ထိုက်ကျိဓားနှင့်တိုက်ခိုက်ခြင်း
Vol. 2 Ch. 163
ဝူတန်းဂိုဏ်း၏ခန်းမရှေ့တွင်
ဝူတန်းဂိုဏ်းသားတစ်ယောက်မှ အော်ဟစ်၍လွင့်လာသည် ။ ထိုဂိုဏ်းသားအား ကျန်လူများမှ ဝိုင်းဝန်း၍ဖမ်းထားလိုက်ရသည်
“ အစ်ကိုတိ အဆင်ပြေရဲ့လား “
ထိုဂိုဏ်းသားအား ကျန်သည့်လူများမှ စိုးရိမ်တကြီးမေးလိုက်ကြသည်။
အစ်ကိုတိလည်း ပြိုင်ဘက်၏လက်ဝါးချက်ကြောင့် နာကျင်နေသည့်ရင်ဘက်အား အသာဖိကာ အဆင်ပြေကြောင်းခေါင်းညိမ့်ပြလိုက်သည်။
လွန်ခဲ့သည့်နှစ်နှစ်ကထင်းရှီခုနစ်စင်ကြယ်ဓားဝင်္ကပါအားတိုက်ခိုက်ခဲ့သည့်ကျောက်ဖြူရင်ပြင်တွင် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်ရှိနေသည် ။
ဝူတန်းဂိုဏ်းသားများမှာ ကျောက်ဖြူရင်ပြင်တွင်စုရုံးလျက် ထိုလူငယ်ကိုမကျေမချမ်းဖြင့်ကြည့်ရှုနေကြသည် ။
သူတို့နှင့်အတူ ထင်းရှီတွေ့ဖူးသည့်တတိယအကြီးအကဲလည်း ရှိနေသည် ။ ထိုအကြီးအကဲ၏နာမည်ကိုထင်းရှီမသိသော်လည်း ဝူတန်းဂိုဏ်းသားများက တတိယအကြီးအကဲဟုပင်ခေါ်ကြသည် ။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏ ချောမောသောမျက်နှာမှာ မာနကြီးသည့်ဟန်ဖြင့် သူ၏ဦးခေါင်းကိုမော့၍ ဝူတန်းဂိုဏ်းသားများအားကြည့်နေသည် ။
ထိုလူငယ်မှာ အလွန်ချောမောကာ မိန်းကလေးများနှစ်ခါပြန်ငေးရမည့်ရုပ်ရည်ရှိသည် ။ ထို့အတူလူငယ်မှာ ချမ်းသာသည့်မိသားစုမှဖြစ်ပုံရသည်။
သူ၏ခန္တာကိုယ်ပေါ်တွင်ကောင်းမွန်သည့်အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ အပေါ်တွင်ဝတ်ရုံအနက်တစ်ခုခြုံထားသည် ။
လူငယ်၏ခါးတွင်မူဓားရှည်တစ်ချောင်းနှင့် တစ်ပေအရှည်ခန့်ဓားတစ်ချောင်းချိတ်ဆွဲထားရာ ကြည့်ရသည်မှာ အနည်းငယ်ထူးဆန်းနေသည် ။
“ ဟမ့် နာမည်ကြီးတဲ့ဝူတန်းဂိုဏ်းရဲ့ပညာကဒီလောက်ပဲလား ။ ဒီလိုဆိုရင် သိုင်းလောကထဲမှာအလကားနေရင်းနာမည်ကျော်လာတာဖြစ်နိုင်တယ် “
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှ ရယ်မောလိုက်ကာ ဝူတန်းဂိုဏ်းသားများကိုလှောင်ပြောင်လိုက်သည်။
ဝူတန်းဂိုဏ်းသားများမှာ မျက်နှာတင်းမာသွားကြကာ ထိုလူငယ်အားစူးစိုက်ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များက အထင်းသားပေါ်ထွက်နေသည်။
သို့သော် လူငယ်ကိုမူမည်သူမှသွားရောက်တိုက်ခိုက်ခြင်းမရှိတော့ပေ။ သူတို့ထဲမှ လူတစ်ဝက်ကျော်မှာ လူငယ်၏သိုင်းဆယ်ကွက်အတွင်းရှုံးနိမ့်ခဲ့ရသည် ။
“ ဟမ့် အစ်ကိုစန်းဟုန်းလျန်ရှိရင်တော့ဒီလူငယ်ကိုဆုံးမနိုင်မှာဘဲ ။ ဒါပေမယ့်အစ်ကိုစန်းဟုန်းလျန်က သိုင်းလောကထဲကိုရောက်နေတယ် “
“ သူ့ကိုသိုင်းလောကထဲမှာ တစ်ခါမှမမြင်ဖူးပေမယ့် အတော်လေးအစွမ်းထက်တယ် ။။ဒါပေမယ့် ငါတို့ဂိုဏ်းကိုဒီလိုမျိုးစော်ကားလို့တော့မရဘူး “
ဝူတန်းဂိုဏ်းသားများမှ မကျေမနပ်ဖြင့်ပြောလိုက်ကြသည် ။
ထိုလူငယ်မှာ သူတို့ဂိုဏ်းသို့ရောက်ရှိလာကာ ဂိုဏ်းသားများအားစိန်ခေါ်ခဲ့သည်။ ထို့နောက်တွင် သူတို့ထဲကမည်သူမှ လူငယ်၏သိုင်းဆယ်ကွက်ကိုမခံနိုင်ဘဲ အတော်များများရှူံးနိမ့်ခဲ့ရလေသည် ။
အစိမ်းရောင်ဝတ်စုံနှင့် လူငယ်မှာမူ ဝူတန်းဂိုဏ်းသားများအား လှောင်ပြောင်လိုသည့်အကြည့်ဖြင့်ကြည့်နေသည်။
“ မိတ်ဆွေ မင်းကငါတို့တစ်ဂိုဏ်းလုံးကို သိမ်းကြုံးပြီးအထင်သေးစကားပြောတာတော့ မသင့်တော်ဘူးလို့ထင်ပါတယ် “
ငြိမ်သက်စွာရပ်နေသည့် တတိယအကြီးအကဲမှ ချောင်းတစ်ချက်ဟန့်၍ပြောလိုက်သည် ။
တတိယအကြီးအကဲမှာ သာမန်အချိန်များတွင် အေးအေးဆေးဆေးဖြင့် တိတ်ဆိတ်စွာနေတတ်သော်လည်း ယခုအချိန်တွင်မူ အနည်းငယ်ဒေါသထွက်နေပုံရသည်။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်လည်း တတိယအကြီးအကဲ၏စကားကြောင့် နားကိုလက်ဖြင့်ခါလိုက်သည် ။ ထို့နောက် တတိယအကြီးအကဲအားမေးလိုက်သည် ။
“ ဘယ်လို အထင်သေးစကားမပြောသင့်ဘူးပေါ့ ။ ဒါဆိုရင် ခင်ဗျားတို့ဂိုဏ်းက ဘယ်သူကကျုပ်ရဲ့သိုင်းဆယ်ကွက်ကိုခုခံနိုင်လဲ “
“ မင်းးး “
လူငယ်၏စကားကြောင့် တတိယအကြီးအကဲမှာဘာမှဆက်မပြောနိုင်ဘဲဖြစ်သွားသည် ။ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှ ခပ်ဟဟရယ်မော၍ ဆက်ပြောလိုက်သည်။
“ အမှန်အတိုင်းပြောရရင် ကျုပ်က ဝူတန်းရဲ့ဓားပညာကိုသိချင်တာ အကြီးအကဲလဲ တတ်လာပြီးတိုက်ခိုက်လို့ရတယ်နော် “
လူငယ်၏စိန်ခေါ်စကားကြောင့် တတိယအကြီးအကဲမှာမျက်နှာကြီးမည်းမှောင်သွားသော်လည်း ရှေ့ထွက်၍တိုက်ခိုက်ခြင်းမပြုပေ ။
မဟုတ်လျှင် ဝူတန်းဂိုဏ်းမှာ လူငယ်မျိုးဆက်အား အနိုင်ကျင့်သည့်ဆိုသည့်သတင်းထွက်သွားမည်ဖြစ်ကာ သိုင်းလောကအတွင်း သူတို့၏ဂုဏ်သတင်းလွန်စွာကျဆင်းသွားပေမည်။
“ ဝူတန်းဂိုဏ်းရဲ့ဂုဏ်သိက္ခာအတွက် ကျုပ်မင်းနဲ့တိုက်ခိုက်မယ် “
ကျောက်ဖြူရင်ပြင်ပေါ်သို့ လူရိပ်တစ်ရိပ်လျှင်မြန်စွာရောက်ရှိလာသည်။
ထိုလူရိပ်၏ကိုယ်ဖော့ပညာမှာ ကောင်းမွန်လှသောကြောင့်ကြည့်ရှုနေကြသည့်လူအများစုမှာ ရိပ်ခနဲပြေးသွားသည်ကိုသာမြင်လိုက်ရသည် ။
ကျောက်ဖြူရင်ပြင်ပေါ်၌ အစိမ်းရောင်ဝတ်စုံဝတ်လူငယ်နှင့်မျက်နှာချင်းဆိုင်နေရာတွင် ဝူတန်းဂိုဏ်း၏ အဖြူရောင်ဝတ်စုံနှင့်လူရွယ်တစ်ယောက်ရှိနေသည် ။
ထိုလူမှာအသက်သုံးဆယ်အရွယ်ရှိကာ တည်ကြည်ခန့်ငြားပြီး နောက်ကျောတွင်ဓားတစ်ချောင်းကိုသိုင်းလွယ်ထားသည် ။
“ အစ်ကိုစန်းဟုန်လျန်ရောက်လာပြီ “
“ ဟိုကောင့်ကိုပညာပေးနိုင်တော့မယ်ကွ “
ဝူတန်းဂိုဏ်သားများမှ ဝမ်းမြောက်ဝမ်းသာအော်ဟစ်လိုက်ကြသည်။
သိုင်းလောကထဲသို့ရောက်ရှိနေသည့် စန်းဟုန်လျန်မှာ ရေးကြီးသည့်အချိန်တွင်ပြန်ရောက်လာပြီဖြစ်ကာ ထိုလူငယ်အားတိုက်ခိုက်နိုင်တော့မည်မဂုတ်ပါလား ။
ထိုက်ကျိဓားစန်းဟုန်းလျန်မှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်ပါဝင်သည့်အပြင် ဝူတန်းဂိုဏ်းသားများ၏ရင်ထဲတွင် သူ၏ပုံရိပ်မှာ ကြီးမားလှသည်။
“ သိုင်းထိပ်သီးဆယ်ယောက်စာရင်းကထိုက်ကျိဓားပါလား။ ဒီနေ့တော့ ကျုပ်စိတ်ကျေနပ်တဲ့အထိတိုက်ခိုက်ရဦးမယ်။ ခင်ဗျားက ကျုပ်ကိုမအပျင်းရိစေဖို့ပဲမျှော်လင့်ပါတယ် “
လူငယ်မှ စန်းဟုန်းလျန်အား အနည်းငယ်လှောင်ပြောင်လိုသည့်လေသံဖြင့်ပြောကာ သူ၏ဓားကိုဆွဲထုတ်လိုက်သည်။
ထို့နောက် သူ၏ခန္တာကိုယ်အားလှုပ်ရှားလိုက်ရာ စန်းဟုန်းလျန်၏အနားသို့ချက်ခြင်းရောက်ရှိသွားသည် ။
သူ၏လှုပ်ရှားမှုမှာ လျှင်မြန်လွန်းသဖြင့် ကြည့်နေကြသည့်လူများမှာ ကောင်းစွာမမြင်လိုက်ရပေ။
ထိုလူငယ်နှင့်တိုက်ခိုက်ဖူးသည့် ဝူတန်းဂိုဏ်းသားများသည်လည်း အံ့အားသင့်နေကြသည်။ သူတို့နှင့်တိုက်ခိုက်စဉ်က လူငယ်မှာ ကိုယ်ဖော့ပညာအသုံးပြုခြင်းမရှိဘဲ လက်ဝါးသိုင်းတစ်ခုတည်းဖြင့်တိုက်ခိုက်ကြောင်းကို ပြန်၍သတိရသွားကြသည်။
စန်းဟုန်းလျန်သည်လည်း အနည်းငယ်အံ့အားသွားကာ မျက်ခုံးနှစ်ဖက်အား စုကြုံ့လိုက်မိသည်။
သို့သော်အေးစိမ့်သည့်အငွေ့အသက်တစ်ခုကိုခံစားလိုက်ရသည့်ရတွက် သူ၏ဓားအားလျှပ်ပြတ်သလိုဆွဲထုတ်ကာ ခုခံလိုက်သည် ။
“ ထန်းးး... “
ကျယ်လောင်သည့်မြည်သံနှင့်အတူ စန်းဟုန်းလျန်နှင့် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ လူချင်းကွဲသွားသည် ။
သို့သော် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှ စန်းဟုန်းလျန်အားအနားပေးလိုပုံမရဘဲ နောက်ထပ်တစ်ကြိမ်ချဉ်းကပ်လာကာ ထပ်၍တိုက်ခိုက်လိုက်သည်။
သူတို့၏တိုက်ခိုက်မှုများမှာ ပြင်းထန်လှသည်။ အထူးသဖြင့် လူငယ်၏ဓားကွက်များမှာ အလွန်ပြင်းထန်လှကာ စန်းဟုန်းလျန်ကိုဖိအားပေးနေသည်ဟုထင်ရသည် ။
သူတို့၏တိုက်ခိုက်မှုများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးဓားရိပ်များပြည့်နေကာ တဝုန်းဝုန်းမည်ဟည်းနေသည်။
“ ဟေ့လူ့ဂွစာကြီး ကောင်လေးရဲ့ကိုယ်ဖော့ပညာက ခင်ဗျားထက်အများကြီးပိုကောင်းတယ် “
အဝေးမှရပ်ကြည့်နေသည့် ထင်းရှီမှ သူ၏ဘေးမှ မုချန်းကိုပြောလိုက်သည်။ မုချန်းလည်းထင်းရှီ၏စကားကြောင့် မကျေမနပ်ဖြစ်သွားသည်။
သို့သော်သူဘာမှပြန်မပြောနိုင်ပေ။ ထိုလူငယ်၏ကိုယ်ဖော့ပညာမှာ သူ၏ခုနစ်စင်ကြယ်ခြေလှမ်းကွက်ထက်ပို၍အစွမ်းထက်နေသည်ဟုထင်ရသည်။
“ ငါကဓားသမားတစ်ယောက်လေ ကိုယ်ဖော့ပညာဆိုတာ အထောက်အပံ့သက်သက်ပဲ ငါသွားပြီးတိုက်ခိုက်ရင် အဲဒီကောင်ကို သုံးကွက်အတွင်းအနိုင်ယူနိုင်တယ် “
မုချန်းမှ သူ၏ဦးခေါင်းကိုမော့ကာပြောလိုက်သည်။ ထင်းရှီလည်းခပ်တိုးတိုးရယ်လိုက်ကာ ဆက်မပြောတော့ပေ။
“ မုချန်းမင်းကကိုယ့်ထက်အများကြီးငယ်တဲ့လူငယ်လေးနဲ့တိုက်ခိုက်ချင်တာလား “
တည်ငြိမ်သည့်အသံတစ်ခုထွက်လာကာ မုချန်းနှင့်ထင်းရှီတို့လည်း နောက်သို့ကြည့်လိုက်ကြသည်။
သူတို့ရှိနေသည့်နေရာသို့ အဖြူရောင်ဝတ်စုံနှင့်အဖိုးအိုတစ်ယောက်လာနေသည်။ အဖိုးအို၏အဖြူရောင်မုတ်ဆိတ်ရှည်များမှာ လေနှင့်အတူလွင့်နေကာ သူ၏မျက်နှာမှာလည်း အေးချမ်းလှသည်။
မုချန်းမှာ ထိုအဖိုးအို၏စကားကြောင့် မကျေမနပ်ဖြင့်နှာခေါင်းရှုံ့၍ ရှေ့သို့ပြန်လှည့်သွားသည်။
ထင်းရှီမှာသာ ထိုအဖိုးအိုအား ဂါရဝပြုလိုက်သည်။
“ ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ် “
“ မလိုပါဘူး မင်းကငါ့ဆရာရဲ့သင်ပြပေးမှုတွေကိုရရှိတော့ ငါနဲ့ဝါစဉ်တူလို့တောင်ပြောလို့ရတယ်။ ဟိုလူ့ဂွစာလိုတော့မဖြစ်စေနဲ့ “
ထိုအဖိုးအိုမှ လက်ကာပြ၍ ထင်းရှီအားပြောလိုက်သည်။
ထိုအဖိုးအိုမှာ ဝူတန်းဂိုဏ်း၏ဂိုဏ်းချုပ်ကြီးညကျန်းဟုန်းချင်ဖြစ်ကာ အဖိုးအိုကျန်းချန်းဟောင်၏တပည့်ကြီးဖြစ်သည် ။
သို့သော် ကျန်းချန်းဟောင်မှာ များစွာနုပျိူသည့်အတွက် ထိုအဖိုးအိုနှင့်ဆရာတပည့်ဟုပင်ထင်ရက်စရာမရှိပေ။
မုချန်းမှာ ဝူတန်းဂိုဏ်းချုပ်မှ သူ့အကြောင်းအားပြောဆိုနေသော်လည်း မကြားချင်ယောင်ဆောင်ကာ တိုက်ပွဲအားဆက်ကြည့် နေသည်။
“ ထင်းရှီ မင်း အခုတိုက်ပွဲကိုဘယ်လိုမြင်လဲ “
ကျန်းဟုန်းချင်မှ ထင်းရှီ၏အမြင်ကိုမေးလိုက်သည်။ ထင်းရှီလည်း တိုက်ပွဲအားငေးကြည့်ကာညတိတ်ဆိတ်သွားသည်။ ထို့နောက် ဖြေးညင်းစွာပြောလိုက်သည် ။
“ အစိမ်းရောင်ဝတ်စုံနဲ့လူငယ်က သိုင်းပညာ အတော်လေးထူးချွန်တယ် ။။သူ့ရဲ့အသက်အရွယ်နဲ့စာရင် လူငယ်မျိုးဆက်မှာထိပ်တန်းလို့ပြောလို့ရနိုင်တယ်။
တစ်ဖက်က အစ်ကိုစန်းဟုန်းလျန်ကလည်း ဝူတန်းကထိုက်ကျိဓားလို့ကျော်ကြားတဲ့အတွက် သူ့ရဲ့သိုင်းပညာကလည်းခေမှာမဟုတ်ဘူး။
လက်ရှိ ကျုပ်မြင်ရသလောက်ကတော့ အစိမ်းရောင်ဝတ်စုံနဲ့လူငယ်က သူ့ရဲ့ခြေလှမ်းကွက်တွေကိုအဓိကထားတိုက်ခိုက်နေရပြီး ဓားသိုင်းကိုသိပ်ပြီးကျွမ်းကျွမ်းကျင်ကျင်အသုံးမပြုတတ်ဘူး။
တစ်ဖက်က အစ်ကိုစန်းဟုန်းလျန်က သူ့ရဲ့
ထိုက်ကျိဓားသိုင်းကိုအတော်လေးကျွမ်းကျင်တယ်။ ဒါကြောင့် မမျှော်လင့်ထားတာတွေမဖြစ်ဘူးဆိုရင် အစ်ကိုစန်းဟုန်းလျန်အနိုင်ရလိမ့်မယ် “