ဆန်းကြယ်၍အရှက်မဲ့သူ
Vol. 2 Ch. 165
စန်းဟုန်းလျန်ကား ထပ်မံတိုက်ခိုက်ခြင်းမရှိဘဲရပ်တန့်လိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ လက်ထဲမှဓားပင်လွင့်စင်သွား၍ အနိုင်အရှုံးကွဲပြားသွားလေပြီဖြစ်သည်။
တတိယအကြီးအကဲနှင့်ဝူတန်းဂိုဏ်းသားများမှာ ဝမ်းမြောက်ဝမ်းသာဖြစ်သည့်အရိပ်အယောင်များပေါ်ထွက်လာကြသည် ။။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ နောက်သို့လွင့်စင်သွားပြီး အတော်ဝေးဝေးရောက်မှ အရှိန်ထိန်းလိုက်နိုင်သည်။ ။
သို့တိုင်အောင် သူ၏လက်နှစ်ဖက်မှာ ကျောက်ဖြူရင်ပြင်ပေါ်သို့ထောက်လျက်ကျသွားကာ ဒူးတစ်ဖက်ထောက်လျက်အနေအထားဖြစ်သည် ။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ ခေါင်းပြန်မော့လာပြီး သူ၏ရှေ့မှ စန်းဟုန်းလျန်းအားကြည့်လိုက်သည်။ သူ၏နှုတ်လမ်းထောင့်စွန်းတွင်မူ အပြုံးနစ်ခုရှိနေသည်။
“ ဝှစ် “
လျှင်မြန်လှသည့်လှုပ်ရှားမှုနှင့်အတူ အစိမ်းရေယင်ဝတ်စုံနှင့်လူငယ်မှာ နောက်တွင်ပုံရိပ်များချန်ခဲ့ကာ စန်းဟုန်းလျန်ဆီသို့ တရှိန်ထိုးပြေးဝင်သွားသည်။
ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည့် ဝူတန်းဂိုဏ်းသားများနှင့် စန်းဟုန်းလျန်ကိုယ်တိုင်ပင်အံ့အားသင့်သွားကြသည်။
သို့သော် အဝေးမှကြည့်နေကြသည့် ထင်းရှီတို့လူစုမှာ မျက်နှာပျက်ယွင်းသွားကြသည် ။
တည်ကြည်သည့်ဝူတန်းဂိုဏ်းချုပ်ကြီးပင်ညမျက်နှာအနည်းငယ်ပြောင်းလဲသွားသည် ။
“ အရှက်မရှိလိုက်တာ “
စိတ်တိုလွယ်သည့်မုချန်းမှ ဒေါသတကြီးပြော၍ ရှေ့သို့ပြေလွှားသွားမည်ပြင်လိုက်သည်။ သို့သော် ထင်းရှီမှ သူ၏ကခုံးအားဆွဲထားလိုက်သည် ။
ယခုအချိန်မှ သွားလျှင်လည်း အချိန်မီတော့မည်မဟုတ်ပေ။
“ သတိထားတိုက်ပွဲကအနိုင်အရှုံးကွဲသေးတာမဟုတ်ဘူး “
တတိယအကြီးအကဲမှ မျက်မှောင်ကြုတ်၍အော်ဟစ်လိုက်သည်။
ထိုအချိန်တွင် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ စန်းဟုန်းလျန်၏ရှေ့သို့ရောက်ရှိနေပြီဖြစ်သည်။
စန်းဟုန်းလျန်လည်းအနည်းငယ်ထိတ်လန့်သွားသော်လည်း အဆင့်လွန်သိုင်းသမားပီသစွာ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ဆီသို့ ဓားတစ်ချက်လျှင်လျှင်မြန်မြန်ထုတ်လိုက်သည်။
သို့သော် ထိုလူငယ်မှာ ထိုအချက်ကိုကြိုတင်မျှော်လင့်ပြီးဖြစ်ပုံရသည် ။ သူ၏ခန္တာကိုယ်မှာ ဘေးဘက်သို့ရိပ်ခနဲရွေ့လျားသွား၍ စန်းဟုန်းလျန်၏ရင်ဝသို့လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
“ ဝုန်းး...... “
ကျယ်လောင်သည့်အသံကြီးနှင့်အတူ စန်းဟုန်းလျန်မှာ နောက်သို့လွင့်စင်သွားသည် ။
မထင်မှတ်ထားသည့် အဖြစ်အပျက်ကို ကြောင်အလျက်ကြည့်ရှုနေကြသည့်ဝူတန်းဂိုဏ်းသားများမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည် ။
ဂိုဏ်းခန်းမရှေ့တွင်ရပ်ကြည့်နေသည့်တတိယအကြီးအကဲမှာ လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး စန်းဟုန်းလျန်၏ခန္တာကိုယ်ကို ဖမ်းထားလိုက်သည်။
ထို့နောက် စန်းဟုန်းလျန်၏ခန္တာကိုယ်အတွင်းသို့ အတွင်းအားပို့လွှတ်စစ်ဆေးကြည့်ပြီးမှ အနည်းသယ်စိတ်သက်သာရာရသွားလေသည်။
စန်းဟုန်းလျန်မှာ မျက်နှာအနည်းငယ်ဖြူဖျော့နေကာ အတွင်းဒဏ်ရာအနည်းငယ်ရသွားပုံပေါ်သည် ။
ထိုဒဏ်ရာမှာ များစွာမပြင်းထန်လှသော်လည်း ယခုဆက်လက်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။
ဝူတန်းဂိုဏ်းသားများမှာ ကျောက်ဖြူရင်ပြင်ထက်ရှိအစိမ်းရောင်ဝတ်စုံနှင့်လူငယ်အား ဒေါသမျက်လုံးများနှင့်ကြည့်ရှုနေကြသည် ။
အကယ်၍သူတို့သာ ဝူတန်းဂိုဏ်းသားများမဟုတ်ကြဘဲ ဂုဏ်သိက္ခာစောင့်ထိမ်းရန်သာမလိုပါက ချက်ခြင်းပင် ထိုလူငယ်အားဝိုင်းဝန်းတိုက်ခိုက်ကြမည်ဖြစ်သည်။
ထိုလူငယ်မှလည်း သူတို့ဝိုင်းဝန်းတိုက်ခိုက်မည်မဟုတ်မှန်းသိ၍ ယခုလိုရဲတင်းနေခြင်းဖြစ်သည်။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ ကျောက်ဖြူရင်ပြင်တွင် အမူအယာမပျက်ငြိမ်သက်စွာရှိနေသည် ။
သူ၏နေရာတွင် အခြားတစ်ယောက်ယောက်သာဆိုလျှင် ဂိုဏ်းသားများစွာ၏ စက်ဆုပ်သည့် ၊ ဒေါသထွက်သည့် အကြည့်အောက်တွင် တည်တည်ငြိမ်ငြိမ်ရှိနေနိုင်မည်မဟုတ်ပေ။
သို့သော် ထိုလူငယ်မှာ ခပ်တည်တည်မျက်နှာဖြင့် ရှိနေကာ အဝေးသို့လွင့်စင်သွားသည့် သူ၏ဓားအားကောက်ယူလိုက်သည်။
ထို့နောက် သူ့အား စားတော့ဝါးတော့မတတ်ကြည့်ရှာနေကြသည့် ဝူတန်းဂိုဏ်းသားများအား အလျော့မပေးဘဲပြန်၍စိုက်ကြည့်လိုက်သည်။
“ ဘာလဲ ငါတို့ရဲ့ပြိုင်ပွဲကမပြီးသေးဘူးလေ ။။မင်းတို့ရဲ့လူက သတိလက်လွတ်ဖြစ်သွားတာ ငါသာမသက်ညှာလိုက်ရင် သုံးလလောက်အိပာထဲလဲသွားနိုင်တယ် ။
နောက်ပြီး သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုဖြစ်မယ်ဆိုရင် အခုလိုမျိူးအသက်ရှင်မှာမဟုတ်ဘူး။
သူ့ရဲ့ပေါ့ဆမှုကိုပဲအပြစ်တင်ရမယ်။ နောက်ပြီး ငါကမျှမျှတတတိုက်ခိုက်ပြီးအနိုင်ယူခဲ့တာ ။။မင်းတို့အပြစ်တင်ချင်ရင် တိုက်ပွဲမပြီးသေးဘဲ ပေါ့ဆတဲ့မင်းတို့ရဲ့လူကိုပဲအပြစ်တင်ရမယ် ။
ဒီလိုမျိုးသိုင်းပညာနဲ့ သိုင်းထိပ်သီးဆယ်ယောက်စာရင်းကိုဘယ်လိုများပါလာတာပါလိမ့် ။ ငါသာသူတို့ကိုစိန်ခေါ်တိုက်ခိုက်ရင် ထိပ်ဆုံးကလူကိုတောင်အနိုင်ရနိုင်တယ် “
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှ ခပ်တည်တည်ဖြင့်ကြွားဝါလိုက်သည်။ တစ်ဆက်တည်း ယခုလိုအနိုင်ရရန်ပရိယာယ်ဆင်တိုက်ခိုက်သည်ကို စန်းဟုန်းလျန်၏အသုံးမကျမှုကြောင့်အနိုင်ရသည်ဟု ပြောင်းလဲသွားစေရန်ပြောဆိုလိုက်သည်။
ဝူတန်းဂိုဏ်းသားများမှာ ပြူးကျယ်သည့်မျက်လုံးများဖြင့်ရှိနေကာ ထိုလူငယ်အားအနိုင်ရရှိအောင် စကားပြိုင်မပြောနိုင်ပေ။
ယခုအခါမှ ထိုလူငယ်၏အစွမ်းအထက်ဆုံးပညာရပ်မှာ သူ၏ကိုယ်ဖော့ပညာနှင့် ဓားသိုင်း ၊ လက်ဝါးသိုင်းတို့မဟုတ်ဘဲ အရှက်မဲ့ခြင်းနှင့် စကားစစ်ထိုးခြင်းတို့ဖြစ်သည်ကိုလည်း သိရှိလိုက်ကြသည်။
အဝေးမှကြည့်ရှုနေသည့် ထင်းရှီနှင့်မုချန်းတို့မှာ မနေနိုင်ဘဲပြုံးလိုက်မိကြသည် ။
မုချန်းမှာ ယခင်ကထိုလူငယ်အား ဒေါသထွက်နေသော်လည်းယခု သဘောကျသလိုပင်ရှိနေသည်။ ထိုလူ၏အပြောင်းအလဲကိုလည်း ထင်းရှီလိုက်မမီတော့ပေ။
“ အင်းး လေဟုန်သခင်တာ့စုန်းယွင်ဆိုတာ အရှေ့ပိုင်းသိုင်းလောကထဲမှာ အတွင်းအားအကောင်းဆုံးလို့သတ်မှတ်လို့ရတဲ့ပုဂ္ဂိုလ်ပြီးပဲ။
သူ့ရဲ့လေပြင်းနတ်မင်းလက်ဝါးသိုင်းက အလယ်ပိုင်းသိုင်းလောကထဲမှာတောင်ကျော်ကြားတဲ့ ထိပ်တန်းသိုင်းပညာတစ်ရပ်ပဲ ။။
သူ့ရဲ့အမွေဆက်ခံသူက အခုလိုမျိုးလှည့်စားတတ်ပြီး အရှက်မဲ့လိမ့်မယ်လို့ ကျုပ်မထင်ထားဘူး “
ဝူတန်းဂိုဏ်းချုပ်ကြီးမှ ခပ်တိုးတိုးရေရေရွတ်လိုက်သည်။ သူ၏စိတ်ထဲတွင်လည်း အတော်လေးအံ့အားသင့်နေသည်။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ အရိပ်ခြေလှမ်းနှင့် မိုးကြိုးဟိန်းသံဓားသိုင်းကို တတ်မြောက်နေသည့်အပြင် လေဟုန်သခင်၏သိုင်းပညာရပ်ကိုပါအသုံးပြုနေသဖြင့် ထိုလူငယ်၏ဇာတ်မြစ်မှာ မှန်းဆရန်ရှုပ်ထွေးနေသည်။
သို့သော် ထိုလူငယ်မှာ အရှေ့ပိုင်းသိုင်းလောကမှ ဒိတ်ဒိတ်ကျဲများ၏ပညာရပ်များကိုအသုံးပြုသဖြင့် အရှေ့ပိုင်းသိုင်းလောကမှလာသူဖြစ်ကြောင်းကို မှန်းဆနိုင်သည်။
“ ကျုပ်ရဲ့နာမည်ကိုလဲမှတ်ထားလိုက်ဦး အရှေ့ပိုင်းကကျောက်စိမ်းသခင်လေးတဲ့ မဟုတ်ရင် ခင်ဗျားတို့ကိုအနိုင်ယူသွားတဲ့လူရဲ့နာမည်ကို မသိလိုက်မှာစိုးလို့ “
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှ ဝူတန်းဂိုဏ်းသားများအားလှောင်ပြောင်လိုက်သည်။ ထို့နောက် သူ၏လက်ထဲမှဓားအားပြန်သိမ်းလိုက်သည်။
ဝူတန်းဂိုဏ်းမှ လူငယ်မျိုးဆက်တွင် သူ့အားအနိုင်ယူနိုင်တော့မည့်လူမရှိတော့ပေ။ စန်းဟုန်းလျန်ကို သူအနိုင်ယူခဲ့သည့်နည်းမှာ အနည်းငယ်အရှက်မဲ့ရညကျသော်လည်း အနိုင်ယူနိုင်သည်က အမှန်ပင်ဖြစ်သည်။
“ မိတ်ဆွေရဲ့သိုင်းပညာကို ဝူတန်းကနိမ့်ကျတဲ့လူတစ်ယောက်က စမ်းသပ်လိုပါတယ် “
ခပ်လှမ်းလှမ်းဆီမှ အော်သံထွက်လာကာ လူအားလုံး၏အကြည့်များမှာ ထိုနေရာသို့ရောက်သွားကြသည် ။
စုတ်ပြဲနေသည့် ဝူတန်းဂိုဏ်းသားဝတ်စုံနှင့် ဓားကိုခါးတွင်မချိတ်ဘဲ ခါးကြားတွင်ထိုးထားသည့်လူတစ်ယောက် ထိုနေရာတွင်ရှိနေသည်။
ထိုလူရွယ်မှာ အသက်များစွာကြီးသေးပုံမရဘဲ အသက်သုံးဆယ်အရွယ်မျှသာရှိပေဦးမည်။
သို့သော် ထိုလူမှာ မုတ်ဆိတ်မွေးပါးမြိုင်းမွေးများကြောင့် ပို၍အသက်ကြီးသလိုထင်နေရသည် ။။ သို့သော် သူ၏ပုံစံမှာ ယောင်္ကျားပီသလှသည် ။
“ အစ်ကိုရှီခင်ဗျားကသိုင်းပညာတတ်တာလား “
“ အစ်ကိုရှီ ခင်ဗျားဒီကောင်နဲ့တိုက်လို့မဖြစ်ဘူးနော် သူကအတော်လေးအစွမ်းထက်တယ် “
ဝူတန်းဂိုဏ်းသားများမှ စိုးရိမ်တကြီးပြောလိုက်ကြသည်။ သူတို့၏ပုံစံမှာ ထိုလူရွယ်အား ရင်းနှီးပုံရသည်။
မုချန်းလည်း ထိုမြင်ကွင်းအားကြည့်ကာအံ့ဩသွားသည် ။ထို့နောက်သူ၏နောက်အားကြည့်လိုက်ရာ ဝူတန်းဂိုဏ်းချုပ်တစ်ဦးသာရှိတော့သည်ကိုတွေ့လိုက်ရသည် ။
“ ဒီကောင်လေးကတော့ ဝူတန်းကမထွက်ခင်မှာ ကျော်ကြားအောင်လုပ်ခဲ့ဦးမှာ “
မုချန်းမှ မကျေမနပ်ဖြစ်နေသည့်ဟန်ဖြင့် ရေရွတ်လိုက်သော်လည်း သူ၏မျက်နှာမှာ ပြုံး၍နေသည်။
လက်ရှိတွင် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်အားတိုက်ခိုက်နိုင်မည့်လူမရှိပါက ဝူတန်းမှသိက္ခာကျပေတော့မည်။
ထိုလူငယ်သည်လည်း ထူးဆန်းကာကြောက်မက်ဖွယ်ကောင်းသည့်အပြင် အနည်းငယ်အရှက်ကင်းမဲ့သည်။ ထို့ကြောင့်ရင်ဆိုင်ရခက်သည်ဟုတိုနိုင်သည်။
မုချန်းအပါအဝင် ဝူတန်းဂိုဏ်းတွင် ထိုလူငယ်အားလွယ်လွယ်ကူကူအနိုင်ယူနိုင်သူ အနည်းငယ်သာရှိသည်။ သို့သော် ထိုလူများဝင်ပါပါက သူတို့၏ဂုဏ်သိက္ခာမှာ ပို၍ကျဆင်းပေမည်။
ထိုအချိန်မျိုးတွင် ထင်းရှီမှ ရှေ့ထွက်လိုက်ခြင်းမှာ သူတို့ကိုကူညီလိုက်ခြင်းဖြစ်သည် ။
အကယ်၍ထင်းရှီသာထိုလူငယ်အား အမှန်တကယ်တိုက်ခိုက်လိုပါက သိုင်းသုံးကွက်အတွင်းအသာအယာအနိုင်ယူနိုင်သည်ကို သူသိသည်။
ထင်းရှီလည်း သူ့ကိုစိုးရိမ်တကြီးပြောပြနေသည့်ဂိုဏ်းသားများအားကြည့်၍ သူ၏ရင်ထဲတွင်နွေးထွေးသွားကာ ပြုံးလိုက်မိသည်။။
ပြီးခဲ့သည့်နှစ်နှစ်လုံးလုံး သူမုချန်း၏လက်အောက်ဝူတန်းမှ စားဖိုဆောင်တွင်သာအလုပ်လုပ်ခဲ့သည်။ ထို့အတူ ဝူတန်းမှ ဂိုဏ်းသားများနှင့်လည်း အတော်လေးရင်းနှီးခဲ့သည် ။