တစ်လက်မတိုလေ ပို၍ကြောက်ဖို့ကောင်းလေ
Vol. 2 Ch. 166
မုချန်းမှာ အကြောင်းမသိလျှင်ပေါင်းသင်းရခက်ကာ လူ့ဂွစာဟုနာမည်တွင်သည်အထိပင်ဖြစ်သည်။
ထို့အပြင် သူ၏ဘုကလန့်အပြုအမူများနှင့် ဂိုဏ်းချုပ်၏ဆရာတူညီဟူသော်ဂုဏ်ပုဒ်ကြောင့် ဂိုဏ်းထဲတွင် သူ့ကိုကြောက်ရွံ့သူများသည်။
ထို့ကြောင့်ပင် ဝူတန်းဂိုဏ်းသားများသည်လည်း စားဖိုဆောင်အားကြီးကြပ်သည့်မုချန်းအားကြောက်ရွံ့ကာ အခက်တွေ့ကြသည် ။
ထင်းရှီစားဖိုဆောင်သို့ရောက်လာသည့်အချိန်တွင်ကား မုချန်းနှင့်ရင်းနှီးကာ ဂိုဏ်းသားများနှင့်လည်း အဆင်ပြေသဖြင့် ဝူတန်းဂိုဏ်းသားများမှာ ထင်းရှီအား အစ်ကိုရှီဟုသိကြကာ ခင်မင်နေခြင်းဖြစ်သည်။
ထင်းရှီလည်း ထိုဂိုဏ်းသားများ၏ စိုးရိမ်းနေသည့်အမူအယာကြောင်ြ ခပ်ဖွဖွပြုံး၍ပြောလိုက်သည်။
ထို့နောက် ကျောက်ဖြူရင်ပြင်တွင် သူ့ကိုစိတ်ဝင်စားစွာကြည့်နေသည့်အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ဆီသို့လျှောက်သွားလိုက်သည်။
“ ခင်ဗျားကညး ဝူတန်းဂိုဏ်းက ထိပ်သီးသိုင်းသမားတစ်ယောက်လား “
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှ ထင်းရှီအားအကဲခပ်ကာမေးလိုက်သည်။ ထင်းရှီလည်း ထိုလူငယ်၏မေးခွန်းကြောင့် ညစ်ကျယ်ကျယ်ပြုံးလိုက်သည် ။
“ မဟုတ်ပါဘူး ကျုပ်ကဂိုဏ်းကထမင်းချက်တစ်ယောက်ပါ ကျုပ်ရဲ့ဂိုဏ်းတူညီအစ်ကိုတွေကို မင်းကစော်ကားနေလို့ မနေနိုင်လို့လာခဲ့တာ ။
တကယ်လို့ သူတို့သာတကယ်တိုက်ခိုက်မယ်ဆိုရင်မင်းကိုအသာအယာပဲအနိုင်ယူနိုင်တယ် ။ ဒါပေမယ့် သူတို့ကအလျှော့ပေးနေတဲ့အတွက် မင်းကလှောင်ပြောင်နေတာပဲ “
ထင်းရှီ၏စကားကြောင့် ထိုလူငယ်မှာ မျက်မှောင်ကြုတ်သွားသည်။
ထင်းရှီ၏စကားမှာ ထိုလူငယ်မှ ယခုလိုလွယ်လွယ်ကးကူအနိုင်ရခြင်းမှာ ဝူတန်းဂိုဏ်းသားများမှ အလျော့ပေးသောကြောင့်ဟု ဆိုနေခြင်းဖြစ်သည်။
သို့သော် ထိုလူငယ်မှာ ထင်းရှီအားအထင်မသေးရဲပေ။ ထင်းရှီအားသူခန့်မှန်းမရသည့်အပြင် သူ၏ရှေ့မှလူမှာ ကြောက်မက်ဖွယ်ကောင်းသည်ဆိုသည်အား သိရှိနေသည်။
“ ခင်ဗျားက ကျုပ်နဲ့တိုက်ခိုက်ချင်တာလား “
ထိုလူငယ်၏အေးစက်စက်မေးခွန်းကို ထင်းရှီမှပြုံး၍ခေါင်းညိမ့်ပြလိုက်သည် ။ ထို့နောက် လက်နှစ်ဖက်ထောင်ပြလိုက်သည် ။
“ ဆယ်ကွက် သိုင်းဆယ်ကွက်အတွင်းမှာ မင်းကိုအနိုင်ယူပြမယ် “
ထင်းရှီ၏ယုံကြည်မှုများနှင့်ပြည့်နှက်နေသည့်စကားကြောင့် လူငယ်မှာ ဒေါသထွက်သွားသည်။ ထို့နောက် သူ၏လက်ဝါးနှစ်ဖက်ကိုပွတ်ကာ ထင်းရှီထံသို့တိုးဝင်လာသည် ။
သူ၏ခန္တာကိုယ်မှာ ထင်းရှီ၏ဘေးဘက်သို့ရိပ်ခနဲရောက်လာကာ ပြင်းထန်သည့်လက်ဝါးချက်ဖြင့်တိုက်ခိုက်လိုက်သည် ။
ထင်းရှီလည်း ဘေးဘက်သို့အနည်းငယ်ရွေ့လျားလိုက်ရာ သူ၏ခန္တာကိုယ်မှာ လူငယ်၏လက်ဝါးနှင့်တစ်လမှအကွာသို့ရောက်သွားသည်။
ထို့နောက် ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ လူငယ်အားလှောင်ပြုံးပြုံး၍ကြည့်လိုက်သည်။
ဝူတန်းဂိုဏ်းသားများမှာ ထင်းရှီအားစိုးရိမ်တကြီးကြည့်လိုက်ကြသည်။ သို့သော် ထင်းရှီ၏လှုပ်ရှားမှုကိုမြင်သည်နှင့် သူတို့အံ့အားသင့်သွားကြသည်။
သူတို့ထင်းရှီအား သိရှိခဲ့သည့်နှစ်နှစ်လုံးလုံး ထင်းရှီသိုင်းပညာတတ်မြောက်သည်ကို မသိပေ။
ထို့အပြင် ထင်းရှီမှ ဝူတန်း၏အထွတ်အမြက်နေရာတစ်ခုဖြစ်သည့် ဓားလိုဏ်ဂူတွင်နေထိုင်ခဲ့သည့်အကြောင်းကိုလည်းမသိပေ။
ဓားလိုဏ်ဂူသို့ ဂိုဏ်းချုပ်မှအပ အကြီးအကဲများပင် အခွင့်မရှိဘဲ သွား၍မနိုင်ပေ။ ထို့ကြောင့်လည်း သူတို့ထင်းရှီထိုနေရာတွင်နေသည်ကို မသိခြင်းဖြစ်သည်။
အကယ်၍ထင်းရှီသာဓားလိုဏ်ဂူတွင်နေထိုင်ပြီး သူတို့ဘိုးဘေး၏ သင်ပြပေးခြင်းခံရသည်ကိုသိရှိပါက ပါးစပ်အဟောင်းသားဖြစ်သွားပေမည်။
လူငယ်လည်း သူ၏ပထမတိုက်ကွက်လွဲချော်သည်နှင့် အနည်းငယ်အံ့အားသင့်မိသော်လည်း နောက်ထပ်တစ်ကြိမ်တိုက်ခိုက်လိုက်သည် ။
သူ၏ခန္တာကိုယ်မှာ ထင်းရှီ၏နောက်သို့အရိပ်တစ်ခုလိုလိုက်နေကာ ပြင်းထန်သည့်လက်ဝါးချက်များဖြင့် ဆင့်ကဲဆင့်ကဲတိုက်ခိုက်လိုက်သည် ။
ကျောက်ဖြူရင်ပြင်ပေါ်တွင် တဝုန်းဝုန်းမည်သံများဖြင့်ပြည့်နှက်နေသည်။ သိုင်းကွက်သုံးခုတိုက်ခိုက်ပြီးသော်လည်း လူငယ်မှ ထင်းရှီအားထိအောင်မတိုက်နိုင်သေးပေ ။
ထင်းရှီမှ လက်နှစ်ဖက်နောက်ပစ်၍ အသာအယာရှောင်တိမ်းနေသည် ။
“ လေလှိုင်းသုံးဆင့်လက်ဝါးချက် “
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှ ထင်းရှီ၏ရှေ့သို့ရိပ်ခနဲရောက်လာကာ လက်ဝါးဖြင့်သုံးချက်ရိုက်ထုတ်လိုက်သည် ။
သူ၏လက်ဝါးချက်များမှာ ထင်းရှီ၏ရင်ဝသို့ဦးတည်ထားကာ တစ်နေရာတည်းကိုတိုက်ခိုက်လိုကိခြင်းဖြစ်ပြီး လက်ဝါးတချက်တစ်ခုပြီးတစ်ခု ပို၍အားအင်ပြင်းထန်လာသည်။
ထင်းရှီလည်း ခေါင်းတစ်ချက်ငြိမ်ကာ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
သူ၏လက်ဝါးချက်မှာ သိုင်းပညာရပ်များမပါရှိသော်လည်း လူငယ်၏လေလှိုင်းသုံးဆင့်လက်ဝါးချက်ကိုအနည်းငယ်အားနည်းသွားစေကာ ထိုအချိန်အတွင်း လွတ်မြောက်အောင်ရှောင်တိမ်းလိုက်သည်။
“ ကောင်လေး မင်းငါ့ကိုအရိပ်ခြေလှမ်းနဲ့ပဲလိုက်တိုက်နေရင် မင်းဒီတစ်သက်ထိမယ်မထင်ဘူးနော် “
ထင်းရှီမှ လူငယ်၏အနားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
လူငယ်၏ မျက်လုံးများပြူးကျယ်သွားကာ သူ၏မျက်နှာသည်လည်း ပျက်ယွင်းသွားသည်။ ထို့နောက် ထင်းရှီအားမယုံကြည်နိုင်သလိုကြည့်လိုက်သည် ။
သူ၏ဆရာမှာ သိုသိုသိပ်သိပ်နေတတ်သူဖြစ်ကာ အရှေ့ပိုင်းသိုင်းလောကအတွင်းပင် သူ့ကိုသိရှိသူအနည်းငယ်သာရှိသည်။
ယခု သူ၏ရှေ့မှလူမှ သူ့ဆရာ၏ခြေလှမ်းသိုင်းကိုပင်သိရှိ၍နေသည် ။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ နောက်သို့ခုန်ဆုတ်သွားလိုက်သည်။ ထို့နောက် သူ၏ခါးမှဓားအားဆွဲထုတ်လိုက်သည် ။
ထင်းရှီလည်း လူငယ်၏သတိရှိသည့်အမူအယာကိုကြည့်ကာ ခပ်ဖွဖွရယ်မောလိုက်သည်။
ထိုလူငယ်မှာ လေပြင်းနတ်မင်းသိုင်းနှင့် သူ့အားထိခိုက်အောင်မတိုက်နိုင်၍ မိုးကြိုးဟိန်းသံဓားသိုင်းကို အသုံးပြုတော့မည့်ပုံရသည်။
သူတို့၏တိုက်ပွဲအားကြည့်ရှုနေကြသည့်လူများမှာမူ ရင်တထိတ်ထိတ်ဖြစ်နေကာ မည်သူအနိုင်ရမည်ကို ခန့်မှန်းနိုင်ခြင်းမရှိပေ။
ထင်းရှီ၏သိုင်းပညာကို သူတို့တိတိကျကျမသိကြသော်လည်း သူတို့မြင်တွေ့ရသလောက် ထင်းရှီ၏လှုပ်ရှားမှာများမှာ လွန်စွာမြန်ဆန်လှကာ လူငယ်၏ခြေလှမ်းကွက်များထက်ပင် ပို၍လျှင်မြန်သည်ဟု ထင်ရသည်။
ထို့အပြင် တစ်ဖက်မှလူငယ်မှာလည်း ယခုအချိန်အထိ ဝှက်ဖဲများထုတ်သုံးမသုံးမသိသေးပေ။ ထို့ကြောင့် တိုက်ပွဲအဖြေကိုမခန့်မှန်းနိုင်ခြင်းဖြစ်သည်။
“ ဟက် မင်းမှာ တိုက်ခိုက်ဖို့ခြောက်ကွက်ပဲလိုတော့တယ်နော် ငါကမင်းကိုဆယ်ကွက်မပြည့်ခင်အနိုင်ယူမှာ “
ထင်းရှီမှ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်အားလှောင်ပြောင်လိုက်သည် ။
လူငယ်မှာ ထင်းရှီ၏စကားကြောင့် သူ၏မျက်နှာမဲမှောင်သွားသည်။ ထို့နောက် သူ၏ခန္တာကိုယ်အားလှုပ်ရှားလိုက်ရာ ထင်းရှီ၏အနီးသို့ချက်ခြင်းလိုလိုရောက်ရှိလာသည် ။
“ ဝှစ် “
လူငယ်၏ဓားရှည်မှာ ထင်းရှီ၏လည်ပင်းဆီသို့ပိုင်းချလိုက်သည်။ သူ၏တိုက်ကွက်မှာ ပြင်းထန်ကာမြန်ဆန်လှသည့်အတွက် တော်ရုံတန်ရုံအဆင့်လွန်သိုင်းသမားများပင် ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။
သို့သော် ထင်းရှီမှ သူ၏ခန္တာကိုယ်အားဘေးဘက်သို့အနည်းငယ်စောင်းကာ လူငယ်၏ဓားကွက်ကိုရှောင်တိမ်းလိုက်သည် ။
ဓားရှည်မှာ ထင်းရှီ၏ခန္တာကိုယ်ဘေးမှ ပွတ်ကာသီကာဖြင့်ဖြတ်ကျော်သွားသည် ။
ရုတ်တရက် ထင်းရှီ၏မျက်နှာအနည်းငယ်ပြောင်းလဲသွားကာ အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်ရသည်။
“ ကျုပ်ရဲ့အစွမ်းအထက်ဆုံးဓားသိုင်းက မိုးကြိုးဟိန်းသံဓားသိုင်းမဟုတ်ဘူး “
လူငယ်၏စကားသံထွက်ပေါ်လာကာ အေးစိမ့်သည့်ဓား၏အငွေ့အသက်မှာထင်းရှီ၏ဝမ်းဗိုက်ဆီသို့ရောက်ရှိလာသည် ။
ထင်းရှီလည်း ခြေတစ်ချက်ဆောင့်၍ လေပေါ်သို့ခုန်တတ်ကာ လျှင်မြန်စွာရှောင်တိမ်းလိုက်သည် ။ သို့တိုင်အောင် သူ၏ဝတ်စုံအား လူငယ်၏ဓားမှ ထိမိသွားသည် ။
“ ဗြိ “
အဝတ်စပြဲသံတစ်ခုထွက်ပေါ်လာကာ ထင်းရှီလည်းသူ၏ဝမ်းဗိုက်ဆီသို့ငုံကြည့်လိုက်သည်။
သူ၏ဝမ်းဗိုက်နေရာတွင် ဝတ်စုံအနည်းငယ်ပြဲ၍နေသည်။ အကယ်၍ထင်းရှီ၏ရှောင်တိမ်းမှုသာအနည်းငယ်နောက်ကျသွားပါက လူငယ်၏ဓားမှာ အင်္ကျီစအစားသူ၏ဝမ်းဗိုက်အားထိုးခွဲသွားပေမည်။
ထင်းရှီ၏မျက်လုံးများမှာ လူငယ်၏ဘယ်လက်မှ ဓားတိုလေးဆီသို့အကြည့်ရောက်သွားသည်။
လူငယ်၏လက်ထဲတွင်ဓားနှစ်လက်ရောက်ရှိနေကာ ဘယ်ဘက်တွင် တစ်ပေခန့်ရှည်သည့်ဓားတိုတစ်ချောင်းရောက်ရှိလာသည်။
ထိုဓားမှာ သူ၏ခါးတွင်ချိတ်ထားသည့်ထဲမှ ကျန်ရှိနေသည့်ဓားဖြစ်ကာ ထင်းရှီအားအလစ်တိုက်ခိုက်လိုက်သည့်ဓားလည်းဖြစ်သည်။
‘ သိုင်းလောကတွင် တစ်လက်မတိုလျင် ပို၍ကြောက်ဖို့ကောင်းသည် ‘ ဆိုသည့်စကားရှိလေသည်။
ယခုလည်း ထိုဓားတိုလေးမှာ လွန်စွယအန္တရာယ်များကာ လူငယ်၏ဝှက်ဖဲလည်းဖြစ်ပုံရသည်။
“ ခင်ဗျားကကျုပ်ကိုဆယ်ကွက်အတွင်းအနိုင်ယူချင်ရင်အိပ်မက်ထဲမှာပဲရမယ် “
လူငယ်မှ သူ၏လက်ထဲမှ ဓားနှစ်လက်အားကျင်လည်စွာကိုင်၍ ထင်းရှီအားလှောင်ပြောင်လိုက်သည်။
“ ကောင်းပြီလေ မင်းကငါ့ရဲ့ဓားနဲ့တိုက်ခိုက်ဖို့ထိုက်တန်တာပဲ “
ထင်းရှီလည်း လူငယ်၏စကားကြောင့် အသာပြုံးလိုက်ကာ သူ၏ခါးကြားတွင်ထိုးထားသည့်ဓားကိုဆွဲထုတ်လိုက်သည် ။
သို့သော် သူ၏ဓားကိုဓားအိမ်အပြင်သို့ထုတ်ခြင်းမရှိဘဲ သည်အတိုင်းကိုင်၍တိုက်ခိုက်မည့်ပုံရသည် ။
“ အစ်ကိုကြီး ပွဲကတော့ကြည့်ကောင်းလာပြီ ဒီကောင် ပြောထားသလိုဆယ်ကွက်အတွင်းအနိုင်ယူနိုင်မလားဆိုတာကြည့်ရမယ် “
အဝေးတွင်ကြည့်နေကြသည့်မုချန်းမှ ရယ်မော၍ပြောလိုက်သည် ။ ထင်းရှီမှ သူ၏အစွမ်းအနည်းကိုသာသုံးသေးသော်လည်း တစ်ဖက်မှလူငယ်သည်လည်း ပရိယာယ်ကြွယ်ဝကာဉာဏ်များလှသည်။
ဝူတန်းဂိုဏ်းချုပ်ကြီးလည်း အသာပြုံးလိုက်ကာ တစ်စုံတစ်ရာပြောဆိုခြင်းမပြုပေ။ ထင်းရှီ၏သိုင်းပညာကို အတိအကျမသိ၍လည်း သူ၏ပုံစံမှာ ထိုတိုက်ပွဲအား စိတ်ဝင်စားနေပုံရသည်။