အရှုံးကို ဝန်ခံခြင်း
Vol. 2 Ch. 167
“ ပုံရိပ်မဲ့ဓားနှစ်လက်သိုင်း “
လူငယ်မှ အရိပ်ခြေလှမ်းကွက်ဖြင့် ထင်းရှီး၏ဘေးဘက်သို့လျှင်မြန်စွာရောက်ရှိလာသည်။ ထို့နောက် ထင်းရှီ၏သူ၏ဓားနှစ်လက်ဖြင့်တိုက်ခိုက်လိုက်သည်။
လူငယ်၏ညာလက်မှ ဓားရှည်မှာ ထင်းရှီ၏ရင်ဝသို့ရိပ်ခနဲဝင်လာပြီး ပိုင်းဖြတ်လိုက်သည် ။သူ၏ဘယ်ဘက်မှဓားမှာမူ ပျောက်ကွယ်၍သွားသည် ။
ထင်းရှီလည်း မျက်ခုံးနှင့်ဖက်အားစုကြုံ့လိုက်ကာ အလေးအနက်ဖြစ်သွားသည် ။။ လူငယ်၏ဓားငိုင်းမှာ ထူးဆန်းလှသလို အလွန်အစွမ်းထက်သည်။
သူ၏ဓားသိုင်းမှာ သိုင်းလောကတွင်တွေ့ရတတ်သည့် ဓားနှစ်လက်သိုင်းများနှင့်အနည်းငယ်ကွဲပြားသည် ။
သိုင်းလောကတွင် ဓားနှစ်လက်သိုင်းအသုံးပြုသူအနည်းငယ်ရှိသော်လည်း ထိုဓားသိုင်းများမှာ တွေ့နေကြပုံစံဖြင့် တူညီစွာတိုက်ခိုက်ရသည့်ဓားသိုင်းအများဖြစ်ကြသည်။
အချို့ဓားနှစ်လက်သိုင်းများမှာမူ မတူညီသည့်လှုပ်ရှားမှာနှစ်မျိုးဖြင့် တိုက်ခိုက်ရခြင်းဖြစ်ကာာလွန်စွာရှားပါးသည် ။
ယခု ထိုလူငယ်၏ ဓားနှစ်လက်သိုင်းမှာ မတူညီစာ့်ပုံစံနှစ်ခုဖြင့်တိုက်ခိုက်နိုင်သည့်အပြင် ဓားတစ်လက်မှာ ပေါ့ပါးသွတ်လတ်ပြီး ကျန်တစ်လက်မှာ မျက်စေ့ဖြင့်မမြင်ရနိုင်အောင်ပင်လျှင်မြန်လှသည်။
ထိုဓားတိုလေးမှယ အဓိကအန္တရာယ်ရှိသည့်ဓားဖြစ်ကာ သူ၏လည်ပင်းကိုတိတ်တဆိတ်လှီးဖြတ်သွားနိုင်သည် ။
သို့သော် ဓားတိုလေးကိုအာရုံစိုက်လွန်းလျဇင်လည်းဓားရှည်၏တိုက်ခိုက်မှုကို အလုံးစုံကာကွယ်နိုင်မည်မဟုတ်ပေ။
ထင်းရှီလည်း ခန္တာကိုယ်အားအနည်းငယ်လှုပ်ရှားကာ သူ၏ရင်ဝသို့ဝင်လာသည့်ဓားအား လွတ်သည်ဆိုရုံလေးရှောင်တိမ်းလိုက်သည်။
အကယ်၍ လွန်ခဲ့သည့်နှစ်နှစ်ခန့်ကထင်းရှီဆိုပါက လူငယ်၏တိုက်ခိုက်မှုများကို ယခုလိုလွယ်လွယ်ကူကူရှောင်တိမ်းနိုင်မည်မဟုတ်ပေ။
နှစ်နှစ်အတွင်း ထင်းရှီ၏ဓားပညာသာမက သိုင်းပညာ၊ အတွင်းအားနှင့်ကိုယ်ဖော့ပညာတို့ပါ ဘက်စုံတိုးတက်လာ၍ ယခုလိုအေးအေးဆေးဆေးဖြစ်နေခြင်းဖြစ်သည်။
ထို့နောက် ထင်းရှီလည်း အဖိုးအိုကျန်းချန်းဟောင်နှင့် ပထမဦးဆုံးတိုက်ခိုက်စဉ်ကကဲ့သို့ သိုင်းကွက်၏လားရာလမ်းကိုခန့်မှန်းမနေဘဲ သူ၏အသိစိတ်အတိုင်း ဓားကို ဝေ့ယမ်းလိုက်သည်။
“ ချွမ်းး... “
လူငယ်၏ဓားမှာ ထင်းရှီ၏ဓားအိမ်နှင့်ရိာက်မိ၍ နောက်သို့ကန်ထွက်သွားသည် ။
လူငယ်၏မျက်နှာထက်တွင်လည်း မယုံကြည်နိုင်သည့်အရိပ်အယောင်များပေါ်ထွက်လာကာ နောက်သို့ ခြေသုံးလှမ်းခန့်ဆုတ်လိုက်သည်။
သူအနေဖြင့် ထင်းရှီမှ သူ၏အရိပ်ခြေလှမ်းသိုင်းကို သိရှိနေစဉ်ကထက်ပို၍အံ့အားသင့်မိသည် ။
သူ့အနေဖြင့် အစွမ်းထက်ပြင်းထန်လှသည့်မိုးကြိုးဟိန်းသံဓားသိုင်းကို အောင်မြင်သည်အထိမလေ့ကျင့်နိုင်ပေ ။
ဤသို့ဖြစ်ခြင်းမှာလည်း သူနှင့်မိုးကြိုးဟိန်းသံဓားသိုင်းတို့မလိုက်ဖက်ခြင်းကြောင့်ဟု သူ၏ဆရာမှပြောခဲ့သည် ။
ထို့ကြောင့်လည်း ရှေးဟောင်းသိုင်းကျမ်းတစ်ခုဖြစ်သည့် ပုံရိပ်မဲ့ဓားနှစ်လက်သိုင်းအားသင်ကြားပေးခဲ့ခြင်းဖြစ်သည် ။
သူတို့ထင်မှတ်မထားသည့်အရာမှာ ပုံရိပ်မဲ့ဓားနှစ်လက်သိုင်းကိုလေ့ကျင့်ရာတွင် အတော်လေးလွယ်ကူနေကာ ထိုသိုင်းကျမ်းမှာ သူ့အတွက်ဖန်တီးပေးထားသကဲ့သို့ဟုပင် ထင်ရသည် ။
ထိုဓားသိုင်းမှာ သူ၏ဝှက်ဖဲလည်းဖြစ်ကာ သိုင်းဝိဇ္ဇာအဆင့်အောက်တွင် ထိုဓားသိုင်းအားအောင်မြင်စွာ ခုခံနိုင်သူဟူ၍ သူမတွေ့ဖူးပေ ။
သို့သော် သူ၏ရှေ့မှလူမှ သူ၏ပုံရိပ်မဲ့ဓားနှစ်လက်သိုင်းကို ဓားအိမ်ဖြင့်ကာကွယ်နိုင်လိုက်သည်။ ထို့အပြင် များစွာအားစိုက်ရပုံပင်မပေါ်ပေ ။
အကယ်၍ ထင်းရှီမှ သူ၏ဓားဆန္ဒအားအသုံးပြု၍ အစွမ်းကုန်သုံး၍တိုက်ခိုက်ပါက သူ့အားသုံးကွက်အတွင်းအသာအယာအနိုင်ယူနိုင်သည်ကိုတော့ လူငယ်မသိပေ။
ထင်းရှီကိုယ်တိုင်လည်း လူငယ်၏ဓားသိုင်းကို အနည်းငယ်ဖြုံသွားမိသည်။ လူငယ်သာ စန်းဟုန်းလျန်နှင့်တိုက်ပွဲတွင် ထိုဓားသိုင်းကိုအသုံးပြုပါက စန်းဟုန်းလျန်အား အနိုင်ရရန်လှည့်ကွက်များကိုပင် အသုံးပြုစရာလိုမည်မဟုတ်ပေ။
သူသာသတိထား၍မတိုက်ခိုက်ပါက ထိုလူငယ်၏ဆယ်ကွက်အတွင်းအနိုင်ယူနိုင်မှာ ခက်ခဲသွားပေမည်။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်လည်း အရှုံးမပေးလိုသည့်ဟန်ဖြင့် အံကိုတင်းတင်းကြိတ်ကာ ထင်းရှီဆီသို့ ပြေးဝင်လာသည်။
ထို့နောက် သူ၏ဓားနှစ်လက်ဖြင့်ထပ်၍ ပေါ့ပါးသွက်လက်စွာ ထပ်မံတိုက်ခိုက်လိုက်သည် ။
ကြည့်ရှုနေကြသည့်လူများသည်လည်း သူတို့နှစ်ယောက်၏တိုက်ခိုက်မှုများကို အသဲတအေးအေးဖြင့်ကြည့်ရှုနေကြသည် ။
အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏ဓားရှည်မှာ ပေါ့ပါးသွက်လတ်စွာဖြင့် ထင်းရှီအားမြွေတစ်ကောင်လိုတိုက်ခိုက်နေသည် ။
ထို့အပြင် သူ၏လျှင်မြန်လှသည့်ဓားတိုလေးမှာလည်း အရိပ်ကိုပင်မမြင်ရဘဲ ထင်းရှီ၏အရေးကြီးသည့်နေရာများအား မကြာခဏ တိုက်ခိုက်နေသည် ။
ထင်းရှီမှ ပျော့ပြောင်းသည့်ဓားသိုင်းတစ်မျိုးကိုအသုံးပြုနေသည် ။သူ၏ဓားမှာ လူငယ်၏ ပေါ့ပါးသွက်လပ်လှသည့်ဓားကွက်များကို တည်ငြိမ်စွာဖြင့် ခုခံနေသည် ။
လူငယ်မှာ မည်မျှပင်အားစိုက်တိုက်ခိုက်စေကာမူ ထင်းရှီ၏ချေဖျက်ခြင်းကိုခံလိုက်ရသည် ။သူ၏ဓားအရှိန်အဟုန်သည်လည်း ထင်းရှီ၏ဓားနှင့်ဆုံတွေ့လျှင် များစွာလျော့နည်းသွားရသည် ။
ထင်းရှီ၏ဓားသိုင်းမှာ ပျော့ပြောင်းမှုနှင်ပေါ့ပါးတည်ငြိမ်မှုကိုအသားပေးထားကာ ထိုက်ကျိဓားသိုင်း၏ ပျော့ပြောင်းသည့်ပုံစံနှင့်အနည်းငယ်ဆင်တူသယောင်ရှိသော်လည်း မတူညီပေ။
ထင်းရှီ၏ဓားသိုင်းမှာ ပို၍ရှုပ်ထွေးကာ ကာကွယ်ရာတွင်လည်း အစွမ်းထက်လှသည်။
ထို့အတူ ထင်းရှီ၏ဓားမှာ ပေါ့ပါးလွတ်လပ်လှသည်ဟု ထင်ရလေသည်။ မသိလျှင် လူငယ်နှင့်တိုက်လိုက်နေခြင်းမဟုတ်ဘဲ တစ်ဦးတည်းဓားကိုဝေ့ယမ်း၍ ဆော့ကစားနေခြင်းဟုထင်ရသည် ။
သို့သော် ထင်းရှီ၏နှင့်တိုက်ခိုက်နေသည့်လူငယ်သာ ထင်းရှီ၏ဓားသိုင်းမည်မျှအစွမ်းထက်သည်ကို သိရှိပေသည် ။
လူငယ်၏ ပုံရိပ်မဲ့ဓားနှစ်လက်သိုင်းမှာ ထက်မြက်လှသည်မှန်သော်လည်း ထင်းရှီ၏ခံစစ်ကိုပင် မထိုးဖောက်နိုင်ပေ ။
လူငယ်မှာ တိုက်ခိုက်နေရင်းဖြင့် ပို၍ထိတ်လန့်လာမိသည်။ ထင်းရှီမှ ယခုအချိန်အထိပင် သူ၏ဓားကိုထုတ်ယူ၍တိုက်ခိုက်ခြင်းမရှိသေးပေ။
ဓားအိမ်ဖြင့်တိုက်ခိုက်နေခြင်းကပင် လွန်စွာအစွမ်းထက်နေရာ လူငယ့်ကိုအနိုင်ယူနိုင်စွမရှိသည်မှာတော့ မေးနေစရာပင်မလိုလှပေ။
လူငယ်မှာ စိတ်ရှုပ်ရှားမှုကြောင့် အမှားအယွင်းအနည်းငယ်လုပ်လိုက်မိသည် ။ ထင်းရှီလည်း ထိုအချိန်အားစောင့်နေခြင်းဖြစ်ကာ အလျှင်အမြန်လှုပ်ရှားလိုက်သည်။
“ နွေဦးလေပြေဓားကွက် ဓားတစ်ရာခွဲဖြာခြင်းပုံစံ “
ထင်းရှီ၏ဓားမှာ ဓားရိပ်များစွာခွဲဖြာသွားကာလူငယ့်ထံသို့တိုးဝင်သွားသည်။
ထိုဓားရိပ်များမှာ ပုံရိပ်ယောင်နှင့်ဓားအစစ်ရောနှောနေကာ ပုံရိပ်ယောင်ဟုထင်ရလျှင်လည်း ဓားအစစ်ဖြစ်နေပြန်သည်။
ထိုဓားကွက်မှာ ဓားစံအိမ်မှ အကြီးအကဲငါး၏ဓားတစ်ရာသိုင်းထဲမှဖြစ်ကာ ထင်းရှီဖန်တီးထားသည့်ဓားသိုင်းအသစ်ထဲမှ ခုခံမှုပုံစံထဲတွင်ပါဝင်လေသည်။
လူငယ်မှာ မျက်နှာကွက်ခနဲပျက်သွားကာ သူ၏လက်နှစ်ဖက်အားလျှင်မြန်စွာလှုပ်ရှားလိုက်သည်။
“ ပုံရိပ်မဲ့ဓားသိုင်း ဓားကွက် “
လူငယ်၏လက်ထဲမှဓားမှာ လျှင်မြန်စွာရွေ့လျားစွာပြီး အလင်းတန်းများစွာထွက်ပေါ်လာကာ ထင်းရှီ၏ဓားရိပ်များကို တိုက်လိုက်လိုက်သည် ။
ပတ်ဝန်းကျင်တစ်ခုလုံးတွင်ပြည့်နှက်နေသည့်ဓားရိပ်များနှင့်အလင်းတန်းများပျောက်ကွယ်သွားကာ သူတို့၏တိုက်ခိုက်မှုများလည်း ရပ်တန့်သွားသည် ။
တိုက်ပွဲအားကြည့်နေကြသည့်လူများသည်လည်း အံ့အားသင့်သွားကြသည်။
အပြင်းအထန်တိုက်ခိုက်နေကြသည့်လူနှစ်ယောက်မှာ ချက်ခြင်းလိုလိုရပ်တန့်သွားကြသည်။ လူငယ် နှင့်ထင်းရှီတို့နှစ်ဦးစလုံးငြိမ်သက်သွားကြခြင်းဖြစ်သည်။
“ ဟက် “
ထင်းရှီမှ ခပ်တိုးတိုးတစ်ချက်ရယ်၍ သူ၏လက်ထဲမှဓားကို အောက်ပြန်ချလိုက်သည်။
လူငယ်မှာမူ ပြူးကျယ်သည့်မျက်လုံးများဖြင့်မလှုပ်မယှက်ဖြစ်နေကာ ထင်းရှီအားကြည့်နေသည်။ ထိုအခါမှ လူများမှာ ထင်းရှီမှလူငယ်အားအကြောပိတ်ထားမှန်းသလိုက်ကြသည် ။
သူတို့၏တိုက်ပွဲတွင်မည်သူအနိုင်ရသွားသည်ကိုတော့ မေးနေစရာပင်မလိုတော့ပါချေ။
“ မင်းအရှုံးပေးပြီလား “
ထင်းရှီမှလူငယ်အား ပြုံးစစမျက်နှာဖြင့် ကြည့်လိုက်သည်။ သူ၏စကားကြောင့် လူငယ်၏မျက်ဝန်းများစူးရှသွားကာ ဒေါသအရိပ်အယောင်များပေါ်ထွက်လာသည် ။
ထင်းရှီလည်း လူငယ်၏ဒေါသထွက်နေသည့်ပုံကိုကြည့်ကာ ပြုံးလိုက်ပြန်သည်။ ထို့နောက် တစ်စုံတစ်ရာကိုသတိရသွားသည့်ဟန်ဖြင့်ပြောလိုက်သည် ။
“ ဟုတ်သားပဲ ငါမေ့နေတာ မင်းကိုစကားပြောနိုင်အောင်လုပ်ပေးရဦးမှာပဲ “
ထင်းရှီမှ သူ၏လက်ကိုဝေ့ယမ်း၍ပြောလိုက်သည်။ ထို့နောက် လူငယ်၏စကားပြောနိုင်သည့်အကြောအား ဖွင့်ပေးလိုက်သည် ။
“ အဟွတ် ခင်ဗျား ခင်ဗျား “
လူငယ်မှ ချောင်းတစ်ချက်ဆိုး၍ မကျေမနပ်ပြောသံများထွက်ပေါ်လာသည့်အတွက် ထင်းရှီ၏မျက်နှာရှုံ့မဲ့သွားသည် ။
“ မင်းအရှုံးကိုဝန်ခံမှာလား ဒီပုံစံနဲ့ ဆယ့်နှစ်နာရီကြာအောင်နေမှာလား ။ ငါအကြောပိတ်ထားတဲ့ပုံစံက မိုးကောင်းကင်အားပိတ်ဆို့ခြင်းဆိုတဲ့ အကြောပိတ်နည်းပဲ မင်းက ဆယ့်နှစ်နာရီကြာရင်အလိုလိုပြေသွားမှာ ။
ဒါပေမယ့် ဆယ့်နှစ်နာရီမတိုင်ခင်မှာ ငါကလွဲပြီးတော့ာသိုင်းဝိဇ္ဇာအဆင့်တွေတောင်အကြောဖြေပေးလို့မရဘူး “
ထင်းရှီလည်း လှောင်ပြုံးပြုံး လူငယ်အားပြောလိုက်သည် ။ ထို့နောက် သူ၏ဓားကို မြေပြင်တွင်ထောက်လိုက်ပြီးမျက်လုံးကိုမှတ်ကာ ခပ်ပြုံးပြုံးမျက်နှာဖြင့် ရပ်နေလိုက်သည် ။
သူ၏စကားကြောင့်လူငယ်မှာ အံကိုတင်းတင်းကြိတ်လိုက်သည်။
ထို့နောက် တခဏစဉ်းစားလိုက်ပြီး မကျေမနပ်ဖြစ်သည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ကောင်းပြီ ကျုပ်အရှုံးပေးတယ် “
ထင်းရှီ၏မျက်လုံးများပွင့်လာသည်။ ထို့နောက် ဇဝေဇဝါဖြစ်သည့်ဟန်ဖြင့်မေးလိုက်သည် ။
“ ဘာပြောလိုက်တယ် ငါသေချာမကြားရဘူး “