← Chapters

ဝူတန်းမှ ထွက်ခွာခြင်း

Vol. 2 Ch. 168

ဝူတန်းမှ ထွက်ခွာခြင်း

Vol. 2 Ch. 168

ထင်းရှီ၏စကားကြောင့် လူငယ်၏မျက်နှာမှာ နီရဲသွားသည် ။ထို့နောက် ဒေါသဖြစ်နေသည့်လေသံဖြင့် ခပ်မြန်မြန်ပြောလိုက်သည် ။

“ ငါအရှုံးပေးတယ်လို့ “

ထင်းရှီမှာ လူငယ်၏အမူအယာကိုကြည့်ကာ သူစမျက်လုံးထဲတွင် ကျေနပ်သွားသည့်အရိပ်ပယောင်အချို့ဖြတ်ပြေးသွားသည် ။

သို့သော် ထိုခံစားချက်ကို မျက်နှာထက်တွင်မပေါ်ထွက်စေဘဲ ဝူတန်းဂိုဏ်းသားများဘက်သို့လှည့်ကာမေးလိုက်သည် ။

“ ညီနောင်တို့ မင်းတို့ သူပြောတာ ရှင်းရှင်းလင်းလင်းကြားလိုက်လား “

ဝူတန်းဂိုဏ်းသားများမှာ ထင်းရှီ၏မေးခွန်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားကြကာ သူတို့၏မျက်နှာများ ထူးဆန်းကုန်သည်။

ပထမတွင် လူငယ်၏အဖြေကိုထင်းရှီကောင်းစွာမကြားရ၍ ပြန်မေးသည်ဟုထင်ခဲ့မိသည်။ သို့သော် ယခုကြည့်ရသလောက် သူတို့၏အထင်မှားယွင်းနေပုံရသည်။

အကြောပိတ်ခံထားရသည့် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်သည်လည်း ဆွံ့အသွားသည် ။

ထင်းရှီမှ သူစန်းဟုန်းလျန်အား အလစ်ဝင်တိုက်သည့်ကိစ္စကို မခဲမကျေဖြစ်မှန်းလည်း သိလိုက်သည်။

သူ၏ဒေါသထွက်နေသည့် အနီရောင်မျက်နှာမှာ အနက်ရောင်သို့ပြောင်းလဲသွားသည်။ သူ၏ရှေ့ရှိကြော်မက်ဖွယ်ကောင်းသူမှာ ယခုလို သေးငယ်သည့်ကိစ္စအား လက်စားချေတတ်သည့်ဟု သူမထင်ခဲ့မိပေ။

ဝူတန်းဂိုဏ်းသားများမှာမူ ပြုံးစိစိမျက်နှာများဖြင့် သံပြိုင်ပြောလိုက်ကြသည် ။

“ ကျုပ်တို့သေချာမကြားလိုက်ရဘူးအစ်ကိုရှီ “

ထင်းရှီမှ သူတို့၏စကားကိုနားထောင်ဟန်ပြုကာ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ဘက်သို့ကြည့်လိုက်ပြန်သည်။

သူ၏ပါးစပ်မှ စကားတစ်ခွန်းမှမဆိုသော်လည်း သူ၏မျက်လုံးများက မေးခွန်းကိုအစိမ်းရောင်ဝတ်စုံနှင့်လူငယ်သိရှိသည် ။

“ ကျုပ်အရှုံးပေးပါပြီ “

ယခုအကြိမ်တွင် သူ၏အသံမှာပို၍ကျယ်လောင်နေသည် ။သူ၏မျက်ဝန်းများက သတ်ဖြတ်လိုသည့်ဆန္ဒများပြည့်နေကာ ထင်းရှီအားစူးစိုက်ကြည့်နေသည် ။

ထင်းရှီလည်း လူငယ်၏အမူအယာအားကြည့်ကာ သဘောကျစွာပြုံးလိုက်သည်။ ထို့နောက် သူ၏လက်အားဝေ့ယမ်းလိုက်သည်။

ထင်းရှီ၏လက်ထဲမှဓားမှာ အရိပ်ကိုပင်မမြင်ရဘဲ လျှင်မြန်စွာရွေ့လျားသွားသည် ။ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ ချက်ခြင်းလိုလိုပင်လှုပ်ရှား၍ရသွားသည်။

သူ၏မျက်လုံးများကထင်းရှီကိုအခဲမကျေစွာစိုက်ကြည့်နေသော်လည်း နောက်ထပ်တစ်ကြိမ်တိုက်ခိုက်ခြင်းမပြုတော့ပေ။

ထင်းရှီ၏အစွမ်းကို သူအနည်းငယ်ရိပ်စားမိကာ သူမည်သို့မှအနိုင်မရနိုင်ကြောင်းကိုသိရှိလေသည်။

ထို့နောက် မြေပြင်အားခြေထောက်တစ်ချင်ဆောင့်ကာ လှုပ်ရှားလိုက်လာ သူ၏ခန္တာကိုယ်မှာ ဝိုးတိုဝါးတား ပုံရိပ်‌ယောင်များချန်ထားခဲ့ကာ အရိပ်တစ်ခုလို လျှင်မြန်စွာပျောက်ကွယ်သွားသည်။

“ ကောင်းလိုက်တဲ့ကိုယ်ဖော့ပညာ “

ကျန်နေခဲ့ကြသည့်လူများမှာ ထိုလူငယ်၏ကိုယ်ဖော့ပညာကို ချီးကျူးလိုက်မိကြသည်။

“ ဟူးး... “

ထင်းရှီလည်း မသိမသာသက်ပြင်းချလိုက်မိသည်။

ထိုလူငယ်မှာ ကြောက်မက်ဖွယ်ကောင်းလှသည် ။ အရိပ်ခြေလှမ်းအားတတ်မြောက်ထားသည့်အပြင် လေပြင်းနတ်မင်းလက်ဝါးသိုင်းနှင့် ပုံရိပ်မဲ့ဒွန့်တွဲဓားသိုင်းတို့မှာ အားမနည်းလှပေ။

သူ၏အသက်အရွယ်ဖြင့်စာလျှင် သိုင်းလောက၏ထိပ်သီးဆယ်ယောက်နှင့်ပင်နှိုင်းယှဉ်နိုင်သည့်သိုင်းပညာရှိသည်။

ယခုလူငယ်အား ဆယ်ကွက်အတွင်းသူသက်သက်သာသာဖြင့်အနိုင်ရခဲ့ခြင်းမှာ သူ၏ကိုယ်ဖော့ပညာနှင့် စူးရှသည့်အမြင်ကြောင့်ဖြစ်သည် ။

သို့မဟုတ်ပါက သူ့အနေဖြင့် အနိုင်ယူနိုင်မည်ဖြစ်သော်လည်း ဆယ်ကွက်အတွင်းမဖြစ်နိုင်ပေ။

“ အစ်ကို စန်း အဆက်ပြေရဲ့လား “

ထင်းရှီမှ ကျောက်ဖြူရင်ပြင်ထက်တွင်လျှောက်လာကာ ဖျော့သည့်မျက်နှာဖြင့်ထိုင်နေသည့်စန်းဟုန်းလျန်အားမေးလိုက်သည် ။

သူနှင့်စန်းဟုန်းလျန်မှာ များစွာရင်းနှီးလှသည်မဟုတ်သော်လည်း ဆက်ဆံရေးမဆိုးပေ ။သူ ဝူတန်းတွင်နေစဉ်နှစ်နှစ်အတွင်း လေးငါးကြိမ်ဆုံဖူးသည် ။

“ ကျုပ်အဆင်ပြေပါတယ် ။ အစ်ကိုရှီရဲ့သိုင်းပညာက ချီးကျူးစရာပဲ “

စန်းဟုန်းလျန်လည်း အနည်းငယ်အံ့အားသင့်နေသည့်မျက်နှာဖြင့် ထင်းရှီအားပြောလိုက်သည်။

သူ၏လေသံမှာ တစ်စုံတစ်ရာသိလိုစိတ်ရှိပုံရသည် ။ စန်းဟုန်းလျန်းပင်မကပေ ဝူတန်းမှ တပည့်များလည်း သူလိုပင်ဖြစ်‌သည်။

ထင်းရှီမှာ ဝူတန်းတွင်နေစဉ်သိုင်းပညာအသုံးပြုသည်ကို သူတို့မမြင်ဖူးပေ။ သူတို့ထင်းရှီအားသိထားသည်က ဂိုဏ်းတူဦးလေးလူ့ဂွစာနှင့်ရင်းနှီးအောင်ပေါင်းသင်းနိုင်သည့် ထူးခြားသည့်လူတစ်ဦးဟုသာဖြစ်သည်။

ယခုမှ ထင်းရှီ၏သိုင်းပညာကို သူတို့အနည်းငယ်သိရခြင်းဖြစ်လေသည်။

ထင်းရှီလည်း ထိုလူများကို တစ်စုံတစ်ရာပြန်လည်ပြောဆိုခြင်းမရှိဘဲ ပြုံး၍‌နေလိုက်သည် ။

ထို့နောက် သူ့အား ဝိုင်းဝန်းကြည့်ရှုနေကြသည့်ဝူတန်းမှ တပည့်များအားနှုတ်ဆက်ကာ ထင်းရှီလည်း ထိုနေရာမှ ထွက်ခွာသွားလိုက်သည်။

“ ဟားးဟားး ကောင်လေး မင်းလုပ်လိုက်တာက ငါ့ကိုကျေနပ်စေတာပဲ “

မုချန်းမှ ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ ထင်းရှီ၏ပခုံးအား တဘုန်းဘုန်းပုတ်ကာ ပြောလိုက်သည်။

ထင်းရှီလည်း အနည်းငယ်နာကျင်သွားသည်ပခုံးအားလက်ဖြင့်ပွတ်ကာ နောက်သို့ဆုတ်၍ မုချန်းအား မကျေမနပ်ကြည့်လိုက်သည်။

မုချန်းမှာ ရုပ်ရည်ခန့်ညားသလို ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်လည်းရှိသည် ။ ထို့အပြင် ဝူတန်းဂိုဏ်းချုပ်၏ဆရာတူညီ ၊ သိုင်းထိပ်သီးဆယ်ယောက်စာရင်း၏နံပါတ်တစ်ဖြစ်ခဲ့ဖူးသည့်အတွက် သိုင်းလောကထဲတွင် သူ၏ဂုဏ်သတင်းမှာထိပ်တန်းအဆင့်အင်အားစုများမှ ခေါင်းဆောင်များအောက်မကျနိုင်ပေ။

သို့သော် တစ်ခုရှိသည်က မူချန်းမှာ သူစိတ်ရှိသလိုနေထိုင်တတ်ကာ အဆောင်အယောင်များနှင့် ဟန်ပန်များကိုလည်း မုန်းတီးသည်။

ထို့ကြောင့်ပင် အလယ်ပိုင်းဓားဘုရင်၏တပည့် ဝူတန်းဂိုဏ်းချုပ်၏ဆရာတူညီဟူသောဂုဏ်ပုဒ်ကိုမဖော်ပြဘဲ သိုင်းလောကထဲတွင် လူ့ဂွစာသိုင်းသမားအဖြစ်သာ သိကြခြင်းဖြစ်သည်။

“ လူ့ဂွစာကြီး ကျုပ်တောင်အောက်ကိုဆင်းတော့မယ် ကျုပ်မှာလုပ်စရာကိစ္စနည်းနည်းရှိတယ်။ ခင်ဗျားလိုက်ပို့ဖို့မလိုတော့ပါဘူး “

ထင်းရှီလည်း မုချန်းအားပြောလိုက်သည်။ မုချန်းလည်း သူ၏စကားကြောင့် ခေါင်းညိမ့်ကာ တစ်စုံတစ်ရာပြန်လည်ပြောဆိုခြင်းမပြုပေ။

အပေါင်းအသင်းလွန်စွာနည်းပါးသည့်မုချန်းမှာ လွန်ခဲ့သည့်နှစ်နှစ်အတွင်း ထင်းရှီနှင့်အတူနေကာ ခင်မင်ခဲ့ရသဖြင့် ယခုလို ထင်းရှီထွက်သွားမည်ဆိုသဖြင့် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။

ထို့အပြင် ထင်းရှီမှာ သူတို့ဆီသို့နောက်ထပ်တစ်ကြိမ်ပြန်လည်ရောက်ရှိမလာဘဲ သိုင်းလောကမှ ဇာတ်မြုပ်ပျောက်ကွယ်သွားရန် ရာခိုင်နှုန်းအတော်များသည် ။

ထင်းရှီလည်း မုချန်း၏အမူအယာအားအကဲခပ်ကာ ခေါင်းတစ်ချက်ယမ်းလိုက်သည်။ ထို့နောက် ဝူတန်းဂိုဏ်းချုပ်ကြီးအား ဂါရဝပြုလိုက်သည် ။

“ ကျုက်ဝူတန်းမှာနေခဲ့စဉ်အတွင်းမှာ ကူညီစောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် “

ထင်းရှီ၏စကားကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးမှ ပေါ့ပေါ့ပါးပါးဟန်ဖြင့်လက်ကိုဝေ့ယမ်းပြလိုက်သည်။

ထို့နောက် သူ၏မျက်နှာထက်တွင်ညမေးခွန်းတစ်ခုပေါ်လာကာ ထင်းရှီအား စူးစိုက်ကြည့်ကာမေးလိုက်သည်။

“ မင်းက သိုင်းလောကမှာနာမည်ကြီးနေတဲ့ အဖြူရောင်သွေးမိစ္ဆာဆိုတော့ ကျုပ်တစ်ခုသိချင်တာက မင်းကလွန်ခဲ့တဲ့နှစ်နှစ်က ဂိုဏ်းရဲ့ခန်းမရှေ့မှာ ဂိုဏ်းတူညီလေး ချန်းရှောက်နဲ့တိုက်ခိုက်ပြီး ခုနစ်စင်ကြယ်ဝင်္ကပါကိုဖြိုခွင်းခဲ့တဲ့လူလား “

ဝူတန်းဂိုဏ်းချုပ်ကြီး၏မေးခွန်းကြောင့်ထင်းရှီလည်း အားတုံ့အားနာဖြင့်ပြုံးလိုက်သည်။

ဝူတန်းဂိုဏ်းချုပ်ကြီးမှာ ထင်းရှီအား အဖြူရောင်သွေးမိစ္ဆာဖြစ်ကြောင်းသိရှိသည့်လူနည်းစုထဲမှ တစ်ဦးဖြစ်သည်။

လွန်ခဲ့သည့်နှစ်နှစ်က သူဝူတန်းဂိုဏ်းမှခုနစ်စင်ကြယ်ဝင်္ကပါအားဖြိုခွင်းခဲ့ခြင်းမှာ သိုင်းလောကသားများမသိကြသော်လည်း ဝူတန်းမှတပည့်များမှာ ထိုနေ့ကဝတ်စုံဖြူအား ကောင်းစွာအမှတ်ထင်ထင်ရှိကြသည်။

သို့သော် ထိုနေ့က သူ၏မျက်နှာကိုခမောက်နှင့်ဖုံးကွယ်ထားသည့်အပြင် နှစ်နှစ်အတွင်းသး၏ပုံစံမှာ အနည်းငယ်ပြောင်းလဲသွား၍ ဝူတန်းမှ သူနှင့်ရင်းနှီးသူများပင် စားဖိုဆောင်မှ အစ်ကိုရှီနှင့် လွန်ခဲ့သည့်နှစ်နှစ်က ဝတ်စုံဖြူကို မဆက်စပ်မိကြပေ။

သို့သော် ထင်းရှီသိုင်းလောကထဲတွင် ပြန်၍ကျင်လည်ပါက ထိုလူများမှာ တစ်စုံတစ်ရာကို ရိပ်မိသွားနိုင်သည်။

“ အဲဒီနေ့က ကျုပ် သိချင်စိတ်ကြောင့် စမ်းသပ်မိတာကို ဂိုဏ်းချုပ်ကြီးခွင့်လွှတ်ပေးပါ “

ထင်းရှီလည်း လက်သီးနှစ်ဖက်အားဆုပ်ကာ အရိုအသေပေးရင်းပြောလိုက်သည်။

ထင်းရှီ၏စကားကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ ဘဝင်ကျသွားဟန်ဖြင့် ခေါင်းတဆက်ဆက်ငြိမ့်လိုက်သည်။

“ ဂိုဏ်းချုပ်ကြီးကျုပ်ကိုခွင့်ပြုပါဦး ၊

လူ့ဂွစာကြီးကျုပ်သွားပြီ “

ထင်းရှီလည်း ထိုနှစ်ယောက်အားနှုတ်ဆက်ကာ သသစ်ပင်များကြားသို့ဝင်ရောက်သွားသည် ။

“ ကောင်လေး ငါလဲသိုင်းလောကထဲကိုလာခဲ့ဦးမှာပါကွ “

မုချန်းမှ ထင်းရှီအားအော်ဟစ်လိုက်သည် ။ ထင်းရှီလည်း နောက်လှည့်မကြည့်ဘဲ လက်ပြန်ပြကာ သူ၏ခန္တာကိုယ်အားလှုပ်ရှားလိုက်သည် ။

ထင်းရှီ၏ပုံရိပ်မှာ ဝူတန်းဂိုဏ်းချုပ်ကြီးနှင့်မူချန်းတို့၏မြင်ကွင်းထဲမှ ချက်ခြင်းလိုလိုပျောက်ကွယ်သွားလေသည်။

“ ကောင်းလိုက်တဲ့ကိုယ်ဖော့ပညာပဲ ငါ့ထက်တောင်သာလွန်သေးတယ် “

ဝူတန်းဂိုဏ်းချုပ်ကြီးမှ ထင်းရှီပျောက်ကွယ်သွားသည်ကိုကြည့်ကာ ပွင့်ပွင့်လင်းလင်းချီးကျူးလိုက်သည် ။

သူ၏စကားကြောင့် မုချန်းမှ မျက်နှာအနည်းငယ်မဲ့သွားကာ ခေါင်းယမ်းလိုက်သည် ။

“ သူနဲ့တော့နှိုင်းယှဉ်လို့မဖြစ်ဘူးအစ်ကိုကြီး ပြီးခဲ့တဲ့နှစ်နှစ်ကသူ့ကိုကျနော်ကောင်းကောင်းကြီးဖိနှိပ်နိုင်ပေမယ့် အခုဆိုရင် သူ့ကိုလုံးဝအနိုင်မယူနိုင်တော့ဘူး ။

သူ့ရဲ့တိုးတက်နှုန်းကအတော်လေးကြောက်စရာကောင်းတယ်။တကယ်လူထူးဆန်းပဲ “

မုချန်းမှ သက်ပြင်းတစ်ချက်ချကာပြောလိုက်သည် ။

All Chapters