← Chapters

နောက်ယောင်ခံလိုက်သူ

Vol. 2 Ch. 169

နောက်ယောင်ခံလိုက်သူ

Vol. 2 Ch. 169

ထင်းရှီလည်း သူ၏လေနတ်ဆိုး၏မိစ္ဆာ‌ခြေလှမ်းကိုယ်ဖော့ပညာအား အသုံးပြုလျက် စိတ်လက်ပေါ့ပါးစွာဖြင့်တောင်အောက်သို့ဆင်းနေသည်။

သူ၏ကိုယ်ဖော့ပညာသည်လည်း အဆင့်နှစ်အားဖြတ်ကျော်သွားကာ အဆင့်သုံးထဲသို့ဝင်ရောက်နေပြီဖြစ်သည်။

သိုးထိန်းကြီး၏ပြောပြချက်အရဆိုလျှင် လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းမှာ အလွန်အဆင့်မြင့်သည့်ကိုယ်ဖော့ပညာတစ်ရပ်ဖြစ်ကာ သိုင်းလောကထဲတွင်ပင် ထိပ်တန်းအဆင့်ပညာရပ်စာရင်းထဲတွင်ပါဝင်သည် ။

အကယ်၍ လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းပထမအဆင့်ကိုအောင်မြင်သွားပါက အဆင့်တူများထက် ကိုယ်ဖော့ပညာလွန်စွာသာလွန်သွားမည်ဖြစ်သည် ။

ဒုတိအဆင့်သို့ရောက်ရှိသွားလျှင် ပုံရိပ်ယောင်များချန်ခဲ့ကာ တစ္ဆေသရဲတစ်ကောင်ကဲ့သို့လျှင်မြန်စွာလှုပ်ရှားနိုင်မည်ဖြစ်ကာ ထင်းရှီမှာ ထိုအဆင့်အားသိုင်းလောကထဲသို့မရောက်မီအချိန်ကပင် ရောက်ရှိခဲ့ပြီးဖြစ်သည်။

သွေးမိစ္တာနှင့်တိုက်ခိုက်စဉ်က သူ၏ကိုယ်ဖော့ပညာမှာ ဒုတိယအဆင့်အားအောင်မြင်သွားလေသည် ။

နှစ်နှစ်ကြာပြီးသည့်နောက်တွင် သူ၏ဓားပညာသာမက ကိုယ်ဖော့ပညာပါ များစွာတိုးတက်လာသည် ။ ထို့ကြောင့်ပင် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏တိုက်လိုက်မှုများကို အသာအယာရှောင်တိမ်းနိုင်ခြင်းဖြစ်သည်။

သူသိုင်းလောကထဲသို့ရောက်ရှိလျှင် သူ၏သွေးသောက်ညီအစ်ကိုနှစ်ယောက်အားရှာဖွေရန် ဆုံးဖြတ်ထားသည်။

ထို့နောက် သူနှင့်ရင်းနှီးကျွမ်းဝင်သည့် ပန်းနတ်သမီးသွမ့်ရှင်းရှောင်ကိုလည်း ရှာရပေမည်။

သိုင်းလောက၏အလှနတ်သမီးပန်းနတ်သမီးသွမ့်ရှင်းရှောင်အား သူများစွာရင်းနှီးမှုမရှိသော်လည်းကောင်မလေးရှောင်ရှောင်အဖြစ် သူနှင့်ရင်းနှီးခင်မင်ခဲ့ဖူးသည်။

ထင်းရှီမှာ ယခုအချိန်မှ သူသိုင်းလောကထဲတွင် မိတ်ဆွေနည်းပါးကြောင်းကို သတိထားမိလိုက်သည်။

ထို့နောက်တွင်တော့ သူ၏အိပ်မက်အတိုင်း ဓားတစ် က်ကိုဆွဲကာ အရက်တစ်အိုးနှင့် နေရာအနှံ့ခြေဆန့်သွားလာရန် စိတ်ကူးထားသည်။

သို့သော် အရာအားလုံးမှာ သူ၏အစီအစဉ်အတိုင်းဖြစ်လာနိုင်ပါဦးမည်ဆိုသည်လား .... ။

ထင်းရှီ၏မျက်နှာမှာ ရုတ်တရက်တည်ကြည်လေးနက်သွားသည်။ သူ၏အတွေးစများသည်လည်း ပြက်တောက်သွားလေသည်။

ထင်းရှီမှာ ပြေးလွှားနေရင်း သူ၏ဦးခေါင်းအားစောင်းကာ နောက်ဘက်သို့ကြည့်ရှုလိုက်သည်။

သူသွားလာ‌နေသည့်အရှိန်မှာ မြန်ဆန်လှသဖြင့် အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ကာ သစ်ပင်များမှာ သူ၏နောက်တွင်တရိပ်ရိပ်ကျန်နေခဲ့သည် ။

လက်ရှိတွင် သူ၏ကိုယ်ဖော့ပညာမှာ အဆင့်ကုန်အသုံးပြုထားခြင်းမရှိသော်လည်း သာမန်အဆင့်လွန်သိုင်းသမားများပင်လိုက်မီနိုင်သည့်အရာမဟုတ်ပေ။

သို့သော် သူ၏စိတ်ထဲတွင် သူ့နောက်သို့တစ်စုံတစ်ယောက်မှ နောက်ယောင်ခံလိုက်နေသည်ဆိုသည့်ခံစားချက်ကြီးကိုရရှိနေသည် ။

သူ၏နောက်တွင် တစ်စုံတစ်ယောက်မှမရှိသော်လည်း ထင်းရှီမှာ တောင်တစ်ဝက်လောက်ကပင် ထိုသို့ခံစားရခြင်းဖြစ်သည် ။

ဓားချကျောက်ဆောင်အားကျော်ဖြတ်ကာ ဝူတန်းတောင်ခြေသို့ပင်ရောက်ရှိလာပြီဖြစ်သော်လည်း ထိုခံစားချက်ကြီးမှာ ပျောက်ကွယ်မသွားပေ ။

ထင်းရှီမှာ ပထမတွင် သူ၏နောက်သို့မုချန်းလိုက်ပါလာခြင်းဟုထင်လိုက်သော်လည်း သေချာစဉ်းစားကြည့်လိုက်ပြီး မူချန်းမဟုတ်ကြောင်းသိလိုက်သည် ။

လက်ရှိသူ၏ဦးတည်ရာမှာ အနီးရှိမြို့သို့ဖြစ်သော်လည်း လမ်းဆုံတွင် ဦးတည်ချက်ပြောင်းရန်ဆုံးဖြတ်လိုက်သည်။

ထင်းရှီ၏ ပြောင်းလဲသွားသည့် နေရာမှာ တောအုပ်တစ်ခုထဲသို့ဖြစ်ကာ နောက်ယောင်ခံလိုက်သူအား မျက်ခြေဖြတ်ရန် သူ၏အရှိန်ကို တိုးမြင့်ရန်ဆုံးဖြတ်လိုက်သည် ။

ထင်းရှီလည်း ခေါင်းတစ်ချက်ယမ်းကာ မြေပြင်အားခြေတစ်ချက်ဆောင့်ကာ မြားတစ်စင်းကဲ့သို့‌ပြေးထွက်သွားသည် ။ သူ၏အရှိန်မှာ လွန်စွာမြန်ဆန်သွားကာ သူ၏ခန္တာကိုယ်သည်လည်း ဖျက်ခနဲပျောက်ကွယ်သွားသည်။

ထင်းရှီပျောက်ကွယ်သွားပြီး ထိုနေရာသို့ အနက်ရောင်ဝတ်ရုံကို ခြုံထားသည့် လူတစ်ယောက်ရောက်ရှိလာသဘ် ။

ထိုဝတ်စုံနတ်မှာ မျက်နှာကိုလည်း အနက်ရောင်ပဝါတစ်ထည်ဖြင့်ဖုံးအုပ်ထားကာ မည်သူမည်ဝါဟု ခွဲခြားရခက်ခဲလှသည် ။

ထို့ဝတ်စုံနတ်မှာ ထင်းရှီရပ်နေခဲ့သည့်လမ်းဆုံသို့ရောက်နေသည် ။ ထို့နောက် ပတ်ဝန်းကျင်အားတစ်ချက်အကဲခပ်ကာ ထင်းရှီတိုးဝင်သွားသည့်တောအုပ်ထဲသို့ဝင်ရောက်သွားသည် ။

တောအုပ်ထဲတွင် အရာအားလုံးမှာ ငြိမ်သက်နေသည်။ တောအုပ်မှာ လူသွားလမ်းနှင့် နီးကပ်သဖြင့် များစွာကြီးမားခြင်းမရှိသဖြင့် တောကောင်ကြီးများလည်းမရှိပေ။

သို့သော် သစ်ပင်ကြီးငယ်များစွာရှိကာ ထူထပ်သည့်တောအုပ်ဟုဆိုနိုင်သည်ည

ဝတ်ရုံနက်မှာ ပတ်ဝန်းကျင်အား မျက်စေ့ကစား၍ တောအုပ်ထဲတွင် ဖြေးညင်းစွာလျှောက်လာလိုက်သည် ။

ထိုစဉ် သူ၏နောက်ရှိသစ်ပင်ကြီးထက်မှ ပုံရိပ်တစ်ခုမှာ အသံတစ်စိုးတစ်စိမှမထွက်စေဘဲ ငှက်မွှေးလေးလို ပေါ့ပါးစွာကျဆင်းလာသည် ။

ဝတ်ရုံနက်မှာ တစ်စုံတစ်ရာကိုခံစားမိလိုက်ဟန်ဖြင့် သူ၏မျက်နှာပျက်ယွင်းသွားသည် ။ ထို့နောက်ချက်ခြင်းလိုလို သူ၏နောင်ဘက်သို့လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

“ ဟူးးး.. “

“ ဝုန်း... “

အတွင်းအားလေတိုးသံနှင့်အတူကျယ်လောင်သည့် မည်သံကြီးထွက်ပေါ်လာကာ သူ၏နောက်မှ သစ်ပင်ကြီးတစ်ခုမှာ ထက်ပိုင်းကျိုးသွားသည် ။

သို့သော် သူ၏နောက်မှ အရိပ်တစ်ခုမှာ ထိုလက်ဝါးချက်အားမထိလိုက်ဘဲ ဝတ်ရုံနက်၏ဘေးဘက်သို့ရောက်ရှိသွားသည်။

“ အင့် “

ဝတ်ရုံနက်မှာ တစ်စုံတစ်ရာထပ်မံတုံ့ပြန်ခြင်းမပြုနိုင်မီ အကြောထိုးပိတ်ခြင်းကိုခံလိုက်ရသည်။

တစ်ဆက်တည်းပင် သူ၏ဘေးဘက်ဆီမှ လူတစ်ယောက်၏အငွေ့အသက်ကိုခံစားလိုက်မိကာ အေးစက်စက်အသံတစ်ခုကိုကြားလိုက်ရသည် ။

“ မင်းငါ့နောက်ကိုလိုက်လာတာဘာသဘောလဲ ။ ဝူတန်းမှာ မင်းရှုံးနိမ့်ခဲ့တာကိုမကျေနပ်တာလား “

ထိုလူမှ ဝတ်ရုံနက်အား မေးလိုက်ကာ သူ၏မျက်ဝန်းများက စူးရှနေသည်။

ဝတ်ရုံနက်မှာမူ မျက်နှာအမူအယာကိုမမြင်ရသော်လည်း သူ၏မျက်လုံးများကိုကြည့်ကာလွန်စွာအံ့အားသင့်သွားသည်ကို သိရှိနိုင်သည် ။

သူဝူတန်းဂိုဏ်းမှနေ၍ သူမအားအနိုင်ယူသွားသည့်လူ၏နောက်သို့တိတ်တဆိတ်လိုက်လာခဲ့သည်။

ထိုလူအား သူသိုင်းပညာတွင်လုံးဝမယှဉ်နိုင်သော်လည်း ထိုလူ၏နောက်သို့ကောင်းစွာနောက်ယောင်ခံလိုက်နိုင်မည်ဟုယုံကြည်ခဲ့သည်။

သို့သော် ထိုလူမှ သူ၏အစီအစဉ်များအားသိရှိနေကာ သူတုံ့ပြန်ချိန်မရလိုက်မီ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ထင်းရှီလည်း ဝတ်ရုံနက်၏မျက်နှာမှပဝါနက်ကိငဖယ်ရှားလိုက်ရာ အလွန်ချောမောသည့်လူငယ်တစ်ယောက်၏မျက်နှာပေါ်ထွက်လာသည်။

ထိုလူငယ်မှာ သူဝူတန်းဂိုဏ်းတွင်အနိုင်ယူခဲ့သည့် အစိမ်းရောင်ဝတ်စုံနှင့်လူငယ်လည်းဖြစ်ကာ သူ၏နောက်သို့ တိတ်တဆိတ်လိုက်လာသူဖြစ်သည် ။

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်မှာ သူ၏မျက်နှာက်တွင် ဒေါသနှင့်အတူ အံ့အားသင့်သည့်အရိပ်အယောင်များရောယှက်နေသည်။

ထင်းရှီမှ သူ့အားကြိုတင်သိရှိသည်ကိုအံ့အားသင့်မိသလို ထင်းရှီ၏လက်တွင်အလွယ်တကူအမိခံလိုက်ရခြင်းကိုလည်း ခံပြင်းဒေါသထွက်နေပုံရသည်။

ထင်းရှီလည်း သူ၏လက်ထဲမှပဝါအားကြည့်ကာ တစ်ချက်ငိုင်သွားသည်။ ထို့နောက်သူ၏လက်များကမရည်ရွယ်ပါဘဲ သူ၏ရင်ဘက်ကြားအားစမ်းလိုက်မိသည်။

ယခင်ကသူ့အား ဒေါ်လေးကျိဟွာပေးထားခဲ့သည့် အနက်ရောင်ပဝါတစ်ထည်ရှိသော်လည်း သူဓားစံအိမ်မှထွက်ခါနီးတွငိ ထင်းရှောင်ယင်အားပေးထားခဲ့သည်။

သူမနှင့်လည်း အမြန်ဆုံးပြန်လည်တွေ့ဆုံရန်ကတိကဝတ်ပြုထားခဲ့ကြသော်လည်း သူ၏ကတိအားဖောက်ဖျက်ကာ သိုင်းလောကတွင် ဆက်လက်ကျင်လည်နေခဲ့မိသည်။

သို့သော် သူမနှင့်ပြောထားသည့်အချိန်သုံးနှစ်မပြည့်သေးသည့်အတွက် အနည်းငယ်စိတ်သက်သာရာရသည်။

ထင်းရှီ၏အကြည့်များမှာ သူ၏ရှေ့မှ ‌ဒေါသထွက်နေပုံရသည့်လူငယ်ဆီသို့ရောက်ရှိသွားသည်။

ထိုလူငယ်မှာ လွန်စွာချောမောကာ မိန်းမများစွဲလန်းမည့်ရုပ်ရည်မျိုးရှိသည်။ သို့သော် အနည်းငယ်ကလေးဆန်ကာ မရင့်ကျက်ပေ။

ထို့အပြင် သူ၏နောက်သို့ နောက်ယောင်ခံလိုက်လာသော်လည်း မကောင်းသည့်ရည်ရွယ်ချက်တစ်စုံနး်ရာရှိသည်ကို သူမခံစားမိပေ။

သူ၏ပုံစံမှာ ထင်းရှီမှ သူ့အားအနိုင်ယူသွားသည့်အတွက် မကျေမနပ်ဖြစ်ကာ ထင်းရှီ၏နောက်သို့လိုက်လာပုံရသည် ။

ထိုအချက်အား ထင်းရှီကောင်းစွာခန့်မှန်းနိုင်သော်လည်း ထိုလူငယ်ကို ကောင်းစွာစနောက်ရန်ဆုံးဖြတ်လိုက်သည်။

“ အင်း ငါ့ကိုအကြိမ်ကြိမ်အနှောက်အယှက်ပေးနေတဲ့ မင်းကိုငါ ဘယ်လိုဆုံးမပေးရင်ကောင်းမလဲ “

ထင်းရှီလည်း သူ၏မေးစေ့အားပွတ်ကာစဉ်းစားဟန်ပြုလိုက်သည်။

လူငယ်မှာ ထင်းရှီအား ဒေါသအရိပ်အယောင်များဖြင့်ကြည့်ရှုနေသော်လည်း။သူ၏မျက်ဝန်းများက အနည်းငယ်စိုးထိတ်နေပုံရသည်။

ထို့အတူတစ်စုံတစ်ရာအား ရှင်းပြလိုပုံရသည်။ သို့သော် ထင်းရှီမှ သူ၏အကြည့်များအား မသိချင်ယောင်ဆောင်၍ ဆက်လက်စဉ်းစားနေလိုက်သည်။

“ မင်းက ငါမသိဘဲငါ့ကိုနောက်ယောင်ခံလိုက်ခဲ့ပေမယ့် မင်းနဲ့ငါနဲ့ကရန်ငြိုးတစ်စုံတစ်ရာမရှိတော့မင်းကို သတ်လိုက်လို့လည်း မသင့်တော်ဘူး ။

ဒါပေမယ့် မင်းကိုဒီအတိုင်းလွှတ်ပေးလိုက်လို့လဲမဖြစ်တဲအတွက် “

ထင်းရှီ၏မျက်လုံးများမှာအရောင်တောက်လာကာ သူ၏နှုတ်ခမ်းများမှာလည်း ဆိုးညစ်တော့မည့်ဟန်ဖြင့် တွန့်ကွေးသွားသည်။ ထို့နောက်ဆက်ပြောလိုက်သည်။

“ မင်းရဲ့ငွေတွေအားလုံးကိုယူပြီး မင်းရဲ့အဝတ်အစားတွေကိုချွတ်ပြီး လမ်းဆုံကသစ်ပင်မှာ ချိန်ဆွဲထားရမယ် ။

လမ်းညဆုံက ဝူတန်းရယ် ၊ အလယ်ပိုင်းရယ် ၊ အရှေ့ပိုင်းကို ဆက်သွာထားတော့ အဲဒီအချိန်ကျရင် မင်းက လောကထဲမှာဟိုးလေးတကျော်ကျော်ဖြစ်သွားဦးမှာပေါ့။

ဒါမှ မှတ်လောက်သားလောက်ဖြစ်ပြီး မင်းငါ့ကိုနောက်ထပ်မနှောင့်ယှက်နိုင်မှာ “

ထင်းရှီက သူ၏စကားများနှင့်သူ သဘောကျနေတော့သည်။

All Chapters