← Chapters

စုန်းယိချင် နှင့် ယွဲ့ရှ

Vol. 2 Ch. 172

စုန်းယိချင် နှင့် ယွဲ့ရှ

Vol. 2 Ch. 172

“ ဒီကမိတ်ဆွေ ဘေးဝိုင်းကိုရွေ့ပေးလို့ရမလား ကျုပ်ဒီမိန်းကလေးနဲ့ မိတ်ဆက်ချင်လို့ပါ “

ယဉ်ကျေးစွာပြောလိုက်သည့် စကားဖြစ်သော်လည်း ရည်ရွယ်ချက်မှာ ထင်းရှီအား မိန်းကလေးအား သဘောကျ၍ ထင်းရှီအား ဘေးဝိုင်းသို့ ရွေ့ပြောင်းခိုင်းခြင်းပင်ဖြစ်သည်။

ထင်းရှီလည်း ထိုစကားကြောင့်အနည်းငယ်အံ့အားသင့်သွားပြီး ကြည့်လိုက်ရာ သူ၏ရှေ့မှမိန်းကလေးကိုစူးစိုက်ကြည့်နေသည့်လူငယ်တစ်‌ယောက်ကိုတွေ့လိုက်သည်။

ထိုလူငယ်မှာ အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသေးကာ လက်ထဲတွင်ခေါက်ယပ်တောင်တစ်ချောင်းကိုကိုင်ထားပြီး ခန့်ညားချောမောလေသည်။

လူငယ်၏မျက်လုံးများက ထင်းရှီအားနောက်ထပ်တစ်ကြိမ်ဂရုစိုက်ခြင်းမရှိတော့ဘဲ မိန်းမလှလေးကိုသာ ချစ်ခင်စွာကြည့်ရှုနေသည်။

သို့သော်မိန်းက‌လေးမှာမူ စိတ်အနှောင်အယှက်ဖြစ်ဟန်ဖြင့် မျက်ခုံးလှလှလေးနှစ်ဖက်ကိုတွန့်ချိုးထားကာ ထင်းရှီအား အနည်းငယ်အကူအညီတောင်းသည့်ပုံဖြင့်ကြည့်နေလေသည်။

သို့သော် ထင်းရှီမှာမူ သူ၏ရှေ့မှမြင်ကွင်းအားကြည့်ကာ နှုတ်ခမ်းတွန့်၍ပြုံးလိုက်သည်။ ထို့နောက် သူ၏အစားအစာများကိုသာ သဲကြီးမည်းကြီးဆက်စားနေလိုက်သည်။

လူငယ်မှာ မိန်းမလှလေး၏အလိုမကျသည့် အမူအယာကိုရိပ်စားမိသော်လည်း အပြုံးမပျက်ပေ။ သူ၏ခန္တာကိုယ်အားအနည်းငယ်ကိုင်းညွတ်ကာ မိန်းမလှလေးအား ပြောလိုက်သည်။

“ မိန်းမလှလေး ကျုပ်က ဝါဆန်းကစုန်းယိချင်ပါ သိုင်းလောကသားတွေကတော့ ငွေယပ်တောင်သခင်လေးလို့ခေါ်ကြတယ် ကျုပ်မင်းကိုနေ့လည်စာကြွေးပါရစေ။ “

လူငယ်မှ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုရှိစွာမိတ်ဆက်လိုက်သည်။ သူ၏ဖိတ်ကြားမှုကို မိန်းမလှလေးမှ လက်ခံမည်ဟုလည်း တွေးနေသည်။

အမှန်က စုန်းယိချင်မှာ သိုင်းလောက၏လူငယ်မျိုးဆက်တွင်ကျော်ကြားသူတစ်ဦးဖြစ်ကာ ပြီးခဲ့သည့်နှစ်နှစ်အတွင်းနာမည်ကျော်ကြားလာသူဖြစ်သည်။

ဝါဆန်းမှတပည့်အများစုမှာ ဓားသိုင်းဖြင့်ကျော်ကြား၍ ဓားအသုံးပြုသူများဖြစ်ကြသော်လည်း စုန်းယိချင်မှာ တမူထူးခြားကာ ငွေယပ်တောင်ဖြင့်တိုက်ခိုက်ပေသည် ။

သူ၏ငွေယပ်တောင်သိုင်းမှာ သိုင်းလောကတွင်ကျော်ကြားကာ ရုပ်ရည်ခန့်ညားသောကြောင့်လည်း မိန်းမပျိုလေးများ၏ရင်ထဲတွင် နှစ်သက်ခြင်းကိုခံရလေသည် ။

ယခုလည်း စုန်းယိချင်မှာ မိမိကိုယ်ကို ယုံကြည်မှုရှိကာ သူ၏ဖိတ်ကြားမှုကို မိန်းကလေးမှလက်ခံမည်ဟု ယုံကြည်ချက်ရှိသည်။ သို့သော် ......

“ စိတ်မကောင်းပါဘူး ကျမရှင့်ကိုသဘောမကျဘူး ပြီးတော့ ကျမသူနဲ့ပဲအတူစားချင်တာ “

မိန်းကလေးမှ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စုန်းယိချင်၏ဖိတ်ကြားမှုကို ပွင့်ပွင့်လင်းလင်းငြင်းဆန်လိုက်ကာ သူမ၏ရှေ့ရှိ ခေါင်းမဖော်တမ်းစားသောက်နေသည့်ထင်းရှီကို တောက်ပရွန်းလဲ့သည့်မျက်ဝန်းများဖြင့်ကြည့်နေသည်။

စုန်းယိချင်မှာ မိန်းမလှလေးထံမှ မျှော်လင့်မထားသည့်စကားကြောင့် မျက်နှာကွက်ခနဲပျက်သွားကာ ထင်းရှီအား ဒေါသတကြီးစိုက်ကြည့်လိုက်သည်။

စုတ်ပြတ်နေသည့် ထိုဝူတန်းဂိုဏ်းသားမှာ သူ၏တောင်းဆိုမှုကိုမကြားချင်ယောင်ဆောင်၍ဆက်လက်စားသောက်နေသေးသည် ။

သို့သော် တခဏအတွင်း သူ၏မျက်နှာထားကိုပြန်ပြင်လိုက်ကာ ထင်းရှီအား လက်သီးဆုပ်၍ ဂါရဝပု့ရင်းပြောလိုက်သည်။

“ ဒီကဝူတန်းကမိတ်ဆွေ ကျုပ်ရဲ့တောင်းဆိုမှုကိုမကြားလိုက်တာနေမယ် ကျုပ်က ဝူတန်းဂိုဏ်းက လူအတော်များများနဲ့ရင်းနှီးပါတယ် ။

ကျုပ်ကိုမျက်နှာသာပေးရင် ကျုပ်စုန်းယိချင်က ဒီကျေးဇူးကို အမှတ်ရနေမှာပါ။ “

စုန်းယိချင်မှ ထင်းရှီအားယဉ်ကျေးစွာပြောလိုက်သော်လည်း သူ၏လေသံမှု အေးစက်နေကာ အတက်းအကြပ်တွန်းအားပေးနေပုံရသည်။

ဆိုင်ထဲရှိလူများမှာ သူတို့၏စကားဝိုင်းကို စိတ်ဝင်တစားအကဲခပ်နေကာ အချေအတင်ဖြစ်နေကြ၍ ပို၍စိတ်ဝင်စားနေကြဟန်ရှိသည်။

သူတို့၏အမြင်တွင် ထင်းရှီနှင့် ထိုမိန်းမလှလေးတို့ရှေ့နောက်ဝင်လာကာ စားပွဲတစ်ခုထဲထိုင်နေ၍ သိကျွမ်းနေကြသည်ဟု ထင်မှတ်ကြသည်။

တစ်ဖက်တွင် စုန်းယိချင်သည်လည်း သူ၏နာမည်မှာ သိုင်းလောကတွင်အတော်လေးကျော်ကြားမှုရှိကာ မိန်းမလှလေးအား စိတ်ဝင်စားနေဟန်ရသည်။

ထင်းရှီလည်း လူအများမှအာရုံစိုက်လာသည်ကို သိရှိသောကြောင့် အနည်းငယ်မကျေမနပ်ဖြစ်ကာ စုန်းယိချင်အားမော့ကြည့်လိုက်သည်။

ထို့နောက် သူ၏ရှေ့မှမိန်းမလှလေးအား တစ်ချက်ကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။

“ မင်းဘာသာမင်းဘယ်သူနဲ့ထိုင်ချင်ထိုင်ခတင်ကိစ္စမရှိဘူး ။ ဒါပေမယ့် ငါ့ကိုအမိန့်ပေးတဲ့လေသံနဲ့ပြောဖို့က... စန်းဟုန်းလျန်တောင်အဆင့်မမီဘူး “

ထင်းရှီ၏စကားကြောင့် စုန်းယိချင်တစ်ယောက်အံ့အားသင့်သွားသလို ဆိုင်ထဲရှိလူများသည်လည်း ဟာခနဲဖြစ်သွားကြသည် ။

စန်းဟုန်းလျန်မှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်ပါဝင်သည့် ဝူတန်းမှထိုက်ကျိဓားဖြစ်ကာ သိုင်းလောထဲမှလူအများလေးစားရသူဖြစ်သည်။

သို့သော် ထင်းရှီ၏လေသံမှာ စန်းဟုန်းလျန်ကိုပင်များစွာဂရုစိုက်ပုံမရပေ။

“ ဒီလူကဘယ်သူလဲ သူ့ရဲ့ဂိုဏ်းတးအစ်ကိုကိုတောင် မလေးမစားပြောနေပါလား “

“ သူကအလကားနေရင်းမောက်မာနေတဲ့ပုံပဲ “

“ ဒါကိုနောက်ထားဦး ငွေယပ်တောင်သခင်လေးနဲ့သူနဲ့ထိတ်တိုက်တွေ့တာက ကြည့်ကောင်းမှာပဲ “

ဆိုင်ထဲတွင် တီးတိုးပြောသံများဆူညံသွားသည်။ ထိုလူများထဲမှ အများစုမှာမိန်းမလှလေးနှင့် ထင်းရှီတို့အတူထိုင်နေသည့်အပြင် မိန်းမလှလေးမှ ထင်းရှီအပေါ်ပြသသည့်အပြုအမူကြောင့် ထင်းရှီအားကြည့်‌မရနေကြခြင်းဖြစ်သည်။

အနည်းစုကား ထင်းရှီနှင့်တောင်သခင်လေးစုန်းယိချင်နှင့်ထိတ်တိုက်တွေ့မှုအပေါ် ကြိတ်၍ သဘောကျနေကြပုံရသည်။

မည်သို့ပင်ဖြစ်စေ ထင်းရှီအားဝူတန်းဂိုဏ်းသားဟုထင်ထားကြကာ စုန်းယိချင်မှာ ဝါဆန်းဂိုဏ်းမှဖြစ်သောကြောင့် ထိပ်သီးဂိုဏ်းကြီးနှစ်ခုမှ ဂိုဏ်းသားများ ထိတ်တိုက်တွေ့ခြင်းဟုပြော၍ရသည် ။

“ ကောင်းတယ် ကောင်းတယ် မိတ်ဆွေရဲ့ပညာကိုကြည့်ပါရစေ “

စုန်းယိချင်မှ ထင်းရှီအား သူ၏ယပ်တောင်ဖြင့်ညွန်ပြကာပြောလိုက်သည်။

သူ၏အမူအယာမှာ သိုင်းလောကသားများ စိန်ခေါ်သည့်အမူအယာဖြစ်ကာ ထင်းရှီနှင့်တိုက်ခိုက်လို၍ဖြစ်သည်။

ထင်းရှီမှမူ သူ၏ရှေ့မှလူငယ်မှ အကျိုးမရှိသည့်ယှဉ်ပြိုင်မှုကိုပြုလုပ်လို၍ စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းယမ်းလိုက်မိသည်။

သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှလူများဆိုလျှင် သူစိတ်ဝင်စားကောင်းဝင်စားနိုင်မည်ဖြစ်သော်လည်း သူ၏ရှေ့မှလူငယ်မှ ယခုမှ အဆင့်လွန်သိုင်းအဆင့်သာရောက်သေးသည်။

ထိုလူငယ်နှင့်သူ၏အဆင့်မှာကွာခြားလှရာ သူယှဉ်ပြိုင်ရန်စိတ်မပါလှပေ။

“ ယပ်တောင်ပျက် မင်းကငါ့ကိုတောင်မနိုင်ဘဲနဲ့ သူများကိုသွားပြီးစိန်ခေါ်နေတာလား “

အနည်းငယ်ရယ်မောလိုဟန်ရသည့်လေသံနှင့်အတူ အသံတစ်ခုမှာ ဆိုင်ထဲတွင်ဟိန်းထွက်သွားသည်။

စုန်းယိချင်နှင့်ထင်းရှီတို့အား စိတ်ဝင်စားနေကြသည့်လူများမှာ အသံပိုင်ရှင်အားကြည့်ကာ ဇဝေဇဝါဖြစ်သွားကြသည်။

ထိုအသံမှာ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်တစ်ဦးဆီမှဖြစ်ကာ ထိုလူငယ်မှာ သာမန်သွင်ပြင်သာရှိသည်။

ထို့ကြောင့်လည်း ဆိုင်အတွင်းရှိလူအများစုမှာ ထိုလူငယ်အားမသိကြဘဲ အချင်းချင်းလက်တို့ကြကုန်၏။။

“ သူက ချောက်နက်ကမ်းပါးဒေသက တိမ်လွှာရဲတိုက်ရဲ့သခင်လေးပဲ “

“ ဘယ်လိုဓားသုံးလက်သခင်လေးကိုလက်ရည်တူယှဉ်ပြိုင်နိုင်တဲ့လူငယ်လား “

ထိုလူငယ်အား သိရှိသူအချို့မှာ စတင်ပြောဆိုလိုက်ရာ များမကြာမီထိုလူငယ်၏အကြောင်းကို ဆိုင်တစ်ခုလုံးသိရှိကုန်ကြသည်။

တိမ်လွှာရဲတိုက်၏သခင်လေးယွဲ့ရှမှာ ဓားသုံးလက်သခင်လေးနှင့်လက်ရည်တူတိုက်ခိုက်ဖူးသော်လည်း သိုသိုသိပ်သိပ်နေ၍ သူ့အားတွေ့မြင်ဖူးသူနည်းပါးသည်။

ထို့ကြောင့်လည်း ယွဲ့ရှမှာသိုင်းလောကထဲမှ ကျော်ကြားသည့်လူငယ်တစ်ယောက်ဖြစ်သော်လည်း သူ့အားအများစုမှရုတ်တရက်မသိခြင်းဖြစ်သည် ။

ယွဲ့ရှ၏စကားကြောင့် စုန်းယိချင်မှာ အနာပေါ်တုတ်ကျဖြစ်သွားပုံရသည်။ ထို့နောက် ယွဲ့ရှအား မီးဝင်းဝင်းတောက်နေသည့်မျက်ဝန်းများဖြင့်ကြည့်ကာ ဒေါသတကြီးပြောလိုက်သည်။

“ ယွဲ့ရှ မင်းကငါ့ကိုသိုင်းတစ်ကွက်အသာနဲ့နိုင်တာကိုဂုဏ်ယူနေတာလား ကောင်းပြီ မင်းကိုငါ့မြို့အပြင်မှုစောင့်နေ့မယ် ။ သတ္တိရှိရင် နေမဝင်ခင်မြို့အပြင်ကိုလာခဲ့ “

စုန်းယိချင်၏တုံ့ပြန်ပုံကြောင့် ယွဲ့ရှ၏စကားမှာာအမှန်ဖြစ်ပုံရသည်။ ဆိုင်ထဲရှိသိုင်းသမားများမှာာထိုအချင်းအရာကြောင့် အံ့ဩသွားကြမိသည်။

သူတို့အားလုံးလိုလိုပင် ယွဲ့ရှနှင့်ဓားသုံးလက်သခင်လေးတို့၏တိုက်ပွဲကိုကြားဖူးသော်လည်း စုန်းယိချင်နှင့်ယွဲ့ရှတို့တိုက်ခိုက်ဖူးသည်ကိုမသိကြပေ။

ကြည့်ရသည်မှာ ထိုတိုက်ပွဲမှာ တိုးတိုးကြိတ်ကြိတ်ဖြစ်သွားပုံရကာ ယွဲ့ရှအနိုင်ရသွားပုံရသည်။ထို့ကြောင့်လည်း စုန်းယိချင်မှ အံတကြိတ်ကြိတ်ဖြင့် စိန်ခေါ်ခြင်းဖြစ်ရမည်။

သူတို့အတွက်တော့ လူငယ်မျိုးဆက်မှနာမည်ကျော်နှစ်ဦး၏တိုက်ပွဲကိုကြည့်ရမည့်အတွက်အတော်လေးစိတ်လှုပ်ရှားနေကြသည် ။

ထို့နောက် စုန်းယိချင်မှ ဆိုင်ထဲတွင်ဆက်မနေတော့ဘဲ မိန်းမလှလေးကိုနှုတ်ဆက်ကာ အပြင်ထွက်သွားလေသည် ။

သူ့အနေဖြင့်ဆိုင်ထဲတွင်ဆက်နေပါကလည်း သူနှစ်သက်သည့်မိန်းကလေး၏ရှေ့တွင်အရှက်ရခြင်းက မျက်နှာမပြဝံ့အောင်ရှိသည်။

ထို့ကြောင့်လည်း ရှုံးကြွေးဆပ်ရန်အတွက်ယွဲ့ရှအားစိန်ခေါ်ကာ ဆိုင်ထဲမှထွက်သွားခြင်းဖြစ်သည်။

မိန်းမလှလေးသည်တော့ သူမအားနှုတ်သွားသည့်စုန်းယိချင်၏စကားများကိုပင် မသိကျေးကျွန်ပြကာ ခေါင်းပင်မော့မလာပေ။

စုန်းယိချင်ထွက်သွားပြီးနောက် ယွဲ့ရှမှ သူ၏ဓားအားခါးတွင်ချိတ်ကာ ထင်းရှီတို့အနားသို့ရောက်လာသည်။

“ ဒီကမိတ်ဆွေ ကျုပ်ကိုကူညီပေးတာ ကျေးဇူးတင်ပါတယ် “

ထင်းရှီမှ ယွဲ့ရှအား လက်သီးဆုပ်၍ဂါရဝပြုရင်းပြောလိုက်သည် ။

All Chapters