← Chapters

မိန်းကလေးရှန်းယွင်

Vol. 2 Ch. 173

မိန်းကလေးရှန်းယွင်

Vol. 2 Ch. 173

ထင်းရှီမှာ ယွဲ့ရှဆိုသည့်ထိုလူငယ်ကို အမှန်တကယ်ကျေးဇူးတင်ခြင်းဖြစ်သည်။ ယွဲ့ရှသာဝင်မပါပါက စုန်းယိချင်မှု သူ့ကိုမည်သည့်အချိန်ထိ နှောင့်ယှက်နေဦးမည်မသိပေ ။

ယွဲ့ရှလည်း နွေးထွေးစွာပြုံးလိုက်ကာ လက်သီးဆုပ်၍ ပြန်လည်ဂါရဝပြုလိုက်သည်။

“ ဘာမှအပန်းမကြီးပါဘူး ကျနော့်နာမည်က ယွဲ့ရှပါ “

ယွဲ့ရှ၏ရင်းနှီးလိုသည့်ဟန်ကြောင့် ထင်းရှီလည်းခေါင်းတစ်ချက်ညိမ့်လိုက်မိသည်။

“ ကျုပ်နာမည်က ရှီပါ မျိုးရိုးနာမည်ကထင်း “

ထင်းရှီမှ သူ၏အမည်ကိုပြောပြလိုက်သော်လည်း ယွဲ့ရှ၏အမူအယာမှာ ပုံမှန်သာဖြစ်သည်။

လက်ရှိထင်းရှီမှာ ဝူတန်းဂိုဏ်းသားတစ်ဦးအသွင်ဖြစ်နေ၍ သိုင်းထိပ်သီးဆယ်ယောက်စာရင်းနံပါတ်တစ်ဖြစ်သူ အဖြူရောင်သွေးမိစ္ဆာထင်းရှီနှင့် ဆက်စပ်မိခြင်းမရှိပေ။

ထို့နောက်တွင် ယွဲ့ရှမှ ထင်းရှီအားနှုတ်ဆက်ကုထွက်သွားလိုက်သည် ။မြို့အပြင်တွင် စုန်းယိချင်မှ သူ့ကိုစိန်ခေါ်ထားရာ တိုက်ခိုက်ရဦးမည်မဟုတ်ပါလား ။

ဆိုင်ထဲရှိလူအများစုမှာ ယွဲ့ရှထွက်ခွာသွားသည်နှင့် သူတို့ပါ ငွေရှင်း၍ ကမန်းကတန်းထွက်ခွာသွားကြသည်။

သိုင်းလောကလူငယ်မျိုးဆက်တွင် ထိပ်တန်းနေရာ၌ရှိနေသူများ၏စိန်ခေါ်ပွဲများမှာ စိန်ဝင်စားစရာကောင်းလွန်းပေစွ ။

ထို့ကြောင့်လည်း ဆိုင်ထဲတွင် လူအနည်းငယ်သာကျန်ခဲ့ကာ ပြန်၍ ခြောက်ကပ်သွားပေသည်။

ထင်းရှီလည်း ထွက်ခွာသွားသည့်လူငယ်လေး၏နောက်ကျောအားကြည့်ကာ ပြုံးလိုက်မိသည်။

ထိုလူငယ်မှာ သိုင်းပညာမဆိုးလှသလို စိတ်သဘောထားလည်းကောင်းမွန်ပေသည်။ ထို့ကြောင့် မိတ်ဆွေတစ်ဦးအဖြစ် ဆက်ဆံထိုက်ပေသည်။

ထို့နောက် ထင်းရှီ၏အကြည့်များမှာ သူ၏ရှေ့မှမိန်းမလှလေးဆီသို့ရောက်ရှိသွားသည် ။

သူနှင့်စုန်းယိချင်တို့အနည်းငယ်ပွတ်တိုက်မှုဖြစ်ခြင်းမှာ ထိုမိန်းကလေးကြောင့်ပင်ဖြစ်သည်။

သူ့အနေဖြင့် စုန်းယိချင်ကိုလုံးဝကြောက်ရွံ့မှုမရှိသော်လည်း အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်သာနေလိုသည်။

လက်ရှိသူ၏နာမည်မှာ သိုင်းလောကတွင်ကျော်ကြားနေကာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင်နံပါတ်တစ်ဆိုသည့်နေရာအတွက်သူ့ကိုစိန်ခေါ်ကြမည့်လူများမှာ ဒုနှင့်ဒေးပင်။

သိုင်းသမားအများစုမှာ ရွေငွေဥစ္စာများထက် နာမည်ဂုဏ်သတင်းကျော်ကြားမှုကို ပို၍အလိုရှိတတ်ကြသည်။

ထို့ကြောင့်လည်း ထင်းရှီ၏အကြောင်းကိုသိုင်းလောကထဲတွင်ပေါက်ကြားသွားသည်နှင့်သူအေးအေးဆေးဆေးနေရတော့မည်မဟုတ်ပေ။

ထင်းရှီလည်း အ‌တွေးစများအားဖြတ်တောက်ကာ သူ၏ရှေ့မှမိန်းမလှလေးကိုစူးစိုက်ကြည့်လိုက်သည်။ ထို့နောက်အေးစက်စက်လေသံဖြင့်မေးလိုက်သည်။

“ မင်းကငါ့ရဲ့နောက်ကို ဝူတန်းမှာထဲကလိုက်လာတာ မင်းကိုအနိုင်ယူခဲ့လို့မကျေမနပ်ဖြစ်တာလား ဒါမှမဟုတ်ရင် မင်းရဲ့ငွေထုပ်ကိုယူခဲ့လို့လား “

ထင်းရှီ၏ဖြေးညင်းစွာပြောလိုက်သည့်စကားများကြောင့် မိန်းမလှလေးမှာ ခန္တာကိုယ်တစ်ချက်တုန်သွားကာ သူမ၏လှပသည့်မျက်ဝန်းများက ထင်းရှီအား မယုံကြည်နိုင်သည့်အမူအယာဖြင့် စိုက်ကြည့်နေသည်။

ထို့နောက် အနည်းငယ်ကြာမှ သက်ပြင်းတစ်ချက်ချကာမေးလိုက်သည်။

“ ရှင်ကဘယ်လိုလုပ်သိသွားတာလဲ “

သူမ၏စကားက ထင်းရှီ၏အမေးကို ဝန်ခံလိုက်ပုံရသည်။ ထင်းရှီလည်း မိန်းမလှလေးမှ သူထင်ထားသည်ထက်ပို၍လွယ်လွယ်ဝန်ခံလိုက်၍ အနည်းငယ်အံ့အားသင့်သွားသော်လည်း ပြုံး၍ပြောလိုက်သည်။

“ မင်းနဲ့ငါနဲ့ဝူတန်းမှာ ပထမတစ်ကြိမ်တိုက်ခိုက်တုန်းက မင်းရဲ့ခန္တာကိုယ်က မွှေးပျံ့တဲ့အနံ့တစ်ခုကိုရတယ်လေ။

အဲဒီအနံ့က ယောင်္ကျားလေးအတော်များများဆီမှာ မရှိတတ်ကြဘူး ။ ဒါပေမယ့် ငါသိပ်အမှတ်မထားပါဘူး ။

ကံဆိုးချင်တော့ မင်းကငါ့ကိုနောက်ယောင်ခံပြီးလိုက်ခဲ့သေးတယ် ။ အဲဒီမှာ ငါမင်းကိုစမ်းသပ်ရအောင် မင်းရဲ့အဝတ်တွေကိုချွတ်မယ်လို့ပြောခဲ့တာ ။

အဲဒီအချိန်မှာ မင်းရဲ့တုန့်ပြန်မှုကသေရမှာထက်ကြောက်ပုံရတယ်လေ။ အဲဒီအချက်ကြောင့် ငါမင်းကို ယောင်္ကျားလေးဆောင်ထားတဲ့မိန်းကလေးတစ်ယောင်ဖြစ်မှန်းရိပ်မိသွားတာ။

အခုဆိုင်ထဲမှာ မင်းကပုံစံပြောင်းပြီးဝင်လာပေမယ့် မင်းရဲ့ကိုယ်သင်းရနံ့နဲ့ မျက်လုံးတွေကိုငါတန်းပြီးမှတ်မိလိုက်တယ်လေ ။

လူတစ်ယောက်ကဘယ်လောက်ပဲရုပ်ဖျက်တာတော်နေပါစေ သူ့ရဲ့မျက်လုံးကိုတော့ပြောင်းလဲလို့မှမရတာ “

ထင်းရှီမှ ရှည်လျားစွာရှင်းပြလိုက်ကာ စားသောက်နေခြင်းအား လက်စသတ်လိုက်သည် ။

ထင်းရှီ၏ပုံစံမှာ အေးဆေးသော်လည်း မိန်းမလှလေးမှာ အမူအယာအမျိုးမျိုးပြောင်းလဲနေကာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ အလျော့ပေးသည့်လေသံဖြင့်ပြောလိုက်သည်။

“ ရှင်ကဒီလောက်အထိစေ့စပ်တာပဲ ကောင်းပြီလေ ကျမဒီတစ်ခါရှုံးတာကိုဝန်ခံပါတယ် “

မိန်းမလှလေးမှ ပင့်သက်ရှုက်ရင်းပြောလိုက်သည်။ ထို့နောက် ချက်ခြင်းပင် သူမ၏အကြည့်များစူးရှလာကာ ထင်းရှီအားတင်းမာသည့်လေသံဖြင့်မေးလိုက်သည်။

“ ရှင်ကတောအုပ်ထဲမှာထဲက ကျမမိန်းကလေးမှန်းသိနေတာကိုတောင်အလျော့မပေးတဲ့အပြင် ကျမဆီက ငွေထုပ်ကိုတောင်ဓားပြတိုက်သွားသေးတယ် အဲဒီကိစ္စကရော “

ထင်းရှီလည်း သ်ူ၏နောက်ဆက်တွဲမေးခွန်းကြောင့် နှာခေါင်းကိုပွတ်လိုက်မိကာ ရှက်ရွံ့စွာပြုံးလိုက်သည်။

ထို့နောက် မိန်းမလှလေးအားကြည့်ကာ အရေထူစွာပြောလိုက်သည်။

“ အဟမ်း ဒါက ငါစိတ်အနှောင့်အယှက်ဖြစ်တဲ့အတွက် ရတဲ့လျှော်ကြေးပေါ့ “

ထင်းရှီ၏ အရှက်မဲ့သည့်စကားကြောင့် မိန်းမလှလေးမှ နှာခေါင်းတစ်ချက်ရှုံ့လိုက်သော်လည်း တစ်စုံတစ်ရာထပ်မံပြောဆိုခြင်းမရှိတော့ပေ။

“ မင်းကငါ့နောက်ကို ဘာဖြစ်လို့လိုက်နေတာလဲ “

ထင်းရှီမှ မိန်းမလှလေးကိုစေ့စေ့ကြည့်ကြမေးလိုက်သည်။ ထိုမိန်းကလေးမှ ယခုသူနှင့်ဆုံခြင်းသည် တိုက်ဆိုင်ခြင်းမဟုတ်နိုင်။

“ ကျမရှင့်ကို တိုက်ခိုက်ပြီးအနိုင်ယူချင်တယ် ။ ဒီနေ့မတိုင်ခင်က ကျမတစ်ခါမှမရှုံးခဲ့ဖူးဘူး “

မိန်းမလှလေးမှ ထင်းရှီအား အနည်းငယ်မကျေမနပ်ဖြစ်‌နေသည့် အသံစွက်နေသည့်လေသံဖြင့်ပြောလိုက်သည်။ သူမ၏စကားကြောင့် ထင်းရှီ၏မျက်ခုံးများမြင့်တတ်သွားကာ ခေါင်းယမ်းလိုက်မိသည်။

“ မိန်းကလေး မင်းရဲ့သိုင်းပညာက ငါမြင်ဖူးတဲ့လူငယ်တွေထဲမှာ ထိပ်တန်းလို့ပြောလို့ရတယ် ။

သိုင်းလောကမှာ တစ်တောင်ထက်နောက်ထပ်တစ်တောင်ကပိုပြီးမြင့်တယ်ဆိုတဲ့စကားကိုကြားဖူးမှာပါ။

မင်းအရင်ကမရှုံးနိမ့်ဖူးပေမယ့် သိုင်းလောကမှာ ပုန်းနေတဲ့နဂါးတွေရှိသေးတယ်။ မင်းအရှုံးကို လက်ခံနိုင်ရမယ်လေ “

ထင်းရှီမှ ဖြောင့်ဖြလိုက်သည်။ သို့သော် မိန်းမလှလေးမှ သူ၏စကားကိုလက်ခံနိုင်ဟန်မတူပေ။

“ ဘယ်လိုပဲဖြစ်ဖြစ်လေ ကျမကသိုင်းထိပ်သီးဆယ်ယောက်စာရင်းကလူတွေနဲ့တိုက်ရင်တောင် မရှုံးနိမ့်ဘူးလို့ယုံကြည်ချက်ရှိတယ်။

ဒါပေမယ့် ရှင့်လိုနာမည်မရှိတဲ့လူကိုရှုံးနိမ့်ထားတော့ ရှင့်ကိုအနိုင်ယူနိုင်တဲအထိ လိုက်နေမှာပဲ ။

ရှင်တိုက်ခိုက်တဲ့အခါ ရှင့်ရဲ့ဟာကွက်တွေကိုစောင့်ကြည့်ရမယ် “

မိန်းမလှလေးမှခေါင်းမာစွာပြောလိုက်သည့်အတွက် ထင်းရှီလည်း တစ်စုံတစ်ရာထပ်၍မပြောတော့အေ။

ထို့နောက် သူတို့နှစ်ဦးမှာ ယခင်ကကဲ့သို့ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

“ ခွပ် ခွပ် “

မြင်းနှစ်စီးမှာ တောလမ်းအတိုင်းပြေးလွှားနေသည်။

ထင်းရှီမှာ ရှေ့မှမြင်းပေါ်တွင်ရှိပြီး ထိုမြင်းကို ဝူတန်းတောင်ခြေမြို့မှ ဝယ်ယူလာခြင်းဖြစ်သည်။

ဝူတန်းတောင်မှ စီးမင်မြို့သို့သွားရာတွင် ငါးရက်ခရီးသွားရမည်ဖြစ်ကာ အေးအေးဆေးဆေးသွားပါက တစ်ပတ်ခန့်ခရီးနှင်ရပေမည်။

ကိုယ်ဖော့ပညာကိုအသုံးပြု၍သွားလျှင် မြင်းဖြင့်သွားခြင်းထက်ပို၍လျှင်မြန်နိုင်သော်လည်း ဆက်တိုက်သွားလာနိုင်ခြင်းမရှိပေ။

ထို့ကြောင့်ပင် သိုင်းလောကသားအတော်များများမှာ ခရီးဝေးသွားလာရာတွင်မြင်းများကို အသုံးပြုကြခြင်းဖြစ်သည်။

ထင်းရှီမှာ ရှေ့မှမြင်းပေါ်တွင်ရှိပြီး နောက်မှမြင်းနက်ကြီးပေါ်တွင် မိန်းမလှလေးလိုက်ပါလာသည်။

ထိုမိန်းကလေးမှာ ရှန်ကျောင်းမြို့မှစ၍ သူ၏နောက်သို့ တစ်ရက်နှင့်တစ်ည ထပ်ကြပ်မကွာလိုက်ပါလာသည်။

ထင်းရှီလည်း ခေါင်းမာသည့်ထိုမိန်းကလေးအား တစ်စုံတစ်ရာ ပြောဆို၍မရနိုင်မှန်းသိသည့်နောက် သူ၏နောက်သို့လိုက်ခွင့်ပြုလိုက်သည်။

ဤသို့ဖြင့် မိတ်ဆွေမဟုတ် ရန်သူမဟုတ်သည့်ထိုနှစ်ယောက်မှာ အတူခရီးနှင်လာကြခြင်းဖြစ်သည်။

“ ရှန်းယွင် ရှေ့ကတောအုပ်က နည်းနည်းထူးဆန်းနေတယ် “

ထင်းရှီလည်း သူ၏မြင်းအားအနည်းငယ်နှေးလိုက်ကာ မိန်းမလှလေးအား သတိပေးလိုက်သည်။

သူတို့ခရီးအတူသွားစဉ် ထိုမိန်းကလေး၏နာမည်ကိုသိခဲ့ပြီးဖြစ်သည်။ ထင်းရှီမှာ ထိုမိန်းမလှလေးနှင့် ခရီးအတူသွားနေရင်း သူသိကျွမ်းဖူးသည့် ရှောင်ရှောင့်ကို သတိရမိသွားသည်။

ထိုနှစ်ယောက်မှာ သိုင်းပညာလွန်စွာထက်မြက်ကြသလို လွန်စွာမှလည်းလှပလွန်းသည် ။

ရှောင်ရှောင်မှာ စီးမင်မြို့တွင်ထင်းရှီနှင့်လမ်းခွဲပြီးသည့်နောက် သူမ၏ဆရာမနှင့်လိုက်ပါသွားရာ သိုင်းလောကထဲသို့ ရောက်နေပြီလားမပြောတတ်။

အကယ်၍ သူ၏ညီအစ်ကိုနှစ်ယောက်နှင့်တွေ့ဆုံပြီးပါက ရှောင်ရှောင့်ကိုလည်း လိုက်ရှာရန်ဆုံးဖြတ်လိုက်သည်။

နဂါးစိမ်းဂိုဏ်းချုပ်၏သမီးဖြစ်ကာ သိုင်းလောက၏အလှနတ်သမီးဖြစ်သည့်အတွက် သူမကိုခက်ခက်ခဲခဲလိုက်ရှာရန်လိုမည်မထင်ပေ။

“ ရှင်ကဘာတွေကြောက်နေတာလဲ လာမယ့်‌ဘေးပြေးတွေ့ရုံပေါ့ “

ရှန်းယွင်မှ သူမ၏ဓားရိုးအားလက်ဖြင့်ပွတ်ကာ ထင်းရှီအား လှောင်ပြောင်လိုက်သည်။ ထို့နောက် ရှေ့ရှိတော့အုပ်ထဲသို့ မြင်းကိုအပြေးနှင်သွားလေသည်။

ထိုမိန်းကလေးမှာ ‌လွန်စွာလှပ‌သော်လည်းလွန်စွာခေါင်းမာလှသလို တစ်ခါတစ်ရံ ကလေးဆန်လှသည်။

ထင်းရှီမှာ သူမနှင့်ခရီးအတူသွားစဉ်ကလေးထိန်းရသလိုဖြစ်ကာ အနည်းငယ်စိတ်ညစ်မိသော်လည်း တောအုပ်အတွင်းဝင်သွားသည့် သူမ၏နောက်သို့ အမှီလိုက်သွားရလေသည်။

All Chapters