← Chapters

ဒုတိယအကျော့ရောက်လာသည်

Vol. 2 Ch. 177

ဒုတိယအကျော့ရောက်လာသည်

Vol. 2 Ch. 177

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏အမူအယာမှာပြောင်းလဲသွားပြီး ထင်းရှီအား သတိအနေအထားဖြင့်ကြည့်လိုက်သည်။

ထင်းရှီမှလည်း မျက်စေ့မလွှဲဘဲ ပြုံးထေ့ထေ့မျက်နှာဖြင့် ရင်ဆိုင်လိုက်သည်။

သူတို့နှစ်ဦးမှာ အကြည့်ချင်းဆုံသွားပြီး မီးပွားသေးသေးလေးများပင် ဖြာထွက်လာသည်ဟု ထင်ရသည် ။

သူတို့အကြားရှိလေထုမှာလည်း အေးစက်သွားသည်။

ရှန်းယွင်မှာ နေရင်းထိုင်ရင်း သူမ၏ရှေ့မှလူနှစ်ယောက်၏အမူအယာကြောင့်ကြောင်အသွားသည်။

ထို့နောက် လူငယ်မှာ ထင်းရှီနှင့် တစ်စုံတစ်ရာပတ်သတ်နေသည်ဟု တွေးလိုက်မိသည်။ ထိုစဉ် လူငယ်၏အသံထွက်လာသည်။

“ မင်းကဘယ်သူလဲ ဘယ်လိုလုပ်ပြီး ငါ့ဆရာကို သိနေတာလဲ “

လူငယ်၏စကားသံမှာ မတင်းမာသော်လည်း ပျော့ပြောင်းခြင်းလည်းမရှိပေ။ သူ၏လက်မှာ စားပွဲထောင့်စွန်းကို တင်းတင်းဆုပ်ကိုင်ထားသည်။

ထင်းရှီမှာ တခဏခန့်တွေဝေသွားပြီး ပြုံး၍ ခေါင်းညိမ့်လိုက်သည် ။

“ ဟားးဟားး မင်းရဲ့ဆရာက အမြဲလိုလိုပျင်းရိနေတဲ့ပုံစံရှိတဲ့အဖိုးကြီးတစ်ယောက်အကြောင်းကို မပြောဖူးဘူးလား “

ထင်းရှီ၏စကားအဆုံး၌ လူငယ်၏မျက်နှာမှာပြေလျော့သွားကာ အံ့အားသင့်သည့်အရိပ်အယောင်များပေါ်ထွက်လာသည်။

“ အဲဒီနေ့က ငါ့တို့နန်းတော်ကိုလူတစ်ယောက်ရောက်လာခဲ့တယ် ။ သူကငါ့ဆရာနဲ့တိုက်ခိုက်ခဲ့ပြီးတော့ ငါ့ဆရာက ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ပွဲမရဘဲ သရေကျခဲ့တယ် ။

ဒါပေမယ့် နောက်ပိုင်းအှာ ငါ့ဆရာရဲ့ပြောပုံအရဆိုရင် အဲဒီအဖိုးအိုရဲ့သိုင်းပညာက ဒီ့ထက်အများကြီးနက်ရှိုင်းပြီး သူတောင်ခန့်မှန်းလို့မရဘူးလို့ ဝန်ခံခဲ့တယ် ။

ခင်ဗျားက သူနဲ့ပတ်သတ်နေတာလား “

လူငယ်မှ ရှည်လျားစွာပြောဆို၍ ထင်းရှီအားမေးခွန်းထုတ်လိုက်သည်။ ထင်းရှီလည်း တိတ်ဆိတ်စွာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။

လူငယ်၏အမူအယာမှာ နွေးထွေးလာကာ လက်သီးဆုပ်၍ ဂါရဝပြုလိုက်ပြန်သည်။

“ ကျုပ်ရဲ့မျိုးနွယ်က လုံပါ နာမည်က ချန်ဟိုင် “

လူငယ်၏အပြုအမူအရ ထင်းရှီအား သူ၏မိတ်ဆွေအဖြစ်အသိအမှတ်ပြုလိုက်ပုံရသည် ။

ထိုအချိန်တွင့် သူတို့၏ရှေ့ရှိရှန်းယွင်မှာ နီရဲနေသည့်မျက်နှာနှင့် အနည်းငယ်ဒေါသထွက်နေပုံရသည်။

ထင်းရှီတို့ပြောဆိုနေသည့်အကြောင်းအရာများကို သူမတစ်စုံတစ်ရာမှသိရှိခြင်းမရှိပေ။ ထင်းရှီမှလည်း သူမအားတစ်စုံတစ်ရာရှင်းပြပြောဆိုခြင်းမရှိပေ ။

“ ဟမ့် “

ရှန်းယွင်မှ မကျေမနပ်နှာခေါင်းရှုံ့၍ သူမ၏မကျေလည်မှုကို ပြသလိုက်သည်။ သို့သော် ထင်းရှီမှ မသိချင်ယောင်ဆောင်လိုက်ကာ သူ၏အစားအသောက်များကိာ အာရုံစိုက်၍ စားနေသည်။

“ ဟဲ ဟဲ ညီအစ်ကိုထင်းရှီ မင်းကငါ့ရဲ့မိတ်ဆွေဆိုပေမယ့် ဒီမိန်းမလှလေးက မင်းရဲ့ချစ်သူမဖြစ်နိုင်ဘူး ဟုတ်တယ်မလား “

လုံချန်ဟိုင်မှ ထင်းရှီအား သဘောကျသည့်လေသံဖြင့်ပြော၍ ရှန်းယွင်ဘက်သို့ တောက်ပစွာကြည့်လိုက်သည်။

“ မိန်းမလှလေး မင်းငါ့ရဲ့ချစ်သူဖြစ်ရင်ဘယ်လိုလဲ ငါကရုပ်ရည်မဆိုးဘူး။နောက်ပြီး သိုင်းပညာလည်း သိပ်ပြီးကောင်းတယ် “

ရှန်းယွင်မှ လုံချန်ဟိုင်အား ဆက်ခနဲကြည့်လိုက်ကာ သူမ၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာ၍ အလျှင်အမြန်ပြောလိုက်သည်။

“ ရှင်ကကျမကိုလိုချင်ရင် သူ့ကိုအနိုင်ယူနိုင်မှရမယ် “

ရှန်းယွင်မှ ထင်းရှီအား လှပသည့်လက်ချောင်းလေးများဖြင့်ညွန်ပြကာပြောလိုက်သည်။ သူမ၏စကားကြောင့် လုံချန်ဟိုင်၏မျက်နှာမှာ မဲ့သွားသည် ။

“ မိန်းမလှလေး မင်းကငါ့ကိုအခွင့်အရေးတောင်မပေးပါလား ။ ငါ့ကိုယ်ငါယုံကြည်မှုရှိတယ်ဆိုပေမယ့် ညီအစ်ကိုထင်းရှီက ငါ့ထက်ပိုပြီးအားကောင်းတယ် ။

တကယ်လို့ ငါသာသူ့ကိုစိန်ခေါ်ရင် အနိုင်ရဖို့ နှစ်ဆယ်ရာခိုင်နှုန်းပဲယုံကြည်လျက်ရှိတယ် ။ မင်းနောက်ထပ်တစ်မျိုးပြောင်းပြောပါလား “

လုံချန်ဟိုင်မှာ တုံးအသည်ဟုထင်ရသော်လည်း အမှန်က ပါးနပ်ပေသည်။ ယခုမှတွေ့ဆုံခြင်းဖြစ်သော်လည ထင်းရှီ၏သိုင်းပညာအဆင့်ကို သူအနည်းငယ်ခန့်မှန်းနိုင်သည်။

ရှန်းယွင်မှမူ ခေါင်းကို တွင်တွင်ခါယမ်းကာ ငြင်းပယ်လိုက်သည်။

“ မရဘူး ရှင်ကျမကိုလိုချင်ရင် သူ့ကိုအနိုင်ယူနိုင်ရမယ် “

ထိုနှစ်ယောက်ဆူညံနေကြစဉ် ထင်းရှီမှာ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ရာကို တွေးတောနေသည်။

သူ၏အာရုံမှာ ထိုနှစ်ယောက်ဆီတွင်မရှိဘဲ အခြားတစ်နေရာသို့ လွင့်ပျံ့နေပုံရသည်။ ထို့နောက် သူ၏အကြည့်များ စားပွဲထောင့်စွန်းဆီသို့ရောက်သွားကာ ခပ်ယောင်ယောင်အပြုံးလေးပေါ်လာသည် ။

မာကျောလှသည့်စားပွဲခုံထောင့်စွန်းတွင် လက်ချောင်းရာများ နစ်ဝင်လျက်ရှိသည်

….

&&&&&&&

ညအချိန်

သန်းခေါင်ယံကိုကျော်လွန်သွားပြီဖြစ်ကာ နေ့တစ်နေ့တွင် အိပ်မောကျရန်အကောင်းဆုံးအချိန်ဖြစ်၍ မြို့တွင်းမှလူများနှစ်ခြိုက်စွာအိပ်ပျော်နေကြသည်။

တည်းခိုခန်း၏ပြတင်းပေါက်တစ်ခုညင်သာစွာပွင့်ဟသွားကာ အခန်းတွင်းသို့ အဖြူရောင်အမှုန့်များ ဝင်ရောက်သွားသည်။

အကယ်၍ အတွင်းအားကောင်းသည့် ထိပ်သီးသိုင်းသမားတစ်ဦးဆိုပါက ပြတင်းပေါက်၏ဘေးတွင်ကပ်နေသည့် အနက်ရောင်လူရိပ်တစ်ခုကို တွေ့မြင်ရပေလိမ့်မည် ။

ထိုအရိပ်မှာ ပြတင်းပေါက်၏ဘေးတွင် တောက်တဲ့တစ်ကောင်လို အသေအချာကပ်တွယ်နေသည် ။

ထို့နောက် အခန်းတွင်းသို့တခဏစောင့်ကြည့်ပြီးနောက် ထိုအရိပ်မှာ မြေပြင်ပေါ်သို့ ညင်သာစွာကျသွားပြီး မြို့အပြင်ဘက်တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။

“ ထင်းရှီ ရှင်အထဲမှာရှိလား “

ထိုအခန်း၏တံခါးရှေ့မှ ခေါ်သံထွက်ပေါ်လာကာ လှပသည့်ပုံရိပ်တစ်ခု ပေါ်လာသည် ။

အခန်းတံခါးအား လက်ဖြင့်တွန်းကြည့်ရာစေ့ရုံစေ့ထားသဖြင့် အခန်းတွင်းသို့ ဝင်ရောက်လိုက်သည်။

ထိုလူရိပ်မှာ ထင်းရှီ၏ဘေးချင်းကပ်လျက်အခန်းတွင်းရှိ ရှန်းယွင်ပင်ဖြစ်သည်။

သူမနှင့်ထင်းရှီတို့ စားသောက်ပြီးနောက် အခန်းတစ်ခုစီယူကာ ထိုတည်းခိုခန်းတွင်ပင် ညအိပ်ကြခြင်းဖြစ်သည်။

သို့သော် သူမအိပ်စက်ခြင်းမရှိဘဲ အတွင်းအားလေ့ကျင့်နေစဉ် ဘေးဘက်ရှိ ထင်းရှီ၏အခန်းဆီမှ လှုပ်ရှားမှုကိုခံစားမိသဖြင့် ထင်းရှီ၏အခန်းထဲသို့ ဝင်လာခြင်းဖြစ်သည်။

အခန်းတွင်း၌မူ လူရိပ်လူယောင်မမြင်ရဘဲ အဖြူရောင်မီးခိုးငွေ့များကိုသာတွေ့ရသဖြင့် မျက်နှာကွက်ခနဲပျက်သွားကာ

သူမ၏နှာခေါင်းအားအုပ်ကာ အသက်ကိုအောင့်လိုက်သည်။

ထို့နောက် ခြေရာလက်ရာများအား စစ်ဆေးကာ ပွင့်နေသည့်ပြတင်းပေါက်မှတစ်ဆင့် ခုန်ဆင်းသွားလေသည် ။

သူမနှင့်မရှေးမနှောင်းပင် ဝဲဘက်အစွန်ရှိအခန်းတစ်ခုဆီမှ အစိမ်းရောင်လူရိပ်တစ်ရိပ်လည်း အောက်သို့ခုန်ချကာ ပျောက်ကွယ်သွားပြန်သည်။

မြို့အပြင်ဘက်ရှိ ဝောာအုပ်ထဲတွင်

အနက်ရောင်လူရိပ်တစ်ခုမှာ တစ္ဆေသရဲတစ်ကောင်လို လျှင်မြန်စွာရွေ့လျားနေသည်။

မှိန်ဖျော့သည့် လရောင်၏အလင်းအောက်တွင် ထိုလူရိပ်မှာ တစ်ခါတစ်ရံပျောက်ကွယ်သွားသည်ဟုပင်ထင်ရသည်။

အနက်ရောင်လူရိပ်မှာ ရပ်တန့်သွားသည် ။သူ၏မျက်လုံးများက ရှေ့ဆီသို့ စူးစိုက်ကြည့်နေကာ လှုပ်ရှားခြင်းမပြုတော့ပေ။

သူ၏ရှေ့ရှိ သစ်ပင်ကြီးတစ်တွင် အဖြူရောင်နှင့်အဝါရောင်ဝတ်စုံကိုရောယှက်ထားသည့် ဝူတန်းဂိုဏ်းသားဝတ်စုံဖြင့်လူတစ်ရောက်ရပ်နေသည်။

ထိုလူ၏ဝတ်စုံမှာ စုတ်ပြဲနေသလို ဓားအိမ်နှင့်ဓားကို ဖြစ်တတ်ကဆန်း ခါးစည်းတွင်ထိုးထားသည်။

သူ၏မျက်နှာမှာ အိပ်ရေးဝဟန်မရဘဲ အနည်းငယ်သမ်းဝေကာ မျက်လုံးများမှေးစင်းနေသည်။ ထို့နောက် ထိုလူရိပ်ဆီမှပျင်းရိနေသည့်လေသံထွက်ပေါ်လာသည်။

“ ငါအိပ်နေတဲ့အခန်းထဲကို အဆိပ်ငွေ့တွေပစ်ထည့်တာက နည်းနည်းရိုးစင်းတဲ့အကွက်ပဲ ။ ခင်ဗျားရဲ့ကိုယ်ဖော့ပညာကိုတော့ ချီးကျူးရမယ် ခင်ဗျားကဘယ်သူလဲ “

ထင်းရှီ၏မေးခွန်းကို အနက်ရောင်ဝတ်စုံနှင့်လူမှ တစ်ချက်ပြုံး၍ တည်ငြိမ်စွာပြောလိုက်သည် ။

“ ကျုပ်က ခရမ်းရောင်သွေးလဂိုဏ်းက အရိပ်တပ်ဖွဲ့က ။ ကျုပ်ရဲ့တာဝန်က မင်းကိုမြားခေါ်ရုံသက်သက်ပဲ “

ထိုလူ၏စကားဆုံးသည်နှင့် သစ်ပင်များကြားမှ လူသုံးယောက်ထွက်ပေါ်လာသည် ။

ထိုလူများမှာ အပေါ်ပိုင်းဗလာကျင်းထားသည့်လူငယ်နှစ်ယောက်နှင့် အသက်ငါးဆယ်ကျော်လူကြီးတစ်ယောက်တို့ဖြစ်သည် ။

လူငယ်နှစ်ယောက်မှာ ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်ရှိကာ လက်နက်တစ်စုံတစ်ရာမပါပေ ။

အသက်ခြောက်ဆယ်ကျော်အရွယ်လူကြီးမှာမူ သိမ်းငှက်နှာခေါင်းကဲ့သို့ ကောက်ကွေ့သည့်နှာခေါင်းကိုပိုင်ဆိုင်ထားကာ မျက်လုံးအနည်းငယ်စွေနေသည်။

ထိုလူ၏ဝတ်ပုံစားပုံမှာ ထူးခြားလှသလို သူ၏ခါးတွင်လည်း ဓားတိုလေးနှစ်ချောင်းကိုချိတ်ဆွဲထားသည် ။

ထင်းရှီမှာမူ ထိုလူများရှိနေသည့်ကို ကြိုတင်၍သိနေသည်အလား ထိုသုံးယောက်ကို မမှိတ်မသုန်ကြည့်နေသည်။

အရိပ်တပ်ဖွဲ့မှ အနက်ရောင်ဝတ်စုံနှင့်လူမှာ ကိုယ်ဖော့ပညာထူးချွန်လှသော်လည်း သိုင်းပညာမှာ ထိပ်တန်းအဆင့်သာရှိသည်။

သို့သော် နောက်ထပ်ရောက်လာသည့်လူသုံးယောက်ထဲမှအဖိုးကြီးဆီမှ အန္တရာယ်အငွေ့အသက်များအပြင်းအထန်ရနေကာ အဆိပ်ပြင်းထန်လှသည့် သတ္တဝါတစ်ကောင်ကို ရင်ဆိုင်နေရသည်နှင့် တူလှသည်။

ထို့အပြင် ထိုအဖိုးကြီး၏ဝတ်စားပုံအရဆိုလျှင် ....

“ အဆိပ်ဘုရင်ကို ဂါရဝပြုပါတယ် ကျုပ်ရဲ့တာဝန်ပြီးဆုံးသွားပါပြီ “

ထင်းရှီနှင့်စကားပြောခဲ့သည့်လူမှ လူကြီးအား အရိုအသေပေးကာ ပြောလိုက်သည်။

ထိုလူကြီးမှ လက်ကိုဝေ့ယမ်းပြလိုက်ပြီး ထင်းရှီ၏ရှေ့သို့လျှောက်သွားလိုက်သည်။

သူ၏နောက်တွင်မူ လူငယ်နှစ်ယောက်မှ ဟန်အမူအယာကင်းမဲ့သည့်မျက်နှာဖြင့်လိုက်ပါလာကြသည်။

“ ဂိုဏ်းချုပ်ကမင်းကို တန်ဖိုးထားတဲ့အပြင် လက်ဝါးအဖိုးကြီးက အနိုင်မယူနိုင်ဘူးလို့ဝန်ခံထားတော့ ငါနည်းနည်းစိတ်ဝင်စားတယ် ။

နောက်ပြီး အခုဂိုဏ်းချုပ်က မင်းကို အရှင်ဖမ်းလို့မရရင် အလောင်းကိုရရင်တော်ပြီလို့ပြောလိုက်တယ် ။ ဒါကြောင့် အသာတကြည်လိုက်ခဲ့ရင်ကောင်းမယ်ထင်တယ် “

ထိုအဖိုးအိုမှ ထင်းရှီအား တန်း၍ အညံ့ခံရန်စည်းရုံးလိုက်သည်။ သူ၏စကားမှာ အနည်းငယ်ရယ်ရွှင်ဖွယ်ကောင်းနေသည်။

“ ကျုပ်ရဲ့အဖြေကို ပြောပြီးသားပဲ ခင်ဗျားတို့ ခရမ်းရောင်သွေးလဂိုဏ်ကိုဝင်ဖို့ စိတ်မဝင်စားပါဘူးလို့ ။

နောက်ပြီးခင်ဗျားတို့က ကျုပ်ကို တစ်ခါပြီးတစ်ခါနှောင့်ယှက်နေတယ် ။။ဒီညလည်း ကျုပ်ရဲ့တန်ဖိုးရှိတဲ့အိပ်ချိန်တွေဆုံးရှုံးလိုက်ရတဲ့အတွက် အလွယ်တကူတော့ အလွတ်မပေးနိုင်ဘူး “

ထင်းရှီမှ အဖိုးကြီးအားကြည့်ကာ ပျင်းရိပျင်းတွဲလေသံဖြင့်ပြောလိုက်သည်။

သူ၏စကားကို အဖိုးကြီးမှ စိတ်ဆိုးပုံမရဘဲပြုံးလိုက်သည်။

“ ဟိုနားမှာပုန်းနေတဲ့ မင်းရဲ့မိတ်ဆွေမိန်းကလေးကတော့ ဒီလိုတွေးမှာမဟုတ်ဘူး “

အဖိုးကြီး၏စကားဆုံးသည်နှင့် ထင်းရှီ၏ဝဲဘကိခပ်လှမ်းလှမ်းမှသစ်ပင်ကြီးပေါ်သို့ အလင်းတန်းနှစ်ခု လျှပ်ပြတ်သလို ပြေးဝင်သွားသည်။

အထီးကျန်ဓား၏သိုင်းပုံပြင်

အပိုင်း(၁၇၈)

အပြင်ပိုင်းခန္တာကိုယ်ကျင့်စဉ်

“ ထန် ထန် “

အသံနှစ်ခုထွက်ပေါ်လာပြီးနောက် ပြောင်လက်သည့်အရာဝတ္ထုလေးနှစ်ခုမှာ သစ်ပင်ထက်မှ ဘေးဘက်ဆီသို့ လွင့်စင်သွားသည်။

ထို့နောက် ကျောက်စိမ်းရောင်ဝတ်စုံနှင့် အသက်ရှူမှားလောက်အောင် လှပသည့်ပုံရိပ်လေးတစ်ခုမှာ သစ်ပင်ထက်မှ ပေါ့ပါးစွာကျဆင်းလာသည်။

သစ်ပင်ထက်မှ မိန်းမပျိုလေးမှာ ပေါ့ပါးလှသဖြင့် ငှက်မွှေးလေးတစ်ခု လေနှင့်အတူလွင့်လာသလိုပင်ထင်ရလေသည်။

သို့သော် သူမ၏လှုပ်ရှားမှုမှယ အတော်လေးမြန်ဆန်ကာ ထင်းရှီ၏ဘေးသို့ မျက်စေ့တစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

သူမ၏သေသပ်အဆင့်မြင့်လှသည့်လှုပ်ရှားမှုနှင့်နှိုင်းယှဉ်လိုက်ပါက ခပ်စောစောမှ အနက်ရောင်ဝတ်စုံနှင့်အရိပ်တပ်ဖွဲ့မှလူ၏လှုပ်ရှားပုံမှာ ဆီနှင့်ရေပမာကွာခြားလှသည်။

ထင်းရှီကား မျက်ခုံးအနည်းငယ်တွန့်ချိုးကာ သူမအား တစ်ချက်စိုက်ကြည့်လိုက်သည်။

သူမသူ၏နောက်သို့လိုက်လာသည်ကို ရိပ်စားမိလိုက်သော်လည်း ယခုအချိန်တွင်မူ တိုက်ပွဲအတွင်းသို့ဝင်ပါတော့မည့်ပုံရသည် ။

ထိုသို့ဝင်ပါရစေရန်လည်း တစ်ဖက်မှအဘိုးအိုမှ ဆွဲသွင်းလိုက်သည်မဟုတ်ပါလား ။

ရှန်းမိန်မှာမူ တစ်စုံတစ်ရာပြုလုပ်မထားသည့်အသွင်ဖြင့် အပြစ်ကင်းစင်သည့်ဟန်ရှိနေသည်။

သူမ၏မျက်လုံးလေးများကမူ တလက်လက်တောက်ပနေကာ အဖိုးအိုအားဒေါသတကြီးစိုက်ကြည့်နေသည်။

“ ဟဲ ဟဲ ငါမင်းရဲ့ဘေးနားကလူတွေကို စုံစမ်းထားပါတယ်ကွ ။ မိန်းကလေး မင်းကလေဟုန်သခင်ရဲ့တပည့်ဖြစ်ပေမယ့် ငါတို့လမ်းကြောင်းကို ခဏခဏလာပိတ်နေရင်တော့ မသက်ညှာနိုင်ဘူးနော် “

အဖိုးအိုမှ ရှန်းယွင်အားရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်ကာ စကားဆုံးသည်နှင့် သူ၏လေသံမှာ ပို၍ အေးစိမ့်သွားသည်။

ရှန်းယွင်မှလည်း စကားအရာတွင်ပင် တစ်စက်ကလေးမှအကျောမခံပေ။ လှပသည့်ချယ်ရီရောင်နှုတ်ခမ်းလေးများကိုစုကာ တရစက်ပြောလိုက်သည်။

“ ရှင်ကကျမကိုချိန်းခြောက်နေတာလား အဖိုးကြီး ကျမရဲ့ဆရာတွေသာသိရင် ရှင့်ကို သုံးပိုင်းဆွဲဖြဲပစ်မှာ ။

ဒါပေမယ့် အခုလည်း ကျမက ရှင့်ကိုအသာအယာပဲအနိုင်ယူနိုင်သေးတယ်။ ရှင့်ရဲ့ အိုမင်းနေတဲ့အသက်လေး ရှည်ရှည်နေချင်ရင် အခုလှည့်ပြန်သွားလိုက် “

ရှန်းယွင်၏စကားစစ်ထိုးမှုမှာ ထိရောက်သည်ဟုဆိုရပေမည်။

အဖိုးအိုမှာသူ၏သိုင်းပညာ သူ၏ဝါစဉ်အရ ယခုလိုစော်ကားပြောဆိုမှုကိုမခံဖူး၍ မျက်နှာကြီးမည်းမှောင်သွားသည်။

ထို့နောက် နောက်လှည့်မကြည့်ဘဲ အေးစိမ့်နေသည့်လေသံဖြင့် အံကိုကြိတ်၍ အမိန့်ပေးလိုက်သည်။

“ မင်းတို့နှစ်ယောက် သူ့ကိုသတ်လိုက် “

အဖိုးအို၏နောက်မှ ထွားကျိုင်းသည့်လူငယ်နှစ်‌ယောက်မှာ ရှန်းယွင်ဆီသို့ ပြေးသွားကြသည် ။

အဖိုးအိုကမူ ထင်းရှီကို အလွတ်မပေးဘဲ စွေစောင်းနေသည့်မျက်လုံးများဖြင့် မြွေဟောက်တစ်ကောင်လို အန္တရာယ်ရှိစွာစူးစိုက်ကြည့်နေသည်။

ထိုနှစ်ဦးမှာ သိုင်းပညာမဆိုးလှသော်လည်းထိပ်တန်းလွန်သိုင်းအဆင့်သာရှိနေသေးပေသည်။

ရှန်းယွင်မှာ အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်သည့်အတွက် သူမအားတိုက်ခိုက်ရန် မည်သည့်အတွက်ထိုနှစ်ယောင်ကို စေလွှတ်မှန်းမခန့်မှန်းနိုင်ပေ။

ထင်းရှီလည်း တစ်စုံတစ်ရာလှုပ်ရှားမှုမပြုဘဲ အသာရပ်၍စောင့်ကြည့်နေလိုက်သည်။

ရှန်းယွင်လည်း တစ်ဖက်မှလူနှစ်ယောက်၏သိုင်းအဆင့်ကိုသိသည်နှင့် သူမ၏မျက်နှာထက်တွင် အေးစက်လှပသည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။

ထို့နောက် ထိုနှစ်ယောက်အားအလျှင်အမြန်အဆုံးသတ်ပေးရန် ရှေ့သို့‌လျှင်မြန်စွာရွေ့လျားလိုက်သည်။ ထို့အတူ သူမ၏လက်နှစ်ဖက်သည်လည်း ရိပ်ခနဲလှုပ်ရှားလိုက်သည်။

သူမ၏ခန္တာကိုယ်မှာ အရိပ်တစ်ခုလိုပျောက်ကွယ်သွားကာ လူငယ်နှစ်ယောက်၏ကျောဘက်သို့ရောက်ရှိသွားသည်။

တစ်ဆက်တည်းသူမ၏ဓားနှစ်လက်သည်လည်း လူငယ်နှစ်ယောက်၏နောက်ကျောကို ထိုးစိုက်ပြီးဖြစ်ချေသည်။ သို့သော် သူမမျှော်လင့်ထားသလို နာကျင်စွာအော်ဟစ်လိုက်သံများ ထွက်ပေါ်မလာပေ ။

“ ချွမ် ချွမ် “

သံကိုသံချင်းထိခတ်သံကဲ့သို့ထွက်ပေါ်လာကာ သူမ၏လက်နှစ်ဖက်ပင်အနည်းငယ်ထုံကျင်သွားသည်။

ရှန်းယွင်မှာ မျက်လုံးလေးဝိုင်းသွားကာ အံ့အားသင့်သွားသည်။ ဘေးမှရပ်ကြည့်နေသည့်ထင်းရှီပင် အံ့ဩရိပ်အနည်းငယ်ဖြတ်ပြေးသွားသည်။

ထိုနှစ်ယောက်မှာ အပေါ်ပိုင်းဗလာကျင်းထားသည့်အတွက် ဓားလှံကိုခုခံနိုင်သည့်ချပ်ဝတ်တစ်စုံတစ်ရာဝတ်ဆင်မထားကြောင်းထင်ရှားပေသည် ။

ထို့ကြောင့်ဖြစ်နိုင်ချေတစ်ခုမှာ ထိုလူငယ်နှစ်ယောက်မှာ ဓားလှံမတိုးနိုင်သည့် ရှောင်လင်မှသံမဏိခန္တာကျင့်စဉ်ကဲ့သို့ ပြင်းထန်သည့်အပြင်ပိုင်းသိုင်းပညာတစ်ခုခုကို လေ့ကျင့်ထားခြင်းဖြစ်ရပေမည်။

ကိုယ်တိုင်တိုက်ခိုက်နေရသည့်ရှန်းယွင်မှုမး များစွာအံ့သြချိန်မရလိုက်ပေ။ လူငယ်နှစ်‌ယောက်မှ ချက်ခြင်းလိုလိုနောက်လှည့်လာကာ အံ့အားသင့်နေသည့်ရှန်းယွင်ကို လက်ဝါးတစ်ချက်စီ ရိုက်ထုတ်လိုက်သည်။

“ ဟူးးဟူးးး “

လေခွင်းသံပြင်းထန်စွာထွက်ပေါ်လာသော်လည်း လက်ဝါးရိုက်ချက်နှစ်ခုမှာ လေထုကိုသာရိုက်မိသွားသည်။

ထိုအချိန်တွင် ရှန်းယွင်မှာ အနောက်ဘက်ခြေငါးလှမ်းအကွာသို့ ထူးဆန်းစွာရှောင်တိမ်းသွားပြီဖြစ်သည်။

သူမဒဏ်ရာတစ်စုံတစ်ရာမရရှိသော်လည်း ယခုလို သူမထက်သိုင်းပညာအဆင့်နိမ့်သည့်လူများထံမှ အသေအလဲရှောင်တိမ်းလိုက်ရသဖြင့် သူမ၏မျက်နှာလေးမှာ ဖြန်းခနဲ နီရဲသွားကာ ရှက်ဒေါသထွက်သွားသည် ။

သူမယခုလိုဖြစ်သွားရခြင်းမှာ သူမ၏သိုင်းပညာနိမ့်ကျ၍မဟုတ်ဘဲ တစ်ဖက်လူအား အထင်အမြင်သေးထားခြင်းနှင့် ရုတ်တရက်အံ့ဩသွားခြင်းကြောင့်သာဖြစ်သည်။

သို့သော် ရှန်းယွင်လိုဥာဏ်ကောင်းသည့်မြေခွေးမလေးမှာ တူညီသည့်အမှားကို နောက်ထပ်တစ်ကြိမ်ထပ်မံလုပ်မည်မဟုတ်တော့ပေ။

“ ဝှစ် “

ရှန်းယွင်၏ခန္တာကိုယ်မှာ နောက်ထပ်တစ်ကြိမ်မှုန်ဝါးသွားကာ ပျောက်ကွယ်သွားပြန်သည် ။

လေထုထဲတွင်မူ အလင်းရောင်များ လက်ခနဲ ဖြစ်သွားကာ ဓားနှစ်လက်မှာ လူငယ်နှစ်ယောက်၏ပျော့ကွက်နေရာများသို့တိုးဝင်သွားသည် ။

ပျော့ကွက်ဟုဆိုရာတွင် သာမန်သိုင်းသမားများအတွက် ဓားလက်နက်နှင့်ရင်ဆိုင်ရာတွင် အရေးကြီးသည့်သေကွင်းသေကွက်နေရာများသာမက သာမန်ခန္တာကိုယ်အစိတ်အပိုင်းများကိုပင် မထိခိုက်စေရန် အတတ်နိုင်ဆုံး ခုခံရှောင်တိမ်းကြ၏ ။

သို့ရာတွင် သံမဏိခန္တာကိုယ်ကျင့်စဉ်ကဲ့သို့ အပြင်ပန်းခန္တာကိုယ်ကျင့်စဉ်တစ်ခုခုကိုလေ့ကျင့်ထားသည့်သိုင်းသမားများကို ထိခိုက်ဒဏ်ရာရ‌စေရန်လွန်စွာခဲယဉ်းလှသည် ။

ထိုသူများကို တိုက်ခိုက်ရာတွင် အကောင်းဆုံးမှာ ရတနာစာရင်းဝင် လက်နက်တစ်မျိုးမျိုးဖြင့် တိုက်ခိုက်ရန်ပေတည်း ။

နောက်ထပ်တစ်နည်းမှာ ကိုယ်တွင်းအင်္ဂါများကို ကြေမွသွားစေရန် အားကောင်းလှသည့်ထိုးနှက်ချက်များဖြင့်တိုက်ခိုက်ရန်ဖြစ်သည်။

ထိုနည်းနှစ်ခုလုံးအသုံးမပြုပါက မျက်လုံး၊မျက်နှာအစိတ်အပိုင်းများ ၊ လည်ဇလုပ် ၊ နံကြား ၊ တံကောက်ခွက် စသည့် ခန္တာကိုယ်၏ပျော့ကွက်နေရာများကိုတိုက်ခိုက်ရန်ဖြစ်သည်။

ရှန်းယွင်၏တွက်ချက်မှုမှန်ကန်လှသည်။

ဉာဏ်များသည့် မြေခွေးမလေးမှာ ချက်ချင်းလိုလို သူမ၏တိုက်ခိုက်မှုကို ပြောင်းလဲလိုက်ရာ သူမနှင့်တိုက်ခိုက်နေသည့်လူငယ်များကို ထိုနေရာများကို မထိခိုက်စေရန် ရှောင်တိမ်းခြင်း ၊ ခုခံခြင်းဖြင့်အလုပ်များသွားသည်။

လူငယ်တစ်ယောက်မှ သူ၏မျက်လုံးဆီသို့ ရိပ်ခနဲပြေးဝင်လာသည့်ဓားချက်ကို နောက်သို့ ကမန်းကတန်းဆုတ်၍ ရှောင်တိမ်းလိုက်ကာ ကျန်တစ်ယောက်မှာ သူ၏နံကြားဆီသို့ ဝီးခနဲဝင်လာသည့်ဓားအား လက်မောင်းဖြင့်ကာကွယ်လိုက်သည်။

သံကိုသံချင်းခုတ်ထစ်မိသံထွက်ပေါ်လာကာ လူငယ်၏လက်မောင်းမှာ မည်သို့မှမဖြစ်သော်လည်း အတွင်းအားကွာခြားမှုကြောင့် နောက်သို့ ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည်။

ရှန်းယွင်၏လှပသည့်နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ်ကွေးညွှတ်သွားကာ နတ်ဆိုးဆန်သည့်အပြုံးထွက်ပေါ်လာသည် ။

သူမ၏စိတ်ထဲမှအကြောင်းအရာကို အလွယ်တကူခန့်မှန်းနိုင်သော်လည်း သူမ၏အပြုံးမှာ လွန်စွာလှပသည်ကိုတော့ဝန်ခံရပေမည်။

ထို့နောက် သူမ၏ခန္တာကိုယ်ရွေ့လျားသွားပြန်ကာ လူငယ်နှစ်ယောက်ကို အလစ်မပေးဘဲ မုန်တိုင်းကျသလို ဆင့်ကဲဆင့်ကဲ ဆက်တိုက်တိုက်ခိုက်လိုက်သည်။

သို့သော် ရှန်းယွင်အနေဖြင့်လည်း ထိုလူငယ်နှစ်ယောက်ကို ပြတ်ပြတ်သားသားအနိုင်ယူနိုင်ရန်မလွယ်ကူသေးပေ။

နှစ်ယောက်တစ်ယောက်တိုက်ခိုက်နေရသည့်အပြင် သူမ၏ရန်သူများမှာ တိုက်ခိုက်မှုအတော်များများကို မကြောက်ရွံ့သည့်အတွက် ‌အနည်းငယ်အခက်ကြုံရသည် ။

သူမ၏သိုင်းအဆင့်ပို၍မြင့်မားနေခြင်းနှင့် အဆင့်မြင့်လှသည့်ဓားသိုင်း ၊ အံ့ဖွယ်ကိုယ်ဖော့ပညာတို့ကြောင့်သာ သူမအသာစီးယူနိုင်ခြင်းဖြစ်သည်။

ထင်းရှီကား မျက်ခုံးနှစ်ခုကိုတွန့်ချိုး၍ တိုက်ပွဲအားကြည့်နေသည်။ ထိုလူငယ်နှစ်ယောက် ခန္တာကိုယ်ကျင့်စဉ်တစ်မျိုးမျိုးကိုလေ့ကျင့်ထားသည်ကို သိရစဉ်က အနည်းငယ်အံ့အားသင့်သွားသေးသည် ။

အကြောင်းမှာ သိုင်းလောကထဲ၌ ယခုလိုခန္တာကိုယ်ကျင့်စဉ်များမှာ ရှားပါးလှကာ လေ့ကျင့်အောင်မြင်နိုင်ရန်လည်းလွန်စွာခဲယဉ်းလှသည်။

အောင်မြင်ထားသည့် သံမဏိလူတစ်ယောက်နှစ်ယောက်မှာ များစွာကြောက်မက်ဖွယ်မကောင်းသေးသော်လည်း ဆယ်ယောက် ၊ အယောက်နှစ်ဆယ်ဆိုပါက ကွာခြားသွားပေသည်။

ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်စရာမလိုသည့် ထိပ်တန်းသိုင်းအဆင့် သံမဏိလူဆယ်ယောက်နှင့်ရင်ဆိုင်ရပါပ သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ပင် အနိုင်ယူနိုင်မည်မဟုတ်ပေ။

ထင်းရှီမှာ ထိုလူများကိုမြင်လိုက်ရ၍ ကြောက်ရွံ့မှုတစိုးတစိမှ မခံစားရသော်လည်း သူ၏ရန်သူဟုဆိုရမည့်ခရမ်းရောင်သွေးလဂိုဏ်းမှာထိုကဲ့သို့အင်အားမျိုးကိုပါ ထုတ်သုံးနိုင်၍ အတော်လေးအထင်ကြီးသွားမိသည်။

ထို့အပြင် ခရမ်းရောင်သွေးလဂ်ိုဏ်း၏အင်အားအစစ်အမှန်မှာ သိုင်းလောကထဲတွင် ထွက်‌ပေါ်သတင်းများထက် ပို၍တောင့်တင်းလှသည်ကို သံသယဖြစ်ဖွယ်မရှိတော့ပေ။

ထင်းရှီမှာ အချိန်တခဏအတွင်းအတွေးပေါင်းမြောက်များစွာကိုတွေးနေရာမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

ထို့နောက် သူ၏လက်ကို လျှပ်စီးကဲ့သို့ လှုပ်ရှားလိုက်ရာ သူ့ထံသို့ အသံတိတ်ပြေးဝင်လာသည့် ရှည်မျောမျောအရာနှစ်ခုမှာ ထက်ပိုင်းပြတ်၍ ပြုတ်ကျသွားသည် ။

All Chapters