သူကငါ့ရဲ့ဆရာတူညီမ
Vol. 2 Ch. 187
“ ဟေ့ ဒီလောက်အထိလိုက်ကြည့်မနေပါနဲ့ ရှင့်ရဲ့မျက်လုံးကြီးလည ကျွတ်ထွက်သွားဦးမယ် “
ရှန်းယွင်မှာ ဆိုင်အပြင်ဘက်အထိငေးမောနေသည့်ထင်းရှီအားကြည့်၍ အမြင်ကပ်စွာပြောလိုက်သည်။
သူမ၏စကားကြောင့် ထင်းရှီလည်း အနည်းငယ်ရှက်ရွံ့သွားကာ နှာခေါင်းကိုပွတ်လိုက်မိသည်။ ထို့နောက် သူ၏မျက်နှာတည်ကြည်သွားကာ ရှန်းယွင်အားကြည့်လိုက်သည်။
“ အရင်က မင်းပြောတာ ကျန်းနန်ကိုသွားမှာဆို အခုငါတို့လည်း လမ်းခွဲသင့်ပြီထင်တယ် “
ထင်းရှီ၏စကားကြောင့် ရှန်းယွင်၏မျက်နှာမှာ အနည်းငယ်ပျက်ယွင်းသွားကာ မျက်လုံးကိုတောင်ကြည့်မြောက်ကြည့်လုပ်ရင်း ထင်းရှီ၏အကြည့်ကိုလွှဲဖယ်လိုက်သည်။
“ ဝါး ဒီဆိုင်ကရေနွေးကြမ်းကတကယ်ကောင်းတာပဲ ။ မဟုတ်မှလွဲရော စီချွမ်းလက်ဖတ်ခြောက်ထင်တယ်။ အင်းးး နာမည်နဲ့လိုက်ပါတယ် “
ရှန်းယွင်မှ ခေါင်းတဆက်ဆက်ငြိမ်၍ အလေးအနက်ဆိုလိုက်သည် ။
မဆီမဆိုင်စကားလမ်းကြောင်းလွဲကာ ရေနွေးကိုတဖူးဖူးမှုတ်သောက်နေသည့်မိန်းမလှလေးအားကြည့်ကာ ရယ်ရမလိုငိုရမလိုဖြစ်သွားမိသည်။
ထိမ်းချုပ်ရခက်လှသည့်သူမအားကြည့်ကာ သူ၏ဦးခေါင်းများပင် တဆစ်ဆစ်ကိုက်လာသည်ဟု ထင်လိုက်ရသည်။
“ ဖြန်း..... “
“ စကားလမ်းကြောင်းမလွှဲနဲ့။ မင်းဘာရည်ရွယ်ချက်နဲ့ ငါ့နောက်ကိုလိုက်နေတာလဲ “
ထင်းရှီမှ စားပွဲအားလက်ဖြင့်ပုတ်၍ ဒေါသထွက်သည့်လေသံဖြင့် ခပ်တင်းတင်းဆိုလိုက်သည်။
သူ၏လေသံမှာ အနည်းငယ်ကျယ်လောင်သွားရာ ဘေးဝိုင်းမှလူများပင်စိတ်ဝင်တစားကြည့်လာကြသည်။
ဆိုင်ထဲသို့ဝင်လာစဉ် သွမ့်ရှင်းရှောင်သာမက ရှန်းယွင်ကောပါ သူမ၏မျက်နှာကို ပဝါပါးပါးလေးဖြင့်ဖုံးအုပ်ထား၍သာတော်တော့သည်။
သို့မဟုတ်ပါက ဤမျှလှပသည့်မိန်းမလှလေးကို တင်းမာသည့်လေသံဖြင့်ပြောဆိုမှုအတွက် ထင်းရှီအား ဝိုင်းဝန်းပြောဆိုကြနိုင်သည်။
သို့သော် ယခုမူ ထိုလူများမှာ သူတို့၏စိတ်ထဲတွင်မည်သည့်အရာများတွေးနေသည်ဟူ၍မပြောတတ် ခေါင်းယမ်း၍ဘေးသို့လှည့်သွားလိုက်ကြသည်။
“ ဘယ်လိုဟာတွေလည်းမသိဘူး သမီးရည်းစားရန်ဖြစ်တာ ဆိုင်ထဲမှာဖြစ်ရတယ်လို့ “
ဆိုင်ကောင်တာမှ ဗိုက်ရွှဲရွှဲနှင့်သူဌေးမှ မှတ်ချက်ပြုလိုက်သည်။
သူ၏နေရာမှာ ထင်းရှီတို့စားပွဲနှင့်အနည်းငယ်လှမ်းကာ လေသံခပ်တိုးတိုးပြောလိုက်ခြင်းဖြစ်သော်လည်း ထိပ်တန်းအဆင့်ကိုကျော်လွန်နေသူများအဖို့ ကောင်းစွာကြားရနိုင်သည်။
ရှန်းယွင်မှာ မျက်နှာလေးနီရဲသွားကာ ရှက်သွေးဖျန်းသွားသော်လည်း သူမ၏နှူတ်ခမ်းလေးအားစူကာ ချွဲပြစ်ပြစ်ဆိုလိုက်သည်။
“ အစ်ကိုကြီးထင်းကလည်း ကျမကိုနှင်ထုတ်ချင်နေတာလား ။ ဒီက အစ်ကိုကြီးထင်းနဲ့မလို့ အခုလိုလျှောက်သွားနေတာပါနော်။
ကျမငယ်ငယ်ထဲက ဘယ်ယောင်္ကျားလေးနဲ့မှ အခုလောက်လက်ပွန်းတတီးမနေဖူးဘူး “
သူမ၏လေသံမှာ နူးညံ့ကာချိုအီနေရုံသာမက မျက်ဝန်းလှလှလေးများသည်လည်း ထင်းရှီအား စူးစိုက်ကြည့်နေသည်။
ထင်းရှီလည်း ဘာဆက်ပြောရမှန်းမသိဘဲ စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းယမ်းလိုက်မိသည်။ ထိုစဉ် ....
“ ဟားးဟားး ဒုတိယအစ်ကိုက မရီးတစ်ယောက်ရလာပြီလား ကျနော်တို့ကိုမိတ်ဆက်ပေးဦးလေ “
ကျယ်လောင်သည့်ရယ်မောသံနှင့်အတူ သူတို့၏စားပွဲဝိုင်းသို့လူနှစ်ယောက်ချဉ်းကပ်လာသည်။
ထင်းရှီမှာ ရင်းနှီးကျွမ်းဝင်နေသည့်အသံကြောင့် ခေါင်းကိုအလျှင်အမြန်မော့ကြည့်လိုက်ရာ အနက်ရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်နှင့် အသက်သုံးဆယ်ကျော်လူတစ်ယောက်ကိုတွေ့လိုက်ရသည်။
လူငယ်မှာ အသက်နှစ်ဆယ်ကျော်အရွယ်သာရှိကာ ချောမောသည့်မျက်နှာနှင့် အထက်တန်းကျသည့်ရုပ်ရည်ရှိသည်။
အသက်သုံးဆယ်ကျော်လူရွယ်မှာမူ တည်ငြိမ်ကာ ခန့်မှန်းမရနိုင်ဘဲ ခါးတွင်သွေးနီရောင်ဓားရှည်တစ်ချောင်းကိုချိတ်ဆွဲထားသည်။
ထင်းရှီ၏မျက်နှာထက်တွင် ပျော်ရွင်သည့်အပြုံးတစ်ခုထင်ဟပ်လာကာ ဝမ်းသာအားရထရပ်လိုက်သည်။
“ အစ်ကိုကြီး တတိယညီလေး “
ထိုနှစ်ယောက်လည်း ထင်းရှီအားကြည့်ကာ ပြုံးလိုက်ရင်း သွမ့်ရှင်းရှောင်နှင့်ဝမ်ယန်တို့ထိုင်ခဲ့သည့်ထိုင်ခုံများတွင် နေရာယူလိုက်ကြသည်။
တင်းဖန်းမှာ တစ်စုံတစ်ရာအားစဉ်းစားနေသည့်ဟန်ဖြင့်မျက်မှောင်ကြုတ်ထားကာ ရှန်းယွင်အား တစ်ချက်တစ်ချက်စိုက်ကြည့်နေသည်။
စီးတုမင်မှာမူ ရှန်းယွင်အားဝေ့ကြည့်ကာ သူ၏မျက်နှာထက်တွင် ရယ်ကျဲကျဲအမးအယာပေါ်ထွက်လာကာ ထင်းရှီအား စနောက်လိုက်သည်။
“ ဒုတိယအစ်ကိုက မရီးလှလှလေးရနေပြီဆိုတော့ ပန်းနတ်သမီးသွမ့်ရှင်းရှောင်ထွက်သွားတာကလည်း အပြစ်ပြောလို့တော့မရဘူး ။
ကျနော့ကိုမှန်မှန်ပြောစမ်း စောစောက သွမ့်ရှင်းရှောင်အစ်ကို့ကိုစိတ်ဆိုးပြီးထွက်သွားတာလား “
စီးတုမင်၏စကားများကြောင့် ရှန်းယွင်မှာ မျက်နှယလှလှလေးပို၍နီရဲသွားကာ ခေါင်းပင်မော့မလာတော့ပေ။
ထင်းရှီမှာ ပုံမှန်ဆိုလျှင်ရဲဝံ့ကာ ကျားရဲပျိုမလေးသဖွယ်ဖြစ်နေသည့်မိန်းကလေးမှ ယခုလိုထူးဆန်းနေသည့်အတွက်အနည်းငယ်အံ့အားသင့်သွားသော်လည်း ပြောချင်ရာပြောနေသည့်စီးတုမင်အားဟန့်တားလိုက်သည်။ သို့သော် ထိုကောင်မှာ ဆက်၍ပြောနေဆဲပင်။
“ ဟဲဟဲ ဒုတိယအစ်ကိုရဲ့စန်းကတော့ တကယ်လက်ဖျားခါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်ထဲက သိုင်းလောကရဲ့အလှနတ်သမီးလေးတစ်ပါးကို ရင်းနှီးအောင်လုပ်နိုင်ပြီး အခုလည်းနောက်ထပ်နတ်သမီးလေးတစ်ပါးနဲ့အကြည်ဆိုက်နေတယ်။ “
စီးတုမင်မှ ထင်းရှီအား လေးစားအားကျသည့်ပုံစံဖြင့်ပြောကာ လျှို့ဝှက်စွာလက်မထောင်ပြလိုက်သည်။
ထင်းရှီမှာ ဗရုတ်သုတ်ခစကားများအား မဖြေရှင်းနိုင်သေးဘဲ သူ၏အစ်ကိုကြီးတင်းဖန်းအား စိတ်ဝင်စားစွာကြည့်လိုက်သည်။
တင်းဖန်းမှာ ရှန်းယွင်အားစူးစိုက်ကြည့်နေရာမှ စိတ်သက်သာရာရသွားဟန်ဖြင့်သက်ပြင်းချ၍ခေါင်းယမ်းသည်ကို သူတွေ့မြင်လိုက်ရသည်။
ထင်းရှီလည်း သိလိုစိတ်အားထိမ်းချုပ်မထားတော့ဘဲ တင်းဖမ်းအားမေးမြန်းလိုက်သည်။
“ အစ်ကိုကြီး ရှန်းယွင်နဲ့သိနေတာလား “
ထင်းရှီ၏စကားကြောင့် စီးတုမင်ပါစိတ်ဝင်စားစွ ကြည့်ရှုလာသည်။
စီးတုမင်မှာ အနည်းငယ်စနောက်တတ်သည်ဆိုသော်လည်း ထုံထိုင်းသူတစ်ယောက်မဟုတ်သည့်အတွက် တင်းဖန်း၏ထူးခြားသည့်အပြုအမူကို သူလည်းသတိထားမိလေသည် ။
တင်းဖန်းမှာ သူ့အားစူးစိုက်ကြည့်နေကြသည့်ညီနှစ်ယောက်အားကြည့်ကာ မချိပြုံးလေးပြုံးလိုက်ရင်းခေါင်းညိမ့်လိုက်သည် ။
“ မင်းတို့ကိုမိတ်ဆက်ပေးရဦးမယ် သူကငါ့ရဲ့ဆရာတူညီမ အရှေ့ပိုင်းကမိုးနတ်သူဇာရှန်းယွင်ပဲ “
တင်းဖန်း၏စကားဆုံးသည်နှင့် သူတို့၏စကားဝိုင်းမှာ တိတ်ဆိတ်သွားသည်။
“ ဘုရားရေတကယ်လား စောစောက အလှနတ်သမီးသွမ့်ရှင်းရှောင်ကဒီကနေထွက်သွားတယ် ။အခုထိုင်နေတာက မိုးနတ်သူဇာရှန်းယွင် ဒုတိအစ်ကို မင်း မင်း... “
စီးတုမင်မှ အံ့ဩတကြီးရေရွတ်လိုက်သည်။ ထင်းရှီမှာမူ စကားတစ်ခွန်းမှမပြောဘဲ စဉ်းစားနေသည်။
“ ကျမ သိုင်းထိပ်သီးနံပါတ်တစ် သခင်လေးထင်းရှီနဲ့ နံပါတ်ကိုး ခုံတုံဂိုဏ်းရဲ့ဆက်ခံသူသခင်လေးစီးတုတို့ကို ဂါရဝပြုပါတယ် “
ရှန်းယွင်မှာယဉ်ကျေးသည့်လေသံဖြင့် ချိုသာစွာပြောလိုက်သော်လည်း သူမ၏မျက်နှာအမူအယာမှာ ထူးခြားနေသည်။
ထင်းရှီလည်း မျက်မှောင်ကြုတ်၍ သူမအားစူးစိုက်ကြည့်ကာမေးလိုက်သည်။
“ မင်းကငါနဲ့အစ်ကိုကြီးတို့သွေးသောက်ညီအစ်ကိုဆိုတာကို အရင်ထဲကသိနေတာလား “
ထင်းရှီ၏စကားကြောင့် ရှန်းယွင်မှာ အပြစ်ရှိသည့်ဟန်ဖြင့်ခေါင်းလေးငုံ့သွားသလို ထင်းရှီနှင့်မျက်လုံးချင်းမဆုံတော့ပေ။
အခြေအနေအားအကဲခပ်နေသည့်တင်းဖန်းမှာ သူတို့၏ထူးခြားသည့်အမူအယာကြောင့် အလျှင်အမြန်ပြောဆိုလိုက်သည်။
“ ဒုတိယညီလေး ငါမင်းတို့နဲ့စီးမင်မြို့မှယလမ်းခွဲပြီးတော့ အရှေ့ပိုင်းကိုပြန်သွားခဲ့တယ်။ နောက်ပြီး အဲဒီအချိန်ထဲက ငါပြောပြထားလို့ သူကမင်းတို့အကြောင်းတွေကို သိနေတာ “
ထင်းရှီမှာ တုန်လှုပ်မှုမရှိဘဲ စကားတစ်ခွန်းမှလည်းမဆိုပေ။ ဦးခေါင်းကိုငုံ့ကာ တိတ်ဆိတ်စွာထိုင်နေသည့်ရှန်းယွင်လည်း ဆက်၍သည်မခံနိုင်ဟန်ဖြင့်ခေါင်းမော့လိုက်သည်။
“ အစ်ကိုကြီးထင်းကလည်း ကျမတိုပထမဆုံးတွေ့တော့ ရှင်ကကျမကိုအနိူင်သွားတာလေ ။ အဲဒီအချိန်ကကျမရှင့်နောက်ကိုလိုက်နေတာ အခွင့်အရေးရရင်လက်စားချေဖို့ပဲ။
နောက်မှ ရှင်ကကျမအစ်ကိုကြီးပြောပြောနေတဲ့ထင်းရှီဆိုတာသိပြီး ရှင့်နောက်ကိုလိုက်တာ ပျော်စရာကောင်းမယ်ထင်လို့ ။ ရှင်ကျမကိုစိတ်ဆိုးနေစရာဘာမှမရှိဘူး “
ရှန်းယွင်မှာ အစပိုင်းတွင်လေသံမာမာဖြင့်ပြောနေသော်လည်း နောက်ပိုင်းတွင် တိုး၍တိုး၍သွားကာ သူမ၏မျက်နှာအမူအယာသည်လည်း ပြိုတော့မည့်မိုးကဲ့သို့ မည်းမှောင်လာသည်။
တင်းဖန်းနှင့်စီးတုမင်ပင် သူမ၏လေသံထဲမှဝမ်းနည်းမှူကိုခံစားမိကာ သူတို့၏ရင်ထဲတွင်လည်း ဒေါသထွက်လာမိကာ ထင်းရှီအား ဒေါသမျက်ဝန်းများဖြင့်ကြည့်လိုက်ကြသည်။
‘ မင်းကိုဟိုက လိမ်ညာထားတာလည်းမရှိဘူးလေ။ မင်းကဒါကိုကြီးကြီးကျယ်ကျယ်ဒေါသထွက်ပြနေစရာလိုတာလား ‘
ထိုစကားမှာ သူတို့၏စိတ်ထဲတွက်သာပြောလိုက်ခြင်းဖြစ်သည်။
ထင်းရှီလည်း ချက်ခြင်းလိုလိုအေးစိမ့်သည့်ခံစားချက်ကြောင့်ဘေးသို့ကြည့်လိုက်ရာ သု့ကိုဒေါသထွက်နေသည့်ဟန်ဖြင့်ကြည့်နေကြသည့်ညီနောင်များကြောင့် ကူကယ်ရာမဲ့စွာခံစားလိုက်ရကာဆက်၍တင်းခံမနေတော့ဘဲ ပြောလိုက်သည်။
“ ဟားးဟားး... အမှန်အတိုင်းပြောရရင် ငါမင်းကိုစိတ်မဆိုးပါဘူး အခုက မင်းလမ်းမှာ ပြဿနာတွေရှာထားလို့ နည်းနည်းပညာပေးလိုက်တာ “
ထင်းရှီ၏စကားကြောင့် ရှန်းယွင်မှာ ရှက်သွေးဖျန်းသွားကာ ဒေါသထွက်နေသည့်ဟန်ဖြင့်ထင်းရှီအား ထုရိုက်လိုက်သည်။
“ အစ်ကိုကြီးထင်း မကောင်းဘူး သူများကိုစနောက်ရဲတယ် “
ထင်းရှီလည်း သူမ၏အမူအယာကြောင့်မနေနိုင်ဘဲကျယ်လောင်စွာရယ်မောလိုက်ကာ သူမ၏ရိုက်ချက်များကိုဟန့်တားလိုက်သည်။
တင်းဖန်းနှင့်စီးတုမင်မှာ အပြောင်းအလဲမြန်လှသည့် မိန်းမလှလေး၏အမူအယာကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ထိုနှစ်ယောက်၏ပုံစံမှာလည်း သူတို့ကိုရှိသည်ဟုပင် ထင်မှတ်နေသေးသလော။
တင်းဖန်းလည်း ပြုံး၍ ချောင်းတစ်ချက်ဟန့်လိုက်သည် ။