← Chapters

ဝတ်စုံဖြူနှင့်မိန်းကလေး

Vol. 2 Ch. 192

ဝတ်စုံဖြူနှင့်မိန်းကလေး

Vol. 2 Ch. 192

သွေးလွှမ်းသည့်ညတွင် ဂိုဏ်းမှ ဂိုဏ်းချုပ်နှင့်သိုင်းသမားသုံးဆယ်ကျော်မှာ တစ်ညတည်းသတ်ဖြတ်ခံခဲ့ရသည်။

ထိုညတွင် သတ်ဖြတ်ခံရသူများမှာ ဓားတစ်ထောင်စံအိမ်မှလူကို လိုက်လံသတ်ဖြတ်ရာတွင်ပါဝင်ခဲ့ကြသူများလည်းဖြစ်သည်။

ပထမတန်းစားဂိုဏ်းတစ်ခုထဲသို့ဝင်၍ ဂိုဏ်းချုပ်အပါအဝင်လူသုံးဆယ်ကျော်အားသတ်ဖြတ်ရန်မှာ တော်ရုံတန်ရုံသိုင်းပညာမျိုးဖြင့်မရပေ။ သို့သော်

အသက်ရှင်ကျန်ခဲ့သူများ၏ပြောစကားအရ ထိုညတွင် လူသုံးယောက်သာရောက်လာကာ စကားတစ်ခွန်းမှမဆိုဘဲ သူတို့၏ဓားများကို ဆွဲထုတ်၍ ကြောက်မက်ဖွယ်သတ်ဖြတ်ခဲ့ကြသည်ဟုဆိုသည်။

ထိုလူများ၏ဓားသိုင်းမှာ တစ်ပုံစံတည်းဖြစ်ကာ ပြင်းထန်ကာ ကြမ်းတမ်းလှသည်ဟုဆိုကြသည်။

ထို့အပြင် ထိုကိစ္စနှင့်မသက်ဆိုင်သည့်လူများကိုလည်း လက်ဖျားဖြင့်ပင်တို့မသွားကြပေ။ ထိုလူများမှာ သူတို့၏သွေးကြွေးကို သွေးဖြင့်ပြန်ဆပ်ကြခြင်းပင်ဖြစ်သည်။

အစုလိုက်သတ်ဖြတ်သည့်ဖြစ်ရပ်အပြီးတွင် ထိုပထမတန်းစားဂိုဏ်းသည်လည်းပြိုကွဲသွားခဲ့ကာ ထိုအကြောင်းမှာ သိုင်းလောကတစ်ခုလုံးသို့ပြန့်နှံ့သွားခဲ့သည်။

ထိုအချိန်မှစ၍မြောက်ပိုင်းတောင်တန်းမှ လျှို့ဝှက်သည့် ဓားတစ်ထောင်စံအိမ်မှာ ရန်မစသင့်သည့်အဖွဲ့အစည်းများစာရင်းတွင် ထိပ်ဆုံးတွင်ထည့်သွင်းခဲခဲ့ရလေသည်။

&&&&&&&&

တောအုပ်ငယ်လေးတစ်ခု

ခရီးသွားတစ်စုမှာ မြင်းကိုယ်စီဖြင့်တောအုပ်ကိုဖြတ်သန်းလျက်ရှိသည်။

ထိုအုပ်စုတွင် တည်ကြည်သည့်အသက်သုံးဆယ်ကျော်လူရွယ်တစ်ယောက်၊ ထိုလူ့ထက်ပို၍ငယ်ရွယ်ပုံရသည့် လူရွယ်နှစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်တို့ပါဝင်သည်။

မိန်းကလေးမှာ သူမ၏မျက်နှာကိုပါးလွှာသည့်ဇာပဝါဖြင့်ဖုံးကွယ်ထားသော်လည်း လှပသည့်ကောက်ကြောင်းများနှင့် ဝိုးတဝါးမြင်နေရသည့်မျက်နှာအရ လွန်စွာလှပမည့်မိန်းကလေးဖြစ်မည်ကို အလွယ်တကူသိနိုင်လေသည် ။

ထိုလူစုမှာ စကားတစ်ပြောပြောဖြင့် ခရီးဆက်လာရာ အနက်ရောင်ဝတ်စုံနှင့်ခန့်ညားသည့်လူရွယ်မှလက်ပြ၍ရပ်တန့်လိုက်သည်။

“ ရှေ့နားမှာ တိုက်ပွဲတစ်ခုဖြစ်နေပုံရတယ် “

လူရွယ်၏စကားကြောင့် ကျန်သည့်လူများမှာ အာရုံစူးစိုက်နေကြသည့်ပုံပေါ်သော်လည်း တခဏအကြာတွင် အသီးသီးမျက်မှောင်ကြုတ်လိုက်ကြသည်။

ထို့နောက် အဖြူရောင်ဝတ်စုံနှင့်လူငယ်မှရယ်မော၍ပြောလိုက်သည်။

“ ဒုတိယအစ်ကိုရဲ့သိုင်းပညာကတကယ်ကောင်းတာပဲ ကျနော့်ဆီဘာမှမကြားရဘူး “

သူ၏စကားကိုမိန်းမလှလေးမှာ ထောက်ခံသည့်ဂန်ဖြင့်ခေါင်းညိမ့်လိုက်သလို အကြီးဆုံးလူရွယ်သည်လည်း သက်ပြင်းတစ်ချက်ချ၍ပြောလိုက်သည်။

“ ဒုတိယညီလေးရဲ့သိုင်းပညာက ငါတို့နဒ့အတော်လေးကွာနေပြီပဲ “

ထိုလူများ၏အမူအယာကြောင့် ဒုတိယညီလေးဆိုသည့် လူရွယ်မှာ အားတုံ့အားနာဖြစ်သွားပုံရကာ ထပ်၍ပြောလိုက်သည်။

“ သိပ်တော့မသေချာပါဘူး ကျနော်လည်း ဒီအတိုင်းပြောလိုက်တာ “

လူရွယ်၏နှိမ့်ချသည့်စကားကြောင့် အစ်ကိုကြီးဆိုသူမှာပြုံးလိုက်သည်။

“ ဟီးဟီး အစ်ကိုကြီးထင်းကလည်း အစ်ကို့လိုအားကောင်းတဲ့အစ်ကိုရှိနေမှတော့ ကျမတို့ကိုအနိုင်ကျင့်တဲ့လူမရှိတာပေါ့ “

မိန်းမလှလေးမှ ကျွတ်ဆက်သည့်အသံဖြင့်ပြောလိုက်သည်။ သူမ၏စကားကြောင့်ကျန်လူများမှာ ရယ်မောလိုက်ကြကာ လူရွယ်ပြောသည့်ဆီသို့ ဦးတည်၍သွားလိုက်ကြသည်။

တောအုပ်၏အခြေအနေမှာ သစ်ပင်ကြီးများပေါများကာ ထူထပ်သည့်တောအုပ်ဟုပြောနိုင်ပေသည်။

တောအုပ်‌တစ်နေရာတွင် တိုက်ပွဲတစ်ခုပြင်းထန်စွာဖြစ်လျက်ရှိသည်။

တိုက်ပွဲမှာ မမျှတပေ။ အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်အား အနက်ရောင်ဝတ်ရုံများနှင့်လူသုံးယောက်မှ ဝိုင်းဝန်းတိုက်ခိုက်နေကြခြင်းဖြစ်သည်။

ထိုလူသုံးယောက်မှာ ခေါင်းစွပ်ပါသည့်ဝတ်ရုံအမည်းများကိုခြုံထားကာ မျက်နှာသွင်ပြင်ကို ကောင်းစွာမမြင်ရပေ။

ထိုလူများမှာ လက်ဗလာဖြင့်တိုက်ခိုက်နေခြင်းဖြစ်ကာ သူတို့၏သိုင်းပညာမှာ အတော်လေးအဆင့်မြင့်ကာ သုံးဦးစလုံး အဆင့်လွန်သိုင်းသမားများဖြစ်ကြသည်။

အဖြူရောင်ဝတ်စုံနှင့်မိန်းကလေးမှာမူ ငယ်ရွယ်ချောမောကာ အသက်နှစ်ဆယ်သာရှိသေးသည်။

သို့သော် သူမ၏သိုင်းပညာမှာ အထင်သေး၍မရဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် အဆင့်လွန်သိုင်းသမားဖြစ်နေကာ သူမ၏လက်ထဲမှဓားကိုကျင်လည်စွာလှုပ်ယမ်းလျက်ရှိသည်။

ထိုမိန်းကလေးမှာ သိုင်းပညာအဆင့်မြင့်၍ ဓားသိုင်းကျွမ်းကျင်သော်လည်း သူမနှင့်အဆင့်တူသုံးယောက်အားရင်ဆိုင်နေရသောကြောင့် အခြေအနေဆိုးလျှက်ရှိသည်။

သူမ၏လူများမရှိမဟုတ် ရှိသည်။ သို့သော် သူမ၏အဖော်ဖြစ်ဟန်တူသည့်မိန်းကလေးနှစ်ယောက်မှာမလှမ်းမကမ်းတွင် ဖြူဖျော့နေသည့်မျက်နှာဖြင့်လဲလျောင်းလျက်ရှိသည်။

ထိုမိန်းကလေးနှစ်ဦးမှာ တိုက်ပွဲအားစိုးရိမ်သည့်မျက်ဝန်းများဖြင့်ကြည့်လျက်ရှိကာ သူမတို့၏နှူတ်ခမ်းထောင်စွန်းတွင်သွေးစီးကြောင်းလေးများရှိနေသည်။

သူမတို့၏အခြေအနေကိုအကဲခပ်ရခြင်းဖြင့် မိန်းကလေးနှစ်ဦးမှာ ပြင်းထန်သည့်အတွင်းဒဏ်ရာကိုယ်စီရနေကြကြောင်းသိရှိနိုင်ပေသည်။

အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေးသည်လည်းအခြေအနေမကောင်းပေ ။သူမ၏ဆံပင်များအနည်းငယ်ရှုပ်ပွနေကာ မောဟိုက်နေသည့်ပုံရသည် ။

ထိုမိန်းကလေးမှာ သူမ၏ပြိုင်ဘက်များကိုမည်သည့်နည်းနှင့်မှနှိုင်းယှဉ်နိုင်စွမ်းမရှိဘဲ အနက်ရောင်ဝတ်စုံနှင့်လူများသာ သူမအားအသက်ရှင်လျက်ဖမ်းလိုခြင်းမဟုတ်ပါက သူမသေဆုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

အနက်ရောင်ဝတ်ရုံနှင့်လူသုံးယောက်မှာ သူမအားကြောင်ကကြွက်ကိုကစားသလို ကစားနေကာ သူမ၏အတွင်းအားများကုန်ခမ်းမည့်အချိန်အား စောင့်နေခြင်းဖြစ်သည်။

ယခုလည်း တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှသူမ၏အတွင်းအားများလျော့နည်းလာကာ နောက်ထပ်အကွက်ငါးဆယ်အတွင်း သူမလုံးဝရှုံးနိမ့်သွားပေတော့မည်။

ရုတ်တရက် အနက်ရောင်ဝတ်ရုံနှင့်လူများမှာ တိုက်ခိုက်နေခြင်းအားရပ်တန့်လိုက်ကာ နောက်သို့ခုန်ဆုတ်လိုက်ကြသည်။

သူတို့၏မျက်လုံးများက တောတွင်းတစ်နေရာအား စူးရဲစွာစိုက်ကြည့်နေကြသည် ။

အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေးသည်လည်း ထိုအခါမှ သက်သာရာရသွားကာ ကုန်ဆုံးနေသည့်အတွင်းအားများ၍ အလျှင်အမြန်ပြန်၍လှည့်ပတ်လိုက်သည်။

သူမ၏မျက်နှာတွင်မူ စိုးရိမ်စိတ်အနည်းငယ်ရှိနေကာ အနက်ရောင်ဝတ်ရုံရှင်များနည်းတူ တောတွင်းသို့၏စိုက်ကြည့်လျက်ရှိသည်။

“ သခင်မလေး အဆင်ပြေရဲ့လား “

လဲကျနေသည့်မိန်းကလေးနှစ်ယောက်မှာ ကြိုးစား၍ထရပ်လိုက်ကာ အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေး၏ဘေးသို့လျှောက်သွားလိုက်ကြသည်။

မိန်းမချောလေးမှ သူမတို့အားခေါင်းညိမ့်ပြလိုက်သော်လည်း သူမ၏မျက်လုံးများက တောတွင်းသို့ စူးစိုက်ကြည့်လျက်ပင်။

မကြာမီ သစ်ပင်များနောက်မှ မြင်းကိုယ်စီနှင့်လူသုံးယောက်ပေါ်လာသည် ။

ထိုလူများကို သဲကွဲစွာမမြင်ရမီ ကျယ်လောင်သည့်အသံများလွင့်ပျံ့လာသည် ။

“ ဟေ့အစ်ကိုကြီး ကျနော့်မျက်စေ့ထဲမှာ တိုက်ပွဲက မမျှတဘူးလားလို့ “

“ ဟားးဟားး တတိယညီလေးက သူရဲကောင်းဝင်လုပ်ချင်လို့လား ။ဒါပေမယ့် ယောင်္ကျားရင့်မာကြီးသုံးယောက်က မိန်းကလေးတွေကိုအနိုင်ကျင့်တာကတော့ ကြည့်မကောင်းဘူး “

စကားပြောသံနှင့်အတူ မြင်းစီးသမားများမှာ ထိုလူများနှင့် မလှမ်းမကမ်းသို့ရောက်လာကြသည်။

အပြန်အလှန်စကားပြောဆိုနေကြသူများမှာ အသက်သုံးဆယ်ကျော်လူရွယ်တစ်ယောက်နှင့် အသက်နှစ်ဆယ်ကျော်လူငယ်တစ်ယောက်တို့ဖြစ်သည်။

ထိုလူငယ်အားမြင်တွေ့လိုက်သည့်အချိန်တွင် အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေး၏မျက်နှာထက်တွင် အမျိုးအမည်မသိအရိပ်တစ်ခုဖြတ်ပြေးသွားသလို သူမ၏ဘေးမှမိန်းကလေးနှစ်ယောက်မှာ ဝမ်းသာအားရအော်ဟစ်လိုက်ကြသည်။

“ တတိယသခင်လေး ဟိုလူသုံးယောက်က ကျမတို့ကိုအကြောင်းမဲ့တိုက်ခိုက်နေတယ်။ သခင်မလေးကို ကူညီလိုက်ပါဦး “

လူငယ်မှ မိန်းကလေးနှစ်ယောက်အားခေါင်းညိမ့်ပြကာ အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေးအား စူးစိုက်ကြည့်လိုက်သည်။

လူငယ်၏အကြည့်ကြောင့် မိန်းမချောလေးမှနှာခေါင်းရှုံ့၍ သူမ၏အကြည့်ကို ဘေးသို့လွှဲဖယ်သွားသည်။

လူငယ်မှ ထိုမိန်းကလေး၏အပြုအမူကြောင့် ‘ ဟက်ခနဲ ‘ တစ်ချက်ရယ်မောလိုက်သည် ။ ထို့နောက်

“ ငါက နင်တို့ကိုကူညီချင်ပါတယ် ဒါပေမယ့် ကာယကံရှင်က အကူအညီမလိုဘူးဆိုတော့ ငါဝင်ပါရင်လည်း အပိုပဲပေါ့ “

လူငယ်မှ ပခုံးတွန့်ကာ ခပ်ပေါ့ပေါ့ဟန်ဖြင့် ပြောလိုက်သည်။

“ တတိယသခင်လေး “

မိန်းကလေးနှစ်ယောက်မှာ စီးတုမင်အား အကူအညီတောင်းသည့်မျက်ဝန်းများဖြင့်ကြည့်နေကြကာ ဝတ်စုံဖြူနှင့်မိန်းကလေးမှာမူ အေးစက်သည့်မျက်နှာဖြင့် စီးတုမင်အားကြည့်လိုက်သည်

ထင်းရှီနှင့် တင်းဖန်းတို့လူစုမှာ အခြေအနေအားစောင့်ကြည့်ရုံသာတတ်နိုင်ပေသည်။

ထိုမိန်းကလေးများမှာ စီးတုမင်နှင့် သိကျွမ်းနေပုံရကာ ပတ်သတ်မှုတစ်စုံတစ်ရာပင်ရှိပုံရသည်။ ယခုလည်း စီးတုမင်မှ ဝင်ရောက်ကူညီခြင်းမပြုသေးဘဲ တမင်ခနဲ့နေခြင်းဖြစ်ပေသည်။

ထို့ကြောင့် သူတို့လည်း တစ်စုံတစ်ရာလှုပ်ရှားမှုမပြုဘဲ ပွဲကြည့်ပရိတ်သတ်လုပ်နေခြင်းဖြစ်သည်။

ထင်းရှီမှာ အဖြူရောင်ဝတ်စုံနင့်မိန်းကလေးကိုကြည့်ကာ အနည်းငယ်ရင်းနှီးသယောင်ခံစားနေရသည်။

သူမ၏ဘေးမှ မိန်းကလေးနှစ်ယော်ကိုလည်း တစ်နေရာရာတွင်တွေ့ဖူးနေသယောင်ယောင်ပင်။ ထိုသုံးယောက်အားကြည့်ကာ အနည်းငယ်စဉ်းစားပြီးမှ သူ၏ဘေးမှရှန်းယွင်အားကြည့်လိုက်သည်။

ရှန်းယွင်သည်လည်း သူ့အားစိုက်ကြည့်နေသည်။ သူမ၏မျက်ဝန်းထဲနှအရိပ်အယောင်များအရ သူမလည်းထိုမိန်းကလေးများအား အမှတ်ရသွားပုံရသည်။

ထိုမိန်းကလေးများမှာ သူတို့နှင့်လုံချန်ဟိုင်တို့စတင်တွေ့ဆုံစဉ်က စားသောက်ဆိုင်တွင်ရှိနေသည့်မိန်းကလေးများဖြစ်သည်။

လုံချန်ဟိုင်ပင် ထိုမိန်းကလေးများကို အနည်းငယ်စနောက်ခဲ့သေးသည်။

All Chapters