← Chapters

ငါတို့က ခရမ်းရောင်သွေးလဂိုဏ်းက

Vol. 2 Ch. 193

ငါတို့က ခရမ်းရောင်သွေးလဂိုဏ်းက

Vol. 2 Ch. 193

သူတို့အားလုံးအတွေးကိုယ်စီဖြင့်ရှိနေကြစဉ် အဖြူရောင်ဝတ်စုံဖြင့်မိန်းကလေးမှာ သူမ၏ဓားအားမြောက်ကာ လျှင်မြန်စွာရှေ့သို့တက်လိုက်သည်။

ထို့နောက် သူမ၏ရှေ့မှအနက်ရောင်ဝတ်ရုံရှင်တစိယောက်အား လျှပ်ပြတ်သလိုဓားဖြင့်ထိုးစိုက်ချလိုက်သည်။

အနက်ရောင်ဝတ်ရုံရှင်မှာ ရုတ်တရက်အခြေအနေကြောင့် မိန်းမချောလေး၏ဓားကိုလွတ်အောင်ရှောင်တိမ်းနိုင်စွမ်းမရှိပေ ။

အမှန်ဆိုလျှင် သူ၏သိုင်းပညာနှင့်မိန်းမချောလေး၏သိုင်းပညာမှာ များစွာမကွာဟလှဘဲ ယခုလို ထင်းရှီတို့လူစုအား သတိထားကြည့်နေသည့်အတွက် အလစ်အငိုက်မိသွားခြင်းဖြစ်သည်။

သူ၏နောက်မှ အနက်ရောင်ဝတ်ရုံရှင်နှစ်ယောက်လည်း မိန်းမချောလေးဆီသို့လက်ဝါးချက်တစ်ချက်စီ ပြိုင်တူရိုက်ချလိုက်သည်။

“ ဝှီး... “

လက်ဝါးရိုက်ချက်များမှာ လေကိုခွင်း၍ ပြင်းထန်စွာထွက်ပေါ်လာကာ အကယ်၍ထိုလက်ဝါးချက်မျသာထိမိပါပ မိန်းမချောလေးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားပေမည်။

မိန်းမချောလေးမှာ အနက်ရောင်ဝတ်ရုံရှင်တစ်ယောက်အား ဓားဖြင့်ထိုးစိုက်လိုပါက သူမ၏ခန္တာကိုယ်ထက်သို့လည်း လက်ဝါးနှစ်ချက်အရိုက်ခံရပေမည်။

မိန်းမချောလေးမှာ ကြုံ့တောင့်ကြုံခဲအခွင့်ကောင်းအား လက်လွတ်လိုက်ရသဖြင့် မချင့်မရဲဖြစ်သွားကာ ထိုလက်ဝါးနှစ်ချက်အားရှောင်တိမ်းလိုက်သည်။

ရလာဒ်အနေဖြင့် သူမ၏ဓားမှာ လမ်းကြောင်းပြောင်း၍သွားသည့်အတွက် အရှေ့ဆုံးမှအနက်ရောင်ဝတ်ရုံရှင်လည်း အလျှင်အမြန်တိမ်းရှောင်လိုက်သည်။

“ ဗြိ “

မိန်းမချောလေး၏ဓားမှာ သူမရှေ့မှလူ၏အနက်ရောင်ဝတ်ရုံကို တစ်ထွာကျော်ကျော်ထိုးခွဲသွားသည်။

အကယ်၍ သူမ၏ဓားသာမူလလမ်း‌ကြောင်းအတိုင်းဆက်သွားပါက အနက်ရောင်ဝတ်ရုံရှင်မှာ မသေလျှင်ပင်ဒဏ်ရာပြင်းစွာရရှိသွားပေမည်။

“ အဲဒီကောင်မကို သတ်လို့မရရင်တောင် ဒဏ်ရာတစ်ခုခုရအောင်လုပ်ပစ်လိုက် “

သေဘေးနှင့်တခဏနီးကပ်သွားသည့်အနက်ရောင်ဝတ်ရုံရှင်မှာ အနည်းငယ်ထိတ်လန့်သွားသလို ဒေါသပြင်းထန်စွာထွက်သွားကာ အော်ဟစ်လိုက်သည်။

ထို့နောက် သူ၏နောက်မှအနက်ရောင်ဝတ်ရုံရှင်နှစ်ယောက်နှင့်ပူးပေါင်းကာ မိန်းမချောလေးအားပြင်းထန်စွာတိုက်ခိုက်လိုက်သည်။

သူတို့၏သိုင်းကွက်များမှာ ယခင်တိုက်ခိုက်မှုများနှင့်လားလားမှမတူဘဲ အားအင်အပြည့်ထည့်ထားကာ လွန်စွာပြင်းထန်လှသည်။

မိန်းမချောလေးမှာ မူလကပင်အတွင်းအားလျော့နည်းနေရာ အနက်ရောင်ဝတ်ရုံရှင်များ၏ လွန်စွာပြင်းထန်လှသည့်သိုင်းကွက်များကြောင့် ဆယ်ကွင်မပြည့်မီ အကြပ်အကျဉ်းသို့ကျရောက်သွားကာ ခံစစ်ကိုသာအဓိကအားပြုနေရသည်။

“ တတိယသခင်လေး ရှင်အခုထိမကူညီသေးဘူးလား “

မိန်းမချောလေး၏နောက်လိုက်နှစ်ယောက်မှာ ဒေါသထွက်သည့်ဟန်ဖြင့်အော်ဟစ်လိုက်သလို သူမတို့ကိုယ်တိုင်လည်းဒဏ်ရာများအား ဂရုမစိုက်နိုင်ဘဲ တိုက်ပွဲအတွင်းသို့ခုန်ဝင်သွားလေသည်။

ထို့နောက် အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက်စီကို တရကြမ်းဝင်တိုက်လိုက်ကြသည်။

သူမတို့နှစ်ယောက်မှာ ယခင်ကပင် သိုင်းပညာထိပ်တန်းအဆင့်သာရှိကာ အတွင်းဒဏ်ရာကိုယ်စီရနေကြသောကြောင့် သူတို့၏တိုက်ကွက်များမှာ ကလေးကစားသလိုအားအင်လျော့နည်းလှသည်။

အနက်ရောင်ဝတ်ရုံနှင့်လူများအဖို့သူမတို့နှစ်ယောက်ဝင်၍တိုက်ခိုက်ခြင်းမှာ များစွာ ဂရုစိုက်စရာမလိုပေ။

စီးတုမင်မှာ စိုးရိမ်ပူပန်သည့်မျက်နှာဖြင့်ကြည်ြနေရာမှ ဆက်၍ထိုင်မနေတော့ဘဲ ဦးခေါင်းကိုခါယမ်း၍တိုက်ပွဲအတွင်းသို့ခုန်ဝင်သွားလေသည်။

သူတိုက်ပွဲအတွင်းဝင်ပါလိုက်သည်မှာ အချိန်ကိုက်ဟုပင်ဆိုရမည်။

အဖြူရောင်ဝတ်စုံနှင့် မိန်းမချောလေးမှာ တရကြမ်းဝင်ရောက်တိုက်ခိုက်နေသည့် သူမ၏နောက်လိုက်များကြောင့် အနည်းငယ်ပူပန်မိကာ သတိအနည်းငယ်လွတ်သွားသည်။

အပြင်းအထန်တိုက်ပွဲမျိုးတွင် တခဏသတိလွတ်သွားခြင်းမှာ တိုက်ပွဲအဖြေအား လုံးဝပြောင်းလဲသွားစေသည်။

ယခုလည်း သူမနှင့်တိုက်ခိုက်နေသည့် အနက်ရောင်ဝတ်ရုံနှင့်လူမှာ ရရှိလာသည့်အခွင့်အရေးအား လက်လွတ်မခံဘဲ ဟာကွက်ဖြစ်ပေါ်နေသည့် သူမ၏ရင်ဝအား လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

မိန်းမချောလေးမှာ သူမတခဏ သတိကင်းလွတ်သွားသည်ကိုသိလိုက်ကာ ထိတ်ခနဲဖြစ်သွားသော်လည်း အနက်ရောင်ဝတ်ရုံနှင့်လူ၏လက်ဝါးမှာ သူမ၏ရင်ဝသို့တိုးဝင်လာချေသည်။

ထိုလက်ဝါးချက်မှ အတွင်းအားလှိုင်းများကိုပင်ခံစားမိနေကာ ရှောင်တိမ်းရန်အချိန်မရှိသည့်အပြင် သူမ၏တစ်ကိုယ်လုံးအားအင်ကုန်ခမ်းနေသည့်အတွက် တန်ပြန်တိုက်ခိုက်ခြင်းမပြုနိုင်တော့ဘဲ မျက်စေ့ကိုသာစုံမှိတ်ထားလိုက်တော့သည်။

“ ဝုန်းး.... “

ကျယ်လောင်သည့်အသံနှင့်အတူ အနက်ရောင်ဝတ်ရုံနှင့်လူမှာ နောက်ဘက်သို့ခြေလှမ်းအတော်များများလွင့်စင်သွားသည်။

မိန်းမချောလေးမှာ သူမ၏မျက်လုံးအားဖွင့်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသည့်နောက်ကျောပြင်အားတွေ့မြင်လိုက်ကာ ချောမောသည့်မျက်နှာဖြင့် တောင်တစ်လုံးလိုသူမ၏ရှေ့တွင်ရပ်ကာအကာအကွယ်ပေးနေသည့်လူငယ်ကိုတွေ့လိုက်ရသည်။

ကျန်ရှိနေသည့်အနက်ရောင်ဝတ်ရုံနှစ်ယောက်မှာ မိန်းမချောလေး၏နောက်လိုက်များကို ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ သူတို့၏အဖော်ဆီသို့ပြန်ဆုတ်လိုက်ကြသည်။

“ မင်းကဘာလို့ဒီလောက်အထိခေါင်းမာနေတာလဲ “

စီးတုမင်မှ မိန်းမချောလေးအား စိတ်ပျက်သလိုကြည့်လိုက်သည်။

သို့သော် မိန်းကလေး၏မျက်ဝန်းထဲမှ မျက်ရည်စအချို့နှင် သူ့အား စူးရဲစွာစိုက်ကြည့်နေသည့်အတွက်ကြောင့် သူ၏အမူအယာပြောင်းလဲသွားကာ အနက်ရောင်ဝတ်ရုံရှင်များဘက်သို့လှည့်ခိုက်သည်။

“ မင်းတို့ကဘယ်သူတွေလဲ ဟမ် ငါ့ရဲ့မိန်းကလေးကိုတောင် တိုက်ခိုက်ရဲသေးတယ် ။ မင်းတို့ကောင်တွေသေသင့်တယ် “

စီးတုမင်မှ အနက်ရောင်ဝတ်ရုံနှင့်လူများအား တရဆက်အော်ငေါက်လိုက်သည်။ ထို့နောက် ထိုလူများ၏အဖြေကိုစောင့်မနေတော့ဘဲ မိန်းမချောလေး၏လက်အားဆွဲကာ ထင်းရှီတို့အနားသို့လျှောက်လာလိုက်သည်။

မိန်းမချောလေးမှာ သူမ၏လက်အားအလျှင်အမြန်ရုန်းလိုက်သော်လည်း စီးတုမင်မှလွှတ်မပေးဘဲတင်းကြပ်စွာဆုပ်ကိုင်ထားသည့်အတွက် ဆက်၍မရုန်းတော့ဘဲ ရှက်ဝဲဝဲမျက်နှာလေးဖြင့်လိုက်ပါလာသည်။

ထင်းရှီတို့လူစုမှာ မြင်းပေါ်မှဆင်း၍ရပ်နေကြသည်။ စီးတုမင်မှမိန်းမချောလေးအား ဆွဲခေါ်လာကာ မိန်းကလေးနှစ်ယောက်သည်လည်း သူတို့နောက်မှကပ်လျက်ပါလာသည် ။

“ အစ်ကိုတို့ ကျနော့်မိန်းကလေးကိုကြည့်ထားပေးပါဦး ။ ကျနော်ဟိုလူတွေကိုသွားပြီးဆုံးမပေးဦးမယ် “

စီးတုမင်မှပြောပြောဆိုဆိုဖြင့် အနက်ရောင်ဝတ်ရုံရှင်များ၏ရှေ့သို့လျှောက်သွားလိုက်သည် ။

အနက်ရောင်ဝတ်ရုံရှင်များမှာ သူတို့‌ဆီသို့လျှောက်လာနေသည့် လူငယ်လေးကို သတိအနေအထားဖြင့်စောင့်ကြည့်နေကြသည်။

သူတို့လူစုမှာ စီးတုမင်‌တို့ရောက်စက လူငယ်များသာဖြစ်၍ များစွာသတိမထားကြသော်လည်း စီးတုမင်နှင့် ထိတ်တိုက်တွေ့ပြီးနောက်တွင် ပေါ့ပေါ့တန်တန်သဘောမထားကြတော့ပေ။

“ ဟေ့ လူငယ်လေး မင်းတို့ကိုယ့်လမ်းကိုသွားရင်ကောင်းမယ် မဟုတ်ရင် ငါတို့ခရမ်းရောင်သွေးလဂိုဏ်းကိုလာရှုပ်ရင် အဆုံးသတ်ကောင်းမှမဟုတ်ဘူး “

အနက်ရောင်ဝတ်ရုံနှင့်လူများမှ သူတို့၏ဝတ်ရုံနက်ကြီးများအား ချွတ်ကာ ပြောလိုက်သည်။

အနက်ရောင်ဝတ်ရုံရှည်များအောက်တွင် ခရမ်းရောင်တူညီဝတ်စုံများရှိနေကာ ထိုလူသုံးယောက်မှာ ခရမ်းရောင်သွေလဂိုဏ်းမှ အဆင့်မြင့်ဂိုဏ်းသားများဖြစ်ကြပေသည်။

ခရမ်းရောင်သွေးလဂိုဏ်းမှာ ယခုတစ်လောတွင် အင်အားတဟုန်ထိုးကြီးထွားလာကာ ထိုဂိုဏ်းကိုမည်သည့်အင်အားစုကမှ ထိတ်တိုက်ရင်ဆိုင်လိုခြင်းမရှိကြပေ။

ခရမ်းရောင်သွေးလဂိုဏ်းဟူသည့်နာမည်ကိုကြားသည်နှင့် သိုင်းသမားအတော်များမျာ နောက်တွန့်သွားကြမည်ဖြစ်ကာ ပထမတန်းစား ဂိုဏ်းကြီးများပင် လက်ရှောင်သွားရနိုင်သည်။

ယခုအချိန်တွင် ပထမဂိုဏ်းတစ်ခုကိုဖျက်ဆီးရန်မှာ ခရမ်းရောင်သွေးလဂိုဏ်းအတွက်အလွန်လွယ်ကူနေပြီဖြစ်သည်။

သူတို့အနေဖြင့်လိုအပ်သည်မှာ အဆင့်မြင့်ဂိုဏ်းသားအနည်းငယ်စေလွှတ်လိုက်ရုံသာဖြစ်သည်။

ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေးအား အသက်ရှင်လျက်ဖမ်းဆီးလိုသည်မှာ အကြံအစည်တစ်စုံတစ်ရာရှိပုံရသည်။

ယခုလည်း စီးတုမင်အား ရင်ဆိုင်ရမလွယ်ကူမှန်းသိသည်နှင့် သူတို့ဂိုဏ်း၏နာမည်အားထုတ်ဖော် ချိန်းခြောက်လိုက်ခြင်းပင်ဖြစ်သည်။

သို့သော် သူတို့အတွက်မှားယွင်းသွားသည်ကား ချိန်ခြောက်ခံရသည့်စီးတုမင်မှာ ခရမ်းရောင်သွေးလဂိုဏ်းကို လုံးဝဂရုမစိုက်သည့်လူနည်းစုထဲတွင် ပါဝင်နေခြင်းဖြစ်သည်။

“ ခရမ်းရောင်တွေအဖြူရောင်တွေနားမလည်ဘူး မင်းတို့သုံးယောက်ရဲ့အကြံအစည်ကိုထုတ်မပြောရင်ဒီနေရာကထွက်သွားဖို့စိတ်မကူးနဲ့။

အော် ဒါနဲ့ ငါ့မိန်းကလေးကိုထိခိုက်ရဲတဲ့အတွက် နည်းနည်းတွေ့ပညာပေးဦးမှာပေါ့ “

စီးတုမင်၏သူ၏သဘောထားအားအပြတ်ပြောလိုက်သည်။

ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ စီးတုမင်၏စကားကြောင့် ရှူးရှူးရှားရှားဖြစ်သွားကြကာ ‌ဒေါသအကြီးအကျယ် ထွက်သွားကြသည်။

“ ကောင်လေး ငါတို့ကရန်စမများချင်လို့အေးအေးဆေးဆေးထွက်သွားခိုင်းတာ မင်းကိုကြောက်လို့များအောင့်မေ့မနေနဲ့ “

ခရမ်းရောင်သွေလဂိုဏ်းသားများမှာ ဒေါသတကြီးအော်ဟစ်၍ စီးတုမင်အားဖိုခနောက်ဆိုင်ဝိုင်းထားကြသည်။

ထို့နောက် တစ်ယောက်ကိုတစ်ယောက်အချက်ပြ စီးတုမင်အား သုံးဖက်သုံးတန်မှ ညှပ်ပူးညှပ်ပိတ်တိုက်ခိုက်လိုက်ကြသည်။

ထိုလူများမှာ ရူးသွပ်နေသူများမဟုတ်သည့်အတွက် စီးတုမင်မှာ ရင်ဆိုင်ရမလွယ်ကူမှန်းကို ရိပ်စားမိသည်။

ထို့ကြောင့်လည်း စတင်တိုက်ခိုက်သည်နှင့် သိုသ်းလောကစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ သုံးယောက်ဝိုင်း၍ အပြင်းအထန်တိုက်ခိုက်ခြင်းဖြစ်သည်။

All Chapters