← Chapters

အားလှိုင်းငါးဆင့်

Vol. 2 Ch. 194

အားလှိုင်းငါးဆင့်

Vol. 2 Ch. 194

ထိုလူများ၏သိုင်းပညာမှာ မခေသလို စုပေါင်းတိုက်ကွက်တစ်မျိုးမျိုးဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ဝါးခြောက်ဖက်မှာ မကြာခဏဆိုသလို စီးတုမင်၏ ခန္တာကိုယ်အစိတ်အပိုင်းများစီသိုပ တိုးဝင်လာတတ်သည်။

စီးတုမင်မှာမူ ရိုးရှင်းစွာဖြင့် သူ၏လက်သီးနှစ်လုံးကိုအားပြုကာ ပြန်၍တိုက်ခိုက်နေသည်။

သုံးယောက်တစ်ယောက်တိုက်ပွဲဖြစ်သော်လည်း စီးတုမင်မှာ အောက်စည်းသို့လုံးဝကျရောက်ခြင်းမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် စီးတုမင်ကပင် အပေါ်စီးသို့ရောက်နေကာ ခရမ်းရောင်သွေးလဂိုဏ်းသုံးယောက်အား ကောင်းစွာဖိအားပေးထားနိုင်သည်။

စီးတုမင်၏လက်သီးများမှာ လေထဲတွင် တဝုန်းဝုန်းမည်နေကာ အင်အားပြင်းထန်လှသည်။

ထို့အပြင် သူ၏တိုက်ကွက်တိုင်းသည်လည်း တိုက်စစ်ကိုအသားပေးကာ အတွင်းအားကိုအဓိကထားသည့်အတွက် တိုက်ကွက်တစ်ကွက်သာထိမိပါက ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ သွေးပွတ်ပွတ်အန်သွားရနိုင်သည်။

“ အစ်ကိုကြီး တတိယညီလေးရဲ့လက်သီးသိုင်းကမဆိုးဘူးပဲ “

ထင်းရှီမှ တိုက်ပွဲအားကြည့်ရှုနေရင်းပြောလိုက်သည်။

သူ၏စကားကြောင့် တင်းဖန်းလည်း ခေါင်းညိမ့်ပြကာ ပြန်ဖြေလိုက်သည်။

“ အဲဒါက သူတို့စီးမင်မိသားစုရဲ့ ထွင်းဖောက်လက်သီးသိုင်းပဲလေ။ ကျော်ကြားတဲ့နာမည်နဲ့လိုက်အောင်အစွမ်းမထက်ရင် ညီနှစ်က သိုင်းထိပ်သီးဆယ်ယောက်စာရင်းကို ဝင်မှာမဟုတ်ဘူး “

တင်းဖန်းမှ တိုက်ပွဲအားကြည့်ရှုနေရင်းမှ ဖြေလိုက်သည်။ ထိုစကားကြောင့် ထင်းရှီ၏မျက်နှာထက်တွင် ခပ်ယောင်ယောင်အပြုံးလေးဖြစ်ပေါ်လာကာ တင်းဖန်းအားထပ်၍ပြောလိုက်သည်။

“ အစ်ကိုကြီးကနှိမ့်ချလိုက်တာ အစ်ကိုကြီးရဲ့သိုင်းပညာနဲ့ဆိုသိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာ နံပါတ်စဉ်ချိတ်တာပေါ့။ ကျနော်ခန့်မှန်းရရင် ထိပ်ဆုံးသုံးနေရာတောင်မှဖြစ်နိုင်တယ် “

ထင်းရှီ၏စကားကြောင့် တင်းဖန်းမှာ သဘောကျစွာရယ်မောလိုက်ကာ ထင်းရှီအားကြည့်လိုက်သည်။ ထို့နောက်စနောက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ သိုင်းထိပ်သီးနံပါတ်တစ်က ဒုတိညညီလေးဆိုတော့ ငါ့အတွက်နံပါတ်တစ်ကမျှော်လင့်ချက်မရှိပါဘူး “

တင်းဖန်၏အပြောကြောင့်ထင်းရှီလည်းအသာရယ်မောနေလိုက်သည်။

ထိုအချိန်တွင် အဖြူရောင်ဝတ်စုံဝတ်မိန်းမချောလေးနှင့်သူမ၏နောက်လိုက်နှစ်ယောက်မှာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။

စီးတုမင်မှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်သည်ကို သူမတို့သိရှိသော်လည်း ထိုလူနှစ်ယောက်ကိုမူ တစ်ခါမှမကြားဖူးပေ။

ထို့ကြောင့် စီးတုမင်၏သွေးသောက်ညီအစ်ကိုများမှာ နာမည်မကျော်ကြားသည့်သိုင်းသမားများဖြစ်မည်ဟု သူမတို့ထင်မိခဲ့ကြသည်။

ယခုမူ သူတို့၏စကားများအရ အံ့ဩဖွယ်ကောင်းလောက်အောင် ထိုလူနှစ်ယောက်မှာ သိုင်းထိပ်သီးများဖြစ်နေကြသည်။

စီးတုမင်မှလည်း သူ၏သွေးသောက်ညီအစ်ကိုနှစ်ယောက်အကြောင်းကိုပြောဖူးသော်လည်း အသေးစိတ်မဟုတ်ပေ ။

ထို့ကြောင့်ယခုအချိန်တွင် ပို၍အံ့ဩရခြင်းဖြစ်သည်။

သူမတို့အနေဖြင့် ထင်းရှီတို့မှာ အလကားသက်သက်လေကြီးနေခြင်းမဟုတ်ဘဲ အမှန်ပြောနေခြင်းဖြစ်ကြောင်း သူမတို့ရိပ်မိသည်။

ထို့အပြင် အစ်ကိုအကြီးဆုံးဖြစ်ဟန်တူသည့်တည်ကြည်သည့်လူမှာ သိုင်းထိပ်သီးဆယ်ယောက်တွင်ပါဟန်မတူသော်လည်း သူ၏သိုင်းပညာမှာ စီးတုမင်ထက်ပင်မြင့်ဟန်တူသည်။

သူမတို့ကို ပို၍အံ့ဩစေသည်ကား အနက်ရောင်ဝတ်စုံနှင့်ခန့်ညားသည့်လူပင်ဖြစ်သည် ။

ထိုလူမှာ သူတို့၏စကားများအရဆိုလျှင် သိုင်းထိပ်သီးဆယ်ယောက်တွင်နံပါတ်တစ်ဖြစ်သည့် အဖြူရောင်သွေးမိစ္ဆာဆိုသည့်လူဖြစ်နိုင်ပေသည်။

သို့သော် သူမတို့ကြားဖူးသည့်သတင်းများနှင့် ယခုသူမတို့မျက်စေ့ရှေ့ရှိလူမှာ အနည်းငယ်ကွာခြားနေသည်။

ကောလဟာလများအရ မြစ်ဝါနဂါးဂိုဏ်းကို တစ်ညအတွင်း အမြစ်ပြတ်သုတ်သင်သွားသည့် အဖြူရောင်သွေးမိစ္ဆာဆိုသူမှာ အနက်ရောင်မျက်လုံးများရှိကာ ချောမောသော်လည်း သွေးဆာရက်စက်သည့်ပုံစံဖြင့်ကြောက်မက်ဖွယ်ကောင်းလှသည်ဟုဖြစ်သည်။

ယခု သူမတို့ရှေ့ရှိ စီးတုမင်၏ဒုတိယအစ်ကိုဆိုသူမှာ ပါးသိုင်းမွှေးမုတ်ဆိတ်မွှေးများနှင့် ခန့်ညားသောမျက်နှာရှိသော်လည်း ဖြစ်သလိုနေတတ်ပုံရသည်။

သူ၏လက်စွဲတော်ဓားကိုပင်ခါးကြားတွင်ဖြစ်သလိုထိုးထားသေးသည်။

ထိုပုံစံမှာ သူမတို့စိတ်ထဲမှ သွေးဆာရက်စက်သည့် သိုင်းထိပ်သီးနံပါတ်တစ်၏ပုံစံနှင့် အနည်းငယ်ကွာခြားပေသည် ။

တင်းဖန်းနှင့်ထင်းရှီတို့၏စကားများကြောင့် ရှန်းယွင်မှာ အနည်းငယ်အမြင်ကပ်သည့်ဟန်ဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

“ ရှင်တို့မှမဟုတ်ပါဘူးနော် ကျမလည်း လိုချင်ရင် သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှာ နံပါတ်တစ်ခုအသာလေးချိတ်တယ် “

ရှန်းယွင်မှ သူမ၏မျက်နှာလေးအားမော့ကာ ကြည်လင်သည့်အသံလေးဖြင့်ပြောလိုက်သည်။

ထို့နောက် သူမပို၍ စိတ်အားထက်သန်လာပုံရသည်။ တင်းဖန်းအားကြည့်ကာ ဆက်၍ကြွားဝါလိုက်ပြန်သည်။

“ ဆရာတူအစ်ကို အစ်ကိုသိလား ကျမဝူတန်းက ထိုက်ကျိဓားဆိုလား ဘာလား အဲဒီလူကို ဝူတန်းတစ်ဂိုဏ်းလုံးရှေ့မှာ စိန်ခေါ်ပြီးအနိုင်ယူခဲ့တာ

အဲဒီအချိန်တုန်းက ကျမကိုဘယ်သာမှမနိုင်လို့ အစ်ကိုကြီးထင်းကိုယ်ထွက်လာပြီး ကျမနဲ့ သိုင်းကွက်ငါးရာလောက်တိုက်ခိုက်ရတာ “

ရှန်းယွင်မှမမောနိုင်မပန်းနိုင် အဆက်မပြတ်ကြွားဝါလိုက်သည်။ သူမှ၏စကားများမှာ မှားသည်ဟုပြော၍မရသော်လည အနည်းငယ်ချဲ့ကားထားပေသည်။

အထူးသဖြင့် ထင်းရှီမှသူမအားဆယ်ကွက်မပြည့်မီအနိုင်ယူခြင်းနှင့် ထိုက်ကျိဓားစန်းဟုန်းလျန်ကိုပရိယာယ်သုံး၍အလစ်တိုက်ခိုက်ခြင်းကိုမူ ထိမ်ချန်ထားပေသည်။

သူမ၏စကားဆုံးသည်နှင့် တင်းဖန်းမှ စကားတစ်ခွန်းမှမဆိုဘဲ ပြုံး၍ကြည့်နေသည်။

တင်းဖန်း၏အပြုံး အဓိပ္ပာယ်ကို ရိပ်စားမိနေသည့် ရှန်းယွင်မှာ မျက်နှာလေးနီရဲသွားကာ စိတ်ဆိုးသည့်လေသံဖြင့်အော်ဟစ်လိုက်သည်။

“ ဆရာတူအစ်ကိုကြီး ကျမတကယ်ပြောနေတာ “

ရှန်းယွင်၏ ဒေါသထွက်နေသည့်လေသံကြောင့် တင်းဖန်းမှာ အလျှင်အမြန် မျက်နှာပိုးသပ်လိုက်ကာ ခေါင်းညိမ့်လိုက်သည်။

“ ကောင်းပါပြီ ကောင်းပါပြီ ငါယုံပါတယ် “

ထိုစကားကြောင့် ရှန်းယွင်၏စိတ်အခြေအနေမှာ ပို၍ဆိုးရွားသွားသည်။

အခြေအနေအားအကဲခပ်ကာ ပြုံးစေ့စေ့လုပ်နေသည့်ထင်းရှီမှ မနေနိုင်ဘဲ ဝင်ရောက်ပြောဆိုလိုက်သည်။

“ ဟုတ်တယ်အစ်ကိုကြီး ရှန်းယွင်က သိုင်းပညာပိုပြီးတိုးတက်လာတာ ။ အစ်ကိုစန်းဟုန်းလျန်ကို တောင် သူကအနိုင်တိုက်လာတာ “

ထိုစကားကိုပြောလိုက်သော်လည်း ရှန်းယွင်မမြင်အောင်သတိထား၍ တင်းဖန်းအား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။

ရှန်းယွင်မှာမူ ထင်းရှီ၏ထောက်ခံစကားကြောင့် ချိုမြန်စွာပြုံးလိုက်သည်။

“ အစ်ကိုကြီးထင်းကအကောင်းဆုံးပဲ “

တင်းဖန်းမှာတော့ အသံတိတ်ကြိတ်၍ရယ်မောနေလေသည်။

ထိုအချိန်တွင် တိုက်ပွဲမှာ အလွန်ပြင်းထန်သည့်အဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

ခရမ်းရောင်သွေးလဂိုဏ်းသားသုံးယောက်မှာ သူတို့၏ပူးပေါင်းတိုက်ကွက်ဖြင့် စီးတုမင်အား အချိန်တိုအတွင်း အနိုင်မရရုံသာမက ပူးပေါင်းတိုက်ကွက်အား နောက်ထပ်တစ်ကြော့ပင်အသုံးပြုနေရသည်။

စီးတုမင် သည်လည်း အင်အားပြည့်တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ထိုလူများ၏ပူးပေါင်းတိုက်ကွက်ကို တိုက်ခိုက်ရင်းဖြင့် လေ့လာနေခြင်းသာဖြစ်သည်။

ထိုလူများ၏ ပူးပေါင်းတိုက်ကွက်ကို အတော်အတန်နားလည်သွားသည့်အချိန်တွင်လေထဲသို့ခုန်တက်လိုက်သည်။

ခရမ်းရောင်သွေးလဂိုဏ်းသားများသည်လည်း လေထဲသို့ခုန်တက်ဿ သုံးဖက်သုံးတန်မှ တိုက်ခိုက်လိုက်ကြပြန်သည်။ သို့သော်

ဦးစွာ စီးတုမင်မှ သူ၏ရှေ့မှဂိုဏ်းသားအား အင်အားပြင်းထန်လှသည့်လက်သီးဖြင့် ထိုးနှက်လိုက်သည်။

လေထဲတွင်ပေါက်ကွဲမှုအသံသဲ့သဲ့ပင်ကြားလိုက်ရကာ တိုက်ပွဲအားစောင့်ကြည့်နေသည့် တင်းဖန်းနှင့် ထင်းရှီတို့၏မျက်နှာလေးနက်သွားကြသည်။

“ ဖောင်း .... “

“ ဝုန်း.. “

ငါးချက်ဆင့်ပေါက်ကွဲသံနှင့်အတူ စီးတုမင်၏ရှေ့မှခရမ်းရောင်သွေးလဂိုဏ်းသားမှာ အရုတ်ကြိုးပြတ်သလို လွင့်စင်သွားသည် ။

အမှန်မှာ ထိုဂိုဏ်းသားမှာ စီးတုမင်၏လက်သီးချက်ကို အင်အားအပြည့်ထည့်ထားသည့်သူ၏လက်ဝါးဖြင့် ရင်ဆိုင်လေသည် ။

သို့သော် လက်ဝါးနှင့်လက်သီးထိခတ်ပြီးနောက် စီးတုမင်၏လက်ဝါးမှ အတွင်းအားလှိုင်းများမှာ သူ၏ခန္တာကိုယ်အတွင်းသို့ ဝင်ရောက်ဖျက်ဆီးနေသည့်ဟု ခံစားမိလိုက်ကာ သွေးတစ်ပွတ်အန်၍ နောက်သို့လွင့်စင်သွားခြင်းဖြစ်သည်။

ထိုဂိုဏ်းသားမှာ ခပ်လှမ်းလှမ်းတွင်လဲကျနေကာ ပြန်ထရပ်ပင်မတတ်နိုင်တော့ဘဲ အနည်းငယ်လှုပ်ရှားလျက်ရှိသည်။

“ ခုနစ်ဆင့်လက်သီးသိုင်းကြီးလား “

တင်းဖန်းနှင့်ထင်းရှီတို့မှာ ပြိုင်တူ ရေရွတ်လိုက်မိကာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

စီးတုမင်အနေဖြင့် သိုင်းလောကထဲမှသတင်းများကဲ့သို့ ခုံတုံဂိုဏ်း၏ဆက်ခံသူဖြစ်ကာ လေ့ကျင့်ရခက်ခဲလှသည့်ခုနစ်ဆင့်လက်သီးသိုင်းကို လေ့ကျင့်နိုင်မည်ဟုသူတို့မထင်ခဲ့မိပေ။

စီးတုမင်မှ ခုနစ်ဆင့်လက်သီးသိုင်းအား အဆင့်မည်မျှအထိလေ့ကျင့်နိုင်သည်မသိသော်လည အားလှိုင်းငါးခုကပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

မည်သို့ပင်ဖြစ်စေ သူတို့ထဲတွင် မနာလိုစိတ်စိုးစိမျှမရှိကြဘဲ သူတို့၏ညီနောင်အားကောင်းလာသည့်အတွင် ကြိတ်၍ပင် ဝမ်းသာနေကြသေးသည်။

စီးတုမင်မှာ လက်နှစ်ဖက်ကိုနောက်ပစ်၍ရပ်နေကာ လဲကျနေသည့် ခရမ်းရောင်သွေးလဂိုဏ်းသားကို ကြည့်ရှုနေလေသည် ။

သူ၏နောက်ကျောဘက်တွင် ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ယောက်ရှိနေသေးသည်။

တိုက်ပွဲတွင် ရန်သူကိုကျောပေးနေခြင်းမှာ ဆိုးရွားသည့်အပြုအမူဖြစ်သော်လည်း စီးတုမင်မှာ ကိုယ်ကိုယ်ကို ယုံကြည်မှုရှိနေသည့်ပုံရသည်။

သူတွေးထင်ထားသည့်အတိုင်းပင် ခရမ်းရောင်သွေးလဂိုဏ်းသားများဆီမှ နောက်ထပ်တိုက်ခိုက်မှုများ ထွက်ပေါ်မလာတော့ပေ။

ထိုလူများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြကာ သူတို့၏မျက်နှာထက်တွင်တုန်လှုပ်မှုများအထင်းသားပင် ။

သူတို့၏အလုပ်ကိုဝင်ရှုပ်သည့်လူငယ်လေးမှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင် ခုံတုံဂိုဏ်း၏ဆက်ခံသူ စီးတုမင်ဖြစ်နေမည်ဟု သူတို့မမျှော်လင့်ခဲ့မိပေ။

All Chapters