← Chapters

စစ်ဆေးမေးမြန်းခြင်း

Vol. 2 Ch. 195

စစ်ဆေးမေးမြန်းခြင်း

Vol. 2 Ch. 195

ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ အခြေအနေမဟန်မှန်းသိသည်နှင့် ဒဏ်ရာရနေသည့်သူတို့၏လူအား ဂရုမစိုက်တော့ဘဲ ဆန့်ကျင်ဘက်အရပ်တစ်ခုဆီသို့ဦးတည်ကာပြေးသွားလိုက်သည်။

စီးတုမင်မှာ ရုတ်တရက်ထွက်ပြေးသွားသည့်လူနှစ်ယောက်ကြောင့်အနည်းငယ်ကြောင်အမ်းအမ်းဖြစ်ကာ ရပ်ကြည့်နေမိသည် ။

ထိုအချိန်တွင်ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ယောက်မှာ လျှင်မြန်သည့်ကိုယ်ဖော့ပညာကို အစွမ်းကုန်အသုံးချကာ ပြေးသွားကြခြင်းဖြစ်သည်။

သို့သော် သူတို့နှစ်ဦးမှာ ‌ဝါးနှစ်ရိုက်အကွာနီးနီရောက်နေကြစဉ် သူတို့၏လမ်းသို့ လူတစ်ယောက်စီခုန်ပျံ၍ရောက်လာကာ လမ်းပိတ်ထားကြသည်။

ခရမ်းရောင်သွေလဂိုဏ်းသားများကိုလမ်းပိတ်ထားသူများမှာ တင်းဖန်းနှင့်ထင်းရှီတို့ဖြစ်ကြသည်။

သူတို့နှစ်ယောက်မှာ ခရမ်းရောင်သွေးလဂိုဏ်းသားတစ်ယောက်ဒဏ်ရာအပြင်းအထန်ရသွားသည့်အချိန်ကပင် ကျန်သည့်နှစ်ယောက်ကို မျက်ချေမပြတ်အကဲခပ်နေကြခြင်းဖြစ်သည် ။

ထို့ကြောင့်လည်း ယခုလိုအချိန်မီ တားဆီးနိုင်ခြင်းဖြစ်သည်။

“ တတိယညီလေး မင်းဟိုလူ့ကိုပဲမိအောင်ဖမ်းထားလိုက် “

ထင်းရှီမှ အပြုံးဖြင့် အော်ဟစ်လိုက်သည်။ သူ၏အသံကြောင့် စီးတုမင်လည်း စိတ်သက်သာရာရသွားကာ ပြန်ဖြေလိုက်သည်။

“ ကောင်းပြီ ဒုတိယအစ်ကိုကြီး ဒီ‌တစ်ယောက်ကို ကျနော့်တာဝန်ထားလိုက် “

ထိုအချိန်တွင် တင်းဖန်းနှင့် ခရမ်းရောင်သွေလဂိုဏ်းသားတစ်ယောက်မှာ တိုက်ခိုက်နေပြီဖြစ်သည်။

ခရမ်းရောင်သွေးလဂိုဏ်းသားမှာ မျှော်လင့်ချက်ကင်းမဲ့လုနီးနီးဖြစ်နေသည့်ကိုသိရှိ၍ အသက်ကိုပင် ပဓာနမထားတော့ဘဲ ပြင်းထန်စွာတိုက်ခိုက်လျက်ရှိသည်။

ထို့ကြောင့်ပင် သူ၏တိုက်ခိုက်မှုများမှာ စီးတုမင်အားသုံးယောက်တစ်ယောက်တိုက်ခိုက်စဉ်ကထက် ပို၍ပြင်းထန်လျက်ရှိသည်။

တင်းဖန်းသည်လည်း သွေးနီရောင်တောက်ပနေသည့်ဓားတစ်ချောင်းကိုကိုင်၍ ထိုဂိုဏ်းသားကိုရင်ဆိုင်လျက်ရှိသည်။

တင်းဖန်း၏လက်ထဲမှဓားမှာ ဓားအိမ်အတွင်းတွင်ရှိစဉ်က သာမန်ဓားတစ်လက်ဟုသာထင်ရသော်လည်း ဓားကိုဆွဲထုတ်၍တိုက်ခိုက်သည့်အခါတွင် သွေးဆာရက်စက်သည့်အငွေ့အသက်များမှာ ဓားဆီမှပျံ့လွင့်လာသည် ။

ထိုသို့ဖြစ်စေရန် သွေးနီရောင်ဓားမှာ အသက်ပေါင်းမည်မျှကို သတ်ဖြတ်ခဲ့သည်မသိပေ။

သိုင်းပညာအဆင့်နိမ့်သည့် သာမန်သိုင်းသမားတစ်ယောက်သာ်ဆိုလျှင် ထိုဓားကိုကိုင်မိရုံဖြင့်ဓား၏လွှမ်းမိုးမှုကိုခံရကာ အသိစိတ်ပျောက်သွားနိုင်သည်။

ထို့ကြောင့် သတ်ဖြတ်ရန်မှတစ်ပါးအခြားအရာများကိုမသိသည့် သွေးဆာသည့်လူသတ်သမားတစ်ဦးဖြစ်သွားနိုင်ပေသည်။

တင်းဖန်းသည်ကား အတွင်းအားကောင်းမွန်သည့်အပြင် စိတ်ဓာတ်ခိုင်မာမှုရှိသည့်အတွက် သွေးနီရောင်ဓားကို ကောင်းစွာကိုင်တွယ်နိုင်ပုံရသည်။

သူ၏လက်ထဲတွင် သွေးနီရောင်ဓားမှာ သွေးဆာသည့်အငွေ့အသက်အချို့ရှိသည်မှအပ သာမန်ထက်ပို၍ ထက်မြက်သည့်ဓားတစ်လက်သာဖြစ်နေသည်။

တင်းဖန်းမှာ ‌အင်အားပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသည့်ဓားသိုင်းတစ်မျိုးကိုအသုံးပြုနေခြင်းဖြစ်ကာ သူတိုက်ခိုက်သည့်အချိန်တိုင်းတွင် ဓားချက်တိုင်းဆီမှ အသံသဲ့သဲ့ကိုကြားနေရသည်။

သို့သော် တင်းဖန်းမှာ ဓားကွက်များကိုအင်အားပြည့်အသုံးမပြုဘဲ ရန်သူအားဖမ်းဆီးရန်သာဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။

အကယ်၍ သူသာတစ်ဖက်လူအားသတ်ဖြတ်လိုအါက သိုင်းကွက်သုံးဆယ်အတွင်း သတ်ဖြတ်နိုင်ပေသည်။

ထင်းရှီမှာမူ တင်းဖန်း၏လက်ထဲမှဓားကို စိတ်ဝင်စားစွာကြည့်ရှုနေသည်။

သူကိုယ်တိုင်လည်း ထက်မြက်သည့်ဓားသမားတစ်ဦးဖြစ်သည့်အတွက် တင်းဖန်း၏လက်ထဲမှဓားမှာ လွန်စွာသွေးဆာသည့် ရတနာဓားတစ်လက်ဖြစ်ကြောင်းကိုသိလေသည်။

ထို့အပြင် သူ၏အသိဉာဏ်ထဲတွင်ပြန်၍တူးဆွကြည့်သည့်အခါ ထိုဓားနှင့်ပုံစံတူသည်မှာ သိုးထိန်းကြီးပြောဖူးသည့် ရတနာစာရင်းဝင်သွေးနီဓားဖြစ်နေသည်။

ထို့ကြောင့် တင်းဖန်းအသုံးပြုနေသည့်ဓားမှာ သိုင်းလောက၏ရတနာစာရင်းဝင်သွေးနီဓားဖြစ်ရပေမည်။

ထင်းရှီမှာ အခြားလူများတိုက်ခိုက်ချိန်တွင် အေးအေးဆေးဆေးရပ်ကြည့်နေသည်မှာ အကြောင်းရင်းရှိပေသည် ။

ခရမ်းရောင်သွေးလဂိုဏ်းသား၏ရှေ့ကိုပိတ်ရပ်စဉ်ထဲက ထင်းရှီမှာ အချိန်မဆိုင်းလို၍ ဓားဆန္ဒကိုချက်ခြင်းအသုံးပြုလိုက်သည် ။

ခရမ်းရောင်သွေးလဂိုဏ်းသားမှာ အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း စူးရှထက်မြက်ကာ လွန်စွာအင်အားပြင်းထန်သည့်ဖိအားကြီးနှင့်ရင်ဆိုင်ရာတွင် ဒူးများခွေညွှတ်ကျတော့မလိုပင်ဖြစ်သွားလေသည်။

ထိုအချိန်တွင် အေးစိမ့်သည့်ခံစားချက်တစ်ခုကိုရသလိုဖြစ်ကာ သူ၏ခန္တာကိုယ်တစ်ခုလုံးလှုပ်ရှားမရ‌နိုင်တော့ပေ။

ထင်းရှီမှာ သူ၏ဓားကိုခါးစည်းကြိုးထဲသို့ပြန်၍ထိုးထည့်ကာ တင်းဖန်းတို့၏တိုက်ပွဲကိုအေးအေးဆေးဆေးကြည့်နေပြီဖြစ်သည်။

အစမှအဆုံးအထိ ခရမ်းရောင်သွေလဂိုဏ်းသားအား သူသိုင်းတစ်ကွက်ပင်ထုတ်သုံးရန်မလိုလိုက်ပေ။

သူလုပ်ဆောင်လိုက်သည်ကား ဓားဆန္ဒကိုထုတ်သုံး၍ သာမန်ထက်လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့် ထိုလူအား သွေးကြောပိတ်လိုက်ခြင်းသာဖြစ်သည်။

တစ်ဖက်တွင် စီးတုမင်သည်လည်း သူနှင့်တိုက်ခိုက်နေသူအား အနိုင်ရပြီးဖြစ်လေသည်။

တင်းဖန်းလည်း ဆက်၍အချိန်မဆွဲတော့ဘဲ သူ၏ဓားကိုလျှင်မြန်စွာလှုပ်ယမ်းလိုက်ရာ သူနှင့်တိုက်ခိုက်နေသူမှာ ပခုံးကိုသွေးနီဓားဖောက်ထွက်သွားပြီးလဲကျသွားလေသည်။

အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေးနှင့် သူမ၏နောက်လိုက်နှစ်ယောက်မှာ အချိန်တိုအတွင်းပြီးဆုံးသွားသည့်တိုက်ပွဲအား ပါးစပ်အဟောင်းသားဖြစ်နေကြသလို ထင်းရှီတို့၏သိုင်းပညာကိုလည်း ဆွံ့အနေကြသည်။

အထူးသဖြင့် ထင်းရှီ၏လှုပ်ရှားမှုကိုမြင်လိုက်ရပြီးသည့်နောက်တွင် ထင်းရှီမှာ သိုင်းထိပ်သီးဆယ်‌ယောက်နံပါတ်တစ်အဖြူရောင်ဓားမိစ္ဆာမဟုတ်ဟုပြောလျှင်ပင် မည်သူမှယုံမည်မဟုတ်တော့ပေ။

ထင်းရှီတို့မှာ ခရမ်းရောင်သွေးလဂိုဏ်းသားများအား တစ်နေရာထဲတွင်စုထားလိုက်သည်။ ထို့နောက် ထင်းရှီမှ စတင်၍မေးခွန်းများမေးတော့သည်။

အမှန်ဆိုလျှင် ထိုလူများကြောင့်ထိခိုက်ခဲ့ရသည်မှာ အဖြူရောင်ဝတ်စုံနှင့်မိန်းမချောလေးဖြစ်သော်လည်း သူမတို့အစား ထင်းရှီမှစစ်မေးပေးခြင်းဖြစ်သည် ။

ကျန်လူများမှာ အနားတွင်စုလျက် ခရမ်းရောင်သွေးလဂိုဏ်းသားများကို စောင့်ကြည့်နေကြသည် ။

ထင်းရှီမှာ တောင်ပေါ်မှဆင်းလာချိန်မှစ၍ နှစ်ကြိမ်တိတိနှောင့်ယှက်ခံရသဖြင့် ခရမ်းရောင်သွေးလဂိုဏ်းကို သူအမြင်မကြည်ပေ။

ထို့အပြင် လက်ရှိခရမ်းရောင်သွေးလဂိုဏ်း၏ရည်ရွယ်ချက်မှာ ကွဲကွဲပြားပြားမသိရသေးသော်လည်း သူ၏မသိစိတ်တွင် ထိုဂိုဏ်းမှာ ကြောက်မက်ဖွယ်ကောင်းကာ သိုင်းလောကအား အုပ်စိုးလိုသည်ဟု တွေးလိုက်မိသည် ။

တစ်ရက်ရက်တွင် ခရမ်းရောင်သွေးလဂိုဏ်းကိုအစပြု၍ သိုင်းလောကတွင် ကြီးမားသည့်မုန်တိုင်းကြီးတစ်ခုတိုက်ခတ်ဦးမည်ဟု သူခန့်မှန်းမိနေသည်။

ထို့အပြင် ယခုလိုခန့်မှန်းမိသည်မှာ သူတစ်ဦးတည်းမဟုတ်ပေ။ သိုင်းလောကထဲမှအဆင့်မြင့်ထိပ်သီးအတော်များများ ဖြစ်ပေါ်လာတော့မည့် မုန်တိုင်းအငွေ့အသက်ကို ကြိုတင်ရိပ်စားမိနေကြလေသည်။

“ ကဲ ကျုပ်ရှည်ရှည်ဝေးဝေးမပြောချင်ဘူး ။ လူတစ်ယောက်ကို အတင်းအကြပ်စေခိုင်းတာကိုလည်း မနှစ်သက်ဘူး ။ ခင်ဗျားတို့ ဟိုမိန်းကလေးတွေကိုဖမ်းဆီလိုတဲ့ရည်ရွယ်ချက်ကိုပြောပြရမယ် မဟုတ်ရင် ခင်ဗျားတို့သေမယ် ။ ကျုပ်တို့သိချင်တာကိုပြောပြရင် အသက်ရှင်မယ် ဒါပဲ “

ထင်းရှီ၏ပြတ်သားသည့်စကားကာထိုလူများကိုတုန်လှုပ်သွားစေသည် ။

အထူးသဖြင့် ထင်းရှီနှင့်တိုက်ခိုက်ဖူးသည့်လူဖြစ်သည်။ ထိုလူမှာ ထင်းရှီမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိပေသည်။

ထင်းရှီမှာ ထိုလူတစ်ယောက်ချင်းစီအား စူးရှသည့်မျက်လုံးအစုံဖြင့် ကြည့်ရှုအကဲခပ်နေသည်။

ထိုလူများမှာ ထင်းရှီ၏ဓားတစ်စင်းလိုထက်ရှသည့်အငွေ့အသက်ကို ထိတ်တိုက်ရင်မဆိုင်ရဲကြပေ။

ထင်းရှီမှ သူတို့အားလက်ဖျားဖြင့်ပင် မတို့သေးသော်လည်း သူတို့၏ရင်ထဲတွင် ဓားအစင်းပေါင်းများစွာဖြင့်ထိုးစိုက်ခံရသလိုခံစားမိနေကာ ကြီးစွာသောဖိအားအောက်တွင်ရောက်ရှိနေသည်။

နောက်ဆုံးတွင် တစ်ယောက်မှဆက်၍သည်းမခံနိုင်ဟန်ဖြင့် အော်ဟစ်လိုက်သည် ။

“ ကျုပ်ပြောပြမယ် ဒါပေမယ့် ဒါပြီးရင် ကျုပ်တို့ကိုလွှတ်ပေးရမယ်လို့ ကတိပေးရမယ် “

ထိုလူမှာ ထင်းရှီ၏လက်ချက်ကြောင့် အကြောပိတ်ခံရသူဖြစ်သည်။

ထိုလူ၏စကားကြောင့်ထင်းရှီမှာ သဘောကျစွာ‌ပြုံးလိုက်သော်လည်း ခရမ်းရောင်သွေးလဂိုဏ်းသားတစ်ယောက်မှ အော်ဟစ်ဟန့်တားလိုက်သည်။

“ မင်းရူးနေပြီလား ငါတို့ဂိုဏ်းကိုသစ္စာဖောက်ရင် ဘယ်လိုအဆုံးသတ်မယ်ဆိုတာကို မင်းမေ့နေပြီလား “

ထိုဂိုဏ်းသား၏စကားကြောင့် ပထမဂိုဏ်းသားမှာ ငိုင်တွေသွားလေသည် ။

သူ၏မျက်နှာထက်တွင်လည်း ကြောက်ရွံ့ထိတ်လန့်သည့်အမူအယာ‌များပေါ်ပေါက်လာကာ တခဏခန့် တိတ်ဆိတ်သွားသည်။

ထင်းရှီမှာ စကားတစ်ခွန်းမှ ဝင်ရောက်ပြောဆိုခြင်းမရှိဘဲ ထိုလူဆုံးဖြတ်ချက်ချနိုင်ရန် ထိုအတိုင်းသာထားလိုက်လေသည်။

အတန်ကြာမှ ထိုဂိုဏ်းသား၏မျက်နှာထက်တွင် ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချပြီးသည့်အမူအယာပေါ်ပေါက်လာကာ သူ၏လူအားအော်ဟစ်လိုက်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ်ငါတို့ကဲ့အသက်က ငါတို့လက်ထဲမှာရှိလို့လား ။ ငါတို့မိတ်ဆွေဖြစ်လာတာ သုံးနှစ်ကျော်ပြီ ငါမင်းကိုစိတ်ရင်းအတိုင်းပဲပြောမယ်။

သုံးလတစ်ကြိမ်ခံစားရတဲ့ နာကျင်မှုကို မင်းသည်းခံနိုင်ရဲ့လား။ တစ်ခါတစ်လေသတ်သေချင်စိတ်တောင်ပေါက်သွားတယ်မလား။

အခု ငါဂိုဏ်းကိုသစ္စာဖောက်ရင် နောက်ကျပြီးသေမယ် ။ ဒါပမယ့် တစ်ခွန်းမှမပြောရင်တော့အခုချက်ချင်းသေမယ် “

ထိုဂိုဏ်းသား၏စကားကြောင့် တားမြစ်လိုက်သူမှာ တိတ်ဆိတ်သွားသည်။

All Chapters