← Chapters

စံအိမ်သခင်

Vol. 2 Ch. 197

စံအိမ်သခင်

Vol. 2 Ch. 197

ဓားတစ်ထောင်စံအိမ်

သိုင်းလောကထဲတွင် လျှို့ဝှက်ကာ ကြောက်မက်ဖွယ်ကောင်းသည်ဟု နာမည်ကြီးသည့်ဓားတစ်ထောင်စံအိမ်မှာ မြောက်ပိုင်းတောင်တန်းဒေသမှ ဟန်ချန်းမြို့လေးနှင့် မနီးမဝေးတွင်ရှိသည် ။

မြောက်ပိုင်းတွင် ဓားတစ်ထောင်စံအိမ်၏တည်နေရာကို သိုင်းလောကသားအတော်များများသိကြကာ ထင်းရှီတို့မှာ ခက်ခက်ခဲခဲ ဖွေစရာမလိုဘဲ အနည်းငယ်မေးမြန်းလိုက်ရုံနှင့် သိလိုက်ရသည် ။

ထို့အပြင် ဓားတစ်ထောင်စံအိမ်မှာ မြောက်ပိုင်းတွင်ကောင်းမွန်သည့်ဂုဏ်သတင်းတစ်ခုရှိပုံရသည်။

ဓားတစ်ထောင်စံအိမ်အကြောင်းကိုပြောသည့်အချိန်တွင် မြောက်ပိုင်းမှသိုင်းသမားများ၏မျက်နှာထက်တွင် ကြောက်ရွံ့မှုကိုမတွေ့ရဘဲ အထင်ကြီးမှူနှင့် လေးစားမှုတို့သာရှိနေသည်။

ဓားတစ်ထောင်စံအိမ်မှာ ဟန်ချန်းမြို့၏မြောက်ဘက် တောအုပ်ထဲတွင်ရှိကာ ထင်းရှီတို့အလွယ်တကူပင်ရောက်လာကြသည် ။

မြင်းကိုယ်စီနှင့်လူသုံးယောက်မှာ ဓားတစ်ထောင်စံအိမ်၏ရှေ့တွင်ရပ်ကာ စံအိမ်ဆိုင်းပုဒ်ကိုမော့ကြည့်လိုက်သည်။

ဓားတစ်ထောင်စံအိမ်ဆိုသည့်စကားလုံးမှာ အားမာန်ပါကာ စာအဆုံးတွင် ကြီးမားသည့်ဓားတစ်ချောင်းပုံထွင်းထုထားသည် ။

စံအိမ်၏ဂိတ်တံခါးမှဆိုင်းပုဒ်ကိုကြည့်ရုံဖြင့် ဓားတစ်ထောင်စံအိမ်မှာ သာမန်မဟုတ်သည်ကို သိရှိနိုင်သည်။

စံအိမ်အဝတွင်မူ တူညီဝတ်စုံနှင့်သိုင်းသမားနှစ်ယောက်ရပ်လျက်ရှိသည်။ ထိုလူများမှာ အစောင့်သဘောမျိုးရပ်နေကြခြင်းဖြစ်သည်။

အဖြူရောင်တူညီဝတ်စုံ အနီရောင်ခါးစည်းများနှင့် ဓားကိုယ်စီသိုင်းလွယ်ထားကြသည့်သူတို့၏ပုံစံမှာ တတ်ကြွကာ အားမာန်အပြည့်ဖြစ်သည် ။

ထို့အပြင် ထိုသိုင်းသမားများမှာ သိုင်းပညာမနိမ့်ကျဘဲ အဆင့်မြင့်သိုင်းသမားများဖြစ်ကြသည် ။

ထင်းရှီတို့လူစုမှာ မြင်းများပေါ်မှဆင်းလိုက်ကြကာ အစောင့်သိုင်းသမားနှစ်ယောက်ထံသို့ ချဉ်းကပ်သွားသည်။

“ မိတ်ဆွေတို့ ဘာကိစ္စရှိလို့ ကျုပ်တို့ဓားတစ်ထောင်စံအိမ်ကို ရောက်လာတာပါလဲ “

အစောင့်တစ်ယောက်မှ သိုင်းလောကထုံးစံအတိုင်းအရိုအသေပြု၍ မောက်မာခြင်း နှိမ့်ချခြင်းမရှိဘဲ သာမန်လေသံဖြင့် မေးလိုက်သည်။

ထင်းရှီတို့၏ပုံစံမှာ မြောက်ပိုင်းမှသိုင်းသမားများနှင့်ကွဲထွက်နေကာ မျက်နှာစိမ်းများဖြစ်ကြောင်းအလွယ်တကူပြောနိုင်သည်။

ထင်းရှီတို့သုံးယောက်လည်း ပြန်၍ဂါရဝပြုလိုက်ကာ ထင်းရှီမှ လာရင်းကိစ္စကို ပြောလိုက်သည် ။

“ ကျုပ်တို့ ဒီကိုလာတဲ့ကိစ္စကတော့ သိုင်းပညာဖလှယ်ဖို့အတွက်ပါ ။ ဒီအတွက် မိတ်ဆွေတို့ကို နည်းနည်းဒုက္ခပေးရဦးမယ် “

ထင်းရှီ၏သိမ်မွေ့သည့်စကားကြောင့် အစောင့်များမှာ ဒေါသထွက်ခြင်းမရှိသော်လည်း သူတို့၏အမူအယာများမှာ ထူးဆန်းသွားသည် ။

ဓားတစ်ထောင်စံအိမ်မှာ သိုင်းလောကထဲတွင်နာမည်ကောင်းမရှိကာ လျို့ဝှက်ကာ ကြောက်မက်ဖွယ်ကောင်းသည်ဟုနာမည်ကြီးသည့်အတွက် သိုင်းသမားအတော်များများမှာ သူတို့နှင့် မပတ်သတ်မိစေရန်သတိထား၍နေကြသည်။

မြောက်ပိုင်းတွင်မူ မြောက်ပိုင်းတောင်တန်းမှ အနည်းငယ်သာရှိသည့်အဖွဲ့အစည်းများနှင့် သိုင်းသမားများမှာ သူတို့စံအိမ်အား ရိုသေလေးစားကြလေသည်။

ထို့ကြောင့် ယခုလိုသိုင်းပညာယှဉ်ပြိုင်ရန်အတွက် လာရောက်တောင်းဆိုသည်မှာ သူတို့အတွက် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

တစ်ဖက်လူများမှာ နာမည်ကျော်ကြားလို၍လော သို့မဟုတ်အခြားအကြောင်းအရာများရှိနေ၍လော ။။

ဤသည်မှာ သူတို့၏ကိစ္စမဟုတ်ပေ။ မည်သည့်အကြောင်းနှင့်ဖြစ်စေ သူတို့နှင့်မပတ်သတ်ဘဲ သူတို့၏တာဝန်မှာ ထိုအကြောင်းကို စံအိမ်သခင်ကြီးအား သတင်းပို့ရုံသာဖြစ်သည်။

ဓားတစ်ထောင်စံအိမ်မှာ သူတို့အားရန်စစော်ကားပါက မိုးမြေအဆုံးထိလိုက်လံလက်တုန့်ပြန်တတ်သလို သူတို့နှင့်ရန်ငြိုးမရှိပါကလည်း ကောင်းမွန်စွာဆက်ဆံလေ့ရှိသည်။

“ မိတ်ဆွေတို့ရဲ့နာမည်ကိုပြောပြပါ ကျုပ်စံအိမ်သခင်ကြီးကို သတင်းပို့ပေးပါ့မယ် “

အစောင့်တစ်ယောက်၏စကားကြောင့် ထင်းရှီမှာ ခေါင်းညိမ့်လိုက်သည် ။

ဓားတစ်ထောင်စံအိမ်၏လုပ်ပုံကိုင်ပုံများကိုလည်း ကြိတ်၍ချီးကျူးလိုက်မိသည်။ ထိုလူများမှာ ကြီးမားသည့်အင်အားစုတစ်ခုဖြစ်သော်လည်း မောက်မာခြင်းမရှိပေ။

“ ကျုပ်ရဲ့နာမည်က ထင်းရှီပါ။ သိုင်းလောကထဲမှာ အဖြူရောင်သွေးမိစ္ဆာလို့သိကြတယ်။ ဒီနှစ်ယောက်က ကျုပ်ရဲ့မိတ်ဆွေတွေပါ “

ထင်းရှီမှ သူ၏နာမည်သာမက ဂုဏ်ပုဒ်ကိုပါမိတ်ဆက်လိုက်သည်။

နာမည်ကျော်ကြားခြင်းကို သူများစွာဂရုမစိုက်သော်လည်ယ တစ်ခါတစ်ရံတွင် နာမည်ဂုဏ်သတင်းမှာ အရေးပါသည့်နေရာတစ်ရပ်တွင်ရှိသည်။

ထင်းရှီတွေးထားသည့်အတိုင်းပင် အစောင့်နှစ်ယောက်၏မျက်နှာထင်တွင် ဇဝေဇဝါအမူအယာများပေါ်လာကာ ရေရွတ်လိုက်သည်။

“ အဖြူရောင်သွေးမိစ္ဆာ ထင်းရှီ ဒီနာမည်ကိုရင်းနှီးနေသလိုပဲ မဟုတ်မှလွဲရော “

အစောင့်များ၏မျက်လုံးများပြူးကျယ်သွားသည်။

ထိုလူများမှာ ဓားတစ်ထောင်စံအိမ်တွင်သာအေးအေးဆေးဆေးနေလေ့ရှိသော်လည်း သိုင်းလောကနှင့်အဆက်အသွယ်ပြတ်ခြင်းမရှိပေ။

ထို့ကြောင့် သိုင်းလောကတစ်ခုလုံးမသိသူမရှိသည့် သိုင်းထိပ်သီးဆယ်ယောက်စာရင်းကို သူတို့လည်းသိရှိပေသည်။

“ မိတ်ဆွေဒီနေရာမှာ ခဏစောင့်ပေးပါ ကျုပ်အမြန်ဆုံး သတင်းပို့လိုက်ပါ့မယ် “

အစောင့်တစ်ယောင်မှ အလျှင်အမြန်ပြော၍ ထင်းရှီ၏အဖြေကိုပင်မစောင့်တော့ဘဲ စံအိမ်အတွင်းသိုါပြေးဝင်သွားသည်။

ကျန်ရှိနေသည့်အစောင့်မှာ သူကြားဖူးသည့်သတင်းများနှင့် အနည်းငယ်ကွဲလွဲနေသည့်ထင်းရှီ၏ပုံစံအား အံ့သြသည့်ဟန်ဖြင့် အကဲခပ်နေသည်။

ထင်းရှီတို့မှာ အချိန်ကြာကြာမစောင့်လိုက်ရပေ။ သိပ်မကြာမီ စံအိမ်အတွင်းမှ လူအတော်များများထွက်လာသည် ။

ထိုလူများမှာ အဖြူရောင်ဝတ်စုံကိုယ်စီဖြင့်လူခုနစ်ယောက်ဖြစ်ကာ သူတို့၏အလယ်တွင်သာမန်ဝတ်စုံဖြင့် လူရွယ်တစ်ယောက်လိုက်လာသည်။

အစောပိုင်းမှသတင်းပို့သွားသည့်အစောင့်သည်လည်း ရိုသေသည့်အမူအယာဖြင့်လူရွယ်၏နောက်ခပ်လှမ်းလှမ်းမှလိုက်လာသည်။

လူခုနစ်ယောက်၏ဝတ်စုံများမှာ အစောင့်များ၏ဝတ်စုံများနှင့် ဆင်တူသော်လည်း သူတို့၏ခါးတွင် အနက်ရောင်ခါးစည်းကြိုးများကို စည်းထားလေသည်။

သိုင်းလောကထဲမှဂိုဏ်းအချို့ကဲ့သို့ပင် ဓားတစ်ထောင်အိမ်တော်သည်လည်း အမှတ်အသားများဖြင့် အဆင့်ခွဲထားပုံရသည်။

ထိုခါးစည်းကြိုးများမှာ သူတို့၏အဆင့်အတန်းကိုပြသည့်အရာများဖြစ်ကာ ထိုလူခုနစ်ယောက်မှာ အစောင့်များထက်ပို၍ အဆင့်မြင့်ပုံကသည် ။

ထိုအချက်ကိုကြည့်ခြင်းအားဖြင့် လူရွယ်၏အဆင့်အတန်းမှာ ဓားတစ်ထောင်စံအိမ်တွင် မနိမ့်ကျလှကြောင်းကို သိနိုင်သည် ။

လူရွယ်မှာ အသက်များစွာမကြီးသေး။ နှစ်ဆယ့်ခန်းနှစ်ခန့်သာရှိသေးသည်။ ထွားကြိုင်းသည့်ခန္တာကိုယ် ၊ ကြည့်ကောင်းသည့်မျက်နှာနှင့် ယောင်္ကျားပီသသည်။

လူရွယ်၏နောက်မှ လူများမှာ ထင်းရှီတို့လူစုအား စူးစမ်းလိုသည့်အကြည့်ဖြင့် အကဲခပ်နေကြသည်။

ထင်းရှီတို့အနီးသို့ရောက်သည်နှင့် လူရွယ်မှ လက်သီးတစ်ဖက်ဆုပ်၍ အရိုအသေပေးရင်းမေးလိုက်သည် ။

“ သိုင်းထိပ်သီးဆယ်ယောက်စာရင်းမှ နံပါတ်တစ်နေရာကမိတ်ဆွေက ကျုပ်တို့ဓားတစ်ထောင်စံအိမ်ကိုလာတော့ ဂုဏ်ယူရမှာပေါ့ ။

မိတ်ဆွေက ကျုပ်တို့စံအိမ်ကို သိုင်းပညာယှဉ်ပြိုင်လိုတဲ့အတွက်တစ်ခုထဲလာခဲ့တာလား “

လူရွယ်၏ ပွင့်လင်းသည့်စကားကိုထင်းရှီလည်း ခေါင်းညိမ့်ပြကာ အထင်လွဲမှုမရှိ‌စေရန် ပြန်ဖြေလိုက်သည်။

“ ကျုပ်က အနိုင်အရှုံးကိုအဓိကမထားပါဘူး။ မိတ်ဆွေတို့ ဓားတစ်ထောင်စံအိမ်ကိုလည်း ရန်စလိုတဲ့သဘောမဟုတ်ပါဘူး ။။

ကျုပ်က ဓားသမားတစ်‌ယောက်ဆိုတော့ ဓားတစ်ထောင်စံအိမ်က နာမည်ကြီးတဲ့ ဓားတစ်ထောင်သိုင်းကို လက်ရည်စမ်းတိုက်ခိုက်လိုတာပါ “

ထင်းရှီ၏ယဉ်ကျေးသည့်စကားကြောင့် လူရွယ်၏မျက်နှာထက်တွင် သဘောကျသည့်အပြုံးတစ်ပွင့်ပေါ်လာကာ ထင်းရှီတို့လူစုအားဖိတ်ခေါ်လိုက်သည်။

“ အထဲမှာ ကျုပ်ရဲ့ဖေဖေစံအိမ်သခင်စောင့်ဆိုင်းနေတယ် အထဲကို ဝင်ခဲ့ကြပါ “

သူ၏စကားမှာ ဓားတစ်ထောင်စံအိမ်မှ သူ၏အဆင့်အတန်းကိုဖော်ပြနေပေသည်။

ထို့နောက် ထင်းရှီတို့လူစုမှာ စံအိမ်အတွင်းသို့ဝင်ရောက်သွားကြသည်။

ဓားတစ်ထောင်စံအိမ်၏အတွင်းဘက်မှာ အတော် လေးကျယ်ဝန်းကာ ထင်းရှီရောက်ဖူးသည့် စီးမင်မြို့မှစွန်းမျိူးနွယ်၏ခြံဝန်းနှင့်နှိုင်းယှဉ်နိုင်သည်။

စံအိမ်ခြံဝန်းထဲတွင်မူ အဆောက်အဦးအနည်းငယ်ရှိကာ ဗိသုကာလက်ရာများမှာ သေသပ်ကောင်းမွန်လှသည် ။

လူရွယ်မှ ထင်းရှီတို့လူစုကို စံအိမ်အတွင်းဘက် မြေကွက်လပ်၏ရှေ့သို့ခေါ်ဆောင်သွားလေသည်။

မြေကွက်လပ်၏ရှေ့ အဆောက်အဦးကြီး၏ ရှေ့မျက်နှာစာတွင် သက်လက်ပိုင်းအရွယ်လူလေးဦးစောင့်ဆိုင်းနေသည်။

ထိုလူလေးဦးအနက် သာမန်ဝတ်စုံကို ဝတ်ဆင်ထားကာ ခန္တာကိုယ်ထွားကြိုင်းသည့် အလယ်မှလူမှာ လူရွယ်နှင့် ဆင်ဆင်တူသည့်မျက်နှာရှိကာ ထိုလူကြီးမှာ ဓားတစ်ထောင်စံအိမ်၏သခင်ဖြစ်ပုံရသည်။

သူတို့၏အတွေးမှာ မှန်ကန်ပေသည်။ သူတို့အနားသို့မရောက်မီပင် ထိုလူကြီးမှာ ရှေ့သို့လျှောက်လာကာ ကျယ်လောင်သည့်လေသံဖြင့် အော်ဟစ်လိုက်သည်။

“ ဟားးဟားးကျုပ်တို့ရဲ့စံအိမ်ကိုဧည့်သည်တွေမရောက်တာဘယ်လောက်ကြာပြီလဲ “

ထိုလူကြီး၏နောက်မှ သတ်လက်ပိုင်းအရွယ်လူသုံးဦးလည်းကပ်ပါလာသည်။

ထင်းရှီတို့လူစုလည်း ထိုလူကြီးအား အရိုအသေပေးလိုက်ကြသည်။

“ စံအိမ်သခင်ကို ဂါရဝပြပါတယ် “

ထိုလူကြီးမှ လက်ကိုဝေ့ယမ်း၍ ဂရုမစိုက်သည့်ဟန်ဖြင့်ပြောလိုက်သည်။

“ အရေးမပါတဲ့ထုံးစံတွေကိုထားလိုက်ပါဦး ။ ကျုပ်လည်း အလယ်ပိုင်းသိုင်းလောကက ထိပ်သီးဆယ်ယောက်စာရင်းဝင်တွေကို စိတ်ဝင်စားပါတယ်။

မင်းတို့က ဓားပညာယှဉ်ပြိုင်ချင်တာဆိုတော့ အရင်ပြိုင်ရအောင် နောက်မှအေးအေးဆေးဆေးမိတ်ဆက်‌တာပေါ့ “

All Chapters