← Chapters

မိန်းမလှလေးရန်စမှု

Vol. 2 Ch. 198

မိန်းမလှလေးရန်စမှု

Vol. 2 Ch. 198

စံအိမ်သခင်၏စကားကြောင့် ထင်းရှီတို့လူစုမှာ မျက်လုံးပြူးသွားကာာအနည်းငယ်အံ့အားသင့်သွားကြသည်။

ထိုလူကြီးမှာ စကားပြောတိုက်ရိုက်ဆန်လှကာ ပွင့်လင်းသည့်စိတ်သဘောထားရှိပုံရသည်။

ထင်းရှီလည်း ခေါင်းညိမ့်၍ပြောလိုက်သည်။

“ ကောင်းပါပြီ ဒါဆိုရင် ကျုပ်တို့တိုက်ခိုက်ကြတာပေါ့ “

သူ၏စကားကြောင့် စံအိမ်သခင်မှ အံ့ဩသည့်ပုံဖုစ်သွားသလို စံအိမ်သခင်၏နောက်မှ သက်လက်ပိုင်းအရွယ်လူသုံးယောက်သည်လည်း မျက်နှာထားပြောင်းလဲသွားသည်။

သူတို့၏မျက်လုံးများစူးရှသွားကာ မျက်နှာများသည်လည်း တင်းမာနေကြသည်။

“ ကောင်လေးမင်းက ကိုယ့်ကိုယ်ကို အတော်လေးအထင်ကြနေပုံရတယ် ။ မင်းကဘယ် လောက်ပဲ ပါရမီကောင်းပါစေဦး အကြီးတွေကိုလေးစားမှုမရှိဘူးလား ။

သိုင်းထိပ်သီးဆယ်ယောက်နံပါတ်တစ်ဖြစ်ရင်တောင် စံအိမ်သခင်ကိုစိန်ခေါ်ဖို့က မင်းရဲ့အဆင့်နဲ့ မဖြစ်နိုင်သေးဘူး “

သတ်လက်ပိုင်းအရွယ်လူတစ်ယောက်မှ မကျေမနပ်ဖြစ်သည့်လေသံဖြင့်ပြောလိုက်သည်။

သူ၏စကားမှာ အနည်းငယ်ပြင်းထန်လေရာ ထင်းရှီမှ အမူအယာပြောင်းလဲခြင်းမရှိသော်လည်း ဆက်ဆက်ထိမခံသည့် ရှန်းယွင်မှငြိမ်မနေပေ။

“ ရှင်တို့ကကော ဘယ်လောက်အထိသိုင်းပညာ‌အဆင့်မြင့်နေလို့လဲ။ ရှင်တို့က အချိန်လေးစောမွေးလာတာတစ်ခုပဲ ။ မျိုးဆက်တစ်ခုထဲမှာဆိုရင် အစ်ကိုကြီးထင်းကိုတောင်မပြောတဲ့ ကျမခြေဖျားကိုတောင် မှီမှာမဟုတ်ဘူး “

“ ရှန်းယွင် “

တင်းဖန်းမှ ဟန့်တားလိုက်သော်လည်း အနည်းငယ်နောက်ကျသွားပြီဖြစ်သည်။ ရှန်းယွင်၏လှောင်ပြောင်းခြင်းကိုခံရသည့်လူမှာ တင်းမာသည့်မျက်နှာဖြင့် သူ၏ဓားကိုဆွဲထုတ်လိုက်သည် ။

“ ကောင်မလေး မင်းက အကြီးတွေကို လေးစားမှုမရှိဘူးပဲ “

ရှန်းယွင်မှထိုလူ၏အပြုအမူကြောင့် ချိုသာသည့်လေသံဖြင့်တခစ်ခစ်ရယ်မောကာ ထပ်၍ပြောလိုက်သည်။

“ ရော် ခက်ပြီ ။ ဝါစဉ်ကြီးသိုင်းသမားကလည်း အတော်လေးလေးစားဖို့ကောင်းတာကို လေးစားပါတယ် လေးစားပါတယ် “

ရှန်းယွင်မှ ပြောင်ချော်ချော်အမူအယာဖြင့်အရိုအသေပေးသလိုပြုမူလိုက်သည်။

ထိုလူ၏မျက်နှာမှာ နီရဲတင်းမာသွားကာ ဒေါသအပြင်းအထန်ထွက်သွားပုံရသည်။

“ ကောင်းပြီလေ ကိုယ့်ထက်ဝါစဉ်ကြီးတဲ့လူတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ ငါသင်ပြပေးမယ် ။ ဓားကိုကြည့် “

ထိုလူမှ စကားဆုံးသည်နှင့် လျှပ်တပြတ်ရှေ့သို့တက်၍ ရှန်းယွင်အားတိုက်ခိုက်လိုက်သည် ။

သူ၏အပြုအမူမှာ ဝါစဉ်ကြီးသိုင်းသမားဆိုသည့်ဂုဏ်ကိုမထောက်ဟုထင်ရသော်လည်း အဖြူရောင်သိုင်းသမားပီပီ မတိုက်ခိုက်မီ သတိပေးသေးသည်။

ယခုလို စိတ်မထိမ်းနိုင်ဘဲ တိုက်ခိုက်ခြင်းမှာလည်း ပင်ကိုယ်စရိုက်ကပင် စိတ်မြန်သည့်အပြင် ရှန်းယွင်၏ထက်ရှသည့်စကားများကြောင့်ဖြစ်သည်။

ထိုလူ၏ဓားချက်မှာ သေသပ်ကောင်းမွန်ကာ အင်အားထန်ပေသည်။ ထိုဓားချက်မှာ ထင်းရှီသိရှိထားသည့်ဓားတစ်ထောင်သိုင်းနှင့်အနည်းငယ်ဆင်တူသော်လည်း ကွဲပြားမှုများရှိနေသည်။

ရှန်းယွင်၏ခန္တာကိုယ်မှာ ခြေတစ်ချက်ဆောင့်၍ နောက်ဘက်သို့လျှင်မြန်စွာရွေ့လျားသွားပြီးထိုလူ၏ဓားချက်ကို လှပစွာရှောင်တိမ်းလိုက်သည် ။

ထို့နောက် သူမ၏လက်ကိုရိပ်ခနဲလှုပ်ရှားလိုက်ရာ ညာလက်တွင် သူမအသုံးပြုနေကြဓားရှည်နှင့်ဘယ်လက်တွင် ဝှက်ထားသည့်ဓားတိုလေးရောက်လာသည် ။

“ ဝါစဉ်ကြီးသိုင်းသမားကြီးရဲ့ပညာကို ကြည့်ပါရစေ “

ရှန်းယွင်မှဓားနှစ်လက်အားထူးခြားသည့်အနေအထားဖြင့်ကိုင်ကာ လှောင်ပြောင်လိုက်ပြန်သည်။

စံအိမ်သခင်မှ လက်ကိုဆန့်တန်း၍ သူ၏လူကိုဟန့်တားရန်ပြင်လိုက်သော်လည်း ရှန်းယွင်၏ ထူးခြားသည့်ကိုယ်နေဟန်ထားနှင့် သူမ၏အတိုအရှည်မတူသည့် ဓားနှစ်လက်ကြောင့်ရပ်တန့်သွားသည်။

သူ၏မျက်ဝန်းထဲတွင် စိတ်ဝင်စားသည့်ဟန်ဖြင့် အရောင်တဖျက်ဖျက်လက်သွားကာ ဟန့်တားခြင်းမရှိတော့ဘဲ ဆက်၍စောင့်ကြည့်နေလိုက်သည်။

ထင်းရှီနှင့် စံအိမ်သခငိတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြကာ အတွေးတူသည့်ဟန်ဖြင့် ခေါင်းညိမ့်လိုက်ကြသည်။

ထိုနေရာတွင် ထင်းရှီနှင့် စံအိမ်သခင်မှာ စိတ်ကူးချင်းတူညီလေသည်။

ထင်းရှီမှာ ဓားတစ်ထောင်စံအိမ်မှဓားသိုင်းကိုကြည့်လိုကာ သူ၏ဓားတစ်ထောင်သိုင်းနှင်တူညီသည်လားဆိုသည်ကို သိလိုသည်။

တစ်ဖက်တွင် တင်းဖန်းသည်လည်း အေးအေးဆေးဆေးစောင့်ကြည့်နေကာ ဝင်ပါရန်စိတ်ကူးမရှိပေ။ တစ်ဖက်လူ၏သိုင်းအဆင့်မှာ အဆင့်လွန်သိုင်းအဆင့်သာရှိကာ သူ၏ဓားသိုင်းလွန်စွာကောင်းမွန်လျှင်ပင် ရှန်းယွင်မှ မရှုံးနိမ့်နိုင်ပေ။

အရိပ်ခြေလှမ်း၊ ပုံရိပ်မဲ့ဓားနှစ်လက်သိုင်း ၊ မိုးကြိုးဟိန်းသံဓားသိုင်းနှင့် လေပြင်းနတ်မင်းလက်ဝါးသိုင်း စသည်ဖြင့် ရှန်းယွင်တတ်မြောက်ထားသည့်ထိပ်သီးသိုင်းပညာများမှာ စုံလင်လှသည် ။

ယခုလည်း သူမ၏အကျွမ်းကျင်ဆုံးဖြစ်သည့် ပုံရိပ်မဲ့ဓားနှစ်လက်သိုင်းနှင့် အရိပ်ခြေလှမ်းကိုအသုံးပြုတိုက်ခိုက်ဟန်ပြင်နေသည့်အတွက် သူမကိုစိတ်ချလက်ချထားခြင်းဖြစ်သည်။

ရှန်းယွင်အားတိုက်ခိုက်လိုက်သည့်လူမှ စကားပြန်မပြောဘဲ တည်ကြည်သည့်မျက်နှာဖြင့် အော်သစ်မာန်သွင်းလိုက်သည်။ ထို့နောက် ရှန်းယွင်အား အင်အားပြင်းထန်သည့်ဓားချက်များဖြင့် စတင်တိုက်ခိုက်လိုက်သည်။

ရှန်းယွင်သည်းလည်း သူမ၏အရိပ်ခြေလှမ်းကိုယ်ဖော့ပညာကိုအသုံးချ၍ တစ်နေရာမှ တစ်နေရာသို့ လှစ်ခနဲလှစ်ခနဲရှောင်တိမ်းသွားသည် ။

သူမ၏ပုံစံမှာ မုန်တိုင်းကြားမှ လှပသည့်လိပ်ပြာငယ်လေးလိုဖြစ်နေကာ ဟတ်လက်ပိုင်းလူမှ ယခုအချိန်အထိ သူမ၏အင်္ကျီ‌စလေးကိုပင် ထိုအောင်မတိုက်ခိုက်နိုင်သေးပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရိပ်ခနဲရိပ်ခနဲထွက်ပေါ်လာတတ်သည့် ရှန်းယွင်၏ဓားနှစ်လက်မှာ သက်လက်ပိုင်းလူအကြပ်အကျဉ်းကြားထဲသို့ရောက်သွားစေတက်ကာ ရှန်းယွင်ကပင်အသာစီးရနေသည်ဟု ပြော၍ရနိုင်သည်။

သတ်လက်ပိုင်းလူမှာ သူ့ထက်အသက်ထက်ဝက်လောက်ငယ်သည့်မိန်းမငယ်လေးအား ယခုအချိန်အထိ အနိုင်မရသေးသည့်အပြင် သူမ၏ဖိနှိပ်မှုကိုပါခံနေရကာ ဒေါသအပြင်းအထန်ထွက်နေပြီပြီဖြစ်ကာ သူ၏အပြင်းထန်ဆုံးဓားကွက်ကိုအသုံးချရန် ဆုံးဖြတ်လိုက်သည်။

“ ဓားပေါင်းတစ်ထောင်တိုက်ခိုက်ခြင်း “

သက်လက်ပိုင်းလူ၏ခန္တာကိုယ်မှာ လေပေါ်သို့မြောက်တက်သွားကာ သူ၏ဓားအားလျှင်မြန်စွာလှုပ်ယမ်းလိုက်သည်။

ဓားအရိပ်များစွာမှာ ကောင်းကင်တစ်ခွင်လုံးပြည့်နှက်သွားသည်ဟုတွေးထင်လိုက်မိကာ ထိုဓားရိပ်များမှာ ရှန်းယွင်အား တစ်ပြိုင်နက်တိုက်ခိုက်လာသည်။

ဓားတစ်ထောင်စံအိမ်မှလူများမှာ အံ့ဩထိတ်လန့်သွားမိကာ သူတို့၏အကြီးအကဲကို ယခုလိုအခြေအနေမျိူးတွန်းပို့ပေးနိုင်သည့် မိန်းမလှလေးကိုလည်း အံ့ဩနေမိကြသည်။

ထင်းရှီ၏မျက်မှာထက်တွင်တော့ သိရခက်သည့် အရိပ်အယောင်တစ်မျိူးဖြတ်ပြေးသွားကာ သူ၏မျက်လုံးထဲတွင် အရောင်တဖျက်ဖျက်လက်သွားလေသည်။

တင်းဖန်းမှာ သက်လက်ပိုင်းလူ၏ဓားကွက်ကိုမြင်သည်နှင့် လွန်စွာပြင်းထန်မည်ကိုသိလိုက်သည့်အတွက် သူ၏မျက်နှာတွင် စိုးရိမ်မှုအနည်းငယ်ဖြတ်ပြေးသွားကာ ရှေ့သို့တက်ရန်ပြင်လိုက်သည်။

သို့သော် သူ၏ပခုံးအားဖိအားသည့် ခိုင်မာသည့်လက်တစ်ဖက်ကြောင့် တင်းဖန်းမှာ ရွေ့လျားနိုင်ခြင်းမရှိပေ။

သူတို့၏အကြည့်အမျိူးမျိုးအောက်မှာပင် သက်လက်ပိုင်းလာမှ အောက်သို့ဆင်းလိုက်ကာ ရှန်းယွင်အား လျှင်မြန်စွာတိုက်ခိုက်လိုက်သည် ။

သူ၏ဓားအရိပ်များထဲမှ အများစုမှာ ဓားရိပ်များဖြစ်ကာ များပြားလှသည့်ဓားရိပ်များကြမှ အလွန်ပြင်းထန်သည့်ဓားကွင်ထွက်ပေါ်လာပါက မည်သူမဆို အံ့အားသင့်ကာ အငိုက်မိသွားနိုင်သည်။

ရှန်းယွင်၏မျက်နှာထက််တွင်လေးနက်သည့်အရိပ်အယောင်များရှိနေကာ ထိုဓားကွက်မလာမီကပင် သူမဖိအားအချို့ကိုခံစားလိုက်ရသည် ။

ထိုအခြေအနေတွင် သူမရှောင်တိမ်းလိုလျှင်ပင်လွတ်မြောက်မည်မှာ မသေချာလှပေ။

ထို့ကြောင့် သူမလည်း အော်ဟစ်မာန်သွင်းကာ ထိတ်တိုက်ရင်ဆိုင်လိုက်သည်။

“ ပြင်းထန်သည့်မိုးကြိုးဓား “

“ ထန်းး... “

သူမ၏ဓားနှစ်လက်မှာ ရှေ့သို့မြောက်တက်သွားကာ သက်လက်ပိုင်းလူ၏ဓားကို နှစ်လက်ပေါင်း၍ခုခံလိုက်သည်။

“ မိုးကြိုးဟိန်းသံဓားသိုင်းလား “

တင်းဖန်း၏မျက်နှာထက်တွင်အနည်းငယ်ရှုပ်ထွေးသည့်အရိပ်အယောင်ပေါ်လာကာ သူ၏ဒုတိယညီလေးကိုကြည့်လိုက်သည်။

ရှန်းယွင်မှာ ယခင်ကမိုးကြိုးဟိန်းသံဓားသိုင်းကို အဆုံးထိမသင်ယူခဲ့သော်လည်း ယခုသူမထုတ်သုံးသည့်ဓားကွက်မှာ ခုခံရာတွင်အကောင်းမွန်ဆုံးဖြစ်ကာ မူလ ပြင်းထန်သည့်မိုးကြိုးဓား တိုက်ကွက်နှင့် အနည်းငယ်ကွဲပြားနေသော်လည သူမနှင့်ပိုသင့်လျော်သလိုခံစားမိနေရသည်။

ထိုအဖြစ်ကိုကြိုတင်ရိပ်စားမိ၍ သူ့ကိုဝင်မပါစေရန် ထင်းရှီမှတားဆီးထားခြင်းလောဟု တွေးလိုက်မိသည်။

ကျယ်လောင်သည့်အသံကြီးမည်ဟည်းလာပြီး ရှန်းယွင်၏ခန္တာကိုယ်မှာ နောက်သို့ခြေငါးလှမ်းခန့်ဆုတ်ပေးလိုက်ရသည်။

အတွင်းအားကွာခြားမှုကြောင့် သူမနောက်သို့ဆူတ်ပေးလိုက်ရသော်လည်း သက်လက်ပိုင်းလူ၏ပြင်းထန်သည့်ဓားချက်ကိုတော့ ကာကွယ်နိုင်လိုက်ပေသည်။

ထိုအခြေအနေတွင် ရှန်းယွင်မှာ အသင့်တော်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်နိုင်သည်။ ။

သက်လက်ပိုင်းလူ၏ဓားကွက်ကို သူမရှောင်တိမ်းနိုင်မည်မသေချာသလို သူမအကျွမ်းကျင်ဆုံးဖြစ်သည့် ပုံရိပ်မဲ့ဓားနှစ်လက်သိုင်းသည်လည်း ထိတ်တိုက်ရင်ဆိုင်ရာတွင် မသင့်လျှော်ပေ။

ထို့ကြောင့် သူမတစ်ဝက်တစ်ပြက်သာတတ်မြောက်သည့် မိုးကြိုးဟိန်းသံဓားသိုင်းကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

ထင်းရှီမှ သူမ၏မိုးကြိုးဟိန်းသံဓားသိုင်းထဲမှ ခံစစ်အသားပေးတိုက်ကွက်များကိုရွေးထုတ်ကာ သူမနှင့်သင့်လျှော်အောင် အနည်းငယ်ပြုပြင်ပေးခဲ့သည်။

ထို့ကြောင့် သူမထံတွင် တိုက်ခိုက်ရာတွင်ပုံရိပ်မဲ့ဓားနှစ်လက်သိုင်း ၊ခုခံရာတွင် မိုးကြိုးဟိန်းသံဓားသိုင်းနှင့် ရှောင်တိမ်းရာတွင် အရိပ်ခြေလှမ်းတို့ရှိနေသည့်အတွက် ရှန်းယွင်မှာ ယခင်ကထက်များစွာပို၍အစွမ်းထက်နေပြီဖြစ်သည်။

ယခုအချိန်တွင်သာ သူမထိုက်ကျိဓားစန်းဟုန်းလျန်ဖြင့်ရင်ဆိုင်ရလျှင် သူမလှည့်ကွက်များမသုံးလျှင်ပင် အနိုင်ယူနိုင်လောက်ပေသည်။

All Chapters