← Chapters

စံအိမ်သခင်နှင့်တိုက်ခိုက်ခြင်း

Vol. 2 Ch. 199

စံအိမ်သခင်နှင့်တိုက်ခိုက်ခြင်း

Vol. 2 Ch. 199

“ နံပါတ်သုံး တော်လောက်ပြီ “

စံအိမ်စခင်မှ လက်ကိုဝေ့ယမ်း၍တည်ကြည်စွာပြောလိုက်သည်။

သူ၏ညင်သာသော်လည်း ခိုင်မာသည့်လေသံကြောင့် သက်လက်ပိုင်းအရွယ်လူလည်း ရှေ့မဆက်ဝံ့တော့ဘဲ နောက်သို့အသာဆုတ်နေလိုက်သည်။

သူ့ထက်အသက်များစွာငယ်ရွယ်သည့်မိန်းမငယ်လေးကိုအနိုင်မယူနိုင်၍ သူ၏မျက်နှာမှာ မည်းမှောင်နေသည်။

“ ဟားဟား အကြီးအကဲစိတ်မကွက်ပါနဲ့ ကျနော့်ညီမလေးက ဒီလိုပဲ စိတ်ထင်ရာလျှောက်လုပ်တတ်လို့ပါ။ အကြီးအကဲအလျှော့ပေးတာကိုလည်း ကျေးဇူးတင်ပါတယ် “

မည်သည့်အချိန်တွင် ဆုတ်ရတက်ရမည်ကို သိရှိသည့် ထင်းရှီမှ ရှေ့သို့ထွက်၍ပြောလိုက်သည်။

သူ၏စကားမှာ ဓားတစ်ထောင်စံအိမ်မှ သက်လက်ပိုင်းအရွယ်လူ မျက်နှာပျက်ရမည့်အရေးကို ကာကွယ်ပေးလိုက်ခြင်းလည်းဖြစ်သည် ။

“ အစ်ကိုကြီးထင်း မဟုတ်ဘူးလေ “

နောက်တွင်ရပ်‌နေသည့် ရှန်းယွင်မှမကျေမနပ်ဖြင့်အတွန့်တက်ရန်ပြင်လိုက်သော်လည်း ထင်းရှီ၏စူးရှသည့်အကြည့်ကြောင့် စကားတစ်ခွန်းမှထွက်မလာတော့ပေ။

ထို့နောက် မကျေမနပ်ဖြင့်စူပုတ်၍ ခြေတစ်ချက်ဆောင့်ကာ စိတ်ဆိုးသည့်အမူအယာကိုပြသနေသည်။

ထင်းရှီမှာ သူမကိုစိတ်ထဲမထည့်နိုင်သေးပေ။ ယခုအခြေအနေအား ပါးနပ်စွာဖြေရှင်းခြင်းမရှိပါက ဓားတစ်ထောင်စံအိမ်မှလူများမှာ သူတို့ကိုစိတ်ခုသွားနိုင်သည် ။

မည်သို့ပင်ဖြစ်စေ ဓားတစ်ထောင်စံအိမ်တွင် သယသိလိုသည့်အရာအနည်းငယ်ရှိနေသေး၍ ယခုလိုအနည်းငယ်အလျော့ပေးရသည်က အကြောင်းမဟုတ်ပေ။ သို့သော်

“ ရပါတယ် ငါကအရှုံးကိုလက်မခံနိုင်တဲ့လူမဟုတ်ပါဘူး ။ငါ မင်းကိုအသာစီးမရတာဝန်ခံပါတယ်။ မိန်းကလေးမင်းတော်ပါတယ်။ ဒါပေမယ့် နောက်တစ်ခါဆိုရင် ငါလုံးဝညှာမှာမဟုတ်ဘူးနော် “

ရှန်းယွင်နှင့်တိုက်ခိုက်ခဲ့သည့် သက်လက်ပိုင်းလူမှ ပြောလိုက်သည်။ ထိုလူမှာ ဒေါသကြီး၍ စိတ်မြန်လက်မြန်ရှိသော်လည်း စိတ်သဘောထားကျဉ်းမြောင်းခြင်းမရှိပေ ။

ထိုလူ၏စကားကြောင့် ရှန်းယွင်လည်း အသံမထွက်ဘဲ တီးတိုးရေရွတ်လိုက်သည်။

“ အချိန်မရွေးဘဲ “

ထင်းရှီမှာ တည်ငြိမ်သွားသည့်အခြေအနေအားကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် စံအိမ်သခင်အား အရိုအသေပြုကာပြောလိုက်သည်။

“ ကျုပ်စောစောကပြောခဲ့သလိုပဲ စံအိမ်သခင်ရဲ့ဓားပညာကို လေ့လာလိုပါတယ် “

ထင်းရှီ၏စကားကြောင့် အခြေအနေမှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားကာ ခြံဝန်းအတွင်းမှလူများမှာ စံအိမ်သခင်အားကြည့်လိုက်ကြသည်။

ထင်းရှီတို့သုံးဦး ၊ စံအိမ်သခင်လေးနှင့် သူ၏နောက်မှသိုင်းသမားများသာမက သက်လက်ပိုင်းအရွယ်လူသုံးယောက်ပင် စံအိမ်သခင်၏အဖြေကို မျှော်လင့်နေကြသည်။

လူအားလုံး၏အာရုံစိုက်မှုများမှာ သူ့ထံသို့ရောက်ရှိလာ၍ စံအိမ်သခင်မှာ ချောင်းတစ်ချက်ဟန့်ကာ ရှေ့ထွက်လာသည်။

“ ကျုပ်က မင်းကိုတွေ့ထဲက အဆင့်တူပြိုင်ဘက်တစ်ယောက်လိုသဘောထားပြီးသားပါ။ ကျုပ်တို့ရဲ့တိုက်ပွဲအဖြေကဘယ်လိုပဲဖြစ်ဖြစ် မင်းက ကျုပ် ဟန်ထန်းဇီရဲ့မိတ်ဆွေပဲ “

စံအိမ်သခင်မှ သူ၏ကျယ်ပြန်သည့်ရင်ဘက်ကြီးအားတဘုန်းဘုန်းပုတ်ကာပြောလိုက်သည်။

သူ၏စကားမှာ ထင်းရှီ၏စိန်ခေါ်မှုကိုလက်ခံသည့်သဘောပင်ဖြစ်သည်။

ထင်းရှီလည်း စံအိမ်သခင်၏‌သဘောထားကြောင့် စိတ်သက်သာရာရသွားကာ ပြုံးလိုက်သည်။ သူ့အနေဖြင့်ဓားတစ်ထောင်စံအိမ်ကို လုံးဝမကြောက်ရွံ့သော်လည်း ရန်သူများမဖြစ်လိုပေ။

ထို့နောက် စံအိမ်သခင်မှာ သူ၏ခါးတွင်ချိတ်ဆွဲထားသည်းဓားကြီးကို ဆွဲထုတ်လိုက်သည် ။

စံအိမ်သခင်၏ဓားမှာ အပြားလက်လေးသစ်ခန့်ရှိကာ ဗျက်ကျယ်ပြီး လေးလံမည့်ပုံရသည်။ သို့သော် ဓားသွားမှာမူ လွန်စွာထက်မြနေသည်။

ထိုဓားမျိုးမှာ သာမန်ဓားများထက်ပို၍လေးလံထက်ရှကာ အင်အားပြင်းထန်သည့်ဓားသိုင်းမျိုးနှင့် အထူးသင့်လျှော်လှသည်။

ထင်းရှီမှာ စံအိမ်သခင်၏ဓားကိုမြင်လိုက်သည့်အချိန်တွင် သူ၏အစ်ကိုကြီးရှောင်ကျန်းမင်ကိုင်သည့် မုန်တိုင်းဓားကိုပင် သတိရသွားမိသည်။

စံအိမ်သခင်မှာ ဓားကိုတစ်ချက်ဝေ့ယမ်း၍ စူးစိုက်ကြည့်လိုက်သည် ။ စံအိမ်သခင်၏ဓားမှာ လေထုကိုပိုင်းဖြတ်သွားကာ ကြီးမားသည့်ဖိအားတစ်ခုမှ ခြံဝန်းအတွင်းမှလူများထံသို့ကျရောက်လာသည်။

စံအိမ်သခင်လေး၏နောက်မှသိုင်းသမားခုနစ်ယောက်မှာ နောက်သို့ခြေလှမ်းအတော်များများဆုတ်လိုက်ပြီးမှတည်ငြိမ်သွားကြသည်။

သူတို့၏မျက်နှာထက်တွင် ထိတ်လန့်ဟန်များပေါ်လာကာ စံအိမ်သခင်၏ပုံစံကို တစ်ခါမှမမြင်ဖူးသလိုကြည့်ရှုနေကြသည်။

စံအိမ်သခင်လေးမှမူ သူတို့ထက်ပို၍အခြေအနေကောင်းကာ ခြေဆယ့်နှစ်လှမ်းအကွာတွင်ရပ်နေနိုင်သည်။

သူတို့၏ရှေ့တွင် သက်လက်ပိုင်းလူသုံးယောက် ၊ ရှန်းယွင်နှင့်တင်းဖန်းမှာ တည်ငြိမ်သည့်မျက်နှာများဖြင့်ကြည့်နေကြသည်။

စံအိမ်သခင်၏ပုံစံသည်လည်း သည့်မတိုင်မီအချိန်ကနှင့်မတူဘဲ လွန်စွာပြောင်းလဲသွားကာ ယခင်ပုံစံမှာ ကြံ့ခိုင်သန်မာကာ သဘောထားပွင့်လင်းသည့်လူတစ်ယောက်၏သွင်ပြင်ရှိပြီး ယခုပုံစံမှာ သူ၏လမ်းတွင်ပိတ်ဆို့နေသမျှကိုရှင်းလင်းသွားမည့် အင်အားပြင်းထန်သည့်ဓားမုန်တိုင်းကြတစ်ခုနှင့်တူလှသည်။

ထင်းရှီမှာ စံအိမ်သခင်၏ပြောင်းလဲသွားသည့်ပုံစံကြောင့် စိတ်အားတက်ကြွသွားကာ သူ၏မျက်လုံးများအရောင်တဖျက်ဖျက်လက်လာသည်။

သူ၏စိတ်အတွင်းတစ်နေရာမှ တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်သည်လည်း နိုးကြားလာခဲ့သည် ။

ဝူတန်းတောင်ပေါ်တွင် နေခဲ့စဉ်အတွင်း မုချန်းမှလွဲ၍ သူနှင့်တိုက်ခိုက်နိုင်သည့်ပြိုင်ဘက်ကောင်းကောင်းကိုမတွေ့ခဲ့ရပေ။

ဝူတန်းမှအခြားဂိုဿိးသားများမှာ သူ့ထက်အားနည်းကာ ဝူတန်းဂိုဏ်းချုပ်ကြီးကိုမူ လေးစားသည့်အနေဖြင့်စိန်ခေါ်တိုက်ခိုက်ခြင်းမပြုပေ။

အဖိုးအိုကျန်းချန်းဟောင်သည်လား ..

အဖိုးအိုကျန်းချန်းဟောင်မှာမူ ထင်းရှီထက် များစွာအားကောင်းလှသည် ။ ထင်းရှီမှာ နှစ်နှစ်အတွင်းမည်မျှတိုးတက်လာသည်ဆိုစေဦး အဖိုးအိုကျန်းချန်းဟောင်နှင့်တိုက်ခိုက်ရန်လက်ရည်မတူသေးပေ။

ထို့ကြောင့် ဝူတန်းမှဆင်းလာပြီးသည့်နောက်တွင် ထင်းရှီမှာာစိတ်ကျေနပ်သည်အထိတိုက်ခိုက်ရခြင်းမရှိဘဲ အနည်းငယ်ပျင်းရိနေသည့်ဟု ပြော၍ရသည် ။

ယခု မမျှော်လင့်ထားဘဲ စံအိမ်သခင်မှာ လွန်စွာအားကောင်းသည့်ဓားသမားတစ်ဦးဖြစ်နေကာ ဝူတန်းမှ မုချန်းနှင့်လွန်စွာကွာဟမည်မဟုတ်ပေ။

ထင်းရှီလည်း တက်ကြွနေသည့်မျက်နှာဖြင့် သူ၏ဓားအားဆွဲထုတ်လိုက်သည် ။

ထက်ရှသည့်အငွေ့အသက်မှာ စံအိမ်ခြံဝန်းတစ်ခုလုံးသို့ပြန့်နှံ့သွားကာ စံအိမ်အပေါက်တွင်စောင့်နေသည့်သိုင်းသမားအချို့ပင် တုန်တုန်ယင်ယင်ခံစားမိလိုက်ကြသည်။

မူလကတည်ငြိမ်သွားကြသည့်လူစုမှာ နောက်သို့ခြေလှမ်းအတော်များများထပ်၍ဆုတ်ပေးလိုက်ရပြန်သည်။

ဓားတစ်ထောငိစံအိမ်မှလူများ၏မျက်နှာထက်တွင်မူ အံ့ဩခြင်းနှင့်တုန်လှုပ်ခြင်းတို့တွဲလျက်ရှိသည်။

ထိုနှစ်ယောက်မှာ တိုက်ခိုက်ခြင်းမရှိသေးသော်လည်း အငွေ့အသက်တစ်ခုတည်းကပင် တစ်ဖက်လူရွယ်မှာ သူတို့စံအိမ်သခင်ထက်အားနည်းခြင်းမရှိပေ။

အသက်နှစ်ဆယ်ပင်မပြည့်တတ်သေးသည့် မိန်းမငယ်လေးမှသူတို့၏အကြီးအကဲကို လက်ရည်တူတိုက်ခိုက်နိုင်သည်။

ထိုမိန်းကလေးထက်နှစ်အနည်းငယ်ပို၍ကြီးမည့်လူရွယ်မှာ သူတို့စံအိမ်သခင်ထက်အားမနည်းပေ။

မည်သည့်အချိန်က သိုင်းလောကထဲမှလူငယ်များခုလိုအလွန်အမင်းအားကောင်းသွားကြသည်မသိပေ။

ထင်းရှီ၏ဓားတစ်စင်းလိုထက်ရှသည့်ပုံစံကိုကြည့်ကာ စံအိမ်သခင်‌မှာကျေနပ်သွားသည်။ ထို့နောက် သတိပေးစကားပြော၍ စတင်တိုက်ခိုက်လိုက်သည်။

“ ကောင်လေး သတိထားပါ “

သတိပေးစကားဆုံးသည်နှင့် စံအိမ်သခင်မှာ ရှေ့သို့မြားတစ်စင်းလိုတိုးဝင်လာကာ သူ၏ဓားမှာ ရှေ့သို့ရေပြင်ညီတိုးဝင်လာသည်။

ထိုဓားချက်မှာ လှည့်ကွက်များမပါဝင်ဘဲ အင်အားပြင်းထန်မှုနှင့် အရှိန်အဟုန်ကိုကိုယ်စားပြုလေသည်။

သို့သော် သူ၏ဓားကွက်ကို ရှောင်တိမရန်မလွယ်ကူဘဲ ထိတ်တိုက်ရင်ဆိုင်သည့်နည်းလမ်းတစ်ခုသာရှိသည် ။

ထင်းရှီလည်း ပြင်းထန်သည့်တိုက်ပွဲတစ်ခုကိုတိုက်ရမည်ဖြစ်၍ သူ၏ကြွက်သားများအားဖြေလျော့ကာ အတွင်းအားကိုလှည့်ပတ်လိုက်သည်။

ထို့နောက်မြေပြင်အားခြေတစ်ချက်ဆောင့်လိုက်ရာ

သူ၏ခန္တာကိုယ်မှာ ဖျက်ခနဲပျောက်ကွယ်သွားပြီး စံအိမ်သခင်၏ရှေ့သို့ရောက်လာသည်။

သို့သော်ထင်းရှီမှာ စံအိမ်သခင်၏ဓားချက်ကိုရှောင်တိမ်းရနိစိတ်ကူးမရှိဘဲ ထိတ်တိုက်ရင်ဆိုင်မည်ဖြစ်သည်။

ထင်းရှီ၏ပုံစံမှာ တည်နေရာရွေ့ပြောင်းကာ သူ၏နေရာမှပျောက်ကွယ်ကာစံအိမ်သခင်၏ရှေ့တွင်ထွက်ပေါ်လာသည်ဟုထင်ရသည် ။

အမှန်မှာ သူ၏ကိုယ်ဖော့ပညာကိုအစွမ်းကုန်အသုံးပြုလိုက်သဖြင့်သူ၏ခန္တာကိုယ်မှာ သာမန်မျက်စိအမြင်တွင် ကိုယ်ပျောက်သလိုဖြစ်သွားခြင်းဖြစ်သည် ။

ခြံဝန်းအတွင်းရှိလူများထဲမှ အဆင့်လွန်သိုင်းသမားများသာသူ၏လှုပ်ရှားမှုကို ဝေဝေဝါးဝါးမြင်လိုက်ရသည်။

ဓားတစ်ထောင်စံအိမ်မှလူများမှာ ယခုလို အစွမ်းထက်လှသည့်ကိုယ်ဖော့ပညာကိုပထမဦးဆုံးအကြိမ်တွေ့လိုက်ရသည့်အတွက် ပါးစပ်ပင်မစေ့နိုင်ကြတော့ပေ။ အံ့ဩမှုကြောင့်ပွင့်ဟနေကြသည် ။

သိုင်းလောကထဲတွင်ယခုလိုကိုယ်ဖော့ပညာမျိုးရှိသေးသည်ကိုလည်း အံ့ဩခြင်းကြီးစွာတွေးလိုက်မိကြသည်။

သူတို့၏ ဓားတစ်‌ထောင်စံအိမ်မှာ ဓားပညာကိုအဓိကထားသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကာ ကိုယ်ဖော့ပညာနှင့်အတွင်းအားပညာရပ်များမှာ အဆင့်မြင့်သော်လည်း ထိတ်တန်းအဆင့်မဟုတ်ပေ။

အကယ်၍ ထင်းရှီသာသူတို့နှင့်တိုက်ခိုက်ပါက တုံ့ပြန်တိုက်ခိုက်ခြင်းမပြုဘဲရှောင်တိမ်းနေလျှင်ပင် သူတို့ထင်းရှီအားထိခိုက်အောင်လုပ်နိုင်မည်မဟုတ်ပေ။

သူတို့အတွေးကိုယ်စီဖြင့်ရှိနေကြစဉ် တိုက်ခိုက်နေကြသည့်လူနှစ်ယောက်မှာ ထိတ်တိုက်ရင်ဆိုင်လိုက်ကြသည်။

All Chapters