မိန်းမလှလေး၏ တွယ်တာမှု
Vol. 3 Ch. 203
“ အစ်ကိုကြီးထင်း ရှင်က တစ်ရက်တရက်ကျ သိုင်းလောကထဲက အပြီးထွက်သွားမှာလား “
ရှန်းယွင်၏မေးခွန်းကြောင့် ချောက်ကမ်းပါးအနီးတွင်လက်နောက်ပစ်၍ရပ်နေသည့်ထင်းရှီမှာ နောက်သို့လှည့်လိုက်သည်။
သူတို့သုံးယောက်ကို စံအိမ်သခင်မှာ ခြံဝန်းငယ်လေးထဲတွင်တည်းခိုခွင့်ပြုကာ ထင်းရှီလည်း ခြံဝန်းငယ်လေးတွင်နေရသည်မှာ ဓားစံအိမ်တွင်ပြန်ရောက်နေသလို ခံစားရသည့်အတွက် နှစ်သက်သဘောကျလေသည် ။
ရှန်းယွင်နှင့်ထင်းရှီတို့မှာ ဓားတစ်ထောင်စံအိမ်တွင်ရောက်ရှိနေသည်မှာ သုံးရင်ခန်ရှိပြီဖြစ်ကာ တင်းဖန်းမှာမူ အရှေ့ပိုင်းသို့ ပြန်သွားပြီဖြစ်သည် ။
လွန်ခဲ့သည့်နှစ်ရက်က စာပို့သိမ်းငှက်တစ်ကောင်မှာ ဓားတစ်ထောင်စံအိမ်သို့ရောက်လာကာ အရှေ့ပိုင်းမှလာခြင်းဖြစ်သည် ။
သိမ်းငှက်ထံမှစာကိုဖတ်ပြီးသည်နှငိ့ တင်းဖန်းလည်း ထင်းရှီနှင့်ရှန်းယွင်တို့ကိုနှုတ်ဆက်ကာ အလျှင်အမြန်ထွက်သွားခဲ့သည် ။
စာအရ အရေးကြီးသည့်ကိစ္စတစ်ရပ်ကြောင့် မိုးကြိုးနတ်ဘုရားကျောင်းမှာ သူတို့၏တပည့်များကို ပြန်ခေါ်နေခြင်းဖြစ်ကာ ရှန်းယွင်မှာမူ တင်းဖန်းနှင့်ဆရာတစ်ယောက်ထဲဖြစ်သော်လည်းမိုးကြိုးနတ်ဘုရားကျောင်းသို့ပြန်လာစရာမလိုပေ။ ။
ဤသည်မှာလည်း တစ်စုံတစ်ခုဖြစ်လျှင် ရှန်းယွင်အားကာကွယ်ရန်ထင်းရှီရှိနေသည့်အတွက် တင်းဖန်းမှ စိတ်ချထားခဲ့ခြင်းဖြစ်ပေသည်။
ထင်းရှီမှာ တစ်ဦးတည်းအတွေးနက်နေသောကြောင့် ရှန်းယွင်မှ မကျေမနပ်ဖြင့်နှုတ်ခမ်းစူ၍ ထပ်မေးလိုက်သည်။
“ အစ်ကိုကြီး ထင်း ကျမမေးတာဟုတ်လားလို့။ ရှင်ကသိုင်းလောကထဲကထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလား “
ရှန်းယွင်၏ကျွတ်ဆက်ဆက်အသံလေးကြောင့် ထင်းရှီလည်း ပြုံးလိုက်မိကာ ညင်သာစွာပြောလိုက်သည်။
“ ဒါပေါ့ ငါ့ရဲ့အိမ်ကို ငါပြန်မှာပေါ့။ အဲဒီမှာ ငါ့ရဲ့ဆရာရယ် ဆရာတူမောင်နှမတွေလည်း ရှိသေးတယ်။
နောက်ပြီး ငါရဲ့အသိမိတ်ဆွေတွေအများကြီးလည်းရှိနေသေးတယ် ။ ဒါကြောင့် ငါပြန်သွားရမှာပေါ့ “
ထင်းရှီ၏စကားကြောင့် ရှန်းယွင်မှာ အနည်းငယ်ဝမ်းနည်းသွားပုံရကာ တိုးညင်းသည့်လေသံဖြင့်မေးလိုက်သည်။
“ အစ်ကိုကြီးထင်း ရှင်ပြန်မသွားလို့မရဘူးလား။ ကျမရှင်နဲ့အတူလျှောက်သွားနေရတာကိုပျော်တယ်။ ကျမတို့လောကကြီးအနှံ့လေလွင့်ကြမယ်လေ။
မရောက်ဖူးတဲ့နေရာတွေကိုလည်း လျှောက်သွားကြမယ်။ နောက်ပြီး ကျမရဲ့အရှေ့ပိုင်းကိုလည်း ရှင့်ကိုအလည်ခေါ်ချင်သေးတယ် “
သူမ၏တတ်ကြွသည့်လေသံလေးမှာ နူးညံ့လှကာ ကြားရသည့်လူတိုင်းကို အရည်ပျော်သွားစေနိုင်သည်။ သို့သော် ထင်းရှီမှ ခေါင်းယမ်း၍ပြောလိုက်သည် ။
“ မင်းလည်း အမြဲတမ်းလျှောက်သွားနေလို့မရဘူးလေ ။ အချိန်တန်ရင်တော့ မင်းရဲ့အိမ်ကို ပြန်ရမှာပဲမဟုတ်လား “
ထင်းရှီ၏ဖြောင်းဖျစကားကြောင့် ရှန်းယွင်မှာ ခါးသီးသည့်ပုံဖြစ်သွားကာ ခေါင်းကိုခပ်မြန်မြန်ယမ်း၍ ပြောလိုက်သည်။
“ ကျမငယ်ငယ်လေးထဲက အဆော့မတ်ပြီးတော့ အိမ်မှာနေတဲ့ရက်ကအလွန်နည်းတယ်။
ကျမ မေမေက ငယ်ငယ်လေးထဲက ဆုံးသွားတာ ။။ကျမအဖေက အမြဲတမ်းအလုပ်ရှုပ်နေပြီးတော့ ကျမကိုလည်း သိပ်ပြီးဂရုမစိုက်ဘူး ။ ကျမရဲ့အချိန်အတော်များများကို ဆရာသုံးယောက်နဲ့ကုန်ဆုံးလာခဲ့တာ ။
ကျမရဲ့ဆရာတွေက ကျမကိုအလွန်ချစ်ပြီးဂရုလည်းစိုက်ကြသေးတယ် *
ထင်းရှီမှာ သူတစ်ညကဆုံဖူးခဲ့သည့်အရိပ်မဲ့ချိယိ၏မျက်နှာကိုမြင်ယောင်လာကာ သဘောတူသည့်အနေဖြင့်ခေါင်းညိမ့်လိုက်ကြသည်။
သူမ၏ဆရာများမှာ သိုင်းပညာလွန်စွာကြောက်မက်ဖွယ်ကောင်းကြမည်ဖြစ်ကာ သူမကိုလည အလွန်ချစ်ခင် အလိုလိုက်ကြပေမည်။
ထိုအခြေအနေမျိုးတွင် သူမဆိုးသွမ်းခြင်းမရှိသည်ကမှ ထူးဆန်းနေပေမည်။ တစ်ခုခံသာသည်က ရှန်းယွင်မှာ စိတ်အလိုလိုက်ကာ အနည်းငယ်ထိမ်းမရသော်လည်း လွန်စွာဆိုးသွမ်းနေခြင်းမဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ငယ်ငယ်ရွယ်ရွယ်နှငိ့မိခင်ဖြစ်သူဆုံးပါးသွား၍အနီးကပ်အုပ်ထိမ်းမည့်လူမရှိသဖြင့် ထိုမိန်းကလေး ယခုကိုအရှက်အကြောက်နည်းကာ ရဲတင်းခြင်းဖြစ်ရမည်ဟုလည်းတွေးလိုက်သည် ။
ထို့အပြင် သူငယ်ချင်းနည်းပါးပုံရကာ မိဘမေတ္တာကို ပြည့်စုံစွာမရခဲ့သည့်သူမ၏ဘဝမှာ အနည်းငယ်ကရုဏာသက်ဖွယ်ကောင်းပေသည် ။
ရှန်းယွင်၏ဘဝကို သနားကရုဏာသက်နေရင် ထင်းရှီမှာ ကိုယ့်ကိုယ်ကိုပြန်၍တွေးမိရာ ရယ်ချင်သွားသည် ။
သူကိုယ်တိုင်လည်း ...
“ ပါးနပ်သည့်ရှန်းယွင်မှာ ထင်းရှီ၏မျက်နှာအပြောင်းအလဲကို အကဲခပ်မိကာ ထင်းရှီ၏မျက်လုံးနက်နက်များထဲတွင် ဝမ်းနည်းရိပ်များပေါ်လာသည်ကို သူမသိလိုက်သည်။ ထို့ကြောင့် တိုးညင်းသည့်လေသံဖြင့်မေးလိုက်သည်။
“ အစ်ကိုကြီးထင်းရဲ့အကြောင်းကို ကျမတစ်ခုမှမသိဘူး။ ကျမကိုပြောပြလို့ရနိုင်မလား “
သူမ၏မေးခွန်းကြောင့် ထင်းရှီလည်း သက်ပြင်းတစ်ချက်ချကာ ခေါင်းညိမ့်ပြလိုက်ပြီး စံအိမ်နောက်မှကျောက်တုံးတစိတုံးပေါ်သို့သွား၍ထိုင်လိုက်သည်။
ရှန်းယွင်မှာ ထင်းရှီ၏ဘေးမှ ကပ်လျက်ပါလာကာ သူမလည်း ထင်းရှီအနီးမှ ကျောက်တုံးကြီးတစ်တုံးထက်တွင် အကျအနထိုင်လိုက်သည်။
ထင်းရှီလည်း သူမ၏မိန်းကလေးမဆန်လှသည့်အနေအထိုင်ကိုကြည့်ကာ ပြုံးမိလိုက်ရင်း ဖြေးညင်းစွာပြောလိုက်သည်။
“ ငါငယ်ငယ်ထဲက ငါ့ရဲ့မိဘတွေကို ဓားပြတွေသတ်လို့သေသွားခဲ့တယ် ။ ငါ့ကိုကျငါ့ရဲ့ဆရာက ကယ်တင်ခဲ့ပြီးတော့ သူနဲ့အတူ ခေါ်သွားခဲ့တယ် ။
ပြီးခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လုံးလုံး ငါကဆရာနဲ့အတူနေခဲ့တယ် ။ ငါ့ဆီမှာ ဆရာတူအစ်ကို တစ်ယောက် ၊ ဆရာတူညီမတစ်ယောက်နဲ့အကြီးအကဲဆယ့်နှစ်ယောက် ရှိတယ် ။
နောက်ပြီး ငါ့ရဲ့ဆရာတစ်ပိုင်းပြောရမယ့်အဖိုးအိုတစ်ယောက်လည်းရှိတယ်။
အဲဒီအဖိုးအိုကပဲ ငါ့ကိုအတတ်ပညာတွေအတော်များများ သင်ပေးခဲ့တယ် ။ပန်းချီ ၊ စာပေ ၊ ကိုယ်ဖော့ပညာ ၊ စစ်တုရင်နဲ့ နေရာအနှံ့လေလွင့်သွားလ လိုတဲ့ စိတ်ဓာတ်ကိုပါ အမွေပေးခဲ့တယ်။
ဒါကြောင့်ငါ့ရဲ့ဓားပညာပြီးရင် ဒုတိယဝါသနာက နေရာအနှံ့လေလွင့်သွားလာတာပဲဖြစ်ရမယ် “
ထင်းရှီ၏စကားဆုံးသည်နှင့် ရှန်းယွင်မှာ ခေတ္တငြိမ်သက်သွားကာ သူမ၏မျက်နှာလည်းအနည်းငယ်ပျက်သွားသည် ။
အနည်းဆုံးတော့ သူမထံတွင် ဖခင်တစ်ယောက်သက်ရှိထင်ရှားရှိနေသေးသော်လည်း ထင်းရှီထံတွင်ကား မိဘနှစ်ပါးလုံးမရှိတော့။
“ အစ်ကိုထင်းရှီ ရှင်ကပန်းချီကောင်းကောင်းဆွဲတတ်တယ်ဆိုရင် ကျမကို ပုံတူဆွဲပေးပါလား “
ရှန်းယွင်မှ စကားလမ်းကြောင့်ပြောင်းသည့်အနေဖြင့်ပြောလိုက်သည်။ သူမ၏စကားကြောင့် ထင်းရှီလည်း အနည်းငယ်စိတ်ဝင်စားသွားသည်။
ရှန်းယွင်၏ကလေးဆန်ကာ ဆိုးနွဲ့သည့်ဟန်ပန်လေးများမှာ တစ်စုံတစ်ယောက်ကိုပြန်လည်မြင်ယောင်လာစေမိသည်။
သူနှင့်နှစ်နှစ်ဆယ်ကျော်အတူနေခဲ့ကာ အမြဲလိုလိုမျက်နှာကြောမတည့်ဘဲ တကျက်ကျက်ဖြစ်နေတတ်သော်လည်း တစ်ယောက်အကြောင်းတစ်ယောက် အသိဆုံးလူ ။
တစ်ခါတစ်ရံတွင် သူမ၏အကြောင်းများအားပြန်စဉ်းစားမိကာ လွမ်းသလိုလိုဖြစ်သည့်ခံစားမှုကို ဖြစ်စေသူ ။
သူရှန်းယွင်ကို ယခုလိုခင်တွယ်အလိုလိုက်နေရခြင်းမှာလည်း ထိုမိန်းကလေး၏အပြုအမူများနှင့် တူညီနေ၍လောဟု စဉ်းစားလိုက်မိသည်။
ဓားစံအိမ်တွင်နေစဉ်က ထိုမိန်းကလေးကို ပုံတူများစွာ ဆွဲပေးဖူးသော်လည်း ထိုမိန်းကလေးမှာ အမြဲလိုလိုတစ်ခုမဟုတ်တစ်ခု အပြစ်ရှာကာ ချေးများလေ့ရှိသည် ။
သို့သော်လည်းအမြဲလိုလိုသူမ၏ပုံတူကို တစ်နည်းမဟုတ်တစ်နည်းအကြပ်ကိုင်ဆွဲခိုင်းလေ့ရှိကာ စူမမည်မျှပင်သဘောမကျပါဟုပြောစေကာမူ ထိုပန်းချီများအား သူမ၏အခန်းထဲသို့ယူသွားတတ်သည်။
ထိုစဉ်က သူများစွာသတိမထားမိသော်လည်း ယခုမှ ထင်းချီယင်၏အပြုအမူများကို သေချာပြန်စဉ်းစားလိုက်မိကာ သူအနည်းငယ်တုန်လှုပ်မိသွားသည် ။
မဖြစ်နိုင်ပေ။
သို့သော် သူဓားစံအိမ်မှထွက်လာခါနီးတွင် ထင်းချီယင်၏ဝမ်းနည်းနေသည့်မျက်နှာအမူအယာနှင့် သူမ၏စကားများကို ပြန်တွေးမိသွားကာ သူတို့၏သုံးနှစ်ကတိကိုပင်ပြန်သတိရသွားမိသည်။
မည်သို့ပင်ဖြစ်စေ သူဓားစံအိမ်သို့ သုံးနှစ်မပြည့်မီရောက်အောင်ပြန်ရပေမည်။
“ အစ်ကိုထင်းရှီ “
ရှန်းယွင်မှာ သူမခပ်ဆက်ဆက်လေးအော်လိုက်မှသတိဝင်လာသလိုဖြစ်လာသည့်ထင်းရှီအားနားမလည်နိုင်သလိုကြည့်နေသည်။
“ အဟဲ မိတ်ဆွေဟောင်းတစ်ယောက်အကြောင်းကို စဉ်းစားလိုက်မိလို့ “
ထင်းရှီမှ ပြန်၍ဖြေလိုင်သည်။ ယခုတစ်ကြိမ်အတွေးနက်သွားသူမှာ ရှန်းယွင်ဖြစ်ပေသည်။
အစောပိုင်းက ထင်းရှီ၏မျက်နှာမှာ အတွေးထဲနစ်မြောသွားပုံရကာ တစ်စုံတစ်ယောက်အား ပြန်လည်စဉ်းစားနေပုံရသည်။
ထို့အပြင် ထင်းရှီ၏နှုတ်ခမ်းများအနည်းငယ်မြင့်တက်သွားကာ နူးညံ့သည့်မျက်နှာကိုကြည့်ခြင်းအားဖြင့် ထိုမိတ်ဆွေဟောင်းဆိုသူမှာ သူ၏ရင်ထဲတွင် အရေးပါသည့်နေရာတစ်ခုကိုရရှိထားသူဖြစ်ရပေမည်။
ရှန်းယွင်၏မျက်နှာလေးမှာ အကြောင်းပြချက်မရှိဘဲ အနည်းငယ်ညှိုးကျသွားသည် ။
အမှန်မှာ ရှန်းယွင်တစ်ယောက် လွန်ခဲ့သည့်နှစ်နှစ်ကပင် ထင်းရှီကိုလူမမြင်ဖူးဘဲနှင့် နာမည်ကိုသိရှိနေခြင်းဖြစ်သည် ။
သူမ၏ဆရာတူအစ်ကို၏စကားထဲတွင်ပါလာတက်ကာ တင်းဖန်းမှ မကြာခဏချီးကျူးသည့် ဒုတိယညီလေးဆိုသူကို စိတ်ဝင်စားမိရာမှ ထိုလူမှာ သိုင်းလောကတွင် မြစ်ဝါနဂါးတိုက်ပွဲတစ်ခုတည်းဖြင့် အဖြူရောင်သွေးမိစ္ဆာဟု ကျော်ကြားသူဖြစ်မှန်းကို သိလိုက်ရသည်။
သူမသိုင်းလောကထဲသို့ဆင်းလာသည်မှာလည်း လည်ပတ်လိုသောစိတ်နှင့်အတူ ထင်းရှီကို တွေ့မြင်ဖူး၍လည်းဖြစ်သည်။
ထို့နောက် ဝူတန်းဂိုဏ်းတွင် ထင်းရှီမှသူမကိုအနိုင်ယူသွားခဲ့သည် ။ထို့နောက် တောင်ခြေတွင်နောက်ထပ်တစ်ကြိမ်အနိုင်ကျင့်သွားပြန်သည်။
ထိုအချိန်မှစ၍ မကျေနပ်စိတ်နှင့် ထင်းရှီ၏နောက်သို့တကောက်ကောက်လိုက်နေရာမှသိုင်းပညာအလွန်မြင့်မားကာ ဖြစ်သလိုနေတတ်ပုံရသည့် ခန့်ညားသည့်ထိုလူမှာ သူမတွေ့လိုသည့် အဖြူရောင်သွေးမိစ္ဆာဖြစ်မှန်းကို သိလိုက်ရသည်။
သူမအရိုးသားဆုံးပြောရလျှင်......