← Chapters

‌သွမ့်ကျန်းမင်ကိုသတ်မယ်

Vol. 3 Ch. 204

‌သွမ့်ကျန်းမင်ကိုသတ်မယ်

Vol. 3 Ch. 204

“ အစ်ကိုကြီးထင်းဘာအကြောင်းတွေကိုစဉ်းစားနေလို့ ကျမခေါ်တာမကြားတာလဲ ။ ကျခေါ်နေတာ သုံးခါရှိပြီ “

ရှန်းယွင်မှ မကျေမနပ်ဖြင့်ဘုတေလိုက်ရာ ထင်းရှီမှာ မျက်ခုံးကိုပင့်လိုက်မိကာ သူ၏နဖူးတွင် အရေးအကြောင်းများထင်လာသည်ဟုပင် ခံစားလိုက်ရသည်။

သူမ၏အသံမှာ အနည်းငယ်တုန်ယင်နေကာ ဒေါသနှင့် ဝမ်းနည်းမှုရောယှက်နေသည့်ဟု သူတွေးလိုက်မိသည်။

ထိုမိန်းမငယ်လေး၏လေသံအရ ထိုကိစ္စကို တော်တော်နှင့်လက်လျောတော့မည်မဟုတ်သည်ကိုလည်းသိနိုင်သည်။

ထိုကိစ္စကို သူရှင်းလင်းစွာပြောပြီးဖြစ်သည် ။ ထို့အပြင် ဤမျှသေးငယ်သည့်ကိစ္စလေးကို မည်သည့်အတွက် ဖြေရှင်းချက်လိုချင်နေသည်ကို သူလုံးဝစဉ်းစား၍မရပေ။

‘ ငါကလည်းဘာလို့ သူ့ကိုဖြေရှင်းချက်ပေးနေရတာလဲ ‘

ထင်းရှီမှာ သူကိုယ်တိုင်ပင် အနည်းငယ်ကြောင်တောင်တောင်လိုက်နေပြီဟု ခံစားလိုက်မိသည်။

ထင်းရှီ၏တုံဏာဘာဝေအမူအယာကိုကြည့်ကာ ရှန်းယွင်မှာ နှုတ်ခမ်းကိုလှပစွာတွန့်ကွေး၍ စူးစိုက်ကြည့်လိုက်သည် ။

သူမ၏ထိုအမူအယာမှာ လွန်စွာဒေါသထွက်နေသည်ဟူသည့်အဓိပ္ပာယ်ဖြစ်ကာ အမြန်ဆုံးသူမစိတ်ပြေအောင်ချော့မော့ရတော့ပေမည်။

“ အား ရှန်းယွင်လေး နှုတ်ခမ်းကြီးစူပုတ်နေရင် ပုံတူဆွဲတဲ့အခါ ဝက်မကြီးနဲ့တူပြီး မလှဘဲဖြစ်နေမယ် ။ လာလာ မြန်မြန်လေးပြုံးပြီး ငါနဲ့လိုက်ခဲ့ “

ထင်းရှီမှ လွတ်ရာလွတ်ကြောင်းရှာကာ စံအိမ်ဆီသို့အပြေးတစ်ပိုင်းသွားလိုက်သည်။

ရှန်းယွင်မှာ ထင်းရှီ၏စနောက်သည့်စကားကြောင့် မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည် ။

ထင်းရှီ၏ ယခုလိုလွတ်လပ်ပေါ့ပါးကာ အရာရာကိုအကောင်းမြင်တတ်ပြီး သူမအပေါ်အလိုလိုက်သည့်အတွက် သူမထင်းရှီအနားမှမခွာချင်ဘဲဖြစ်နေနိုင်သည်။

ရှန်းယွင်မှာ ထိုသို့တွေးလိုက်သည်နှင့် သူမ၏မျက်နှာလေး ‌ရဲဗလောင်းခတ်သွားကာ ပေါ့ပါးသည့်ခြေလှမ်းများဖြင့် ပျံလွှားမလေးသဖွယ် ထင်းရှီ၏နောက်သို့လိုက်သွားတော့သည်။

&&&&&&

“ မိန်းမ ကိုယ့်ကို ကလေးလေး မွေးမပေးသေးဘူးလား “

နွေးထွေးနူးညံ့သည့်လေသံနှင့်အတူ ယောင်္ကျားပီသသည့်မျက်နှာဖြင့်လူရွယ်တစ်ယောက်မှာ သူ၏လက်ထဲတွင်ပွေ့ထားသည့်မိန်းမလှလေးအားကြည့်လိုက်သည်။

ထိုမိန်းမလှလေးမှာ လူရွယ်၏စကားကြောင့် ဆက်ခနဲဖြစ်သွားကာ သူမ၏မျက်နှာမှာ အနည်းငယ်တည်ကြည်သွားသည် ။

“ အနည်းဆုံးတော့ ဆရာ့ရဲ့အစီအစဉ်ဆွေမအောင်မြင်မချင်း ရှင်ဒီကိစ္စတွေကို မစဉ်းစားသင့်ဘူး “

မိန်းမလှလေး၏ တင်းမာဟန်ရသည့်လေသံကြောင့် လူရွယ်မှာ ချက်ခြင်းပင်ကြက်တူရွေးအစာကောက်သလို ခေါင်းတဆက်ဆက်ငြိမ့်ကာ ပြောလိုက်သည်။

“ ကောင်းပါပြီ ကိုယ့်ရဲ့မိန်းမစကားကို နားထောင်ပါ့မယ် “

လူရွယ်မှ ထိုသို့ပြောကာ ခေါင်းညိမ့်လိုက်သော်လည်း တစ်စုံတစ်ခုအား စဉ်းစားမိလိုက်ဟနိဖြင့် အလိုမကျသည့်မျက်နှာဖြစ်သွားကာ မိန်းမလှလေးအား သူ့ဘက်သို့ ဆွဲလှည့်လိုက်သည်။

“ မိန်းမ ကိုယ့်ဘယ်နှခါပြောရမလဲ ကိုယ်နဲ့နှစ်ယောက်ထဲရှိတဲ့အချိန်တွေမှာဆိုကိုယ့်ကို ယောင်္ကျားလို့ခေါ်ပါဆို ။ နောက်ပြီး လူတွေရဲ့ရှေ့မှာဆို မင်းရဲ့ နာမည်အရင်းခေါ်ဆိုလို့ ကိုယ်လိုက်နာခဲ့တယ်လေ။ မင်းလည်း ကိုယ့်ကိုနှစိယောက်ထဲရှိရငိ ယောင်္ကျားလို့ခေါ်ပါလား “

လူရွယ်၏ တောင်ပန်ဟန်ရသည့်စကားကို မိန်းမလှလေးမှ ခေါင်းယမ်းလိုက်သည်။

“ အခု ကျမကရှင့်နဲ့အတူနေပြီး ဇနီးမောင်နှံတောင်ဖြစ်နေပြီလေ။ ရှင်ကဒါကိုတောင်မကျေနပ်သေးဘူးလား “

မိန်းမလှလေး၏အေးစက်သည့်စကားကြောင့် လူရွယ်မှာ ထိတ်ထိတ်ပြာပြာဖြစ်သွားကာ အလျှင်အမြန်ပြောလိုက်သည် ။

“ ကိုယ်ပြောတာ အဲဒီသဘောမျိုးမဟုတိပါဘူးကွာ ။။ဒီလိုပဲ မင်းဆီကနူးညံ့တဲ့စကားလေးတွေကို ကြားချင်တာပေါ့။

သိုင်းလောကထဲမှာဆို မင်းကနူးညံ့ပြီးလှပတဲ့ ပန်းလေးတစ်ပွင့်လိုဖြစ်ပေမယ့် ကိုယ်နဲ့နှစ်ယောက်ထဲရှိရင် အေးစက်နေသလိုပဲ။ “

လူရွယ်၏ခပ်တိုးတိုးစကားကြောင့် မိန်းမလှလေးလည်း တစ်ချက်တွေခနဲဖြစ်သွားသည်။ ထို့နောက် သူမ၏မျက်နှာမှာ ပုံမှန်အနေအထားသို့ပြောင်းလဲသွားကာ အေးစက်စက်ပြောလိုက်သည်။

“ ကျမရဲ့စိတ်ထဲမှာ နေ့ကောညကောရှီနေတာက ကျမရဲ့အကြီးမားဆုံးရန်သူကြီးကိုလက်စားချေဖို့အတွက်ပဲ။

ဒီလိုမှမဟုတ်ရင် သေသွားတဲ့ကျမဖေဖေက စိတ်ဖြောင့်ဖြောင့်နေရမှာမဟုတ်ဘူး “

မိန်းမလှလေး၏စကားကြောင့် လူငယ်လည်း သူမ၏လက်ကိုဆုပ်ကိုင်ကာ နွေးထွေးစွာပြောလိုက်သည်။

“ အချိန်အကြာကြီးမစောင့်ရတော့ပါဘူး။ ဆရာ့ရဲ့အကြံအစည်တွေအောင်မြင်ပြီးသွားရင် သိုင်းလောကတစ်ခုလုံး ကိုယ်တို့လက်ထဲကိုရောက်ပြီ။

အဲဒီအချိန်ကျရင် မင်းလုပ်ချင်တဲ့အတိုင်း သွမ့်ကျန်းမင်ရဲ့အသက်ကိုသာမကဘဲ သူ့ရဲ့တစ်အိမ်သားလုံးကို သတ်ပစ်လဲရတယ် ။

ကိုယ် ဝမ်းတု ကျိန်ဆိုတယ် အချိန်ကျလာရင် မင်းရဲ့ရန်သူသွမ့်ကျန်းမင်ကို မင်းကိုယ်တိုင်ခေါင်းဖြတ်ပစ်ရအောင် ကိုယ်ကူညီပေးမယ် “

လူရွယ်၏လေသံမှာ နူးညံ့သော်လည်း သူ၏မျက်ဝန်းများမှာ ‌သွေးဆာသည့်ဟန်ဖြင့် အလင်းတစ်ခုတောက်ပသွားသည်။

&&&&&&

ချောက်ကမ်းပါးထက်တွင် လေတဟူးဟူးတိုက်ခက်နေသည် ။

“ ဝှစ် ဝှစ် “

တစ်ချက်တစ်ချက်တွင် လေထုအားပိုင်းဖြတ်လိုက်သည့်အသံသဲ့သဲ့ကိုလည်းကြားနေရသည် ။

နက်ရှိုင်းလှသည့်ချောက်ကမ်းပါးကြီး၏ထောင့်စွန်းတွင် ဝတ်စုံနက်နှင့်လူရွယ်တစ်ယောက်မှာ ဓားသိုင်းလေ့ကျင့်လျက်ရှိသည် ။

သူ၏လက်ထဲမှာဓားသည်လည်း လှပစွာရွေ့လျားနေကာ ကွက်ပြောင်းအမျိူးမျိုးကိုဖြစ်ပေါ်စေသည်။

ထိုလူရွယ်မှာ အသက်သုံးဆယ်ဝန်းကျင်ရှိမည်ဖြစ်ကာ ယောင်္ကျားပီသကာ ချောမောခန့်ညားသည့်မျက်နှာ ၊ တည်ငြိမ်ဟန်ရသည့်သွင်ပြင်နှင့် မှန်းဆရခက်ခဲသည့် အနက်ရောင်မျက်လုံးများဖြင့် ကြည့်ကောင်းလှသည် ။

ချောက်ကမ်းပါးကြီး၏နောက်ခံနှင့် ချောမောသည့်လူရွယ်မှာ ဓားသိုင်းလေ့ကျင့်လျက်ရှိရာ ပန်းချီကားတစ်ချက်ပမာ ရှုချင့်စဖွယ်ကောင်းလှသည် ။

အစိမ်းနုရောင်ဝတ်စုံနှင့် နတ်သမီးလေးအလား လှပသည့်မိန်းမလှလေးမှာမူ မနီးမဝေးမှ ကျောက်တုံးကြီးတစ်တုံးပေါ်တွငိ မေးထောက်လျက်ထိုငိနေကာ လူရွယ်အားရွှန်းရွှန်းစားစားကြည့်လျက်ရှိသည်။

လူရွယ်၏ဓားကွက်များမှာ ပေါ့ပါးသည့်ဟန်ဖြင့်ဝေ့ယမ်းနေကာ အနည်းငယ်နှေးကွေးသည်ဟုထင်ရသည်။

ထို့နောက် နှေးကွေးရာမှ ပြင်းထန်ကြမ်းတမ်းပုံပေါ်လာကာ ပို၍လျှင်မြန်လာလေသည် ။

သို့သော် လူငယ်၏ဓားမှာ အတွင်းအားလုံးဝမပါဝင်သည့်အတွက် ဓားသိုင်း၏စွမ်းရည်မှာ အင်အားပြည့်တိုက်ခိုက်ခြင်းထက် အလွန်နည်းပါးနေလေသည်။

လူငယ်မှ သူ၏ဓားကွက်များကိုပြောင်းလဲလိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် ပျော့ပြောင်းခြင်း ၊ ကြမ်းတမ်းခြင်းတို့မရှိတော့ဘဲ လွန်စွာမြန်ဆန်သွားလေသည်။

ဓားကွက်များတွင် အတွင်းအားလုံးဝပါဝင်ဟန်မရသော်လည်း သူ၏ဓားမှာ လွန်စွ မြန်ဆန်နေကာ အဆင့်လွန်သိုင်းသမားတစ်ယောက်ပင်သဲသဲကွဲကဲမမြင်နိုင်ဘဲ လူငယ်၏ဘေးတွင် ဝိုင်းပတ်နေသည့်အဖြူရောင်ဓားစက်ဝန်းကြီးတစ်ခုကိုသာတွေ့ရပေမည်။

လူရွယ်မှာ အချိန်အတော်ကြာလေ့ကျင့်ပြီးနောက် သူ၏ဓားကို နောက်ကျောမှဓားအိမ်အတွင်းပြန်သွား၍ မိန်းကလေးဆီသို့လျှောက်လာလေသည်။

“ အစ်ကိုကြီးထင်းက ဒီလိုကျတော့ တကယ်ကြည့်ကောင်းတာပဲ “

ရှန်းယွင်မှ အသံလွင်လွင်လေးဖြင့်ရယ်မော၍ ထင်းရှီအားစနောက်လိုက်သည် ။

လက်ရှိ ထင်းရှီ၏ပုံစံမှာ သူမပြင်ဆင်ပေးထားခြင်းဖြစ်သည် ။

ထင်းရှီမှာ ဝူတန်းတွင်နေခဲ့စဉ်က အချိန်ရှိသရွေ့ဓားသိုင်းလေ့ကျင့်နေကာ ဖြစ်သလိုနေခဲ့မိလေသည် ။

ထို့အပြင် တောင်ပေါ်မှဆင်းလာပြီးသည့်နောက်တွင်လည်း ထိုအကျင့်မှာ အလေ့အကျင့်တစ်ခုလိုဖြစ်သွားကာ မုတ်ဆိတ်မွှေးပါးမြိုင်းမွှေးများကိုပင် ရိတ်သင်ခြင်းမပြုဘဲနေခဲ့သည် ။

သို့သော် ဓားတစ်ထောင်စံအိမ်တွင်နေသည့်ရက်ပိုင်းအတွင်း ရှန်းယွင်မှ သူ့အားအတင်းအကြပ်ပြင်ဆင်ပေးကာ သူသိုင်းလောကထဲသို့စဝင်လာသည့်အချိန်ကကဲ့သို့ပင် ခံစားလိုက်မိသည် ။

သို့သော် ထိုစဉ်က သူဝတ်စုံဖြူများကို စွဲစွဲမြဲမြဲဝတ်ဆင်ခဲ့ကာ မြစ်ဝါနဂါးတိုက်ပွဲတွင် သူ၏အဖြူရောင်ဝတ်စုံမှာ သွေးများဖြင့် စိုရွှဲစီးနစ်နေကာ လျှော်ဖွတ်၍ပင်မရနိုင်တော့လောက်အောင်ဖြစ်သွားသည်။

ထိုညက သူ၏ပုံသဏ္ဍာန်ကြောင့်ပင် သိုင်းလောကသားများမှ အဖြူရောင်သွေးမိစ္ဆာဟု သက်မှတ်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက်ပိုင်းတွင်တော့ အဖြူရောင်ဝတ်စုံကိုသူဝတ်ဆင်ခြင်းမရှိတော့ဘဲ ဝူတန်းတွင်နေစဉ်က မုချန်း၏ဝတ်စုံများကို ဝတ်ဆင်ခဲ့သည်။

ထို့နောက် တောင်အောက်ဆင်းလာပြီးသည့်နောက်တွင်လည်း ရှန်းယွင်ထံမှခွဲယူထားသည့်ငွေနှင့် အနက်ရောင်ဝတ်စုံအချို့သာဝယ်ခဲ့သည်။

ယခုသူဝတ်ဆင်ထားသည့်ဝတ်စုံမှာမူ သေသပ်စွာချူပ်လုပ်ထားပြီး သူနှင့်လိုက်ဖက်ကာ ရှန်းယွင်ဟန်ချန်းမြို့သို့သွားစဉ်ကဝယ်ယူခဲ့ခြင်းဖြစ်သည်။

“ အစ်ကိုကြီးထင်း ရှင်ကဘာလို့အတွင်းအားမပါပဲ သိုင်းကွက်သက်သက်ပဲလေ့ကျင့်နေတာလဲ “

မိန်းကလေးမှသိလိုစိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။ ထင်းရှီ၏လေ့ကျင့်ပုံမှာ သာမန်နှင့်ကွဲပြားနေသည်ဟု သူမထင်လိုက်သညိ။

ထင်ရှီမှ ဓားသိုင်းလေ့ကျင့်ရာတွင်အတွင်းအားလုံးဝမပါဘဲ ဓားကွက်များကိုသာ လေ့ကျင့်နေခြင်းဖြစ်သည်။

ထို့အပြင် ထိုပုံစံဖြင့်လေ့ကျင့်နေသည်မှာလည်းတစ်ရက်ထဲမဟုတ်ဘဲ ရက်ဆက်လိုလိုဖြစ်သည်။

ထို့ကြောင့် ရှန်းယွင်လည်း သူမ၏သိလိုစိတ်ကို ထိမ်းချုပ်မထားနိုင်တော့ဘဲ ထုတ်ဖော်မေးမြန်းလိုက်ခြင်းဖြစ်သည်။

All Chapters