← Chapters

ဖရိုဖရဲသိုင်းလောက

Vol. 3 Ch. 207

ဖရိုဖရဲသိုင်းလောက

Vol. 3 Ch. 207

သိုင်းလောကတွင် ထူးဆန်းသည့်သတင်းတစ်ခုထွက်ပေါ်နေသည်။

ထိုသတင်းမှာ သိုင်းလောကမှ ထိပ်တန်းအင်အားစုအများအပြားမှ သူတို့၏လူများကို အလျှင်အမြန်စုဆောင်းနေသည့်သတင်းဖြစ်သည်။

ပြင်ပသို့ရောက်ရှိနေကြသည့် သူတို့၏အဖွဲ့သားများကိုလည်း အဖွဲ့အစည်းသို့အလျှင်အမြန်ပြန်လာရန် ဆင့်ခေါ်နေကြသည် ။

သိုင်းလောကသားများမှာ ထိုအဖြစ်အပျက်ကြောင့် အံအားသင့်သွားကြကာ မနေနိုင်သူများက ထိုအကြောင်းနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာသိရှိရန်ကြိုးပမ်းခဲ့ကြသည် ။

သို့သော် ထိုလူများမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် သတင်းအစအနလေးတစ်ခုကိုပင် မသိခဲ့ရဘဲ လုံးဝငြိမ်သက်နေလေသည် ။

ထူးခြားသည့်ထိုအခြေအနေကြောင့် ထိပ်သီးဂိုဏ်းကြီးခြောက်ခုသည်လည်း သိုင်းလောကကို အာရုံစိုက်လာကြသည် ။

ထိုရက်ပိုင်းတွင် သိုင်းလောက၏အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သည့်သူတောင်းစားဂိုဏ်း၏ဌာနခွဲများသို့ အမည်မသိလူအချို့ ခဏခဏဝင်ရောက်ဖျက်ဆီးနေကြသည်။

သူတောင်းစားဂိုဏ်းသားများကိုလည်း တပ်လှန့်ထားကကာ အချိန်မရွေးပေါ်လာနိုင်သည့်ရန်သူများကို သတိအနေအထားဖြင့်စောင့်ကြည့်နေကြရသည်။

ပုံမှန်ဆိုလျှင် သိုင်းလောကထဲသို့ဂိုဏ်းကြီးခြောက်ဂိုဏ်းမှတပည့်အနည်းငယ်သာဆင်းကြသော်လည်း ယခုမူ သိုင်းလောကအရေးများနှင့် ခပ်ကင်းကင်းနေလေ့ရှိသည့် ရှောင်လင်ဂိုဏ်းမှဘုန်းတော်ကြီးများကိုပင် ‌အနှံ့အပြား၌တွေ့လာရသည်။

အနောက်ပိုင်းတွင်လည်း ယင်နှင့်ချန်မျိုးနွယ်စုကြီးများမှာ မျိုးနွယ်စုငယ်လေးများကိုစုစည်း၍ အင်အားတောင့်တင်းစေရန် ကြိုးပမ်းလျက်ရှိကြသည်။

အရှေ့ပိုင်းသိုင်းလောက ၊ မြောက်ပိုင်းတောင်တန်းနှင့် တောင်ပင်လယ်မှာမူ တိတ်ဆိတ်နေကြသည်။

သိုင်းလောကကြီးတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ငြိမ်သက်နေကာ မုန်တိုင်းမလာမီငြိမ်သက်နေကြောင်းကို သိုင်းလောကသားအားလုံးသိရှိကြပေသည်။

ထိုမုန်တိုင်းကြီးမှာလည်း အတော်လေးကြီးမားမည့်ပုံရကာ စနစ်တံအားမီးရှို့ပေးမည့်ဖြစ်ရပ်တစ်ခုခုသာပေါ်လာပါက ဝုန်းခနဲပေါက်ကွဲတော့မည့်ပုံကသည်။

ထို့ထက်ပို၍ အံ့အားသင့်ဖွယ်ကောင်းသည်မှာ ဖရိုဖရဲဖြစ်နေကြသည့်အချိန်အတွင်း အနက်ရောင်သိုင်းလောကမှ လက်ကျန်ဂိုဏ်းကြီးဂိုဏ်းငယ်များမှာ ခရမ်းရောင်သွေးလဂိုဏ်းသို့ပူးပေါင်းလိုက်ကြသည့်သတင်းဖြစ်သည် ။

ခရမ်းရောင်သွေးလဂိုဏ်းသို့ ပူးပေါင်းရန်ငြင်းဆန်သည့် ထိပ်တန်းအဆင့်ဂိုဏ်းကြီးနှစ်ခုနှင့် ပထမတန်းအင်အားစုငါးခုမှာ တစ်ညအတွင်း လျို့ဝှက်ဖျက်ဆီးခြင်းခံလိုက်ရသည် ။

ထိုဖြစ်ရပ်ကိုမူ သိုင်းလောကသားများ ရိပ်စားမိခြင်းမရှိကြပေ။

ပုံမှန်ဆိုလျှင် သူတစ်လူငါတစ်မင်းဖြစ်နေသည့်အနက်ရောင်သိုင်းလောကကြီးမှာ ခရမ်းရောင်သွေးလဂိုဏ်း၏လက်အောက်သို့ရောက်ရှိသွားကြကာ မကြုံစဖူးညီညွတ်နေပေသည်။

ခရမ်းရောင်သွေးလဂိုဏ်းမှာ မူလကပင်လျှိူ့ဝှက်ကာ အင်အားတောင့်တင်းသည်ဟုနာမည်ကျော်နေကာ ယခုဆိုလျှင် အနက်ရောင်သိုင်းလောက၏ခေါင်းဆောင်ဖြစ်သွား၍ မျက်လုံးပေါင်းများစွာက သူတို့ကိုစောင့်ကြည့်နေကြပြီဖြစ်သည်။

သိုင်းလောက၏အင်အားစုကြီးတစ်ခုဖြစ်သည့်နဂါးစိမ်းဂိုဏ်းကြီးသည်လည်း ခရမ်းရောင်သွေးလဂိုဏ်းကို အသင့်စောင့်ကြည့်နေကြသည် ။

အကယ်ဿ ခရမ်းရောင်သွေးလဂိုဏ်းသာ သိုင်းလောက၏မျှချေကိုဖျက်ဆီးမည့်ကိစ္စကြီးတစ်ခုခုပြုလုပ်ပါက နဂါးစိမ်းဂိုဏ်းကြီးမှ ဦးစွာတိုက်ခိုက်ပေလိမ့်မည်။

သိုင်း‌ေါာပရမ်းပဝာအခြေအနေမျိုးတွင် မြောက်ပိုင်းတောင်တန်းဒေသ၏ တောင်ပတ်လမ်းတစ်နေရာတွင် မြင်းနှစ်စီးနှင့်ခရီးသည်နှစ်ယောက်မှာ အေးအေးဆေးဆေးခရီးဆက်နေပေသည်။

ရှေ့မြင်းပေါ်မှ အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးမှာ လွန်စွာချောမောသည့်ရုပ်သွင်ရှိကာ အလွမ်းသီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းလျက်ရှိသည်။

သူမ၏မျက်နှာသည်လည်း တစ်စုံတစ်ရာအား အလိုမကျသလို မှိူင်းညို့လျက်ရှိသည်။

သူမ၏နောက်မှ မြင်းပေါ်တွင် အနက်ရောင်ဝတ်စုံကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်လူရွယ်တစ်ယောက်ရှိကာ ထိုလူရွယ်မှာ တည်ငြိမ်သည့်မျက်နှာဖြင့် ပတ်ဝန်းကျင်အား အလစ်မပေးဘဲ ဂရုစိုက်လျက်ရှိသည်။

သူတို့နှစ်ဦးစလုံးမှာ ဓားကိုယ်စီသိုင်းလွယ်ထားကြကာ သိုင်းလောကသားများဖြစ်ကြောင်း ဗေဒင်မေးစရာမလိုဘဲ သိရှိနိုင်သည်။

ထင်းရှီမှာ သူ၏ရှေ့ခပ်လှမ်းလှမ်းတွင်ရှိနေသည့်ရှန်းယွင်အားကြည့်ကာ သက်ပြင်းတစ်ချက်ကို မသိမသာချလိုက်မိသည်။

သူမ၏သီချင်းဆိုသံမှာ ခပ်တိုးတိုးသာဖြစ်သော်လည်း သူတို့နှစ်ဦးမှာ ဝါးတစ်ရိုက်ပင်မကွာ၍ သူမ၏အသံချိူချိုလေးကို ကောင်းစွာကြားနေရသည်။

ထိုအသံလေးမှာ ချိူသာသည့်အပြင် လွန်စွာကြည်လင်နေသလို ကြားမိသူတိုင်းကိုလည်းလွမ်းဆွတ်ခံစားနေရစေမည်ဖြစ်သည် ။

ထင်းရှီမှာ ထုံအသည့်လူတစ်ယောက်မဟုတ်သဖြင့် ထိုမိန်းမငယ်လေး၏ခံစားချက်အချို့ကို ဓားတစ်ထောင်စံအိမ်တွင်ရိပ်စားမိခဲ့သည် ။

အမှန်အတိုင်းဆိုရလျှင် ထင်းရှီမှာ သူမအပေါ်တွင်လည်း ထူးးခြားသည့်ခံစားချက်အချို့ရှိနေပေသည်။

ထင်းရှီမှာ သူ့တစ်ဘဝလုံးတွင် မိန်းကလေးအနည်းငယ်ဖြင့်သာပတ်သတ်ဖူးကာ ထိုမိန်းကလေးများနှင့်လည်း တစ်ယောက်တစ်မျိူးစီသံယောဇဉ်ရှိပေသည် ။

သူနှင့်ငယ်စဉ်ကပင်ရင်းနှီးခဲ့ရသည့် ထင်းရှောင်ယင်မှာ နှစ်ပေါင်းများစွာ အတူနေခဲ့ရသည့်အပြင် ပွင့်ပွင့်လင်းလင်းမရှိလှသော်လည်း သူတို့နှစ်ဦးစလုံးတစ်ဦးအပေါ်တစ်ဦးခံစားချက်များရှိနေသည်။

ထို့နောက် သူသိုင်းလောကထဲသို့စတင်ဆင်းလာသည့်အချိန်ကတွေ့ခဲ့ရသည့် မိန်းမလှလေး သွမ့်ရှင်းရှောင်။

သွမ့်ရှင်းရှောင်ကို သိုင်းလောက၏အလှနတ်သမီး ပန်းနတ်သမီးသွမ့်ရှင်းရှောင်ဟူသည့်ဂုဏ်ပုဒ်ကိုမသိခင်က သာမန်ရုပ်ရည်နှင့်မိန်းကလေးရှောင်ရှောင်အဖြစ် ရင်းနှီးခဲ့ရခြင်းဖြစ်သည်။

ထို့နောက် သူတို့နှစ်ဦးအချိန်အတော်ကြာအတူရှိခဲ့ကာ သူတို့၏ရင်းနှီးမှုများလည်း ပို၍တိုးလာခဲ့သည် ။

သို့သော် စွန်းမျိုးနွယ်၏စီးမင်မြို့တွင် သူတို့နှစ်ဦးခွဲခွာခဲ့ကာ နှစ်နှစ်ကျော်ကြာပြီးသည့်နောက်တွင်မှ ကျန်းနန်တွင်ပြန်၍ဆုံခြင်းဖြစ်သည် ။

ထိုစဉ်ကလည်း ကောင်းမွန်စွာတွေ့ဆုံခဲ့ရခြင်းမရှိသော်လည်း သွမ့်ရှင်းရှောင်မှသူ့အပေါ်သာမန်ထက်ပို၍ရင်းနှီးသည်ကို သိခဲ့ရသည်။

ထင်းရှီမှာ သွမ့်ရှင်းရှောင့်အတူရှိလျှင် လွတ်လပ်ပေါ့ပါးသည့်ခံစားချက်ကိုရရှိကာ သူတို့နှစ်ဦးမှာ နေရာအတော်များများတွင် စိတ်သဘောထားတူညီကြသည်။

သူမနှင့်အတူရှိလျှင် မည်သည့်အရာကိုပင်ဖြစ်စေ လျှို့ဝှက်ထားစရာမလိုဟုပင်ခံစားမိကာ သူမအပေါ်သာမန်ထက်ပိုသည့်ယုံကြည်မှုလည်းရှိပေသည်။

နောက်ဆုံးတစ်ယောက်မှာမူ ပြဿနာမလေး ရှန်းယွင်ဖြစ်သည်။

ထို့ကြောင့်ပင် ဓားတစ်ထောင်စံအိမ်တွင်နောက်ထပ်ရက်အနည်းငယ်နေလိုသော်လည်း မြေပြန့်သို့ပြန်လာခဲ့ခြင်းဖြစ်သည် ။

သူမ၏ခံစားချက်များမှာ ငယ်ရွယ်သည့်အတွက် စိတ်ကစားသည့်အနေဖြင့်လည်းဖြစ်နိုင်ကာ များစွာရင့်သန်ကြီးထွားခြင်းမရှိမီ ကြိုတင်တားဆီးရပေမည်။

ထို့နောက် သူမကို သူမ၏အိမ်သို့ပြန်ပို့၍ သူတစ်ဦးတည်းလေလွင့်ရန်ဆုံးဖြတ်လိုက်သည်။

သူဓားစံအိမ်သို့ပြန်ရန်အချိန်မှာလည်း သုံးလေးလသာလိုတော့သည်မဟုတ်ပါလား ။

ထင်းရှီမှာ စိတ်ထဲတွင် အတွေ့များစွာရှိနေသော်လည်း ပတ်ဝန်းကျင်အား သတိတစ်ချက်မလွတ်ရဲပေ။

သူတို့ရောက်နေသည့်နေရာမှာ တစ်ဖက်တွင် တောင်နံရံကြီးရှိနေသလို ကျန်တစ်ဖက်တွင်လည်း ချောက်ကမ်းပါးကြီးရှိနေသည့် တောင်လမ်းတစ်ခုဖြစ်သည် ။

ထိုနေရာမျိုးမှာ ခြုံခိုတိုက်ခိုက်ရန်အကောင်းဆုံးနေရာဖြစ်သည့်အပြင် သူ၏စိတ်ထဲတွင်လည်း အန္တရယ်ကြီးတစ်ခုခုနီးကပ်လာပြီဟု ခံစားမိနေသည် ။

ထိုအချိန်မျိုးတွင် သတိမပြက်ရှိကာမှ တော်ကာကျပေမည်။ မည်သည့်အရာမှမသိသည့်ရှန်းယွင်မှာတော့ သီချင်းလေးညည်းကာာရှေ့မှ ပေါ့ပေါ့ပါးပါးသွားလျက်ရှိသည်။

တောင်နံရံပေါ်တွင်

လူနှစ်ယောက်မှာ လက်နောက်ပစ်၍ သူတို့၏အောက်သို့ရောက်လာတော့မည့်မြင်းနှစ်စီးကိုကြည့်နေသည် ။

တစ်ဦးမှာ ထင်းရှီတွေ့ဆုံတိုက်ခိုက်ဖူးသည့် အဆိပ်ဘုရင်အဖိုးအိုဖြစ်ကာ ကျန်တစ်ဦးမှာ အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးစွပ်တစ်ဦးဖြစ်သည်။

မျက်နှာဖုံးနှင့်လူမှာ နောက်ကျောတွင်ဓားတစ်လက်ကိုသိုင်းလွယ်ထားကာ အဆိပ်ဘုရင်အဖိုးအိုအောက်မကျသည့် ကြောက်မက်ဖွယ်အငွေ့အသက်များထွက်ပေါ်လျက်ရှိသည် ။

ထိုလူ၏မျက်လုံးအစုံသည်လည်း စူးရှတောက်ပြောင်နေကာ အတွင်းအားပြည့်ဝလှသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်မှန်း သိနိုင်သည်။

“ ဒီကောင်လေးကိုသတ်ဖို့ သခင်ကြီးကငါတို့နှစ်ယောက်ကိုလွှတ်တာလား ။ သခင်ကြီးက ငါတို့ကိုအထင်သေးရာကျနေပြီ “

မျက်နှာဖုံးစွပ်မှ ငှက်ဆိုးထိုးသံလို ဆိုးရွားသည့်အသံကြီးဖြင့်ပြောလိုက်သည်။

“ မင်းသူ့ကိုအထင်မသေးရင်ကောင်းမယ် ကောင်လေးက အသက်ငယ်ပေမယ့် တစ်ယောက်ချင်းတိုက်ရမယ်ဆိုရင်ငါတို့ဂိုဏ်းမှာ သခင်းကြီးကလွဲပြီး ကျန်တဲ့လူ‌တွေက သူ့ရဲ့ပြိုင်ဘက်မဟုတ်ကြဘူး “

အဆိပ်ဘုရင်အဖိုးအိုမှ သက်ပြင်းသဲ့သဲ့ချ၍ပြောလိုက်သည်။

အမှန်ဆိုလျှင် ထိုလူငယ်နှင့်သူရင်မဆိုင်လိုပေ။ ထိုလူငယ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဓားပညာထူးချွန်လှသလို သူ၏နောက်ခံကိုလည်း အဆိပ်ဘုရင်ကြောက်ရွံ့နေရသည်။

သို့သော် နှင်းငွေ့မိစ္ဆာသခင်ကြီး၏နှူတ်ထွက်စကားတစ်ခွန်းမှာ သူ၏အမိန့်ဖြစ်ကာ သခင်ကြီးမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုတွေးလိုက်ပြီးနောက်...ထိုလူ၏စကားကို မလိုက်နာဘဲသူမနေဝံ့ပေ။

ထိုလူမည်မှရက်စက်ပြက်သားကာ သိုင်းပညာကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့အသိဆုံးဖြစ်သည် ။

ထိုလူပေးထားသည့်မက်မော‌စရာကောင်းသည့်ပစ္စည်းများကြောင့်သာမဟုတ်ပါက ထိုကဲ့သို့လူမျိုးနှင့် လုံးဝပတ်သတ်မိမည်မဟုတ်ပေ။

All Chapters