← Chapters

ဓားစံအိမ်သို့ရောက်ရှိခြင်း

Vol. 3 Ch. 214

ဓားစံအိမ်သို့ရောက်ရှိခြင်း

Vol. 3 Ch. 214

သစ်ပင်များထူထပ်ကာ အုံ့မှိုင်းနေသည့်တောကြီး ။ နေရောင်ခြည်မှာ သစ်ကိုင်းများကြားမှ ပျောက်တိပျောက်ကျားကျဆင်းနေသည်။

တစ်ခါတစ်ရံ တောအုပ်အတွင်း ဖြတ်ပြေးသွားသည့် သမင်၊ ယုန် စသည့်တောကောင်ငယ်လေးများကိုလည်းတွေ့နေရသည် ။

ခြုံ၍ဆိုရလျှင် ထိုတောအုပ်မှာ လွန်စွာကြီးမားသည်မှအပ သာယာလှသည်ဟုဆိုနိုင်သည် ။

အကယ်၍ ထိုတောအုပ်ကို တစ်စုံတစ်ယောက်မှ လူဆယ်ယောက်ဝင်သွားလျှင် တစ်ယောက်သာပြန်လာနိုင်သညိ့ ပြန်လမ်းမဲ့တောအုပ်ဟုပြောပါပ မည်သူမှ ယုံကြည်နိုင်ကြမည်မဟုတ်ပေ။

သို့သော် တောအုပ်ထဲတွင်ကား လူအများ၏အသက်ကိုအလွယ်တကူချွေယူသွားနိုင်သည့်တောကောင်ကြီးများ နွံအိုင်များနှင့် အဆိပ်ကောင်များ အများအပြားရှိနေသည် ။

အဆိုးဆုံးအရာကား ‌တစ်နေရာထဲတွင်ဝဲလည်ဝဲလည်ဖြစ်ကာ အစာရေစာပျက်လက်၍သေဆုံးသွားနိုင်သည့် ကြောက်မက်ဖွယ်ဝင်္ကပါများတည်ရှိနေခြင်းဖြစ်သည်။

“ ချွတ် ချွတ် “

ကြွေကျနေသည့်သစ်ရွက်ခြောက်များပေါ်တွင် လူတစ်ယောက်လျှောက်လာနေသည် ။

ထိုလူရိပ်မှာ ပန်းနုရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက်ဖြစ်ကာ သူမ၏ နောက်ကျောတွင် အဝတ်ထုပ်တစ်ထုပ်ကိုသိုင်းလွယ်ထားတာ ညာလက်တွင် ဓားရှည်တစ်ချောင်းကို အဆင်သင့်ကိုင်ဆောင်ထားသည်။

ရှုပ်ပွနေသည့်ဆံနွယ်များနှင့် အနည်းငယ်မောဟိုက်နေပုံရသည့်သူမ၏မျက်နှာလေးသည်ပင် နတ်သမီးရှုံးလောက်အောင်လှပနေပေသည်။

ထိုမိန်းမလှလေးမှာ ဝင်္ကပါတောအုပ်အတွင်းသို့ စွန့်စားဝင်ရောက်လာသည့်သွမ့်ရှင်းရှောင်ပင်ဖြစ်သည်။

တောအုပ်ထဲတွင် သူမတဝဲလည်လည်ဖြစ်နေသည်မှာ ငါးရက်ခန့်ရှိပြီဖြစ်သည်။

မူလက စားနပ်ရိက္ခာခြောက်များ တစ်ပတ်စာယူခဲ့၍သာတော်တော့သည် ။သို့မဟုတ်ပါက အစာရေစာပျက်လပ်၍ သေဆုံးသွားနိုင်သည်။

ယခင်ရက်များက ရေပြဿနာကြုံတွေ့ခဲ့ရသေည်လည်း တောအုပ်ထဲမှ သဘာဝစမ်းချောင်းတစ်ခုကိုရှာတွေ့ခဲ့သည်။

ထိုစမ်းချောင်းအနီးတွင်လည်း တောရိုင်းဝံပုလွေများကိုပင် ဆွဲယူနစ်မြုပ်နေသည့် သေမင်းနွံတောတစ်ခုကို သတိထား၍ကျော်ခဲ့ရသေးသည်။

ယခု သူမတောအုပ်အတွင်းပိုင်းသို့ရောက်ရှိနေပြီဟု ခန့်မှန်းရနိုင်ကာ ဝင်္ကပါအတော်များများကိုလည်း ကျော်ဖြတ်ခဲ့ရသည် ။

ကိုယ်တိုင်ကြုံတွေ့လာရသည့်အခါမှ တောအုပ်ထဲမှဝင်္ကပါများမှမည်မျှရှုပ်ထွေးလှသည်ကို သူမအံ့ဩတကြီးဖြစ်မိသည်။

အကယ်၍ သူမ၏ဆရာမသာ ဝင်္ကပါပညာရပ်တွင်ဆရာတစ်ဆူမဟုတ်ဘဲ သူမကိုယ်တိုင်လည်း ကြိုးကြိုးစားစားမသင်ယူခဲ့ပါက သူမကြုံတွေ့ခဲ့ရသည့်ဝင်္ကပါများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။

“ အာရုံလှည့်စားတဲ့ဝင်္ကပါနဲ့ ခုနစ်ဆစ်ချိုးဝင်္ကပါကို ရောယှက်ထားတာပဲ “

ဖြောင့်စင်းနေသည့်သစ်ပင်ကြီးများခြေရင်းသို့ တတိယအကြိမ်ပြန်ရောက်လာပြီးသည့်နောက်တွင် ရေရွတ်လိုက်မိသည်။

ထို့နောက် သူမ၏မှတ်ဉာဏ်ထဲမှ ခုနစ်ဆစ်ချိုးဝင်္ကပါကိုဖြေရှင်းသည့်နည်းလမ်းကိုပြန်၍စဉ်းစားကာ မျက်စေ့ကိုစုံမှတ်လိုက်သည် ။

ထို့နောက် မြောက်အရပ်သို့ဦးတည်၍ သူမ၏ခြေလှမ်းများကို စတင်၍ထွက်ခွာလိုက်သည်။

ခုနစ်ဆစ်ချိုးဝင်္ကပါမှာ မြောက်အရပ်မှစတင်၍ ခြေလှမ်းခုနစ်ဆယ်ဆီ ပြောင်းလဲသွားရခြင်းဖြစ်သည်။

ယခုဝင်္ကပါမှာမူ အာရုံလှည့်စားဝင်္ကပါနှင့်ပေါင်းစပ်ထားသည့်အတွက် သူမမည်သည့်နေရာသို့ရောက်ရောက် ဆင်တူသည့်မြင်ကွင်းကိုသာ ထင်ယောင်ထင်မှားမြင်ရမည်ဖြစ်သည်။

အာရုံလှည့်စားဝင်္ကပါအားကျော်ဖြတ်ရန်အကောင်းဆုံးနည်းမှာ မျက်လုံးမှတ်၍လျှောက်သွားရန်ဖြစ်စည်။

“ တစ်လှမ်း နှစ်လှမ်း ……….လေးရာ့ကိုးဆယ် “

သူမ၏နားထဲတွင် ရေစီးသံသဲ့သဲ့ကြားလာရသည်ဟုထင်လိုက်မိသည်။ သို့သော် မျက်စေ့ဖွင့်မကြည့်ဘဲ ခြေလှမ်းအရေအတွက်ပြည့်အောင်သွားလိုက်သည်။

သူမ၏စိတ်ထဲတွင်ရေတွက်ပြီးသွားသည်နှင့် မျက်လုံးအစုံကို ဖြေးညင်းစွာပြန်ဖွင့်လိုက်သည် ။

သူမ၏ရှေ့တွင် နေရောင်ခြည်ဖြာ‌ကျနေသောခြံဝန်းငယ်လေးတစ်ခုရှိသည် ။

တောအတွင်းဘက်တော်တော်များများတွင် စိမ်းစိုအုံ့မှိုင်းနေသော်လည်း ထိုနေရာကားထူးဆန်းစွာပင် နေချင်စဖွယ်ကောင်းလှသည် ။

ဘေးပတ်လည်တွင် စိုက်ခင်းများနှင့် သီးပင်စားပင်များရှိသည်။ မလှမ်းမကမ်းရှိ ချောင်းရေကလည်း ကြည်လင်စွာစီးဆင်းလျက်ရှိသည် ။

ခြံဝန်းလေးအတွင်းတွင် ဝါးအိမ်လေးများကိုစီတန်းဆောက်လုပ်၍ထသည်။ ခြံဝန်း၏အလယ်တည့်တည့်တွင် သပ်ရပ်စွာဆောက်လုပ်ထား‌သာ စံအိမ်တစ်လုံးရှိသည်။

ထို့အပြင် ခြံဝန်းထဲတွင်လည်း အရိပ်ရသောသစ်ပင်ကြီးများစွာရှိသေးသည်။

သွမ့်ရှင်းရှောင်မှာ သူမမျက်စိမှောက်နေသည်ဟုထင်ကာ မျက်စိကိုလက်ဖြင့်ပွတ်သတ်လိုက်မိသည်။ သို့သော် ထိုမြင်ကွင်းမှာ ပျောက်ကွယ်သွားခြင်းမရှိပေ။

သွမ့်ရှင်းရှောင်၏စိတ်ထဲတွင် ဝမ်းသာအားရဖြစ်မိကာ ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်မည်ကဲ့သို့ဖြစ်သွားသည်။

နောက်ဆုံးတွင် သူမ၏ပန်းတိုင်ဖြစ်သည့်ဓားစံအိမ်သို့ရောက်ရှိခဲ့လေပြီ။

အန္တရာယ်များနှင့် အခက်အခဲများစွာကို ကျော်ဖြတ်ပြီးမှရောက်လာခဲ့ခြင်းဖြစ်သည်။

ခြံဝန်းငယ်လေးထဲတွင် လှုပ်ရှားနေသည့်လူရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ သွမ့်ရှင်းရှောင်လည်း ခြံဝန်းငယ်လေးအနီးသို့ ဖြေးညင်းစွာချဥ်းကပ်လာခဲ့သည်။

ခြံဝန်းလေးမှာ တံခါးပင်တပ်မထားပေ။ ဝင်ပေါက်၏ဘေးတစ်ဖက်တစ်ချက်တွင် သစ်ပင်ကြီးများနှင့် မြင့်မားသည့် ဝါးပင်အချို့ရှိနေသည်။

ထိုသစ်ပင်ကြီးများအောက်တွင် လူရိပ်တစ်ခုမှာ တံမျက်စည်းကိုကိုင်၍ ညင်သာစွာလှုပ်ရှားလျက်ရှိသည်။

သစ်ရွက်ခြောက်များနှင့် ဝါးရွက်ခြောက်များမှာ တံမျက်စည်း၏ သယ်ဆောင်မှူအတိုင်း လိုက်ပါနေပေသည်။

သွမ့်ရှင်းရှောင်မှာ အနည်းငယ်ဝေးနေသဖြင့် ထိုလူ၏မျက်နှာကို အသေအချာမမြင်ရသေးသော်လည်း ခန္တာကိုယ်အချိုးအစားကိုကြည့်ခြင်းအားဖြင့် မိန်းမတစ်ဦးဖြစ်ကြောင်း သေချာပေါက်ပြောဆိုနိုင်သည်။

သွမ့်ရှင်းရှောင်မှ ခြံဝန်းအနီးရောက်လာသည်နှင့် ထိူမိန်းက‌လေးမှာ တစ်စုံတစ်ခုအား အာရုံခံမိသည့်ဟန်ဖြင့်ခေါင်းမော့၍ကြည့်လိုက်သည် ။

သွမ့်ရှင်းရှောင်သည်လည်း ထိုမိန်းကလေးကိုအကဲခပ်နေကာ သူမတို့နှစ်ယောက်အကြည့်ချင်းဆုံသွားပေသည် ။

လွန်စွာလှပသည် ။

ထိုစကားမှာ မိန်းကလေးနှစ်ယောက်စလုံးတွေးလိုက်မိသည့်အရာဖြစ်သည်။

သွမ့်ရှင်းရှောင်မှာ ပန်းနုရောင်ဝတ်စုံလေးနှင့်လွန်စွာလိုက်ဖက်ကာ သူမ၏မျက်နှာလေးမှာ အနည်းငယ်နွမ်းလျနေသော်လည်းနတ်သမီးတမျှလှပပေသည် ။

ထို့အတူ တံမျက်စည်းလှည့်နေသည့်မိန်းကလေးမှာ အသက်နှစ်ဆယ်ဝန်းကျင်သာရှိမည်ဖြစ်ကာ ရိုးရှင်းသည့် အနက်ရောင်ဝတ်စုံတစ်ခုကိုဝတ်ဆင်ထားသော်လည်း သူမ၏အလှမှာ ဖုံးကွယ်မသွားပေ။

မဟာဆန်သည့်နဖူးပြင် ၊ ကြည်လင်နေသည့်မျက်ဝန်းလှလှလေးများ ၊ ဖြောင့်စင်းသည့်နှာတံ ၊ နူးညံ့သည့်ချယ်ရီရောင်နှုတ်ခမ်းပါးများနှင့်လွန်စွာကျော့ရှင်းလှသည် ။

ထို့အပြင် သူမ၏ခန္တာကိုယ်သည်လည်း သိုင်းလောကအလှနတ်သမီးဘွဲရသွမ့်ရှင်းရှောင်ထက် မနိမ့်ကျဘဲ မို့မောက်နေသည့်ရွှေရင်အစုံ ၊ ထွာဆိုင်မျှသာရှိမည့်သေးကျဉ်းသည်းခါးလေး ၊ သားကောင့်မိခင်ဖြစ်နိုင်မညိ့ ဖွံ့ထွားသည့်တင်ပါးတို့ဖြင့် ကျောက်ဆစ်ရုပ်တစ်ခုလို အချိုးကျလှသည်။

သွမ့်ရှင်းရှောင်မှာ သိုင်းလောက၏အလှနတ်သမီးဘွဲကိုရသည့်အပြင် သူမကိုယ်တိုင်လည်း သူမ၏အလှအပနှင့်ပတ်သတ်၍ ဂုဏ်ယူဝင့်ကြွားမှုမရှိသော်လည်း ယုံကြည်မှု‌ရှိပေသည်။

သို့သော် ယခုအနက်ရောင်ဝတ်စုံနှင့်မိန်းကလေးမှာ သူမနှင့်ပင်နှိုင်းယှဉ်နိုင်သည်ဟု အံ့အားသင့်စွာတွေးလိုက်မိသည်။

“ နင်ကဘာကိစ္စရှိလို့လဲ “

အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးမှ တည်ငြိမ်သည့်လေသံဖြင့်မေးလိုက်သော်လည်း သူမ၏မျက်ဝန်းထဲတွင် အံ့ဩမှုတစ်စွန်းတစ်စကိုတွေ့ရပေသည်။

ရှန်းယွင်လည်း ရုတ်တရက်မည်သို့ပြောရမည်ကိုစဉ်းစားမရဘဲ အတန်ကြာမှပြောလိုက်သည်။

“ ကျမ ကျမ ရှောင်ကျန်းမင်ဆိုတဲ့လူကိုတွေ့ချင်လို့ ။ ကျမကိုသူ့ဆီခေါ်သွားပေးလို့ရမလား “

‘ ရှောင်ကျန်းမင် ‘ ဆိုသည့်နာမည်ကြောင့် အနက်ရောင်ဝတ်စုံနှင့်မိန်းကလေး၏မျက်ခုံးများတွန့်ကွေးသွားကာ နားမလည်ဟန်ဖြင့်မေးလိုက်သည် ။

“ နင်က အစ်ကိုကြီးနဲ့သိလို့လား “

သူမ၏မေးခွန်းကြောင့် သွမ့်ရှင်းရှောင်မှာ ထိုမိန်းကလေးမှ ရှောင်ကျန်းမင်၏ညီမဖြစ်နိုင်သည်ဟုတွေးလိုက်မိသည် ။

သို့သော် သူမမည်သို့ပြန်ဖြေကမှန်းမသိပေ။ ထိုကိစ္စမှာ အနည်းငယ်ရှုပ်ထွေးလျက်ရှိသည်။

“ အဲဒီကိစ္စက နည်းနည်းရှုပ်ထွေးတယ် ။ စကားနည်းနည်းနဲ့ရှင်းပြလို့မရဘူး “

သွမ့်ရှင်းရှောင်၏အဖြေကြောင့် မိန်းကလေးမှာ မျက်မှောင်ကုတ်သွားသော်လည်း အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိမ့်ကာပြောလိုက်သည်။

“ ငါ့နောက်ကိုလိုက်ခဲ့ နင့်ကိုလူတစ်ယောက်နဲ့ပေးတွေ့စရာရှိတယ် ။ ပြီးရင် အစ်ကိုကြီးနဲ့တွေ့ရမယ် “

အနက်ရောင်ဝတ်စုံနှင့်မိန်းကလေးမှ အနိမ့်အမြင့်မရှိသည့်လေသံဖြင့်ပြောကာ သူမ၏လက်ထဲမှတံမျက်စည်းကိုသစ်ပင်တစ်ပင်တွင်မှီလိုက်သည် ။

ထို့နောက် သွက်လက်သည့်ခြေလှမ်းများနှင့် စံအိမ်၏ဘေးဘက်သို့လျှောက်သွားသည်။

သွမ့်ရှင်းရှောင်လည်း အနည်းငယ်စဉ်းစားပြီးနောက် ထိုမိန်းကလေး၏နောက်သို့လိုက်‌သွားရန်ဆုံးဖြတ်လိုက်သည်။

All Chapters