← Chapters

အပိုင်း(၂၁၀)

Vol. 3 Ch. 210

အပိုင်း(၂၁၀)

Vol. 3 Ch. 210

အနက်ရောင်မျက်နှာဖုံး၏အောက်မှ သရဲမြို့စားကြီး၏မျက်နှာအစစ်ထွက်ပေါ်လာသည်။

သရဲမြို့စားကြီးမှာ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်ဖြစ်ကာ ထင်းရှီပြောသလိုပင် သူ၏ညာနားရွက်မှာပြက်နေကာ ထိုနေရာတွင်တုံးတိကြီးဖြစိနေသည်။

သူ၏မျက်နှာမှာမူ မီးလောင်ရာများဖြင့်ပြည့်နှက်နေကာ လွန်စွာရုပ်ရည်ဆိုးရွားလှပြီး သရဲမျက်နှာလောင်စိန်ဆိုသည့် သူ၏နာမည်နှင့်ကိုက်ညီလှသည် ။

ထိုဒဏ်ရာများမှာ သူငယ်ရွယ်စဉ်ကရရှိခဲ့ခြင်းဖြစ်သည်။ လောင်စိန်၏မူလဇာတ်မြစ်မှာ ပြည်မကြီးမှမဟုတ်ဘဲ တိဗက်ဒေသရှိပူတာလကျောင်းတော်ကြီးမှဖြစ်သည်။

ပူတလကျောင်းတော်ကြီးမှာ တိဗက်ဒေသတွင်အကျော်ကြားဆုံးကျောင်းတော်ကြီးဖြစ်ကာ လောကုတ္တရာဘက်တွင် လွန်စွာကျော်ကြားလှသလို သိုင်းပညာတတ်ကျွမ်းသည့်ဘုန်းတော်ကြီးများစွာရှိသည် ။

လောင်စိန်မှာ ပူတာလကျောင်းတော်မှ ဘုန်းကြီးငယ်တစ်ပါးဖြစ်ကာ ကျောင်းတော်တွင်အကြံအစည်တစ်ခုကြောင့် ရှစ်နှစ်တိုင်တိုင်နေခဲ့ခြငိးဖြစ်သည်။

အခွင့်သာသည့်ရက်တွင်မူ တားမြစ်ထားသည့် သိုင်းကျမ်းဆောင်မှ သရဲငိုဓားသိုင်းကို ခိုးယူခဲ့၍ ပြည့်မသို့ထွက်လာခဲ့ခြင်းဖြစ်သည်။

သူ၏ဒဏ်ရာများမှာမူ သူ့အား လိုက်လံဖမ်းဆီးခဲ့သည့် ပူတာလကျောင်းတော်မှဘုန်းတော်ကြီးအချို့၏လက်ချက်ကြောင့်ဖြစ်ပြီး သေပြေးရှင်ပြေးပြေးခဲ့ရကာ တောထဲတွင်ဇာတ်မြုပ်၍ သရဲငိုဓားသိုင်းအား အောင်မြင်‌အောင်လေ့ကျင့်နိုင်ခဲ့သည်။

သူ၏စိတ်ထဲတွင် ပူတာလကျောင်းတော်မှဘုန်းကြီးများကို အမြဲလိုလိုမကျေမနပ်ဖြစ်နေသော်လည်း သူ၏သိုင်းပညာဖြင့်ပင် ပူတလကျောင်းတော်ကိုလုံးဝစိန်ခေါ်နိုင်စွမ်းမရှိပေ။

ထို့ကြောင့်လည်း သိုင်းလောကတွင်သာဆိုးသွမ်းရက်စက်နေခဲ့သည်။

သူ၏ရုပ်ရည်နှင့်ပတ်သတ်၍ဝေဖန်ခဲ့ကြသူများကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကာ ထိုလူများ၏မိသားစုများကိုပင် အလွတ်မပေးဘဲ အမြစ်ပြတ်သုတ်သင်ခဲ့သည်။

သူ၏သရဲမြို့စားကြီးဟူသည့်နာမည်မှာလည်း ရက်စက်မှူဂုဏ်သတင်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပေသည်။

သိုင်းလောကထဲမှ အဖြူရောင်ဘက်တော်သားများမှာ ‌သရဲမြို့စားကြီးအား ဆုံးမရန်ကြိုးပမ်းကြသော်လည်း သူကိုယ်တိုင်က အဆင့်လွန်သိုင်းသမားတစ်ယောက်ဖြစ်သည့်အပြင် သူ၏ရက်စက်ဆန်းကြယ်သည့်သရဲငိုဓားသိုင်းကြောင့် အဖြူအနက်သိုင်းသမားများစွာသေကြေခဲ့ရသည်။

တစ်ရက်တွင်မူ လောင်စိန့်ထံသို့ ဖျင်ကြမ်းအင်္ကျီဝတ်ဆင်ထားကာ အသက်သုံးဆယ်ကျော်လူတစ်ယောက်ရောက်လာခဲ့သည် ။

ထိုလူမှာ ဝါးဖြင့်ပြုလုပ်ထားသည့်ဓားအိမ်နှင့်အစိမ်းရောင်ဓားတစ်ချောင်းကိုကိုင်ဆောင်ထားကာ လောင်စိန်အား စိန်ခေါ်တိုက်ခိုက်ခဲ့ပေသည်။

ထိုတိုက်ပွဲတွင် လောင်စိန်မှာ အလဲလဲအကွဲကွဲဖြင့်ရှုံးနိမ့်ခဲ့ရသည်။ သူဂုဏ်ယူရသည့် သရဲငိုဓားသိုင်းမှာလည်း ထိုလူ၏ချေဖျက်ခြင်းခံရကာ သိုင်းကွက်နှစ်ရာမပြည့်မီ ရှုံးနိမ့်ခဲ့ရသည်။

သူ၏ရက်စက်မှူများနှင့် ဆိုးသွမ်းမှူများမှာ သိုင်းလောကတွင် အပုတ်နံ့တထောင်းထောင်းပျံ့နှံ့နေသော်လည်း ထိုလူမှ သူ၏အသက်ကိုချမ်းသာပေးခဲ့သည်။

သို့သော် ထိုအစားသူ၏ညာဘက်နားရွက်ကိုဖြတ်သွားခဲ့သည့်အတွက် လောင်စိန်မှာ လွန်စွာနာကျဉ်းဒေါသဖြစ်ကာ ထိုအချိန်မှစ၍ သိုင်းပညာပို၍တိုးတက်စေရန် အနှစ်နှစ်ဆယ်တိုင်တိုင်ဇာတ်မြှုပ် လေ့ကျင့်ခဲ့ပေသည်။

ထို့နောက်တွင်တော့ သူ၏သိုင်းပညာမှာ သိုင်းဝိဇ္ဇာအဆင့်သို့ရောက်ရှိခဲ့သည့်အပြင် နှင်းငွေ့မိစ္ဆာသခင်ကြီး၏ဖိတ်ခေါ်မှုကြောင့် ခရမ်းရောင်သွေးလဂိုဏ်းထဲသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သူ၏ရည်ရွယ်ချက်မှာ သုံးခုသာဖြစ်သည်။ သိုင်းလောကတွင် ထိပ်ဆုံးသို့ရောက်စေရန် ၊ ပူတာလကျောင်းတော်မှဘုန်းကြီးစုတ်များကို လက်စားချေရန်နှင့် သူ့၏နားရွက်ကိုဖြတ်သွားသည့်လူအား ပြန်၍သတ်ဖြတ်ရန်ဖြစ်သည်။

ထိုဖြစ်ရပ်ကြီးမှာ သူ၏ဘဝတွင် ပထမဦးဆုံးအဖြစ်အရှက်တကွဲဖြစ်ခြင်းဖြစ်သည့်အပြင် ထိုအကြောင်းကိုသိသူမှာလည်း ထိုလူနှင့်သူ နှစ်ယောက်သာရှိသည် ။

ယခုထင်းရှီမှ သူ၏ညာနားရွက်နှင့်ပတ်သတ်၍ပြောလိုက်သည့်အတွက်လွန်စွာတုန်လှုပ်သွားမိကာ အနှစ်နှစ်ဆယ်ကျော်သိမ်းဆည်းထားရသည့်ဒေါသများ ပွင့်အန်လာခြင်းဖြစ်ပေသည် ။

" မင်းက အဲဒီခွေးကောင်ရဲ့တပည့်လား ။ မင်းရဲ့ဓားပညာဒီလောက်ကောင်းနေတာ အံ့အားသင့်စရာမရှိတော့ပါဘူး "

လောင်စိန်မှ အံကိုတင်းတင်းကြိတ်ကာ သတ်ဖြတ်လိုသည့်လေသံဖြင့်ပြောလိုက်သည်။

သူ၏စကားကြောင့် ထင်းရှီလည်းဒေါသထွက်သွားကာ အထူးသဖြင့် သူ၏ဆရာကိုခွေးကောင်ဟုခေါ်လိုက်သည့်အတွက်ကြောင့်ဖြစ်သည်။

သူ၏ဆရာမှာ သူ့ကိုငယ်စဉ်ကပင်ပြုစုပျိုးထောင်လာကာ သူ၏မိဘသဖွယ် ဆရာသဖွယ်ဖြစ်သည်။ ထို့ကြောင့် သူ၏ဆရာကိုဆဲရေးလိုက်ခြင်းမှာ သူ့ကိုဆဲခြင်းထက် ပို၍နာကျင်ပေသည်။

" ဆရာကခင်ဗျားကိုနားရွက်တစ်ဖက်ပဲဖြတ်သွားတာ ဒီနေ့ ကျုပ်ကကျန်တဲ့နားရွက်တစ်ဖက်ရယ် ၊လျှာနဲ့နှာခေါင်းကိုပါဖြတ်ပစ်မယ် "

ထင်းရှီမှ ဒေါသဖြင့်ကြုံးဝါးလိုက်သည်။

တစ်ဖက်တွင်လောင်စိန်မှာလည်း ထင်းရှီမှသူ၏အနာကို ခဏခဏလာဆွနေသည့်အတွက် မီးဝင်းဝင်းတောက်နေသည့်မျက်ဝန်းများဖြင့် ထင်းရှီအားကြည့်ကာ ရှေ့သို့ မြားတစ်စင်းလိုတိုးဝင်လာသည်။

" ထန်းး... ထန်း... "

ဓားချင်းထိခတ်သံများမှာ ဆူညံနေသည်။ နှစ်ဦးစလုံး ကြောက်မက်ဖွယ်ဓားသမားများဖြစ်ကြသည့်အပြင် အသက်လုပွဲတိုက်ခိုက်နေကြသည့်အတွက် သူတို့၏ဓားကွက်များမှာ အံ့မခန်းပြင်းထန်လှသည်။

အတွင်းအားအရာတွင် လောင်စိန်မှာ ထင်းရှီထက်သာလွန်နေသလို ကိုယ်ဖော့ပညာတွင်လည်း ထင်းရှီမှများစွာကောင်းမွန်နေသည် ။

သို့သော်ထင်းရှီ၏ဓားကွက်များက ပြင်းထန်ကြမ်းတမ်းလာသည့်အတွက် လောင်စိန်မှာ အံ့အားသင့်စွာဖြင့် အငိုက်မိသွားသည်ဟုပြော၍ရသည်။

" ဝှစ် "

သွေးများဖြာခနဲကျဆင်းလာကာ လောင်စိန်၏ရင်ဘက်နေရာတွင် ဓားဒဏ်ရာတစ်ခုပေါ်လာသည် ။

သို့သော် လောင်စိန်မှာ အလျှင်အမြန်နောက်ဆုတ်လိုက်နိုင်သည့်အတွက် ဒဏ်ရာမှာ မနက်ရှိုင်းလှဘဲ လက်မတစ်ဝက်ခန့်သာရှိသည်။

ထိုဒဏ်ရာလေးကပင် လောင်စိန်ကိုပို၍ဒေါသကြီးသွားစေကာ ကျားနာကြီးတစ်ကောင်ကဲ့သို့ဖြစ်သွားစေသည်။

ထိုသို့ဒဏ်ရာရလိုက်ခြင်းမှာ ထင်းရှီ၏ဓားကွက်များရုတ်တရက်ပြောင်းလဲလိုက်သည့်အတွက်ကြောင့် အလစ်အငိုက်မိသွားခြင်းလည်းဖြစ်သည် ။

ပုံမှန်ဆိုလျှင် လောင်စိန်အားဒဏ်ရာရရန်ထင်းရှီမှာ သိုင်းကွက်အတော်များများ တိုက်ခိုက်ရပေမည်။

‌ယခုတွင်တော့ ဒေါသတကြီးဖြစ်နေသည့်လောင်စိန်မှာ အမှားအနည်းငယ်ကိုလည်း ပြုလုပ်လာလေသည်။

ထင်းရှီအားသတ်ဖြတ်ရန်တစ်ခုတည်းကိုသာ ရည်ရွယ်၍တိုက်ခိုက်လာသည့်အတွက် သူ၏ဓားကွက်များတွင်ဟာကွက်များထွက်ပေါ်လာသည်။

သို့သော် ထိုနေရာများကိုတိုက်ခိုက်ပါကလည်း လောင်စိန်၏လက်ချက်ဖြင့် ထင်းရှီမှာ သက်သညလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ထင်းရှီမှာ အပေါ်စီးမှထိမ်း၍တိုက်ခိုက်နေကာ လောင်စိန်အား တစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်မည့်အခွင့်အရေးကို စောင့်ဆိုင်းနေသည်။

ထို့နောက် ထင်းရှ၏ဓားကွက်များမှာ လက်ဖျားခါရသည့်အရှိန်ဖြင့် အကာအကွယ်မဲ့နေသည့် လောင်စိန်၏ညာဘက်လက်ကိုခုတ်ပိုင်းလိုက်သည် ။

ထိုဓားချက်၏အမြန်နှုန်းမှာ အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ကာ လောင်စိန်မှာ အံ့အားသင့်စွာရှိနေရင်း မည်သို့မှကာကွယ်နိုင်စွမ်းမရှိပေ။

" ထန်း... "

" သရဲဘုရင် သတိထား ဒေါသမကြီးနဲ့ "

ဓားပျံတစ်လက်မှာ ထင်းရှီ၏ဓားကိုရိုက်ဖယ်သွားကာ အဆိပ်ဘုရင် အဖိုးအို၏ အရေးတကြီးအော်ဟစ်သတိပေးသံကို ကြားလိုက်သည်။

ကောင်ကျစ်ပါးနပ်သည့်ထိုအဖိုးအိုမှာလည်း ထင်းရှီလိုပင်အကြံအစည်များနှင့် တိုက်ပွဲတစ်ခုလုံးကို မပြတ်စောင့်‌ကြည့်နေခြင်းဖြစ်သည်။

ထို့ကြောင့်ပင် ထင်းရှီ၏ဓားချက်ထွက်ပေါ်လာသည်နှင့် တုံ့ဆိုင်းခြင်းမရှိဘဲ ဓားပျံပစ်လွှတ်လိုက်ကာ တားဆီးခြင်းဖြစ်သည်။

အကယ်၍ သူနှင့်သရဲဘုရင်တို့ပူးပေါင်းတိုက်ခိုက်ပါက ထင်းရှီအားမုချသတ်ဖြတ်နိုင်မည်ကိုသိရှိပေသည်။

သို့သော် ထင်းရှီးအပြင်းအထန်ရုန်းကန်မှုကြောင့်လည်း သူတို့နှစ်ဦးစလုံးသက်သာမည်မဟုတ်ပေ။

ထို့အပြင် သရဲဘုရင်မှ ထင်းရှီနှင့်သိုင်းကွက်အတော်များများတိုက်ခိုက်နိုင်သည်ကိုသူကောင်းစွာသိထားသည်။

အခြေအနေအားလျှင်မြန်စွာအကဲခပ်လိုက်ပြီး အဆိပ်ဘုရင်မှာ ရှန်းယွင်နှင့် တိုက်ခိုက်ရန်ရွေးချယ်လိုက်ခြင်းဖြစ်သည်။

သူရှန်းယွင်ကိုအနိုင်ယူပြီးသည့်အချိန်တွင် သရဲဘုရင်မှာ ထင်းရှီနှင့်အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်ပေမည်။

ထိုအချိန်တွင် သူပါထိုတိုက်ပွဲသို့ဝင်ရောက်တိုက်ခိုက်၍ ထင်းရှီအားသတ်ဖြတ်ရပေမည်။ ထင်းရှီမှာ သရဲဘုရင်နှင့်အပြင်းအထန်တိုက်ခိုက်ပြီး‌ဖြစ်၍ အားအင်လျော့နည်းနေပေမည်။

သူ၏အစီအစဉ်မှာ စနစ်ကျကာ လွန်စွာကောင်းမွန်သည်ဟုဆိုရပေမည်။

သို့သော် ထင်းရှီမှသရဲဘုရင်၏ဒေါသအားဆွပေးရင်းတိုက်ခိုက်နေသည့်အပြင် ထင်းရှီ၏ဓားပညာမှာ သူမျှော်မှန်းထားသည်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည့်အတွက် သူ၏အစီအစဉ်များလွဲချော်တော့မည်ကဲ့သို့ဖြစ်လာသည်။

အဆိပ်ဘုရင်အဖိုးအိုမှာ ထိုသို့အဖြစ်မခံနိုင်ပေ။ ထို့ကြောင့် ရှန်းယွင်အား ပို၍ဖိအားပေးကာ တိုက်ခိုက်လိုက်သည်။

အဆိပ်ဘုရင်မှာ ရှန်းယွင်နှင့်စတင်တိုက်ခိုက်စဉ်ထဲက လက်နက်ပုန်းနှင့်အဆိပ်ကောင်များကိူ အသုံးမပြုခဲ့ပေ။ ယခုမူ..

" ဝှစ် ဝှစ် "

လေတိုးသံလေးများနှင့်အတူ အစိမ်းရောင်မြွေလေးနှစ်ကောင်မှာ ရှန်းယွင်ထံသို့ တရှိန်ထိုးပြေးဝင်လာသည်။

---------------------------------------------------

All Chapters