← Chapters

သိုင်းလောကတစ်ခုလုံးဆူပွတ်ခြင်း

Vol. 3 Ch. 216

သိုင်းလောကတစ်ခုလုံးဆူပွတ်ခြင်း

Vol. 3 Ch. 216

“ မင်းကဘယ်သူလဲ “

သွမ့်ကျန်းမင်မှ မျက်နှာဖုံးစွပ်ကို စူးစိုက်ကြည့်၍‌မေးလိုက်သည်။

မျက်နှာဖုံးစွပ်မှာ ပြန်၍မဖြေဘဲ သွမ့်ကျန်းအား စူးရဲစွာစိုက်ကြည့်လိုက်သည် ။ သူ၏မျက်လုံးများသည်လည်း အမှောင်ထဲတွင် အရောင်တဖျက်ဖျက်လက်နေသည်။

ထိုသူ၏အတွင်းအားသည်လည်း သွမ့်ကျန်းထက်မသာလျှင်ပင် လျော့မည်မဟုတ်ပေ။

သွမ့်ကျန်းမင်မှာ တစ်ဖက်လူအားအကဲခပ်ရင်း သူ၏စိတ်ထဲတွင် အနည်းငယ်လေးလံသွားမိသည် ။

ဤသည်မှာ သိုင်းပညာရှင်များ၏အလိုလိုသိစိတ်ဖြစ်ပေသည်။ သွမ့်ကျန်းမင်မှာ မိတ်ဆွေရန်သူခွဲခြားမရသေးသည့် သိုင်းထိပ်သီအားကြည့်ကာ အတွေးများစွာဖြစ်နေသည် ။

“ ကျုပ်ကသာမန်လူသားတစ်ယောက်ပါ ။ ဒါပေမယ့် နဂါးစိမ်းဂိုဏ်းချုပ်ကြီးလိုတော့ သူတစ်ပါးရဲ့ပုံစံကိုဟန်ဆောင်မနေဘူး “

သူ၏စကားဆုံးသည်နှင့် သွမ့်ကျန်းမင်မှာ ဖျက်ခနဲထရပ်လိုက်ကာ မျက်နှာဖုံးစွပ်ကို မယုံကြည်နိုင်သလိုကြည့်လိုက်သည် ။

မျက်နှာဖုံးစွပ်မှာ သွမ့်ကျန်းမင်၏တုံ့ပြန်မှုကို လှောင်ရိပ်သန်းနေသည့်မျက်လုံးများဖြင့်ကြည့်နေသည် ။

“ မင်းကဘယ်သူလဲ ဘာလီု့အကြောင်းတွေကို သိနေတာလဲ “

သွမ့်ကျန်းမင်မှ သူ၏လက်စွဲတော်နဂါးစိမ်းဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကာမေးလိုက်သည်။

မျက်နှာဖုံးစွပ်မှ ပြန်လည်ဖြေကြားခြင်းမရှိတော့ဘဲ သွမ့်ကျန်းမင်ထံသို့ ရိပ်ခနဲပြေးဝင်လာသည် ။

မျက်နှာဖုံးစွပ်မှာ မူလနေရာမှ ပျောက်ကွယ်သွားကာ သွမ့်ကျန်းမင်၏အနီးသို့ရောက်လာသဖြင့် မျက်နှာဖုံးစွပ်မှာ ကိုယ်ပျောက်သည့်ပမာဖြစ်နေသည်။

အမှန်မှာ မျက်နှာဖုံးစွပ်၏ကိုယ်ဖော့ပညာမှာ လွန်စွာကောင်းမွန်လှသဖြင့် ကိုယ်ပျောက်သလိုဖြစ်သွားခြင်းဖြစ်သည်။

မျက်နှာဖုံးစွပ်၏လှုပ်ရှားမှုကိုတွေ့သည်နှင့် သွမ့်ကျန်းမင်၏မျက်လုံးများကျဉ်းမြောင်းသွားကာ သူ၏လက်ကိုရိပ်ခနဲလှုပ်ရှားလိုက်သည်။

“ ရွှပ် “

စိမ်းဖန့်ဖန့်အလင်းတန်းတစ်ခုလက်သွားကာ အားကောင်းသည့်ဓားအငွေ့အသက်များမှာ ခြံဝန်းလေးထဲတွင် ပျံ့နှံသွားသည် ။

သိုင်းလောကထဲတွင် မသိသူမရှိနာမည်ကြီးလှသည့်နဂါးစိမ်းဓားမှာ ပေါ်ထွက်လာလေပြီ။

ဓားရိုးမှာ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသလို အစိမ်းရောင်ဖြစ်ကာ ဓားသွားမှာလည်း စိမ်းဖန့်ဖန့်အရောင်ရှိသည် ။

ဤသည်မှာ သံမဏိကိုပင်ရွှံ့လှီးသလိုပြတ်အောင်အလွယ်အတူခုတ်ဖြတ်နိုင်သည်ဆိုသည့် နဂါးစိမ်းဓားပင်ဖြစ်စည်။

သွမ့်ကျန်းမင်မှာ တိုက်ပွဲပေါင်းများစွာတိုက်ခိုက်ဖူးသော်လည်း။သူ၏ဓားကိုထုတ်၍တိုက်ခိုက်ရသည်မှာ ရှားပါးလှသည်။

ယခုမျက်နှာဖုံးစွပ်နှင့်တိုက်ခိုက်ရာတွင်တော့ ပထမဆုံးတိုက်ကွက်တွင်ပင် သူ၏ဓားကိုပင် ထုတ်သုံးနေရပြီဖြစ်သည် ။

မျက်နှာဖုံးစွပ်မှာ နောက်ဘက်သို့ပြန်၍ရွေ့လျားသွကာ သူ၏လက်ဝါးချက်ကိုလည်း ရုတ်သိမ်းလိုက်သည်။

အကယ်၍ သွမ့်ကျန်းမင်သာဓားဖြင့်လျှင်မြန်စွာမတိုက်ပါက မျက်နှာဖုံးစွပ်၏လက်ဝါးမှာ သွမ့်ကျန်းမင်၏ရင်ဝသို့ရိုက်ချမိပြီးဖြစ်သည်။

“ မိစ္ဆာအမှောင်လက်ဝါးသိုင်းလား မဖြစ်နိုင်တာ “

သွမ့်ကျန်းမင်မှမျက်မှောင်ကြုတ်၍ရေရွတ်လိုက်သည်။

မျက်နှာဖုံးစွပ်၏လက်ဝါးတွင် အနက်ရောင်အခိုးအငွေ့အချို့ရစ်သမ်းနေကာ မကောင်းသည့်အငွေ့အသက်များထွက်ပေါ်နေသည် ။။

ထိုကဲ့သို့ မိစ္ဆာဆန်ကာ အစွမ်းထကိသည့်လက်ဝါးသိုင်းမှာ သိုင်းလောကတွင်နည်းပါးကာ နဂါးစိမ်းဂိုဏ်း၏စုံစမ်းမှုများအရ အမှောင်လက်ဝါးဝမ်းတ၏ မိစ္ဆာအမှောင်လက်ဝါးသိုင်းနှင့်ထပ်တူကျသည်။

သို့သော် ဝမ်းတမှာ ထိုမျှသိုင်းပညာမြင့်မားခြင်းမရှိသင့်ပေ။ ထို့ကြောင့်သွမ့်ကျန်းမင်မှာ အနည်းငယ်ရှုပ်ထွေးသွားခြင်းဖြစ်သည်။

မကြာမီ အဖြေတစ်ခုခုအား သိရှိသွားဟန်ဖြင့်သူ၏မျက်လုံးများအရောင်တောက်သွားကာ မျက်နှာဖုံးစွပ်အားကြည့်လိုက်သည်။

“ ဟဲ ဟဲ ဓားဆန္ဒလား မဆိုးပါဘူး “

မျက်နှာဖုံးစွပ်မှ အေးစက်စက်လေသံဖြင့်ရယ်မောလိုင်သည်။ ထို့နောက် ဆက်ပြောလိုက်သည်။

“ ဒါပေမယ့် ဒီအဆင့်လောက်ဆိုရင်တော့ ငါ့ကိုစိတ်ပျက်စေမိပြီ “

သူ၏လေသံမှာ သွမ့်ကျန်းမင်ကို အထင်အမြင်သေးသည့်ပုံပေါက်နေသည် ။

သွမ့်ကျန်းမင်မှာ မျက်နှာဖုံးစွပ်၏စကားများကို ဒေါသထွက်ခြင်းအလျှင်မရှိဘဲ တည်ငြိမ်သည့်လေသံဖြင့် မေးမြန်းလိုက်သည်။

“ ခင်ဗျားက ခရမ်းရောင်သွေးလဂိုဏ်းချုပ် နှင်းငွေ့မိစ္ဆာသခင်လား “

သွမ့်ကျန်းမင်း၏မေးခွန်းကြောင့် နှင်းငွေ့မိစ္ဆာသခင်မှ ခေါင်းယမ်း၍ ပြောလိုက်သည်။

“ အဲဒါကဂုဏ်ပုဒ်တစ်ခုသက်သက်ပါ။ ငါဘယ်သူလဲဆိုတာသိချင်လား “

နှင်းငွေ့မိစ္ဆာသခင်မှ သွမ့်ကျန်းမင်အားမေးကာ သူ၏မျက်နှာဖုံးကို ဖြေးညင်းစွာဆွဲချွတ်လိုက်သဘ် ။

နှင်းငွေ့မိစ္ဆာသခင်၏ မျက်နှာကိုမြင်သည်နှင့် သွမ့်ကျန်းမင်၏မျက်လုံးများပြူးကျယ်သွားကာ သူ၏ပါးစပ်မှာလည်း အံ့ဩမှုကြောင့်ပွင့်ဟသွားသည်။

အသက်လေးဆယ်ကျော်ခန့်ရှိမည်ဖြစ်ကာ သွေးမရှိသလို ဖြူဖက်ဖြူလျော်မျက်နှာ ၊ ခိုင်မာသည့်မေးရိုးများနှင့် ခန့်ညားသည့်သွင်ပြင် ။

အရေးအကြီးဆုံးအချက်မှာ ထိုမျက်နှာမှ သွမ့်ကျန်းမင်၏မျက်နှာနှင့် ခွဲမရအောင် ချွတ်စွတ်ဆင်တူနေခြင်းကြောင့်ဖြစ်သည်။

&&&&&&&&&

သိုင်းလောကတစ်ခုလုံး အုပ်အော်သောင်းနင်းဖြစ်စေနိုင်မည့် သတင်းကြီးထွက်ပေါ်လာသည်။။

အင်အားကြီးမားလှသည့် ခရမ်းရောင်‌သွေးလဂိုဏ်းကြီးမှာ သူတို့ကိုယ်သူတို့အနက်ရောင်သိုင်းလောက်၏ခေါင်းဆောင်ဟုကြေညာကာ ဟူပေပြည်နယ်မှ စန်နုန်ကျတွင် အဖြူအနက်နှိုင်းယှဉ်ပွဲပြုလုပ်လိုသည်ဟု ဂိုဏ်းကြီးခြောက်ဂိုဏ်းအား ဖိတ်စာအသီးသီးပေးပို့ခဲ့သည်။

ယခင်က ခရမ်းရောင်သွေးလဂိုဏ်းမှာ ရည်ရွယ်ချက်တိတိကျကျထုတ်ဖော်မထားသော်လည်း ယခုအခါ သူတို့၏မြေခွေးအမြီးမှာ ထွတ်ပေါ်လာချေပြီ။

သူတို့၏ရည်ရွယ်ချက်မှာ ယခင်ကရှိခဲ့ဖူးသည့် အင်အားကြီးမားကာ ရည်မှန်းချက်ကြီးကျယ်လွန်းသည့်ဂိုဏ်းကြီးများကဲ့သို့သိုင်းလောကကိုအုပ်စိုးရန်ရည်ရွယ်ချက်ရှိနေပေသည် ။

သို့သော် မည်မျှပင်အင်အားကြီးမားသည်ဆိုသည့်ဂိုဏ်းကြီးများမှာ သိုင်းလောကကို အုပ်စိုးရန်ကြံစည်ပြီးသည့် နောက်ဆုံးတွင်ကျရှုံးခဲ့ရသည်။

ခရမ်းရောင်သွေးလဂိုဏ်းမှာ အနက်ရောင်သိုင်းလောကတစ်ခုလုံးကို သိမ်းပိုက်ထားကာ ထိပ်တန်းအဆင့်အင်အားစုကြီးတစ်ခုဟုဆိုနိုင်သော်လည်း ဂိုဏ်းဝင်အများဆုံးဖြစ်သည့် သူတောင်းစားဂိုဏ်းထက်လူအင်အားမများနိုင်ပေ ။

ထို့အပြင် ဂိုဏ်းသား ဖွဲ့စည်းပုံအတောင့်တင်းဆုံးဟုဆိုရနိုင်သည့်နဂါးစိမ်းဂိုဏ်းထက် ဖွဲ့စည်းပုံတောင့်တင်းခြင်းမရှိနိုင်ပေ။

ထို့ကြောင့် သူတို့၏စိန်ခေါ်မှုမှာ အဖြူရောင်သိုင်းလောကသားများကြားတွင် ဟာသတစ်ခုဖြစ်လာသည်။

လက်ရှိအလယ်ပိုင်းသိုင်းလောကတစ်ခုထဲတွင်ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်နဂါးစိမ်းဂိုဏ်းကိုထည့်မတွက်လျှင်ပင် ခုံတုံ ၊ ကောင်းယွဲ့၊ ချန်ချင်း၊ စသည့်ဂိုဏ်းကြီးများ ၊ မုယုံ ၊ စီးမင်၊ နန်ကုန်းစသည့်အင်အားကြီးမိသားစုကြီးများ စသည့် အစဉ်အလာကြီးမားသည့် ထိပ်တန်းအဆင့်အင်အားစုသုံးဆယ်ကျော်ရှိပေသည်။

ထိုလူများ၏အင်အားကိုသာပေါင်းစည်းလိုက်ပါက ခရမ်းရောင်သွေးလဂိုဏ်ကိုသာမက အရှေ့ပိုင်း၊ မြောက်ပိုင်း ၊ အနောက်ပိုင်းနှင့်တောင်ပင်လယ်အထိ ဩဇာဖြန့်ကျက်နိုင်သည်။

ထိုအခြေအနေမျိုးတွင် ခရမ်းရောင်သွေးလဂိုဏ်း၏သိသာထင်ရှားသည့်ရည်မှန်းချက်များမှာ ဟာသတစ်ခုထက်မပိုပေ။

သို့သော် နန်ကုန်းမိသားစု၊ စီးတုမိသားစု၊ စွန်းအိမ်တော် စသည့် သိုင်းလောက၏ ထိပ်သီးအင်အားစုကြီးနှစ်ဆယ်ကျော်မှ သိုင်းလောကအရေးများကို သုံးနှစ်အထိဝင်ရောက်စွတ်ဖက်ခြင်းမရှိဟုကြေညာခဲ့သည်။

ထို့အပြင် တုန်လှုပ်စရာအကောင်းဆုံးမှာ နဂါးစိမ်းဂိုဏ်းကြီးသည်လည်း သုံးနှစ်တံခါးပိတ်နေမည်ဟုကြေငြာကာ ထိုတားမြစ်ချက်ကိုဖောက်ဖျက်သည့်မည်သည့်ဂိုဏ်းဝင်မဆို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ကြေငြာခဲ့သည်။

တားမြစ်ချက်မှာ နဂါးစိမ်းဂိုဏ်းချုပ်ကြီးသွမ့်ကျန်းမင်ကိုယ်တိုင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ သူ၏အပြုအမူကို သိုင်းလောကတစ်ခုလုံးနားမလည်နိုင်ဘဲဖြစ်ရသည်။

ထိုကိစ္စနှင့်ပတ်သတ်၍ ဂိုဏ်းတွင်သဘောထားကွဲလွဲမှုများကြောင့် ဂိုဏ်းထဲမှနုတ်ထွက်သူများရှိသည်ဟုပင် သတင်းများထွက်ပေါ်လာသည်။

ထိုအင်အားစုများ၏အပြုအမူများမှာ သိုင်းလောကတစ်ခုလုံးအား လွန်စွာအံဩဆွံ့အသွားစေကာ သူတို့၏ရည်ရွယ်ချက်များကို သို့လော သို့လောဟု မေးခွန်းထုတ်စရာဖြစ်ခဲ့သည် ။

သို့ရာတွင် ရှောင်လင်ကျောင်းတော်အပါအဝင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှာ ခရမ်းရောင်သွေးလဂိုဏ်း၏စိန်ခေါ်မှုကိုလက်ခံကာ ဆယ့်ငါးရက်အကြာ သုံးလပိုင်းသုံးရက်နေ့တွင် စန်နုန်ကျ၌ သိုင်းပညာဖလှယ်ရန်ကြေငြာခဲ့သည် ။

မမျှော်လင့်ထားသည့် စိတ်လှုပ်ရှားစဖွယ်အဖြစ်အပျက်များကြောင့် သိုင်းလောကသားများမှာ သုံးလပိုင်းသုံးရက်နေ့အမှီ ဟူပေနယ်သို့အမှီရောက်ရန်စိုင်းပြင်းနေကြသည် ။

ထိုအဖြစ်မှာ အလယ်ပိုင်းသိုင်းလောကတစ်ခုထဲမဟုတ်ဘဲ အရှေ့ပိုင်း ၊အနောက်ပိုင်းနှင့်မြောက်ပိုင်းသိုင်းလောကသားများသာမက တောင်ပင်လယ်မှလူများပင် အလယ်ပိုင်းသို့ဆင်းလာကြမည်ဟု သတင်းများထွက်ပေါ်နေကြသည်။

မည်သို့ပင်ဖြစ်စေ ခရမ်းရောင်‌ သွေးလဂိုဏ်း၏လှုပ်ရှားမှုတစ်ခုတည်းဖြင့် သိုင်းလောကတစ်ခုလုံးမှာ လွန်စွာလှုပ်ခက်သွားသည်ဟုဆိုရပေမည်။

All Chapters