← Chapters

သုံးယောက်ထဲသာ

Vol. 3 Ch. 222

သုံးယောက်ထဲသာ

Vol. 3 Ch. 222

ဟူပေနယ်

ဟူပေနယ်မှာ သိုင်းလောကတွင် ကျော်ကြားသည့်ပြည်နယ်တစ်ခုဖြစ်သည် ။

သိုင်းလောက၏ထိပ်တန်းဂိုဏ်းကြီးခြောက်ဂိုဏ်းမှ ဓားပညာနှင့်ပတ်သတ်၍ အထူးချွန်ဆုံးဟုဆုရမည့်ဝူတန်းဂိုဏ်းအခြေစိုက်ရာပြည်နယ်လည်းဖြစ်သည် ။

လွန်ခဲ့သည့်နှစ်များက သွေးချောင်းစီးခဲ့ဖူးသည့် ဟူပေနယ်စားပုန်ကန်မှုကြောင့်လည်း ဟူပေနယ်မှာ သိုင်းလောကသားများသာမင သာမန်လူများအကြားတွင်လည်း ကျော်ကြားပေသည်။

စန်နုန်ကျ

စန်နုန်ကျမှာ စိမ်းလမ်းစိုပြေသည့်ရှုမျှော်ခင်းများကြောင့် ဟူပေပြည်နယ်မှ ကျော်ကြားသည့်နေရာတစ်ခုဖြစ်ကာ သာမန်အချိန်များတွင် ခရီးသွားများဖြင့်စည်ကားပေသည်။

ယခုအချိန်တွင်မူ စန်နုန်ကျအနီးတစ်ဝိုက်သာမက။ဟူပေနယ်တစ်ခုလုံးတွင်ပင် အဖြူအနက်သိုင်းသမားများစွာရှိနေကြသည်။

သိုင်းလောကသားများစုစုရုံးရုံးဖြစ်ကြလျှင် ထုံးစံအတိုင်း ရန်ငြိုးရန်စများဖြေရှင်းခြင်း ၊စိန်ခေါ်ပွဲများတိုက်ခိုက်ခြင်း စသည်တို့ကြောင့် နေ့စဉ်လူပေါင်းများစွာသေကြေနေကြပေသည်။

ထိူအခြေအနေမျိူးတွင် ဟူပေနယ်စားအသစ်နှင့် အုပ်ချုပ်ရေးအဖွဲ့မှာ သိုင်းလောကသားများ၏အရေးကို ဂရုမစိုက်ဘဲ သာမန်လူများကိုထိခိုက်ခြင်းမရှိစေရန်သာ ကာကွယ်နေကြသည် ။

သုံးလပိုင်းသုံးရက်နေ့

ထိုနေ့မှာ ခရမ်းရောင်သွေးလဂိုဏ်းမှ အဖြူအနက်နှိုင်းယှဉ်ပွဲပြုလုပ်မည့်နေဖြစ်သည် ။

ဤသည်မှာ စကားလှအောင်ပြောဆိုခြင်းဖြစ်သော်လည်း အမှန်ကအဖြူအနက်စိန်ခေါ်ပွဲပင်ဖြစ်သည်။

ထိုစိန်ခေါ်ပွဲမှာလည်း သိုင်းလောကတစ်ခုလုံးနှင့်သက်ဆိုင်နေကာ ယနေ့တိုက်ပွဲတွင်အနိုင်ရသည့်ဘက်မှ ခေါင်းပေါင်းစတလူလူဖြစ်မည့်အပြင် ရှုံးနိမ့်သွားရသည့်ဘက်မှ ခေါင်းကိုငုံ့၍နှိမ့်ချစွာနေရမည်မှာမလွဲပေ ။

အထူးသဖြင့် နဂါးစိမ်းဂိုဏ်းကြီးပေါ်လာပြီးနောက်ပိုင်း စိတ်လွတ်ကိုယ်လွတ်မပြုမူရဲကြသည့် အနက်ရောင်သိုင်းလောကသားများမှာ ပို၍စိတ်ဓာတ်တက်ကြွနေကြသည်။

ယနေ့တိုက်ပွဲတွင် ခရမ်းရောင်သွေးလဂိုဏ်းသာအနိုင်ရခဲ့ပါက အနက်ရောင်သိုင်းလောကသားများမှာ ခရမ်းရောင်သွေးလဂိုဏ်း၏နောက်ခံဖြင့် ထင်တိုင်းကျဲနိုင်မည်မှာ မြေကြီးလက်ခက်မလွဲပေ။

အဖြူရောင်သိုင်းလောကသားများမှာလည်း ထိူတိုက်ပွဲမှာ သူတို့အတွက်မည်မျှအရေးကြီးသည်ကိုသိရှိကာ လူစုံတက်စုံပါဝင်လာကြသည် ။

နံနက်ခင်း၏နေရောင်ခြည်မှာ တောင်ကုန်းငယ်လေးပေါ်သို့ကျရောက်နေသည်။

စန်နုန်ကျမှာ အမှန်တော့ သေးငယ်သည့်တောင်ကုန်းလေးတစ်ခုဖြစ်သော်လည်း တောင်၏ပတ်လည်တွင် စိမ်းစိုသည့်သစ်ပင်များနှင့် တောင်အနောက်ဘက်တွင် ကျော်ကြားသည့်နှစ်ဆင့်ရေတံခွန်ရှိသည်။

စန်နုန်ကျပေါ်သို့ လူရိပ်များစွာရောက်ရှိလာကာ ဂိုဏ်းအဖွဲ့အသီးသီးမှဝတ်စုံများ ၊ တစ်ကိုယ်တော်သိုင်းသမားများစသည်ဖြင့်စုံလင်လှသည် ။

ထိုလူများမှာ တောင်ကုန်းအရှေ့ဘက်မှ တက်လာကြခြင်းဖြစ်ကာ တိုင်ပင်မထားဘဲ သူတို့အားလုံးတောင်ကုန်းအရှေ့ဘက်တွင်နေရာယူလိုက်ကြပေသည်။

ရှောင်လင်ဂိုဏ်းမှ ဘုန်းတော်ကြီးများ ၊ ဝူတန်းဂိုဏ်း၏အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကြကာ ဓားကိုကျောတွင်သိုင်းလွယ်ထားကြသူများ ၊ ခွန်လွန်ဂိုဏ်း ၊ဝါဆန်းဂိုဏ်း၊ သူတောင်းစားဂိုဏ်းသည်တို့မှ ဂိုဏ်းသားများပါရောက်ရှိနေကြသည် ။

ရှောင်လင်ဂိုဏ်းမှလူများကို ဒုတိယကျောင်းထိုင်ကိုယ်တိုငိဦးဆောင်လာကာ ၊ ဝူတန်းဂိုဏ်းချုပ်ဂိုဏ်းချုပ် ကျန်းဟုန်းချင် ၊ ခွန်လွန်ဂိုဏ်းချုပ်ကြီး မာရှောင်ကျင်း ၊ ဝါဆန်းဂိုဏ်းချုပ် လျှပ်စီးဓားရှင် ချိုးရှင်းယင် စသည့် ပုဂ္ဂိုလ်များရောက်ရှိနေကြပြီဖြစ်သည် ။

သူတောင်းစားဂိုဏ်းမှာမူ အိတ်ခုနစ်လုံးအဆင့်အကြီးအကဲတစ်ဦးဦးဆောင်လာကာ သူတို့၏ဂိုဏ်းချုပ်လေလွင့်တေလေစုတိချုံးကား မည်သည့်နေရာသို့ရောက်နေမှန်းမသိရပေ။

ထိုထိပ်တန်းအဆင့်အင်အားစုများမှလွဲ၍ကျန်သည်က ပထမတန်းစားအင်အားစုများ ၊တစ်ကိုယ်တော်သိုင်းသမားများသာဖြစ်ကြသည်။

နန်ကုန်း၊ စီးတု၊ ကောင်းယွဲ့ ၊ ချန်ချင်း စသည့် သုံးနှစ်တိတိတံခါးပိတ်နေမည်ဟုကြေငြာထားသည့်ဂိုဏ်းများကား လုံးဝရောက်မလာပေ။

ထို့အပြင် တောင်ပင်လယ်မှလူများ ၊ မြောက်ပိုင်းတောင်တန်းမှအဆင့်လွန်သိုင်းသမားများ ၊ မြောင်ဒေသမှ အဆိပ်အသုံးပြုသူများလည်းရောက်ရှိနေကြသည် ။

ထိုလူများမှာ အလယ်ပိုင်းသိုင်းလောက၏အဖြူအနက်ယှဉ်ပြိုင်ပွဲကိုလာရောက်အကဲခပ်ကြခြငိးဖြစ်ကာ မည်သို့ပင်ဖြစ်စေ ရှုံးနိမ့်သည့်ဘက်မှ အနယ်နယ်အရပ်ရပ်တွင် မျက်နှာပျက်ရမည်မှာမလွဲဧကန်ပင်။

ထူးခြားချက်တစ်ခုမှာ အော့မေ့ဂိုဏ်းမှ ရသေ့မများလုံးဝရောက်ရှိမလာခြင်းဖြစ်သည်။ ဤသည်မှာလည် အော့မေ့ဂိုဏ်းချုပ်ကျောက်စိမ်းမျက်မှာရသေ့မဖုန့်ရှန်းယင်ကြောင့်ဖြစ်သည် ။

ဖုန့်ရှန်းယင်မှာ ခရမ်းရောင်သွေးလဂိုဏ်း၏စိန်ခေါ်မှုကို လုံးဝအသိအမှတ်မပြုဘဲ စိန်ခေါ်ပွဲကိုလည်း လုံးဝတတ်ရောက်မည်မဟုတ်ဟုကြေငြာခဲ့သည် ။

ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ခေါင်းဆောင်များထဲတွင် သိုင်းလောကအရေးဝင်မစွက်တော့သည့်ရှောင်လင်ကျောင်းထိုင်နှင့် သူတောင်းစားဂိုဏ်းချုပ်ကြီးစုတိချုံးမှလွဲ၍ ကျန်လူများမှာ ဖုန့်ရှန်းယင်ထက်မျိုးဆက်တစ်ခုနိမ့်ကျသည်။

ထို့ကြောင့်လည်း ဖုန့်ရှန်းယင်၏ဆုံးဖြတ်ချက်ကိုဖြောင်းဖြရန်မဝံ့ရဲကြဘဲ ဂိုဏ်းကြီးခြောက်ဂိုဏ်းအစား ဂိုဏ်းကြီးငါးဂိုဏ်းသားရောက်လာခြငိးဖြစ်သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်သိုင်းလောကမှ တစ်ကိုယ်တော်သိုင်းသမားများမှာ တောင်ကုန်းလေး၏နောက်ဘက်မှ အလျိုအလျိုတက်လာကြသည် ။

ခရမ်းရောင်သွေးလဂိုဏ်းမှ အနက်ရောင်သိုင်းလောကရှိဂိုဏ်းကြီးဂိုဏ်းငယ်များကို သိမ်းသွင်းပြီးဆိုသော်လည်း တစ်ကိုယ်တော်သိုင်းသမားအများအပြားရှိနေသေးသည်။

ခရမ်းရောင်သွေးလဂိုဏ်း၏ဩဇာကိုမခံလိုဘဲ တိမ်းရှောင်နေသည့် အနက်ရောင်သိုင်းထိပ်သီးအချို့လည်းရှိနေသေးသည်။

ထိုလူများမှာ သံသယဖြစ်ဖွယ်မရှိအောင်ပင် မည်သည့်ဘက်မှ ဆုံးရှုံးသည်ဖြစ်စေ လက်ခုပ်တီး၍အားပေးမည်ဖြစ်သည်။

စန်နုန်ကျမှတောင်ကုန်းလေးထက်တွင် သိုင်းသမားအများအပြားရောက်နေကြကာ ခန့်မှန်းချေလူငါးရာနီးပါးရှိသည်။

ထိုလူများမှာ တစ်ယောက်နှစ်တစ်ယောက် ကျွတ်စီကျွတ်စီဖြင့်ပြောဆိုနေသည့်အတွက် တောင်ကုန်းတစ်ခုလုံးဆူညံနေပေသည်။

ထိုစဉ်လူအများအပြားမှာ ရုတ်တရက်တိတ်ကျသွားကာ နေရာတစ်ခုသို့ကြည့်လိုက်ကြသည် ။ အခြားလူများလည်း ထိုလူများနည်းတာတောင်ကုန်း၏မြောက်ဘက်သို့ကြည့်လိုက်ကြသည်။

ထို့နောက် တောက်ပသည့်နေရောင်ခြည်အောက်တွင် မျက်နှာဖုံးစွပ်တစ်ခုကိုဝတ်ဆင်ထားသည့်လူရိပ်တစ်ခုမှာ တောင်ကုန်း၏မြောက်ဘက်မှတက်လာသည်။

ထိုလူမှာ ရိုးရှင်းသည့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ လက်နက်တစ်စုံတစ်ရာမပါပေ။ မျက်နှာဖုံးစွပ်၏စူးရှနေသည့်မျက်ဝန်းများမှာ နေရောင်နှင့်အပြိုင်တောက်ပလျက်ရှိသည်။

သူ၏ပုံစံမှာလည်း အေးအေးလူလူလမ်းလျှောက်နေသူတစ်ယောက်ကဲ့သို့ လွတ်လပ်ပေါ့ပါးလှသည်။

သို့သော် တောင်ကုန်းပေါ်ရှိလူများမှာ ထိုလူအားကြည့်မိသည်နှင့် ကြီးမားသည့်ဖိအားကြီးတစ်ခုကိုခံစားလိုက်ကြမိကာ အသက်ရှူကြပ်သလိုပင်ဖြစ်လာကြသည်။

ရောက်နေကြသည့်လူများမှာ သိုင်းပညာညံ့ဖျင်းလှသူများမဟုတ်ကြဘဲ အနည်းဆုံးအဆင့်မြင့်သိုင်းအဆင့်ရှိကြပေသည် ။

အလယ်ပိုင်း၊ မြောက်ပိုင်း၊တောင်ပင်လယ်မှသိုင်းသမားများထဲတွင် ထိပ်တန်းအဆင့်သိုင်းသမားလည်းအများအပြားပါက အဆင့်လွန်သိုင်းအဆင့်များပင်ပါဝင်ကြသည်။

ထိုလူများအားလုံးတူညီစွာခံစားမိလိုက်ကြသည်မှာ မျက်နှာဖုံးစွင့်နှင့်လူမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းသည်ဆိုသည့်အချက်ပင်ဖြစ်သည်။

သူတို့၏စိတ်ထဲတွင်လည်း ထိုလူကိုမည်သူမည်ဝါဖြစ်သည်ဟု အလိုလိုသိရှိနေကြသည်။ သိုင်းလောကထဲတွင်လွန်စွာနာမည်ကြီးသော်လည်း လွန်စွာမှလည်းလျို့ဝှက်ကာ ယခုပထမဦးဆုံးအကြိမ်အဖြစ်ထွက်ပေါ်လာသည်ဘ ခရမ်းရောင်သွေးလဂိုဏ်းချုပ် နှင်းငွေ့မိစ္ဆာသခင်ကြီး ။

နှင်းငွေ့မိစ္ဆာသခင်၏နောက်မှ အနက်ရောင်ဝတ်စုံဖြင့် လူနှစ်ယောက်လိုက်ပါလာသည်။

ထိုလူများမှာ အသက်သုံးဆယ်အရွယ်လူရွယ်များဖြစ်ကာ ယောင်္ကျားပီသသည့်သွင်ပြင်ရှိသည် ။

လူရွယ်တစ်ယောက်မှာ လက်ဝါးနှစ်ဖက်ကိုပွတ်လျက်ရှိကာ ကျန်တစ်ယောက်မှာ ဓားရှည်တစ်လက်ကို ခါးတွင်ချိတ်ဆွဲထားသည်။

ထိုနှစ်ယောက်ကိုမြင်သည်နှင့် လူအတော်များများမှာ အံ့ဩတကြီးဖြစ်သွားကြသည်။

“ ပြီးခဲ့တဲ့နှစ်နှစ်လုံးလုံးပျောက်ဆုံးနေတဲ့ ဝမ်းတုနှင့်ဝမ်းတပါလား “

“ သူတို့ကတကယ်ပဲ ခရမ်းရောင်သွေးလဂိုဏ်းကပေါ့ “

လူများမှာ တီးတိူးပြောဆိုလျက်ရှိသည်။

အမှောင်လက်ဝါးဝမ်းတနှင့် ငရဲဓားဝမ်းတုမှာ ခရမ်းရောင်သွေးလဂိုဏ်း၏အာဏာရှင်နှစ်ယောက်ဟုနာမည်ကျော်သော်လည်း နှစ်နှစ်အတွင်း အထမဆုံးအကြိမ်အဖြစ်ပေါ်ထွက်လာခြင်းဖြစ်သည်။

ဝမ်းတုမှာ အေးစက်စက်မျက်နှာများဖြင့်ရှိကာ ဝမ်းတ၏မျက်နှာမှာ ပြုံးရွှင်‌နေသော်လည်း သူတို့၏မျက်နှာထက်ရှိတူညီသည့်အရာကား လွန်စွာဝံ့ကြွားကာ မည်သူ့ကိုမှလူမထင်သည့်ဟန်ပင်ဖြစိသည်။

“ သုံးယောက် သုံးယောက်ထဲလား “

“ ဘုရားရေ မဖြစ်နိုင်တာ သုံးယောက်ထဲနဲ့ ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုယှဉ်ပြိုင်မှာလား “

လူအုပ်ကြီးမှာ အံ့အားသင့်စွာဖြင့်ရေရွတ်လိုက်ကြသည် ။

လူအများမှာ ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းထိပ်သီးများစွာရောက်လာမည်ဟုခန့်မှန်းမိကြသော်လည်း တကယ်တမ်းရောက်လာသည်က နှင်းငွေ့မိစ္ဆာသခင်နှင့် သူ၏တပည့်နှစ်ယောက်သာဖြစ်သည် ။

All Chapters